11
Jun

ခုခံအားကျဆင်းမူ ကူးစက်ရောဂါ AIDS ဆိုသည်မှာ (၂၄)







ခုခံအားကျဆင်းမှု ကူးစက်ရောဂါကု ဆေးဝါးအမျိုးအစားများ

Antiretroviral Drugs

HIV ဗိုင်းရပ်စ်ပိုးများ၏ ပွားများမှုကို ထိရောက်စွာ တားဆီးပေးနိုင်ပြီး
ရောဂါတိုးတက်မှုကို ဟန့်တားနိုင်သော Antiretroviral drugs ဆေးဝါးများကို ဓာတုဗေဒ ဖွဲ့စည်းပုံနှင့်
အာနိသင်အပေါ် မူတည်၍ ငါးမျိုး ခွဲခြားထား ပါသည်။ ၎င်းတို့မှာ -

၁။ Nucleoside reverse transcriptase inhibitor
(NsRTI)

 (a)  Azidothymidine (AZT)

 (b)
Lamivudine (3TC)

 (c)  Stavudine (d4T)

 (d) Didanoine
(ddl)

 (e)  Abacavir (ABC)

၂။ Nculeotide reverse transcriptase inhibitor
(NtRTI)

  (a)  Tenofovir (TFV)

၃။ Non-nucleoside reverse transcriptase inhibitor
(NNRTI)

 (a)  Nevirapine (NVP)

 (b) Efavirenz
(EFV)

၎။ Protease inhibitor

 (a)  Indinavir

 (b) Ritonavir

 (c)  Squinavir

 (d)
Amprenavir

 (e)  Lopinavir

 (f)   Nelfinavir

၅။ Fusion inhibitor

 Enfurvitide
(T20)

၁။ Zidovudine (Azidothymidine) AZT ဇီဒိုဗျူဒင်း (အေဇက်တီ)

(က)
ဆေးဝါး အမျိုးအစား

Nucleoside
reverse transcriptase inhibitors (NRTI)။  HIV ပိုး၏ reverse transcriptase
အင်ဇိုင်း၏ လုပ်ငန်းတာဝန်များကို ဟန့်တားထားခြင်းဖြင့် ဆက်လက် ပိုး မပွားအောင်
တားဆီးသောဆေး။

(ခ)
ဆေးဝါး၏ ဓာတုဗေဒအမည်

Azidothymidine
(AZT)။

အေဇီဒိုသိုင်မဒင်း
(အေဇက်တီ)

(ဂ)
ဆေးဝါးကို ဆေးကုမ္ပဏီမှ ရောင်းချသောအမည်

 1. Retrovir – (Glaxo Smith Kline)

 2. Zidovir – (Cipla)

 3. Viro Z 300 – (Ranhaxy)

 4. Zydowin 300 – (Zydus Cadila)

 5. Zidotec 300 – (Zifam)

(ဃ)
ဆေးဝါးပုံစံ

 ၁။ ဆေးတောင့် - ၁၀၀ မီလီဂရမ်

 ၂။ ဆေးပြား - ၃၀၀ မီလီဂရမ်

 ၃။ ထိုးဆေးအရည် - တစ်မီလီတာတွင် (၁၀ မီလီဂရမ်ပါ)

(င)
သုံးစွဲရမည့် ဆေးဝါးအချိန်အဆ

 ၁။ လူကြီး။ ၃၀၀ မီလီဂရမ်ကို
နှစ်ကြိမ်သောက်ရသည်။

 ၂။ ကလေး။ တစ်လအောက်၌ တစ်ကီလိုဂရမ်
ကိုယ်အလေးချိန်တွင် ၄ မီလီဂရမ်ဆေးကို နှစ်ကြိမ်တိုက်ရသည်။ တစ်လအထက်နှင့် ၁၃
နှစ်အောက်တွင် ခန္ဓာကိုယ် မျက်နှာပြင် ဧရိယာအပေါ် မူတည်၍ တိုက်ရမည်။

(စ)
သောက်သုံးပုံ။ ဆေးသောက်ချိန် နှစ်ကြိမ်အကြားတွင် ၁၂ နာရီခွာရမည်။ ဆိုလိုသည်မှာ
နံနက် (၇) နာရီသောက်လျှင် ညဆေးကို ည(၇) နာရီတွင် သောက်ရမည်။ နံနက်ဆေးကို နံနက်
(၁၀) နာရီတွင် သောက်လျှင် ညဆေးကို ည (၁၀) နာရီတွင် သောက်ရမည်။ ဆေးသောက်ချိန်ကို
တစ်နာရီထက် ပို၍ စောခြင်း၊ နောက်ကျခြင်း မဖြစ်သင့်ပါ။ အစာဖြင့်သော်လည်းကောင်း၊
အစာမစားဘဲ သော်လည်းကောင်း ဆေးကိုသောက်သုံးနိုင်သည်။ ထိုးဆေးအရည်ကို HIV(+)
ကိုယ်ဝန်ဆောင် မိခင်များတွင် ကလေးသို့ မကူးစက်စေရန် အတွက်သာ မီးဖွားရာတွင်
အသုံးပြုသည်။

(ဆ)
ဘေးထွက်ဆိုးကျိုးများ

 ၁။ မူးဝေအော့အန်ခြင်း။

 ၂။ အိပ်မရခြင်း။

 ၃။ လျှာအရသာ ခံစားမှု ပြောင်းလဲခြင်း။

 ၄။ ကြွက်သားများ နာကျင်ခြင်း။

 ၅။ ခေါင်းကိုက်ခြင်း။

 ၆။ ထိုင်းမှိုင်းလေးလံ၍ အားမရှိသလို ခံစားရခြင်း။

 ၇။ ရိုးတွင်းခြင်ဆီ အားနည်းခြင်း

(က)
စသောက်၍ လေးပတ်မှ ခြောက်ပတ်အတွင်း သွေးအားနည်းတတ်သည်။

(ခ)
၁၂ ပတ်မှ ၁၄ ပတ်အတွင်း သွေးဖြူဥများ ကျဆင်းတတ်သည်။ အခြေအနေ ဆိုးရွားပါက AZT ဆေး
ကိုရပ်ရမည် ဖြစ်သောကြောင့် တတ်ကျွမ်းနားလည်သူ ဆရာဝန်များ၏ ကြီးကြပ်မှု အောက်တွင်သာ
သောက်သုံး သင့်ပါသည်။

 ၈။ ခြေထောက်နှင့် တင်းပါး ကြွက်သားများ
အားနည်းခြင်း။

 ၉။ အသည်းရောင်ခြင်း၊ ဆေးလိပ်သောက်သုံးသူ
တစ်ရာတွင် တစ်ယောက်ခန့် ဖြစ်ပွားတတ်သည်။

 ၁၀။ သွေးထဲတွင် Lactic Acid များလာခြင်း၊
သွေးထဲတွင် Lactic Acid များလာပါက လူနာသည် မူးဝေအော့အန်ခြင်း၊ ရုတ်တရက်
မောလာခြင်းတို့ ဖြစ်ပွားပြီး အချိန်မီ မကုသပါက အသက်အန္တရာယ် ရှိနိုင်ပါသည်။ ဆေး
သောက်သူ တစ်ရာတွင် တစ်ယောက်ခန့် ဖြစ်ပွားတတ်ပါသည်။

