11
Jun

ခုခံအားကျဆင်းမူ ကူးစက်ရောဂါ AIDS ဆိုသည်မှာ (၂၆)



သုံးမျိုးပေါင်း
ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆေးများ

3 DRUG FIXED DOSE COMBINATION
TABLETS

၁။ AZIDOTHYMIDINE (AZT) နှင့်
LAMIVUDINE (3TC) + NEVIRAPINE တို့ ပေါင်းစပ်ထားသော ဆေး။

(က)
ဆေးဝါးအမျိုးအစား

Nucleoside
reverse transcriptase inhibitor (NRTI) နှင့် Nonnucleoside reverse
transcriptase inhibitor (NNRTI) တို့ကို ပေါင်းစပ်ထားသော ဆေးဖြစ်သည်။ HIV ပိုး၏
reverse transcriptase အင်ဇိုင်း၏ လုပ်ငန်းများကို တားဆီးသော ဆေးသုံးမျိုးကို ပေါင်းစပ်ထားခြင်းဖြင့်
HIV ပိုး၏ပွားများမှုကို ထိရောက်စွာ ဟန့်တားနိုင်သော ဆေးဖြစ်သည်။

(ခ)
ဆေးဝါး၏ ဓာတုဗေဒအမည်

 ၁။ AZIDOTHYMIDINE (AZT)

 ၂။ LAMIVUDINE (3TC)

 ၃။ NEVIRAPINE (NVP)

(ဂ)
ဆေးဝါးကို ဆေးကုမ္ပဏီမှ ရောင်းချသောအမည်

TROVIR-(ZIFAM)

(ဃ)
ဆေးဝါးပုံစံ

ဆေးပြား။
AZT ၃၀၀ မီလီဂရမ်၊ 3TC ၁၅၀ မီလီဂရမ်နှင့် NEVIRAPINE ၂၀၀ မီလီဂရမ်တို့ ပေါင်းစပ်ထားသည်။

(င)
သောက်သုံးရမည့် ဆေးပမာဏ

တခါသောက်
ဆေးပြားတစ်ပြား။ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် နှစ်ကြိမ်သောက်ရမည်။

(စ)
သောက်သုံးပုံ

အစာစားပြီး
သော်လည်းကောင်း၊ အစာမရှိဘဲ သော်လည်းကောင်း သောက်သုံးနိုင်သည်။ နံနက် ဆေး သောက်ချိန်နှင့်
ည ဆေးသောက်ချိန် အကြားတွင် ၁၂ နာရီ ကွာရမည်။

(ဆ)
ဆေး၏ ဘေးထွက်ဆိုးကျိုးများ

 ၁။ မူးဝေအော့အန်ခြင်း။

 ၂။ အိပ်မရခြင်း။

 ၃။ လျှာအရသာ ခံစားမှု ပြောင်းလဲခြင်း။

 ၄။ ကြွက်သားများ နာကျင်ခြင်း။

 ၅။ ခေါင်းကိုက်ခြင်း။

 ၆။ ထိုင်းမှိုင်းလေးလံ၍ အားမရှိသလို ခံစားရခြင်း။

 ၇။ ရိုးတွင်းခြင်ဆီ အားနည်းခြင်း။

 ၈။ ခြေထောက်နှင့် တင်ပါးကြွက်သား အားနည်းခြင်း။

 ၉။ အသည်းရောင်ခြင်း။

 ၁၀။ သွေးထဲတွင် လက်တစ်အက်စစ် များလာခြင်း။

 ၁၁။ လက်သည်းများ အပြာရောင် ပြောင်းခြင်း။

 ၁၂။ ဆေးမတည့်ခြင်း၊ ဆေးသောက်သူ တစ်ရာတွင် ၁၇ ယောက်ခန့်မှာ
ဆေးမတည့်သည့် လက္ခဏာများ ဖြစ်သည့် ယားယံခြင်း၊ အင်ပျဉ်ထွက်ခြင်း၊ ဖျားခြင်း၊ အရေပြားတွင်
အဖုများ ထွက်ခြင်းတို့ အပြင် ပြင်းထန်ပါက အသက်ကို ရန်ရှာတတ်သည့် အတွက် ဆေးနှစ်ပတ်ပြီးမှသာ
ဆေးပမာဏ အပြည့်ကို သောက်သုံး သင့်ပါသည်။

