31
Jan

ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၃)

သမီး ချစ်သူနဲ့ မရည်ရွယ်ပဲ ဆက်ဆံမိတာ 31-11-11 ကပါ။ ရာသီ စလာတာ 16-12-11ကပါ။ ၁ လ ပိုင်း ၁၆ ကျတော့ မပေါ်တာနဲ့ Pregnancy test စစ်ကြည့်တော့ Negative ဖြစ်နေပါတယ်။ 20 ရက်နေ့အထိ လာမလားလို့ စောင့်ကြည်တော့ မလာတာနဲ့ Pregnancy test လုပ်တော့ ၂ ကြောင်း ရေးရေးလေး ပေါ်လာပါတယ်။ အဲဒါနဲ့ သမီးလည်း Website ထဲဝင်ကြည့်တော့ Abortion pill တွေ့တာနဲ့ ရန်ကုန်မှာ လိုက်ရှာကြည့်တော့ Mifepristone ကို ဘယ်မှာမှ ရှာလို့ မတွေ့ပဲ ဆိုင်တွေက Cytotec 200mcg ကို သုံးဖို့ပြောတာနဲ့ သမီး Cytotec 200mcg 4 လုံးကို 3 times orally နည်းနဲ့ လုပ်ပါတယ်။ ဒါပေမဲ့ ဝမ်းပျက်တာရယ်၊ ချမ်းတာရယ်ပဲ ဖြစ်ပြီး ဘာမှ မထူးခြားပါဘူး။

နောက်ရက်ကျတော့ Cytotec 200mcg 4 လုံးကို ယောနိထဲ သားအိမ်အဝ ရောက်အောင်ထည့်ပြီး စမ်းကြည့်တော့လဲ ဘာမှ Pain မရ ဘာမှလဲ မဖြစ်ပါဘူး။ နောက်ရက်ကျဆိုင် သွားမေးကြည့်တော့ သားအိမ်ထဲ ရောက်အောင်ထည့်ရမယ်ဆိုလို့ 2 လုံးကို Womb ထဲထည့်တော့ ပြန်ထွက်လာပါတယ်။ နောက် Syringe 20 cc (Disposable) နဲ့ ၂ လုံး ရေဖျော်ပြီး ထပ်ထည့်ပါတယ်။ နောက် ၄ နာရီလောက်ကြာတော့ သွေး Pad ၁ ခု စိုရုံလောက်ဆင်းပြီး ဆက် မဆင်းတော့ပါဘူး။ နောက် Cytotec ၄ လုံးထပ်ထည့်လဲ မထူးခြားလာပါဘူး။

Cytotec နာမည်နဲ့ ရောင်းတဲ့ ဆေးဟာ Misoprostol ဖြစ်တယ်။ 100 mcg ဒါမှမဟုတ် 200 mcg ပါတယ်။ Prostaglandin E1 analog ကို ဓါတ်ခွဲခန်းမှာ လုပ်ထားတာ ဖြစ်တယ်။

(၁) အရင်ဆုံး သုံးနေခဲ့တာက NSAID (စတီရွိုက်) မပါတဲ့ အကိုက်အခဲပျောက်ဆေးတွေကြောင့် ဘေးဖြစ်မှာကို တားဆီးပေးဘို့ဖြစ်တယ်။
(၂) ကလေးမွေးရာ မြန်စေအောင်လဲ သုံးသေးတယ်။ OG တိုင်းကတော့ မသုံးပါ။
(၃) နောက်ပိုင်းမှာ ကိုယ်ဝန်ဖျက်ဘို့ပါ သုံးလာတယ်။

(၁) NSAID ဆိုတာ Aspirin, Ibuprofen, Naproxen တွေကို ပြောတာဖြစ်တယ်။ NSAID ဆေးတွေကြောင့် Gastric ulcers အစာအိမ်နာ ဖြစ်စေတတ်တယ်။ Duodenal ulcers အူနာ ဖြစ်နိုင်တာကိုတော့ တားဆီးနိုင်တယ်ဆိုတာ မဟုတ်ဘူး။ 200 mcg တနေ့ ၄ ကြိမ် အစာနဲ့ သောက်ရတယ်။ ဆေးဒဏ်မခံနိုင်သူတွေက 100 mcg သောက်ရတယ်။

ဆေးကြောင့် ဝမ်းနဲနဲပျက်မယ်။ ဗိုက်အောင့်မယ်။ ပျို့-အန်ချင်ဖြစ်မယ်။ ဆေးကို အစာနဲ့သောက်ရင် ဝမ်းပျက်မှာ သက်သာစေတယ်။ အန်ချင်မယ်၊ လေပွမယ်၊ ဝမ်းချုပ်မယ်၊ ခေါင်းကိုက်မယ်၊ Antacids လေနာဆေးထဲမှာ Magnesium ပါတာကို မသောက်သင့်ဘူး။ ဝမ်းပိုပျက်နိုင်တယ်။ မိန်းကလေးဆိုရင် ဝ့၅% ဆီးစပ်နေရာ နာမယ်၊ ဝ.၇% ကြားရက် သွေးဆင်းမယ်၊ ဝ.၅% ရာသီများတာ၊ ဝ.၃% မမှန်တာဖြစ်မယ်။ ဝ.၁% ရာသီလာရင်နာတာဖြစ်ဆယ်။