 ၁၁။ လက်သည်များ အပြာရောင်ပြောင်းခြင်း။

(ဇ)
တွဲဖက် မစားသုံးသင့်သည့် ဆေးဝါး။ အာနိသင်ဆန့်ကျင်ဘက် ဖြစ်သောကြောင့် ARV
တစ်မျိုးဖြစ်သည့် Stavudine နှင့် တွဲဖက် မစားသုံးသင့်ပါ။

(စ်)
သတိထား၍ တွဲဖက်စားသုံးရမည့် ဆေးဝါးများ၊ ရိုးတွင်းခြင်ဆီ အားနည်းစေတတ်သည့် အောက်ပါ
ဆေးဝါးများနှင့် တွဲဖက်စားသုံးပါက သတိကြီးစွာ ထားရပါမည်။

 ၁။ ဆက်ထရင် (Septrin)

 ၂။ ဒက်ဆုံး (Dapsone)

 ၃။ ဆာလဖာပါဝင်သည့် ဆေးများ

 ၄။ ပယ်ရီမီတာမင်း (Pyimethamine)

 ၅။ ပရိုင်မကွင်း (Primaquine)

 ၆။ အမ်ဖိုတီရင်စင် ခေါ် မှိုသတ်ဆေး (Amphotericin)

 ၇။ interferon

၂။ LAMIVUDINE (3TC) လမီဗျူဒင်း (သရီးတီစီ)

(က)
ဆေးဝါးအမျိုးအစား

Nucleoside
reverse transcriptase inhibitor (NRTI)။ HIV ပိုး၏ reverse transcriptase
အင်ဇိုင်းတို့၏ လုပ်ငန်း တာဝန်များကို တားဆီးခြင်းဖြင့် ဆက်လက် ပိုး မပွားအောင်
ဟန့်တားထားသော ဆေးဖြစ်သည်။

(ခ)
ဆေးဝါး၏ ဓာတုဗေဒအမည်

Lamivudine
(3TC)။ လမီဗျူဒင်း (သရီးတီစီ)

(ဂ)
ဆေးဝါးကို ဆေးကုမ္ပဏီမှ ရောင်းချသောအမည်

 ၁။ Lamivir – 150 – (Cipla)

 ၂။ Virolam – 150 – (Ranbanxy)

 ၃။ Ladiwin – 150 – (Zydus Cadila)

 ၄။ Lamitec – 150 – (Zifam)

 ၅။ Epivir – (Galxosmithline)

(ဃ)
ဆေးဝါးပုံစံ

ဆေးပြား
- ၁၅၀ မီလီဂရမ်

(င)
သုံးစွဲရမည့် ဆေးဝါးအချိန်အဆ

 ၁။ လူကြီး။ ၁၅၀ မီလီဂရမ်ကို
နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်သုံးရမည်။

 ၂။ ကလေး။ ခန္ဓာကိုယ် မျက်နှာပြင်
ဧရိယာအပေါ် မူတည်၍ တိုက်ရမည်။

(စ)
သောက်သုံးပုံ

 ၁။ ဆေးသောက်ချိန် နှစ်ချိန်အကြား ၁၂ နာရီ
ကွာရမည်။

 ၂။ အစာဖြင့် သော်လည်းကောင်း၊
အစာမရှိဘဲသော်လည်းကောင်း သောက်သုံးနိုင်သည်။

(ဆ)
ဘေးထွက်ဆိုးကျိုးများ

 ၁။ ခေါင်းကိုက်ခြင်း

 ၂။ ပျို့အန်ခြင်း။

 ၃။ သွေးဖြူဥ နည်းခြင်း။

 ၄။ အသည်း ထိခိုက်ခြင်း။

 ၅။ ဗိုက်နာခြင်း။

 ၆။ ကလေးများတွင် Pancreas ရောင်ခြင်း။

၃။ STAVUDINE (d4T) စတာဗျူဒင်း (ဒီဖိုးတီ)

(က)
ဆေးဝါးအမျိုးအစား

Nucleoside
reverse transcriptase inhibitor (NRTI)

HIV
ပိုး၏ reverse transcriptase အင်ဇိုင်းတို့၏ လုပ်ငန်းကို တားဆီးခြင်းဖြင့် ဆက်လက်
ပိုး မပွားအောင် ဟန့်တားသော ဆေး။

(ခ)
ဆေးဝါး၏ ဓာတုဗေဒအမည်

Stavudine
(d4T)

(ဂ)
ဆေးဝါးကို ဆေးကုမ္ပဏီမှ ရောင်းချသောအမည်

 ၁။ STAVIR 30/40 – (Cipla)

 ၂။ ZERIT – (Bristol Myers Squibb)

(ဃ)
ဆေးဝါးပုံစံ

ဆေးတောင့်
- ၃၀/၄၀ မီလီဂရမ်

(င)
သောက်သုံးရမည့် ဆေးဝါးအချိန်အဆ

 ၁။ လူကြီး။ ကိုယ်အလေးချိန် ၆၀
ကီလိုဂရမ်ထက် များပါက ၄၀ မီလီဂရမ် နှစ်ကြိမ်သောက်ရမည်။ ကိုယ်အလေးချိန် ၆၀
ကီလိုဂရမ်ထက် နည်းပါက ၃၀ ကီလိုဂရမ် နှစ်ကြိမ်သောက်ရမည်။

 ၂။ ကလေး။ ကိုယ်အလေးချိန် တစ်ကီလိုဂရမ်ကို
ဆေးတစ်မီလီဂရမ် ၁၂ နာရီခြား တစ်ကြိမ်တိုက်ရမည်။

(စ)
ဆေးသောက်သုံးပုံ

 ၁။ ဆေးသောက်ချိန် နှစ်ချိန်အကြားတွင် ၁၂
နာရီကွာရမည်။

 ၂။ အစာ စားပြီးသော်လည်းကောင်း၊ အစာမရှိဘဲ
သော်လည်းကောင်း စားသုံးနိုင်သည်။

(ဆ)
ဘေးထွက်ဆိုးကျိုးများ

 ၁။ အာရုံကြော ရောင်ရမ်းခြင်း (5-15%)

 ၂။ အသည်း ထိခိုက်ခြင်း။

 ၃။ ပန်ကရိယ ရောင်းခြင်း။

 ၄။ ခေါင်းကိုက်ခြင်း။

 ၅။ သွေးထဲတွင် အဆီဓာတ်များခြင်း။

 ၆။ မျက်နှာနှင့် ခြေလက်များတွင် အဆီများ
လျော့နည်းခြင်း။

 ၇။ ဝမ်းဗိုက်တွင် အဆီများကာ ဗိုက်ပူလာခြင်း။

 ၈။ သွေးထဲတွင် လက်တစ်အက်စစ် များခြင်း။

 ၉။ ကြွက်သား အားနည်းခြင်း။

(ဇ)
တွဲဖက် မစားသုံးသင့်သည် ဆေးဝါးများ

 ၁။ ARV တစ်မျိုးဖြစ်သည့် AZT နှင့်
တွဲဖက်မစားသင့်ပါ။ ဆန့်ကျင်သော အာနိသင်ရှိ၍ ဖြစ်ပါသည်။