(ဆ)
တွဲဖက် မစားသုံးသင့်သည့် ဆေးဝါးများ

 ၁။ Rifampicin ခေါ် တီဘီဆေးများ

 ၂။ Ketoconazole ခေါ် မှိုသေဆေး

 ၃။ St.John’s Wort ခေါ် စိတ်ဓာတ်ကျ ပျောက်ဆေးပင်

 ၄။ ကြက်သွန်ဖြူ

(ဇ)
သတိထား၍ တွဲဖက်စားသုံးရမည့် ဆေးဝါးများ

 ၁။ အတက်ကျဆေးများ။

 ၂။ အဆီကျဆေးများ။

 ၃။ ပဋိသန္ဓေတား ဆေးများ

 ၄။ သွေးကျဲဆေးများ။

 ၅။ စိတ်ဓာတ်ကျ ပျောက်ဆေးများ။

၂။ LAMIVUDINE (3TC) + STAVUDINE
(D4T) + NEVIRAPINE တို့ပေါင်းစပ်ထားသော ဆေး။

(က)
ဆေးဝါးအမျိုးအစား

Nucleoside
reverse transcriptase inhibitor (NRTI) နှင့် Nonnucleoside reverse
transcriptase inhibitor (NNRTI) တို့ကို ပေါင်းစပ်ထားသော ဆေးဖြစ်သည်။ HIV ပိုး၏
reverse transcriptase အင်ဇိုင်း၏ လုပ်ငန်းများကို တားဆီးသော ဆေးသုံးမျိုးကို ပေါင်းစပ်ထားခြင်းဖြင့်
HIV ပိုး၏ ပွားများမှုကို ထိရောက်စွာ ဟန့်တားနိုင်သော ဆေးဖြစ်သည်။

(ခ)
ဆေးဝါး၏ ဓာတုဗေဒအမည်

 ၁။ LAMIVUDINE (3TC) လမီဗျူဒင်း (သရီးတီစီ)

 ၂။ STAVUDINE (D4T) စတဗျူဒင်း (ဒီဖိုးတီ)

 ၃။ NEVIRAPINE (NVP)

(ဂ)
ဆေးဝါးကို ဆေးကုမ္ပဏီမှ ရောင်းချသော အမည်

 ၁။ TRIOMUNE 30/40 – (CIPLA)

 ၂။ VIROZENS – (ZIFAM)

(ဃ)
ဆေးဝါးပုံစံ

ဆေးပြား။
3TC ၁၅၀ မီလီဂရမ်၊ D4T ၃၀၊ သို့မဟုတ် ၄၀ မီလီဂရမ်နှင့် NVP ၂၀၀ မီလီဂရမ်တို့ ပေါင်းစပ်
ထားသော ဆေးဖြစ်သည်။

(င)
သောက်သုံးရမည့် ဆေးပမာဏ

တစ်ခါသောက်ဆေးပြား
တစ်ပြားဖြစ်ပြီး နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် နှစ်ကြိမ်သောက်ရမည်။

(စ)
သောက်သုံးပုံ

အစာစားပြီ
သော်လည်းကောင်း၊ အစာမရှိဘဲ သော်လည်းကောင်း သောက်သုံးနိုင်သည်။ နံနက် ဆေးသောက်ချိန်နှင့်
ည ဆေးသောက်ချိန် အကြားတွင် ၁၂ နာရီကွာရမည်။

(ဆ)
ဆေး၏ ဘေးထွက်ဆိုးကျိုးများ

  ၁။ ခေါင်းကိုက်ခြင်း။

  ၂။ ပျို့အန်ခြင်း။

 ၃။ သွေးဖြူဥ နည်းခြင်း။

 ၄။ အသည်း ထိခိုက်ခြင်း။

 ၅။ ဗိုက်နာခြင်း။

 ၆။ အာရုံကြော ရောင်ရမ်းခြင်း။ (3-15%)

 ၇။ ပန်ကရိယ ရောင်ခြင်း။

 ၈။ သွေးထဲတွင် အဆီဓာတ်များခြင်း။

 ၉။ မျက်နှာနှင့် ခြေလက်တို့တွင် အဆီများ လျော့နည်းခြင်း။

 ၁၀။ ဝမ်းဗိုက်တွင် အဆီစု၍ ဗိုက်ပူလာခြင်း။

 ၁၁။ သွေးထဲတွင် လက်တစ်အက်စစ် များခြင်း။

 ၁၂။ ကြွက်သား အားနည်းခြင်း။

၁၃။
ဆေးမတည့်ခြင်း၊ ဆေးသောက်သူတစ်ရာတွင် ၁၇ ယောက်ခန့်မှာ ဆေးမတည့်သည့် လက္ခဏာ များဖြစ်သည့်
ယားယံခြင်း၊ အင်ပျဉ်ထွက်ခြင်း၊ ဖျားခြင်း၊ အရေပြားတွင် အဖုများ ထွက်ခြင်းတို့အပြင်
ပြင်းထန်ပါက အသက်ကို ရန်ရှာတတ်သည့် အတွက် ဆေးနှစ်ပတ်စမ်းပြီးမှသာ ဆေးပမာဏအပြည့်ကို
သောက်သုံး သင့်ပါသည်။

