5
Jan

ချစ်ခြင်းမေတ္တာ (၂)

HIV ပိုး ဘယ်လိုရနိုင်သလဲ.....
အဓိက သုံးနည်းနဲ့ ကူးနိုင်ပါတယ်။
- လိင်ဆက်ဆံခြင်းက တဆင့် - အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း (ယောက်ျားအင်္ဂါ/ မိန်းမကိုယ်တို့နဲ့ လိင်ဆက်ဆံခြင်း) သို့မဟုတ် ပါးစပ်နှင့် လိင်ဆက်ဆံခြင်း။
- ရောဂါပိုး ရှိသူ အသုံးပြုထားသော အပ်များ သို့မဟုတ် ဆေးထိုးအပ်/ ဆေးထိုးပြွန်များကို အတူ သုံးစွဲခြင်းဖြင့် သွေးမှ တဆင့် ကူးစက်ခြင်း။
- HIV ပိုး ရှိသော မိခင်မှ ကလေးဖြစ်သူအား ကိုယ်ဝန်ဆောင်စဉ်အတွင်း ၊ ကလေးမွေးစဉ် သို့မဟုတ် နို့တိုက်စဉ်တွင် ကူးစက်ခြင်းတို့ ဖြစ်ပါတယ်။

တချို့သူတွေက HIV ပိုးရှိတဲ့သူတွေမှာ ကာမဂုဏ်အာရုံကို ခံစားလိုစိတ်ပါ တခါတည်း ပျောက်သွားမယ်လို့ ထင်တတ်ကြပါတယ်။ အဲဒီ ထင်မြင်ချက်ဟာ မမှန်ကန်ပါဘူး။ သာမန်လူတွေလိုပဲ သူတို့မှာလည်း လိင်စိတ်ရှိနေအုံးမှာပါ။

လူတိုင်းအတွက် အမှန်တကယ်အရေးအကြီးဆုံးကတော့ အန္တရာယ်ကင်း စိတ်ချရတဲ့ လိင်ဆက်ဆံနည်း ကိုယ့်ကို ရောဂါမကူးအောင် ဘယ်လိုကာကွယ်မလဲ၊ ကိုယ့်မှာ ရောဂါရှိနေရင်လည်း သူများကို မကူးစက်အောင် ဘယ်လို ကာကွယ်နေထိုင်မလဲ ဆိုတာတွေကို သိပြီး လိုက်နာပြုမှုဖို့ပါပဲ။

စိတ်ချရတဲ့ ( အန္တရာယ်ကင်းတဲ့) လိင်ဆက်ဆံခြင်းဆိုတာ ဘာလဲဆိုရင် HIV ပိုးပါတဲ့ ကိုယ်ခန္ဓာမှ အရည်ကို ကိုယ့်ခန္ဓာကိုယ်ထဲ မဝင်အောင် တားဆီးခြင်း သို့မဟုတ် ကိုယ့်ဆီကနေ တခြားသူဆီ မရောက်အောင် တားဆီးခြင်းပါပဲ။ စိတ်ချရတဲ့ ( အန္တရာယ်ကင်းတဲ့) လိင်ဆက်ဆံခြင်းဆိုတာ တစ်ယောက်ကို တစ်ယောက်ပွတ်သပ်ပေးခြင်း၊ နမ်းရှုံ့ခြင်းနှင့် ပွေ့ဖက်ခြင်း၊ နှိပ်နယ်ပေးခြင်းနှင့် ထိတွေ့ကိုင်တွယ်ခြင်း၊ တစ်ယောက်ကို တယောက် လိင်စိတ်ဖြေဖျောက်ပေးခြင်း၊ လိင်ဆက်ဆံတဲ့ အခါတိုင်း ချောမွေ့အောင် လုပ်ပေးထားတဲ့ အရည် တမျိုးမျိုးပါတဲ့ ကွန်ဒုံးအသုံးပြုပြီး ဆက်ဆံခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ကွန်ဒုံးကို စနစ်တကျ အသုံးပြုတတ်ဖို့လည်း လိုအပ်ပါတယ်။