 ၂။ ကိုယ်ဝန်ဆောင်လူနာတွင် d4T နှင့် ddl ကို
တွဲဖက် မစားသင့်ပါ။ သွေးထဲတွင် လက်တစ်အက်စစ် ပိုများ တတ်သောကြောင့် ဖြစ်ပါသည်။

(စ်)
သတိထား၍ တွဲဖက်စားသုံးရမည့် ဆေးဝါးများ။

အာရုံကြော
အားနည်းစေသည့် အောက်ပါဆေးဝါးများ နှင့် တွဲဖက် သောက်သုံးပါက သတိထားရပါမည်။

 ၁။ အိုင်ဆိုနိုင်ရဇစ် (isoniazid) ခေါ် တီဘီဆေး

 ၂။ အီသီယိုနမိုက် (ethionamide) ခေါ် တီဘီဆေး

 ၃။ မက်ထရိုနိုင်ဒဇော (metronidazole) ခေါ်
ဝမ်းကိုက်ပျောက်ဆေး

 ၄။ ဖီနန်တွိုင် (phenytoin) ခေါ် အတက်ကျပျောက်ဆေး

၎။ DIDANOCINE (ddl) ဒီဒါနိုဆင်း (ဒီဒီအိုင်)

(က)
ဆေးဝါးအမျိုးအစား

Nucleoside
reverse transcriptase inhibitor (NRTI)။ HIV ပိုး၏ reverse transcriptase
အင်ဇိုင်းတို့၏ လုပ်ငန်းများကို တားဆီးခြင်းဖြင့် ဆက်လက်၍ HIV ပိုး မပွားအောင်
ဟန့်တားသောဆေး။

(ခ)
ဆေးဝါး၏ ဓာတုဗေဒအမည်

DIDANOCINE
(ddl) ဒီဒါနိုဆင်း (ဒီဒီအိုင်)

(ဂ)
ဆေးဝါးကို ဆေးကုမ္ပဏီမှ ရောင်းချသော အမည်

 ၁။ Dinex 100/200 – (Cipla)

 ၂။ Videx – (Bristol Myers Squibb)

(ဃ)
ဆေးဝါးပုံစံ

 ၁။ ဆေးတောင့် ၁၀၀ မီလီဂရမ်

 ၂။ ဆေးပြား ၂၅ မီလီဂရမ်

 ၃။ ဆေးမှုန့်

(င)
သောက်သုံးရမည့် အချိန်အဆ

၁။
လူကြီး။ ၆၀ ကီလိုဂရမ်အထက် ကိုယ်အလေးချိန် ရှိပါက ၂၀၀ မီလီဂရမ်ဆေးကို နှစ်ကြိမ်
သောက်သုံးရပါမည်။

၆၀
ကီလိုဂရမ်အောက် ကိုယ်အလေးချိန် ရှိပါက ၂၅၀ မီလီဂရမ်ဆေးကို တစ်ကြိမ်၊ သို့မဟုတ် ၁၂၅
မီလီဂရမ် ဆေးကို နှစ်ကြိမ် သောက်သုံးရပါမည်။

ကလေး။ ခန္ဓာကိုယ်မျက်နှာပြင်
ဧရိယာအပေါ် မူတည်၍ တိုက်ရမည်။

(စ)
သောက်သုံးပုံ

 ၁။ အစာနှင့် ဝေးဝေး စားသုံးရပါမည်။

 ၂။ အစာမစားမီ နာရီဝက်၊ သို့မဟုတ် အစာစားပြီး
နှစ်နာရီကြာမှ ဆေးကို စားသုံးရပါမည်။

 ၃။ ဆေးနှစ်ကြိမ် သောက်ပါက ၁၂ နာရီခြား
သောက်သင့်ပါသည်။

(ဆ)
ဘေးထွက်ဆိုးကျိုးများ

 ၁။ ပန်ကရိယ ရောင်ရမ်းခြင်း။ (1-9%)

 ၂။ အာရုံကြော အားနည်းခြင်း။ (5-12%)

 ၃။ အသည်း ထိခိုက်ခြင်း။

 ၄။ ဝမ်းလျှောဝမ်းပျက်ခြင်း။

 ၅။ ပျို့အန်ခြင်း။

 ၆။ ခေါင်းကိုက်ခြင်း။

 ၇။ သွေးထဲတွင် လက်တစ်အက်စစ် များခြင်း။

(ဇ)
တွဲဖက် မစားသုံးသင့်သည့် ဆေးဝါးများ

 ၁။ ပန်ကရိယကို ရောင်ရမ်းစေသည့် ဆေးဝါးများ။

ဥပမာ
- d4T၊ အရက်

 ၂။ အာရုံကြော ရောင်ရမ်းစေသည့် ဆေးဝါးများ။

ဥပမာ
- အိုင်ဆိုနိုင်ရဇစ် (INH) ခေါ် တီဘီဆေး နှင့် အီသမ်ပျူတော့ (Etibi) ခေါ် တီဘီဆေး။

 ၃။ Allopurinol ခေါ် ဂေါက်အဆစ်ရောင် ရောဂါကုဆေး။

(စ်)
သတိထား သုံးစွဲသင့်သည့် ဆေးဝါးများ

 ၁။ Tenofovir ခေါ် ARV ဆေး တစ်မျိုးနှင့်တွဲဖက်
သုံးပါက ddl ၏ သွေးထဲရှိပမာဏ ပိုမို မြင့်တက် လာသောကြောင့် သတိထား
သုံးစွဲသင့်ပါသည်။

 ၂။ ddl။ ၎င်းသည် Ketoconazole Itraconazole ရှိသည့်
ပိုးသတ်ဆေးများ၊ Quinolone ခေါ် ပိုး သတ်ဆေးများနှင့် Indinavir, Ritonavir ခေါ် ARV
ဆေးများကို အူမှစုပ်ယူမှုအား ဟန့်တားသောကြောင့် အဆိုပါ ဆေးများနှင့် အနည်းဆုံး
နှစ်နာရီခွာ၍ စားသင့်ပါသည်။

၅။ ABACAVIR (ABC) အဘာကာဗီရာ (အေဘီစီ)

(က)
ဆေးဝါး အမျိုးအစား

Nucleoside
reverse transcriptase inhibitor (NRTI) HIV ပိုး၏ reverse transcriptase
အင်ဇိုင်းတို့၏ လုပ်ငန်းများကို တားဆီးခြင်းဖြင့် HIV ပိုးများ ဆက်လက် မပွားအောင်
ဟန့်တားသောဆေး။