(ဇ)
တွဲဖက် မစားသုံးသင့်သည် ဆေးဝါးများ

 ၁။ Rifampicin ခေါ် တီဘီဆေးများ

 ၂။ Ketoconazole ခေါ် မှိုသေဆေး

 ၃။ St.John’s Wort ခေါ် စိတ်ဓာတ်ကျ ပျောက်ဆေး

 ၄။ ကြက်သွန်ဖြူ

(ဇ)
သတိထား၍ တွဲဖက်စားသုံးရမည့် ဆေးဝါးများ

 ၁။ အတက်ကျဆေးများ။

 ၂။ အဆီကျဆေးများ။

 ၃။ ပဋိသန္ဓေတားဆေးများ။

 ၄။ သွေးကျဲဆေးများ။

 ၅။ စိတ်ဓာတ်ကျ ပျောက်ဆေးများ။

Truvada

(က)
ဆေးဝါးအမျိုးအစား

HIV
ပိုး၏ reverse transcriptase အင်ဇိုင်း၏ လုပ်ငန်းများကို တားဆီးသော ဆေး (၂) မျိုးကို
ပေါင်းစပ် ထားခြင်းဖြင့်  HIV ပိုးမွှားများမှုကို
ထိရောက်စွာ တားဆီးနိုင်သော ဆေးဖြစ်သည်။

(ခ)
ဆေးဝါး၏ ဓာတုဗေဒ အမည်

၁။
Tenofovir disoproxyl fumarate (TDF)

၂။
Emtricitabine (FTC)

(ဂ)
ဆေးဝါးကို ဆေးကုမ္ပဏီမှ ရောင်းချသော အမည် Truvada

(ဃ)
ဆေးဝါးပုံစံ

ဆေးပြား

(င)
သောက်သုံးရမည့် ဆေးပမာဏ

တစ်ခါသောက်
ဆေးပြားတစ်ပြား တစ်နေ့ တစ်ကြိမ်သာ သောက်သုံးရမည်။ အစာရှိရှိ၊ မရှိရှိ သောက်သုံး နိုင်သည်။

(စ)
သောက်သုံးပုံ

နေ့စဉ်
ဆေးသောက်ချိန် ပုံမှန်ဖြစ်ရမည်။ ဆိုလိုသည်မှာ ဒီနေ့ (၇) နာရီသောက်လျှင် နောက်နေ့လည်း
(၇) နာရီတွင် သောက်ရမည်။

(ဆ)
ဆေး၏ ဘေးထွက်ဆိုးကျိုးများ

အားနည်းသလို
ခံစားရခြင်း၊ မူးဝေအော့အန်ခြင်း၊ ကျောက်ကပ် အားနည်းခြင်း

(၃)
တစ်နေ့တစ်ကြိမ်သာ သောက်သုံးရသော ဆေးဝါးများ

(၁)
Atripla

(က)
ဆေးဝါးအမျိုးအစား

HIV
ပိုး၏ reverse transcriptase အင်ဇိုင်း၏ လုပ်ငန်းများကို တားဆီးသော ဆေး (၃) မျိုးကို
ပေါင်းစပ်ထား ခြင်းဖြင့် HIV ပိုးပွားမှုများကို ထိရောက်စွာ တားဆီးနိုင်သော ဆေးဖြစ်သည်။

(ခ)
ဆေးဝါး၏ ဓာတုဗေဒ အမည်

 ၁။ Tenofovir disoproxyl fumarate (TDF)

 ၂။ Emtricitabine (FTC)

 ၃။ Efavirenz (EFV)

(ဂ)
ဆေးဝါးကို ဆေးကုမ္ပဏီမှ ရောင်းချသော အမည်
Atripla

(ဃ)
ဆေးဝါးပုံစံ

ဆေးပြား

(င)
သောက်သုံးရမည့် ဆေးပမာဏ

တစ်ခါသောက်
ဆေးပြားတစ်ပြား တစ်နေ့ တစ်ကြိမ်သာ သောက်သုံးရမည်။ အစာရှိရှိ မရှိရှိ သောက်သုံးနိုင်သည်။

(စ)
သောက်သုံးပုံ

နေ့စဉ်
ဆေးသောက်ချိန် ပုံမှန်ဖြစ်ရမည်။ ဆိုလိုသည်မှာ ဒီနေ့ (၇) နာရီသောက်လျှင် နောက်နေ့လည်း
(၇) နာရီတွင် သောက်ရမည်။

(ဆ)
ဆေး၏ ဘေးထွက်ဆိုးကျိုးများ

အားနည်းသလို
ခံစားရခြင်း၊ မူးဝေအော့အန်ခြင်း၊ ကျောက်ကပ်အားနည်းခြင်း

ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ ကာကွယ်ကုသနည်းနှင့်
ဆေးဝါးများ -

ဒေါက်တာအောင်စန်း (ပထမအကြိမ်- ၂၀၀၉ ခုနှစ်၊
နိုဝင်ဘာ / ရှင်မတောင်စာပေ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top