ကွန်ဒုံး အသုံးပြုနည်း....
- သုံးစွဲရန် သိတ်မှတ်ရက်ထက် မကျော်လွန်သေးတဲ့ ကွန်ဒုံးဖြစ်ရပါမယ်။
- ကွန်ဒုံး ထည့်ထားတဲ့ အိပ်ငယ်ကို အထဲက ကွန်ဒုံး မပေါက်ပြဲသွားအောင် သေချာဖွင့်ရပါမယ်။
- ကွန်ဒုံးရဲ့ ထပ်ဖက်မှာ လေခိုမနေအောင် သေချာဖိကိုင်ပြီးမှ ကွန်ဒုံးကိုစွပ်ပါ။ ( ထပ်မှာလေခိုနေရင် ကွန်ဒုံး ဆုတ်ပြဲသွားနိုင်ပါတယ်)
- အကယ်၍ လိင်တံ ထပ်ဖျားကို ဖြတ်တောက်ထားခြင်းမရှိပါက၊ လိင်တံထိပ်ကို ဖုံးအုပ်နေတဲ့ အရေပြားကို နောက်ဖက်လှန်ပြီးမှ ကွန်ဒုံးကို စွတ်ပါ။
- ကွန်ဒုံး အပြင်ဖက်မှာ ချောမွေ့အောင်၊ လိင်ဆက်ဆံရတာ လွယ်ကူအောင် လုပ်ပေးတဲ့ ချောဆီလို အရည်တမျိုး သုတ်လိမ်းပေးထားပြီး ဖြစ်ပါတယ်။
- သုတ်ထွက်သွားပြီး ချိန်မှာ လိင်တံမှ ကွန်ဒုံးကို ချွတ်တဲ့အခါ၊ အိမ်သာသုံး စက္ကူမျိုး တခုခု သုံးပြီး အောက်ခြေကနေ ကိုင်တွယ်ပြီး ချွတ်ပါ။ ကိုယ့်လက်မှာ အနာမရှိဖို့လဲ သတိပြုရမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ အစိုးရ မဟုတ်တဲ့ လူမှုရေး အဖွဲ့အစည်း တခုဖြစ်တဲ့ Population Services International (PSI) ကနေ " အဖော် " ဆိုတဲ့ အမည်နဲ့ ကွန်ဒုံးတွေကို လူထု လူတန်းစား အားလုံး ဈေးသက်သက်သာသာနဲ့ ဝယ်သူအသုံးပြု နိုင်ဖို့ ဖြန့်ချီရောင်ချ ပေးနေပါတယ်။ ဆေးဆိုင်တော်တော် များများမှာ ဝယ်ယူရရှိနိုင်ပါတယ်။ အဲဒီကွန်ဒုံးဟာ အခြား ကွန်ဒုံး တွေနဲ့ ယှဉ်ရင် တော်တော်ကို ဈေးပေါတဲ့ အတွက် အချို့က အရည်အသွေး မကောင်းလို့များလားလို့ သံသယ ဖြစ်တတ်ကြပါတယ်။

အမှန်ကတော့ လူမှုရေး အဖွဲ့အစည်း တခုအနေနဲ့ လူတွေ အသုံးပြုနိုင်ဖို့၊ အသုံးပြုလာအောင်လို့ အမှန်တကယ် ကျသင့်ငွေထက် အများကြီး ဈေးလျော့ပြီး ရောင်းချပေးနေခြင်း ပါပဲ။ " အဖော် " ကွန်ဒုံးဟာ တခြားကွန်ဒုံးတွေနဲ့ အရည်အသွေးချင်း အတူတူပါပဲ။ တကယ်လို့ ကိုယ်မှာ ရောဂါ ရှိနေလို့ပဲ ဖြစ်ဖြစ်၊ သားဆက်ခြားချင်လို့ပဲ ဖြစ်ဖြစ် ကွန်ဒုံး အသုံးပြု ချင်တယ် မဝယ်ယူနိုင်ဘူးဆိုရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေး ဌာနတွေမှာ စုံစမ်းမေးမြန်းပြီး ရယူနိုင်ပါတယ်။