(ခ)
ဆေးဝါး၏ ဓာတုဗေဒအမည်

ABACAVIR
(ABC) - အဘာကာဗီရာ (အေဘီစီ)

(ဂ)
ဆေးဝါးကို ဆေးကုမ္ပဏီမှ ရောင်းချသောအမည်

Ziagen
– (Galxosmithkline)

(ဃ)
ဆေးဝါးပုံစံ

ဆေးပြား
- ၃၀၀ မီလီဂရမ်

(င)
သောက်သုံးရမည့် အချိန်အဆ

 ၁။ လူကြီး။ ၃၀၀ မီလီဂရမ် နံနက်တစ်ကြိမ်၊
ညတစ်ကြိမ်

 ၂။ ကလေး။ တစ်ကီလိုဂရမ်
ကိုယ်အလေးချိန်အတွက် ဆေး ၈ မီလီဂရမ် တိုက်ကျွေးရပါမည်။ ၁၂ နာရီကြား
နှစ်ကြိမ်တိုက်ရပါမည်။

(စ)
သောက်သုံးပုံ

 ၁။ ဆေးသောက်ချိန် နှစ်ကြိမ်အကြား ၁၂
နာရီကွာရမည်။

 ၂။ အစာမစားမီ၊ သို့မဟုတ် အစာစားပြီး
စားသုံးနိုင်သည်။

(ဆ)
ဆေး၏ ဘေးထွက်ဆိုးကျိုးများ

 ၁။ ဆေးမတည့်ခြင်း၊ ဆေးသောက်သူတစ်ရာတွင်
သုံးယောက်မှ ကိုးယောက်အထိ ဆေးမတည့်ဖြစ်တတ်ခြင်း၊ ဆေးမတည့်လျှင် ဖျားခြင်း၊
အရေပြားအတွင်း အနီစက်များ ထွက်ခြင်း၊ အင်ပျဉ်များထွက်ခြင်း၊ အဆစ်နာခြင်း၊
ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းသွားခြင်းတို့ ဖြစ်ပွားတတ်ပါသည်။
ဆိုးရွားပြင်းထန်ပါက အသက်ကိုပါ ရန်ရှာတက်သောကြောင့် သတိထားရပါမည်။

 ၂။ သွေးထဲတွင် လက်တစ်အက်စစ် များခြင်း။

 ၃။ ပျို့အန်ခြင်း။

 ၄။ ဗိုက်နာခြင်း၊ ဝမ်းသွားခြင်း။

 ၅။ ခေါင်းကိုက်ခြင်း။

၆။ TENOFOVIR (TFV) တီနိုဖိုဗီရာ (တီအက်ဖ်ဗီ)

(က)
ဆေးဝါးအမျိုးအစား

Nucleoside
reverse transcriptase inhibitor (NRTI)။ HIV ပိုး၏ reverse transcriptase
အင်ဇိုင်းတို့၏ လုပ်ငန်းများကို တားဆီးခြင်းဖြင့် HIV ပိုး ဆက်မပွားအောင်
ဟန့်တားသောဆေး။

(ခ)
ဆေးဝါး၏ ဓာတုဗေဒအမည်

Tenofovir
disoproxil Fumarate (TDF)

တီနိုဖိုဗီရာ
ဒိုင်ဆိုပရိုဇေ ဖျူမရိတ် (တီဒီအက်ဖ်)

(ဂ)
ဆေးဝါးကို ဆေးကုမ္ပဏီမှ ရောင်းချသော အမည်

Viread
– (Gilead Sciences)

(ဃ)
ဆေးဝါးပုံစံ

ဆေးပြား
- ၃၀၀ မီလီဂရမ်

(င)
သောက်သုံးရမည့် အချိန်အဆ

၁။
လူကြီး။ ၃၀၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် သောက်သုံးရန်။

(စ)
သောက်သုံးပုံ။

အစာစားပြီးမှ
သောက်သုံးပါ။

(ဆ)
ဆေး၏ ဘေးထွက်ဆိုးကျိုးများ

 ၁။ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း။

 ၂။သွေးဖြူဥ နည်းခြင်း။

 ၃။ အသည်း ထိခိုက်ခြင်း။

 ၄။ ကျောက်ကပ် ထိခိုက်ခြင်း။

(ဇ)
သတိထား တွဲဖက်သုံးစွဲရမည့် ဆေးဝါး။

ddl
နှင့် တွဲဖက်သုံးပါက ပန်ကရိယ ရောင်ခြင်း၊ အာရုံကြော အားနည်းခြင်းများ ပိုမို
ဖြစ်ပွားတတ်သောကြောင့် သတိထားရပါမည်။

၇။ NEVIRAPINE (NVP) နဗီရပင်း (အန်ပီဗီ)

(က)
ဆေးဝါးအမျိုးအစား

Non-nucleoside
reverse transcriptase inhibitor (NNRTI)။

HIV
ပိုး၏ reverse transcriptase အင်ဇိုင်းတို့၏ လုပ်ငန်းကို တားဆီးခြင်းဖြင့် HIV
ပိုးထပ်မံ မပြန့်ပွားအောင် ဟန့်တားသောဆေး။

(ခ)
ဆေးဝါး၏ ဓာတုဗေဒအမည်

NEVIRAPINE
(NVP) နဗီရပင်း (အန်ပီဗီ)

(ဂ)
ဆေးဝါးကို ဆေးကုမ္ပဏီမှ ရောင်းချသောအမည်

 ၁။ NEVIMUNE – (CLIPA)

 ၂။ NEVIPAN – (RANBANXY)

 ၃။ NEVIPIN – (ZIFAM)

 ၄။ VIRAMUNE – (Boehringer ingellheim)

(ဃ)
ဆေးဝါးပုံစံ

 ၁။ ဆေးပြား ၂၀၀ မီလီဂရမ်

 ၂။ သောက်ဆေးအရည်

(င)
သောက်သုံးရမည့် ဆေးပမာဏ

 ၁။ လူကြီး။
ပထမနှစ်ပတ်တွင် ၂၀၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် နှစ်ပတ်ပြည့်ပြီး ဆေးမတည့်သည့်
လက္ခဏာများ မရှိပါက ၂၀၀ မီလီဂရမ် နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် တိုးသောက်ရမည်။

 ၂။ ကလေး။ ပထမနှစ်ပတ်တွင် တစ်ကီလိုဂရမ်
အလေးချိန် အတွက် ၄ မီလီဂရမ်ဆေးကို  တစ်နေ့တစ်ကြိမ် တိုက်ရမည်။ နှစ်ပတ်ကျော်က
နှစ်ကြိမ်တိုက်ရပါမည်။ Nevirapine ကို တစ်နေ့တစ်ကြိမ်၊ နှစ်ပက် စမတိုက်ဘဲ
တစ်နေ့နှစ်ကြိမ်နှင့် စတိုက်ပါက ဆေးမတည့်မှု ပိုများပြီး အသက်အန္တရာယ် ရှိသည့်အတွက်
အထူး သတိထား သင့်ပါသည်။