(၂) Augment uterine contractions ကလေးမီးဖွါးဘို့ မြန်စေအောင်လဲ ဒီဆေးကို သုံးကြတယ်။ (ဗဂျိုင်းနား) ထဲ ထည့်ပေးနည်း လုပ်ပေးရတယ်။ သားအိမ်ဝ ပွင့်လာစေမယ်။ ကလေးမွေးပြီး သွေးဆင်းများတာ အတွက်လဲ သုံးနိုင်တယ်။ ဒါပေမဲ့ သားအိမ်-အချင်း သွေးစီးဆင်းမှုကို သက်ရောက်တာကြောင့် သားအိမ်ကွဲတာ ဖြစ်သွားနိုင်တယ်။ ရေမွှာရေက သွေးကြောထဲ ပိတ်တာလဲ ဖြစ်နိုင်တယ်။ တင်ပါးဆုံနေရာတွေနာတာ၊ သွေးဆင်းများတာ၊ ကလေးနှလုံးခုန်နှေးတာ၊ ကလေး-မိခင် ဆုံးပါးတာတွေလဲ ဖြစ်ဘူးတယ်။ Cytotec (Misoprostol) ကို Pregnancy Category X အဆင့် သတ်မှတ်ထားတယ်။ လုံးဝ မသုံးရဘူး။

(၃) Abortion ကိုယ်ဝန်ဖျက်ဘို့ အတွက်ဆိုရင် Mifepristone နဲ့ တွဲသုံးကြတာ များတယ်။
MTP kit (Misoprostol+Mifepristone) နဲ့ MTP kit (Misoprostol + Mifepristone) ဆိုပြီးဆေးတွဲတွေ လာတယ်။

Misoprostol (Cytotec) ဘယ်လောက်သုံးရသလဲ -
LMP နောက်ဆုံးရာသီလာတဲ့ရက်ကနေ တွက်ချက်ရတယ်။
0 - 12 weeks ကိုယ်ဝန် ၆၃ ရက်အထိကို 800mcg ကို (ဗဂျိုင်းနား) ထဲ ၁၂ နာရီတခါ၊ စုစုပေါင်း ၃ ခါ ထည့်ရတယ်။
13 - 22 weeks ကိုယ်ဝန် ၆၃ ရက်ကျော်တာအတွက် 400mcg ကို (ဗဂျိုင်းနား) ထဲ ၃ နာရီ တခါ၊ စုစုပေါင်း ၅ ခါ ထည့်ရတယ်။

Misoprostol (Cytotec) တမျိုးထဲနဲ့ ၁၂ ပါတ်အထိ ကိုယ်ဝန်ကို ဖျက်ချင်ရင် -
800mcg ကို (ဗဂျိုင်းနား) ထဲ ၆ နာရီခြား ၃ ခါ၊ ဒါမှမဟုတ် ၁၂ နာရီခြား ၃ ခါ၊ ဒါမှမဟုတ် ၂၄ နာရီခြား ၃ ခါ ထည့်ရတယ်။

နောက်တနည်းက -
800mcg ကို လျှာအောက်မှာ ချိုချဉ်ငုံသလို၊ ၃ နာရီခြားတခါ၊ ၃ ခါ ငုံထားပါ။ ဆေးကို မျိုမချရဘူး။

ပါးစပ်ကနေသုံးတာက ဘေးထွက်-ဆိုးကျိုး ပိုနည်းတာတွေ့ရတယ်။ ဒါပေမဲ့ လေ့လာမှုတွေအရ ပါးစပ်ကပေးတာဟာ (ဗဂျိုင်းနား) ကနေ ၁၂ နာရီခြား ၃ ခါပေးတာလောက် မထိရောက်တာ သိလာရတယ်။

(ဗဂျိုင်းနား) ထဲကို ဆေးထည့်ရင် လက်ချောင်းသုံးရမယ်။ အထဲကို ရောက်နိုင်သလောက်အထိ သွင်းထည့်ပေးရတယ်။ အဝမှာတင်ဆို အလုပ်မဖြစ်ဘူး။ ဆေးကို စိုထိုင်းထိုင်းလေး နေအောင်လုပ်ပြီး ထည့်ရင် ပိုကောင်းတယ်။ ရေ နည်းနည်းလေးနဲ့ ဆွတ်ပေးတာမျိုး။

ရလဒ်တွေ -
- ၇ဝ% လောက် မှာ ၁၂ နာရီအတွင်း လုံးဝပျက်ကျတယ်။
- ၈ဝ% လောက် မှာ ၂၄ နာရီအတွင်း လုံးဝပျက်ကျတယ်။
- ၉၅% လောက် မှာ ၄၈ နာရီအတွင်း လုံးဝပျက်ကျတယ်။
- ဆေးသုံးတဲ့အမျိုးသမီးအခြေအနေတွေ မတူကြလို့ ၇၂ နာရီကျမှ ပျက်ကျတာလဲရှိတယ်။

ဒေါက်တာတင့်ဆွေ (၃၁-၁-၂ဝ၁၂)

ဒေါက်တာတင့်ဆွေ - ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၃) 

Comments

  1. Kyaw Htoo Lwin says:

    How can i discuss detailfully with u, Sir ?

    1. Jamie Uhrig says:

      hiv.information.for.myanmar at gmail

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top