စိတ်ချရတဲ့ (အန္တရာယ်ကင်းတဲ့) ဆေးထိုးခြင်း ဆိုတာဘာလဲဆိုရင် အိတ်ခ်ျအိုင်ဗီပိုးပါတဲ့ ကိုယ်ခန္ဓာထဲကအရည်(သွေး) ကိုယ့်ခန္ဓာကိုယ်ထဲမဝင်အောင်တားဆီးခြင်း သို့မဟုတ် မိမိခန္ဓာကိုယ်မှ အခြားကိုယ်ခန္ဓာထဲ မရောက်အောင် တားဆီးခြင်းပါဘဲ။ ဆေးထိုးတဲ့အခါဆေးထိုးအပ်အသစ်ကို အမြဲတမ်းသုံးပါ။ သန့်ရှင်းတဲ့ ဆေးထိုးအပ်တစ်ခု အသစ်မရနိုင် ရင်တောင်၊ သုံးပြီးသားကို သေချာဆေးကြောသန့်စင်ပြီး အသုံးပြုနိုင်ပါတယ်။

၁။ သန့်ရှင်းတဲ့ရေအေးအေးကို ဆေးထိုးပြွန်နဲ့အပြည့် စုတ်ယူပါ။ သွေးတွေးအာလုံး ပါသွားအောင် လုပ်ပေးပါ။ ထို့နောက် ဆေးထိုးပြွန်မှရေများကို အောက်စိုက်ညုစ်ချပါ။ နှစ်ကြိမ်ပြုလုပ်ပေးပါ။

၂။ ချေးချွတ်ဆေးမှုန့်အရည် (bleach) ၅%ခန့်ကို ဆေးထိုးပြွန်ထဲသို့စုတ်ယူပါ။ စက္ကန့်သုံးဆယ်ခန့် သန့်ရှင်းသွားအောင်လုပ်ပေးပါ။ ထို့နောက် ဆေးထိုးပြွန်မှ ချေးချွတ်ဆေးမှုန် အရည်များကို အောက်စိုက်ညုစ်ချပါ။ သုံးကြိမ် ပြုလုပ်ပေးပါ။

၃။ ချေချွတ်ဆေးမှုန့်အရည် (bleach) များကို ဆေးပစ်ရန် သန့်ရှင်းတဲ့ရေးအေးနဲ့ ဆေးထိုးပြွန်ကို ဖြည့်ပါ။ သုံးကြိမ်ပြုလုပ်ပေးပါ။

အထက်ပါနည်ကို တစ်ခါသုံးဆေးထိုးပြွန်ဆေးထိုးအပ် မရနိုင်သည့်အခါ ဆေးထိုးပြီးအသက် ကယ်ရန်အရေးတကြီးလိုအပ်ချိန်မှာဘဲသုံးသင့်ပါတယ်။ သာမန်အချိန်မှာတော့ တစ်ခါသုံးဆေးထိုးပြွန်/ဆေးထိုးအပ်ကို သုံးနိုင်ရင် အကောင်းဆုံးပါဘဲ။ မရနိုင်ရင် ဆေးထိုးအပ်ကို ရေသန့်နဲ့သေချာဆေးပြီး ရေဆူမှာ မိတစ် (၂၀) ကြာအောင် ပြုတ်ပြီး သုံးနိုင်ပါတယ်။

ပင်လယ်ပြာပြာ - ချစ်ခြင်းမေတ္တာ မှ ပြန်လည်ရေးသားဖော်ပြထားပါတယ်........

Leave a Reply

Your email address will not be published. Required fields are marked *


× 9 = sixty three

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Follow me on:

Back to Top