(စ)
သောက်သုံးပုံ။

အစာစားပြီးသော်လည်းကောင်း၊
အစာ မရှိဘဲသော်လည်းကောင်း စားသုံးနိုင်သည်။

(ဆ)
ဆေး၏ ဘေးထွက်ဆိုးကျိုးများ

 ၁။ ဆေးမတည့်ခြင်း။

ဆေးသောက်သူ
၁၀၀ တွင် ၁၇ ယောက် ဆေးမတည့်ဘဲ အင်ပျဉ်ထွက်ခြင်း၊ ဖျားခြင်း၊ အရေပြားတွင်
အဖုများထွက်ခြင်းနှင့် ပြင်းထန်ပါက အသက်ကို ရန်ရှာတတ်သည့်အတွက်
ဆေးနှစ်ပတ်စမ်းပြီးမှသာ ဆေးပမာဏ အပြည့်ကို သောက်သင့်ပါသည်။

 ၂။ ပျို့အန်ခြင်း။

 ၃။ ခေါင်းကိုက်ခြင်း။

 ၄။ ခွန်အား ဆုတ်ယုတ်သလို ခံစားရခြင်း။

 ၅။ အသည်းရောင်ခြင်း။

(ဇ)
တွဲဖက်မစားသုံးသင့်သည့် ဆေးဝါးများ

Rifampicin
ခေါ် တီဘီဆေး၊ Ketoconazole ခေါ် မှိုသေဆေး၊ St.john’s wort ခေါ် စိတ်ဓာတ်ကျ ပျောက်ဆေးပင်၊
ကြွက်သွန်ဖြူများနှင့် တွဲဖက်မစားသင့်ပါ။

(စ်)
သတိထား၍ တွဲဖက်စားသုံးသင့်သည့် ဆေးဝါးများ

 ၁။ အတက်ကျဆေးများ။

 ၂။ အဆီကျဆေးများ။

 ၃။ ပဋိသန္ဓေတားဆေးများ။

 ၄။ သွေးကျဲဆေးများ။

 ၅။ စိတ်ဓာတ်ကျ ပျောက်ဆေးများ။

၈။ EFAVIRENZ (EFV) အီဖာဗီရန့်စ်

(က)
ဆေးဝါးအမျိုးအစား

Non-nuceloside
reverse transcriptase inhibitor (NNRTI)။

HIV
ပိုး၏ reverse transcriptase အင်ဇိုင်း၏ လုပ်ငန်းများကို တားဆီးခြင်းဖြင့် HIV
ပိုး ထပ်မံ မပွားအောင် ဟန့်တားသောဆေး။

(ခ)
ဆေးဝါး၏ ဓာတုဗေဒအမည်

EFAVIRENZ
(EFV) အီဖာဗီရန့် (အီးအက်ဖ်ဗီ)

(ဂ)
ဆေးကုမ္ပဏီမှ ရောင်းချသောအမည်

 ၁။ SUSTIVA – (BRISTOL MYERS SQUIBB)

 ၂။ EFAVIR – (CIPLA)

 ၃။ EFATEC – (ZIFAM)

(ဃ)
ဆေးဝါးပုံစံ

ဆေးတောင့်
- ၂၀၀ မီလီဂရမ် ၆၀၀ မီလီဂရမ်

(င)
သောက်သုံးရမည့် ဆေးပမာဏ

၁။
လူကြီး။ ၆၀၀ မီလီဂရမ် တစ်နေ့တစ်ကြိမ်သာ သောက်သုံးရန်

၂။
ကလေး။ ကိုယ်အလေးချိန် အပေါ်မူတည်၍ တိုက်ကျွေးရန်

10
-<15 ကီလိုဂရမ် 200 mg

15
-<20 ကီလိုဂရမ် 250 mg

20
-<25 ကီလိုဂရမ် 300 mg

25
-<32.5 ကီလိုဂရမ် 350 mg

32.5-
<40 ကီလိုဂရမ် 400 mg

>40
600 mg

(စ)
သောက်သုံးပုံ

အစာနှင့်
သော်လည်းကောင်း၊ အစာမရှိဘဲ သော်လည်းကောင်း စားသုံးနိုင်ပါသည်။ အဆီများသော အစာနှင့်
တွဲဖက် စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။ ညအိပ်ခါနီးတွင် သောက်သုံးပါ။

(ဆ)
ဘေးထွက်ဆိုးကျိုးများ

၁။
ဆေးမတည့်၍ အရေပြားယားယံခြင်း၊ အင်ပျဉ်ထွက်ခြင်း၊ ဆေးသောက်သူ ၂၅
ရာခိုင်နှုန်းခန့်တွင် ဖြစ်တတ်ပါသည်။

၂။
ဦးနှောက်အာရုံကြောနှင့် ဆိုင်သော ရောဂါလက္ခဏာများဖြစ်သည့် ခေါင်းမူးခြင်း၊
အိပ်မပျော်ခြင်း၊ အိပ်မက်ဆိုးများမက်ခြင်း၊ အာရုံစူးစိုက်၍ မရခြင်း၊ စိတ်တို
ဒေါသထွက်လွယ်ခြင်း၊ ထင်ယောင်ထင်မှား ဖြစ်ခြင်း။

အထက်ပါ
လက္ခဏာများမှာ နှစ်ပတ်မှလေးပတ် အတွင်း အလိုလို ပျောက်သွားတတ်ပါသည်။ သောက်သုံးသူ ၂၅
ရာခိုင်နှုန်းတွင် အထက်ပါလက္ခဏာ များကြောင့် ဆေးဝါး ရပ်ထားရတတ်သည်။ စိတ်
ရောဂါရှိသူများ မသောက်သုံးသင့်ပါ။

 ၃။ ဝမ်းပျက်ခြင်း။

 ၄။ အသည်း အားနည်းခြင်း။

 ၅။ သွေးထဲတွင် အဆီဓာတ်များခြင်း။

(ဇ)
တွဲဖက်မစားသုံးသင့်သည့် ဆေးဝါးများ

 ၁။ Asterizole

 ၂။ Ergot Alkaloid

 ၃။ Terfernadine

 ၄။ Cisapride

 ၅။ Clarithromycin

 ၆။ Garlic Supplement

 ၇။ St.John’s wort

(ဈ)
သတိထား၍ တွဲဖက်မစားသုံးသင့်သည့် ဆေးဝါးများ

 ၁။ ပဋိသန္ဓေ တားဆေးများ။

 ၂။ စိတ်ဓာတ်ကျ ပျောက်ဆေးများ။

 ၃။ အဆီကျ ဆေးများ။

 ၄။ အတက်ကျ ပျောက်ဆေးများ။

 ၅။ သွေးကျဲဆေးများ။

၉။ AMPRENAVIR (APV) အန်ပရီနဗီရာ (အေပီဗီ)

(က)
ဆေးဝါးအမျိုးအစား

Protease
inhibiton

HIV
ပိုး၏ protease အင်ဇိုင်း၏ လုပ်ငန်းများကို တားဆီး ခြင်းဖြင့် HIV ပိုး ထပ်မံ
မပွာအောင် ဟန့်တားသော ဆေး။

(ခ)
ဆေးဝါး၏ ဓာတုဗေဒ အမည်

Amprenavir
(APV) အန်ပရီနဗီရာ (အေပီဗီ)

(ဂ)
ဆေးဝါးကို ဆေးကုမ္ပဏီမှ ရောင်းချသော အမည်

Agenerase
– (Glaxosmithkline)

(ဃ)
ဆေးဝါးပုံစံ

ဆေးတောင့်
၅၀ မီလီဂရမ် ၁၅၀ မီလီဂရမ်

(င)
သောက်သုံးရမည့် ဆေးပမာဏ

 ၁။ လူကြီး။ ၁၂၀၀ မီလီဂရမ် တစ်နေ့တစ်ကြိမ်
သောက်သုံးရန်

 ၂။ ကလေး။ ကိုယ်အလေးချိန် တစ်ကီလို
ဂရမ်အတွက် ဆေး ၂၀ မီလီဂရမ်ကို နှစ်ကြိမ် တိုက်ကျွေး ရပါမည်။

(စ)
သောက်သုံးပုံ

အစာရှိ၍
သော်လည်းကောင်း၊ အစာမစားဘဲ သော်လည်းကောင်း စားသုံးနိုင်ပါသည်။ အဆီများသော အစာများ
ကို ရှောင်သင့်ပါသည်။

(ဆ)
ဘေးထွက်ဆိုးကျိုးများ

 ၁။ ဆေးမတည့်၍ ယားယံခြင်း၊
အင်ပျဉ်ထွက်ခြင်း၊  (၂၅%)။

 ၂။ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း။

 ၃။ ပါးစပ် ပတ်ဝန်းကျင်နှင့် ခြေလက်များ
ထုံကျဉ်ခြင်း။

 ၄။ စိတ်ဓာတ်ကျခြင်း၊ ခေါင်းကိုက်ခြင်း။

 ၅။ အသည်း အားနည်းခြင်း။

(ဇ)
တွဲဖက် မသောက်သုံး သင့်သည့် ဆေးဝါးများ

 ၁။ Asterizole

 ၂။ Cisapride

 ၃။ Engotamine

 ၄။ Terfernadine

 ၅။ Rifampicin

 ၆။ Simvastatin, Lovastatin

 ၇။ St.John’s wort

 ၈။ Garlic

(စ်)
သတိထား၍ တွဲဖက်စားသုံးရမည့် ဆေးဝါးများ

 ၁။ အတက်ကျ ပျောက်ဆေးများ။

 ၂။ ပဋိသန္ဓေတားဆေးများ။

 ၃။ စိတ်ဓာတ်ကျ ပျောက်ဆေးများ။

၁၀။ INDINAVIR (IDV) အင်ဒီနဗီရာ (အိုင်ဒီဗီ)

(က)
ဆေးဝါးအမျိုးအစား

Protease
inhibitom

HIV
ပိုး၏ protease အင်ဇိုင်း၏ လုပ်ငန်းများကို တားဆီးခြင်းဖြင့် HIV ပိုး ထပ်မံ
မပွားအောင် ဟန့်တား သောဆေး။

(ခ)
ဆေးဝါး၏ ဓာတုဗေဒအမည်

INDINAVIR
(IDV)

အင်ဒီနဗီရာ
(အိုင်ဒီဗီ)

(ဂ)
ဆေးကုမ္ပဏီမှ ရောင်းချသောအမည်

 (၁) CRIXIVAN – (MERCK)

 (၂) INDIVAN – (CIPLA)

 (၃) VIROTEC – (ZIFAM)

(ဃ)
ဆေးဝါးပုံစံ

ဆေးတောင်
၄၀၀ မီလီဂရမ်

(င)
သောက်သုံးရမည့် ဆေးပမာဏ

 ၁။ လူကြီး။ ၈၀၀ မီလီဂရမ် ၈
နာရီကြားတစ်ခါ၊ တစ်နေ့သုံးကြိမ်

(စ)
သောက်သုံးပုံ

အစားမရှိဘဲ
စားသုံးရပါသည်။ အစာ မစားမီ နာရီဝက်၊ သို့မဟုတ် အစာစားပြီး နှစ်နာရီကြာမှ ဆေးကို
သောက်သုံးရပါမည်။ ဆီးကျောက်တည် တတ်သောကြောင့် ရေများများ သောက်ပေးရန် လိုပါသည်။
အနည်းဆုံး ရေ (၁ ဒသမ ၅) လီတာကို နေ့စဉ် သောက်ပေး ရပါမည်။

(ဆ)
ဘေးထွက်ဆိုးကျိုးများ

 ၁။ ဆီးကျောက်တည်ခြင်း၊ ဆီးတွင်သွေးပါခြင်း။

 ၂။ ကျောက်ကပ် ရောင်ခြင်း။

 ၃။ ဆံပင်ကျွတ်ခြင်း။

 ၄။ ပျို့အန်ခြင်း။

 ၅။ သွေးတွင်း အဆီဓာတ်များခြင်း။

 ၆။ သွေးတွင်း သကြားဓာတ်များခြင်း။

 ၇။ မျက်နှာနှင့် ခြေလက်တွင်
အဆီများလျော့နည်းခြင်း။

 ၈။ ဝမ်းဗိုက်တွင် အဆီများစုခြင်း။

 ၉။ အမျိုးသားများတွင် ရင်သားကြီးထွားခြင်း။

 ၁၀။ အသည်း အားနည်းခြင်း။

(ဇ)
တွဲဖက် မသောက်သုံးသင့်သည့် ဆေးဝါးများ

 ၁။ Asterizole, terfernadine

 ၂။ Cisapride

 ၃။ Ergotamine

 ၄။ Simvastatin, Lovastatin

 ၅။ St.John’s wort

 ၆။ Rifampicin

 ၇။ Garlic

(စ်)
တွဲဖက်စားသုံးလျှင် သတိထားရမည့် ဆေးဝါးများ

 ၁။ Ketoconazole – Itraconazole

 ၂။ Grape fruit juice

 ၃။ Carbamazepine

 ၄။ Sildenafil (Viagra)

 ၅။ Tricyclic antidepressant

 ၆။ Oral anticoagulant

၁၁။ LOPINAVIR လိုပီနဗီရာ

(က)
ဆေးဝါးအမျိုးအစား

Protease
inhibitom

HIV
ပိုး၏ Protease အင်ဇိုင်း၏ လုပ်ငန်းများကို တားဆီးခြင်းဖြင့် HIV ပိုး ထပ်မံမပွားအောင်
ဟန့်တားသော ဆေး။

(ခ)
ဆေးဝါး၏ ဓာတုဗေဒအမည်

LOPINAVIR
- လိုပီနဗီရာ

(ဂ)
ဆေးကုမ္ပဏီမှ ရောင်းချသောအမည်

KALETRA
(ABBOTLAB)

(ဃ)
ဆေးဝါးပုံစံ

 ၁။ ဆေးတောင့် ၁၃၃ မီလီဂရမ် လိုပီနဗီရာ

၃၃
မီလီဂရမ် ရီတိုနဗီရာ

 ၂။ သောက်ဆေးအရည်

(င)
သောက်သုံးရမည့် ဆေးပမာဏ

 ၁။ လူကြီး။ တစ်ခါသောက် ဆေးတောင့် သုံးတောင့်
တစ်နေ့နှစ်ကြိမ် သောက်ရမည်။

 ၂။ ကလေး။ ကိုယ်အလေးချိန် အပေါ် မူတည်၍
သောက်ရမည်။

7-15
kg – 12mg/kg

15-40kg
– 10mg/kg

>40kg
– 400mg လိုပီနဗီရာ

(စ)
သောက်သုံးပုံ

အစာစားပြီးမှ
စားသုံးရမ  ည်။

(ဆ)
ဘေးထွက် ဆိုးကျိုးများ

 ၁။ ဝမ်းပျက်ခြင်း။

 ၂။ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း။

 ၃။ ခေါင်းကိုက်ခြင်း။

 ၄။ အိပ်မရခြင်း။

 ၅။ အင်ပျဉ်ထွက်ခြင်း။

 ၆။ အသည်း ထိခိုက်ခြင်း။

 ၇။ သွေးထဲတွင် အဆီများခြင်း။

 ၈။ သကြားဓာတ် များခြင်း။

 ၉။ မျက်နှာနှင့် ခြေလက်တွင် အဆီများ
လျော့နည်းခြင်း။

 ၁၀။ ဗိုက်တွင် အဆီများစုခြင်း။

(ဇ)
တွဲဖက် မသောက်သုံး သင့်သည် ဆေးဝါးများ

 ၁။ Asterizole, terfernadine

 ၂။ Rifampicin

 ၃။ Simvastatin, Lovastatin

 ၄။ Cisapride

 ၅။ Ergotamine

 ၆။ St.John’s Wart

 ၇။ Garlic

(ဈ)
တွဲဖက်စားသုံးလျှင် သတိထားရမည့် ဆေးဝါးများ

 ၁။ ketoconazole

 ၂။ Oral contraceptive

 ၃။ Sildenafil (Viagra)

 ၄။ Anticovulsants

 ၅။ Atorvastain

၁၂။ NELFINAVIR (NFV) နယ်ဖီနဗီရာ (အန်အက်ဖ်ဗီ)

(က)
ဆေးဝါးအမျိုးအစား

Protease
inhibitom

HIV
ပိုး၏ Protease အင်ဇိုင်း၏ လုပ်ငန်းများကို တားဆီးခြင်းဖြင့် HIV ပိုး
ထပ်မံမပွားအောင် ဟန့်တားသော ဆေး။

(ခ)
ဆေးဝါး၏ ဓာတုဗေဒအမည်

NELFINAVIR
(NFV) နယ်ဖီနဗီရာ (အန်အက်ဖ်ဗီ)

(ဂ)
ဆေးဝါးကို ဆေးကုမ္ပဏီမှ ရောင်းချသောအမည်

 ၁။ VIRACEPT – (PFIZER)

 ၂။ NELVIR 250 – (CIPLA)

(ဃ)
ဆေးဝါးပုံစံ

ဆေးပြား
- ၂၅၀ မီလီဂရမ်

(င)
သောက်သုံးရမည့် ဆေးပမာဏ

 ၁။ လူကြီး။ တစ်ခါသောက် ၁၂၅၀ မီလီဂရမ်

 ၂။ ကလေး။ ကိုယ်အလေးချိန် တစ်ကီလိုဂရမ်ကို
ဆေး ၃၀ မီလီဂရမ် တိုက်ရပါမည်။ တစ်နေ့ သုံးကြိမ်သောက် ရပါမည်။

(စ)
သောက်သုံးပုံ

အစာစားပြီးမှ
စားသုံးရမည်။

(ဆ)
ဘေးထွက် ဆိုးကျိုးများ

 ၁။ ဝမ်းပျက်၊ ဝမ်းလျှောခြင်း။

 ၂။ အင်ပျဉ် ထွက်ခြင်း။

 ၃။ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း။

 ၄။ ထိုင်းမှိုင်း လေးလံခြင်း။

 ၅။ သွေးထဲတွင် အဆီဓာတ်များခြင်း၊
သကြားဓာတ်များခြင်း။

 ၆။ မျက်နှာ၊ ခြေလက်တွင် အဆီလျော့နည်းခြင်း၊
ဗိုက်တွင် အဆီစုခြင်း။

 ၇။ အသည်း ထိခိုက်ခြင်း။

(ဇ)
တွဲဖက် မစားသုံးသင့်သည် ဆေးဝါးများ

 ၁။ Simvastatin, Lovastatin

 ၂။ Rifampicin

 ၃။ Asterizole, terfenadine

 ၄။ Ergot

 ၅။ St.John’s wort

 ၆။ Cisapride

 ၇။ Midazalam, triazolam

 ၈။ Amiodarone

 ၉။ Garlic

 ၁၀။ Quinidine

(စ်)
တွဲဖက်စားသုံးလျှင် သတိထားရမည့် ဆေးဝါးများ

 ၁။ Oral Contraceptive

 ၂။ Anticonvulsants

 ၃။ Atorvastatin

 ၄။ Sildenafil (Viagra)

၁၃။ RITONAVIR (RTV) ရီတိုနဗီရာ (အာတီဗီ)

(က)
ဆေးဝါးအမျိုးအစား

Protease
inhibitom

HIV
ပိုး၏ Protease အင်ဇိုင်း၏ လုပ်ငန်းများကို တားဆီးခြင်းဖြင့် HIV ပိုး
ထပ်မံမပွားအောင် ဟန့်တား သောဆေး။

(ခ)
ဆေးဝါး၏ ဓာတုဗေဒ အမည်

RITONAVIR
(RTV) - ရီတိုနဗီရာ (အာတီဗီ)

(ဂ)
ဆေးကုမ္ပဏီမှ ရောင်းချသောအမည်

NORVIR
– (ABBOTLAB)

(ဃ)
ဆေးဝါးပုံစံ

ဆေးတောင့်
၁၀၀ မီလီဂရမ်

(င)
သောက်သုံးရမည့် ဆေးပမာဏ

 ၁။ လူကြီး။ တစ်ခါသောက် ၆၀၀ မီလီဂရမ်
တစ်နေ့ နှစ်ကြိမ် သောက်ရမည်။

 ၂။ ကလေး။ ခန္ဓာကိုယ် မျက်နှာပြင်
ဧရိယာအပေါ် မူတည်၍ တိုက်ရမည်။

(စ)
သောက်သုံးပုံ

အစာနှင့်
သော်လည်းကောင်း၊ အစာမစားဘဲ သော်လည်းကောင်း သောက်သုံးနိုင်ပါသည်။

(ဆ)
ဘေးထွက်ဆိုးကျိုးများ

 ၁။ ဝမ်းပျက်၊ ဝမ်းလျှောခြင်း။

 ၂။ ဗိုက်နာ၊ ပျို့အန်ခြင်း။

 ၃။ ပါးစပ်တစ်ဝိုက် ထုံကျဉ်ခြင်း။

 ၄။ ခေါင်းကိုက်ခြင်း။

 ၅။ အသည်း အားနည်းခြင်း။

(ဇ)
တွဲဖက် မစားသုံးသင့်သည် ဆေးဝါးများ

 ၁။ Amiodarone, Qunidine

 ၂။ Asterizole, terfenadine

 ၃။ Simvastatin, Lovastatin

 ၄။ Cisapride

 ၅။ Midazalam, triazolam

 ၆။ Ergot

 ၇။ St.John’s Wort

(စ်)
တွဲဖက်စားသုံးလျှင် သတိထားရမည့် ဆေးဝါးများ

 ၁။ Sildenafil (Viagra)

 ၂။ Anticonvulsants

 ၃။ Theophylline

 ၄။ Oral Contraceptive

 ၅။ Rifampicin

 ၆။ Ketoconazole

 ၇။ Anti depressant

၁၄။ SAQUINAVIR (SQV) အက်ကွီနဗီရာ (အက်စ်ကျူဗီ)

(က)
ဆေးဝါးအမျိုးအစား

Protease
inhibitom

HIV
ပိုး၏ Protease အင်ဇိုင်း၏ လုပ်ငန်းများကို တားဆီးခြင်းဖြင့် HIV ပိုး
ထပ်မံမပွားအောင် ဟန့်တားဆေး။

(ခ)
ဆေးဝါး၏ ဓာတုဗေဒအမည်

SAQUINAVIR
(SQV) - အက်ကွီနဗီရာ (အက်စ်ကျူဗီ)

(ဂ)
ဆေးဝါးကို ဆေးကုမ္ပဏီမှ ရောင်းချသောအမည်

 ၁။ INVIRASE – ROCHE (HARDGEL CAPSULE)

 ၂။ FORTOVASE – ROCHE (SOFTGEL CAPSULE)

(ဃ)
ဆေးဝါးပုံစံ

ဆေးတောင့်
၂၀၀ မီလီဂရမ်

(င)
သောက်သုံးရမည့် ဆေးပမာဏ

 ၁။ လူကြီး။ တစ်ခါသောက် ၁၂၀၀ မီလီဂရမ်
(Fortavase)၊ တစ်နေ့သုံးကြိမ် သောက်ရမည်။

တခါသောက်
၄၀၀ မီလီဂရမ် (invirase) Ritonavir ၄၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ်။

(စ)
သောက်သုံးပုံ

Fortavase
ကို အစာနှင့်သော် လည်းကောင်း၊ အစာမစားဘဲ သော်လည်းကောင်း သောက်သုံးနိုင်သည်။
Invirase ကို အစာဖြင့် စားသုံးရမည်။

(ဆ)
ဘေးထွက်ဆိုးကျိုးများ

 ၁။ ဝမ်းပျက်၊ ဝမ်းလျှောခြင်း။

 ၂။ ဗိုက်နာ၊ ပျို့အန်ခြင်း။

 ၃။ ခေါင်းကိုက်ခြင်း။

 ၄။ အင်ပျဉ် ထွက်ခြင်း။

 ၅။ အသည်း အားနည်းခြင်း။

 ၆။ Thrombocytopenia

 ၇။ သွေးထဲတွင် သကြားဓာတ်များခြင်း၊
အဆီဓာတ်များခြင်း။

 ၈။ မျက်နှာနှင့် ခြေလက်တွင် အဆီနည်းခြင်း။

 ၉။ ဗိုက်တွင် အဆီစုခြင်း။

 ၁၀။ အရိုး အားနည်းခြင်း။

(ဇ)
တွဲဖက် မစားသုံးသင့်သည့် ဆေးဝါးများ

 ၁။ Asterizole, terfenadine

 ၂။ Rifampicin

 ၃။ Ergot

 ၄။ Simvastatin, Lovastatin

 ၅။ St.John’s Wort

 ၆။ Cisapride

 ၇။ Triazolan, Midazolan

 ၈။ Garlic

(စ်)
တွဲဖက်စားသုံးလျှင် သတိထားရမည့် ဆေးဝါးများ

 ၁။ Grape Fruit Juice

 ၂။ Anticonvulsant

 ၃။ Dexamethasone

၁၅။ ENFUVIRTIDE (T-20) အန်ဖူဗီတိုက် (တီ-၂၀)

(က)
ဆေးဝါးအမျိုးအစား

Fusion
inhibiton

HIV
ပိုးကို ဆဲလ်များအတွင်းသို့ မဝင်နိုင်အောင် တားဆီးခြင်းဖြင့် HIV
ပိုးထပ်မံမပွားအောင် ဟန့်တားသော ဆေးဖြစ်သည်။

(ခ)
ဆေးဝါး၏ ဓာတုဗေဒအမည်

ENFUVIRTIDE
(T-20) - အန်ဖူဗီတိုက် (တီ-၂၀)

(ဂ)
ဆေးဝါးကို ဆေးကုမ္ပဏီမှ ရောင်းချသော အမည်

Fuzoen
– (Roche – Trimaris)

(ဃ)
ဆေးဝါးပုံစံ

ထိုးဆေး
(Vial)

(င)
ထိုးရမည့် ဆေးပမာဏ

လူကြီး။
၉၀ မီလီဂရမ် ဆေးပမာဏကို အရေပြားအောက်သို့ ထိုးရမည်။

(စ)
ဆေးထိုးနည်း

တစ်နေ့နှစ်ကြိမ်
ထိုးရမည်။ လက်မောင်း၊ ပေါင်၊ ဝမ်းဗိုက် အရေပြား အောက်သို့ ထိုးရမည်။

(ဆ)
ဘေးထွက်ဆိုးကျိုးများ

  ၁။
ဆေးထိုးသည့် နေရာတွင် နာကျင်ခြင်း၊ နီရဲခြင်း၊ ယာယံခြင်း၊ အသားမာတက်ခြင်း။

 ၂။ အဆုတ်ရောင်ခြင်း။

 ၃။ ကျောက်ကပ် ရောင်ခြင်း။

 ၄။ အင်ပြင်ထွက်ခြင်း။

 ၅။ Guillian Barre Syndrome

 ၆။ Thrombocytopenia

 ၇။ သွေးထဲတွင် သကြားဓာတ်များခြင်း။

ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ ကာကွယ်ကုသနည်းနှင့်
ဆေးဝါးများ -

ဒေါက်တာအောင်စန်း (ပထမအကြိမ်- ၂၀၀၉ ခုနှစ်၊
နိုဝင်ဘာ / ရှင်မတောင်စာပေ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top