21
Mar

ဂျက်ကီချန်း အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ရှိသူများအား ကူညီပေး



ရုပ်ရှင်မင်းသားကြီး
ဂျက်ကီချန်း၏ ကမ္ဘာ့ ရုပ်ရှင်လောကတွင် ကျော်ကြားမှုကို အလေးထားပြီး နှစ်စဉ်
အိပ်ခ်ျအိုင်ဗွီဖြင့် မွေးဖွားလာသည့် ကလေးသူငယ်သန်းပေါင်း မြောက်များစွာတို့အတွက်
ထိခိုက်ပစ်ပယ်ခြင်း အမျိုးမျိုးမှ သက်သာမှု ရရှိစေမည့် အကြောင်း
ကူညီပံ့ပိုးလိုက်သည်။ ဂျက်ကီချန်းပါဝင် သရုပ်ဆောင်ထားသည့်
TV
Stop
အစီအစဉ်ကို အင်္ဂလိပ်နှင့်တရုတ် မန်ဒါရင် ဘာသာစကားဖြင့် ထုတ်လုပ်လိုက်ပြီး
အင်္ဂလန်နိုင်ငံတွင် လူကြည့်များသည့်
Channel 4 News ရုပ်မြင်သံကြားဌာနမှ
အောင်မြင်စွာ ထုတ်လွှင့်နိုင်ခဲ့ပါသည်။ ဂျက်ကီချန်း သရုပ်ဆောင်ထားသည့်
TV
Spot
အစီအစဉ်ကို ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်)မှ
စီစဉ်ထုတ်လုပ်လိုက်ပြီး နှစ်စဉ် အိပ်ခ်ျအိုင်ဗွီဖြင့် မွေးဖွားလာသည့် ကလေးသူငယ်
သန်းပေါင်းမြောက်များစွာတို့အတွက် ထိခိုက်ပစ်ပယ်ခြင်း အမျိုးမျိုးမှ သက်သာမှု
ရရှိစေမည်ကို မျှော်မှန်းပါသည်။

 

ရုပ်ရှင်မင်းသားကြီး
ဂျက်ကီချန်းသည် ယူနီဆက်၏ ချစ်ကြည်ရေးသံတမန်အဖြစ် ကလေးသူငယ်များအရေးကို
မြှင့်တင်ရန် မကြာသေးမှီ နှစ်များအတွင်း၌ ကမ္ဘာအနှံ့ ခရီးပြုခဲ့ပြီးဖြစ်ပါသည်။
TV
Spot
အစီအစဉ်ထဲက ရုပ်ရှင်မင်းသားကြီး ဂျက်ကီချန်းသည် ပရိသတ်များကို
မေတ္တာရပ်ခံထားသည်မှာ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအစ် ဝေဒနာရှင်ကို ပစ်ပယ်ကာ၊
ခွဲခြားထားတာဟာ အင်မတန် ရင်နာစရာ ကောင်းပါတယ်။ အေအိုင်ဒီအက်စ်ကြောင့် ကလေးတွေဟာ
အနိုင်ကျင့်ခံကြရတယ်၊ ပစ်ပယ်ခံကြရတယ်၊ ကျောင်းတက်ဖို့လည်း အဝင်မခံကြရရှာဘူး။
သူတို့လေးတွေ ပညာရေးချို့တဲ့ကြ၊ ဆေးဝါးကုသရေးမှာလည်း ချို့တဲ့ကြနဲ့ ခင်ဗျားတို့
ကျနော်တို့ရဲ့မေတ္တာ၊ ကရုဏာနဲ့ ကာကွယ်ပေးမှုတို့ကိုလည်း မရ ဖြစ်နေကြပါတယ်။

 

ဒါကြောင့်
ကျနော်နဲ့အတူတူ ဒီခွဲခြား ပစ်ပယ်ခံရမှုတွေကို တိုက်ဖျက်ပစ်ကြရအောင်
- ကလေးများအတွက် ညီညွတ်ကြစို့၊ အေအိုင်ဒီအက်စ်
တိုက်ဖျက်ကြစို့ ဖြစ်ပါသည်။ လူတစ်ယောက်၏ လက်ကို ကိုင်ရုံလောက်ဖြင့်သော်၎င်း၊ စကား
ပြောရုံလောက်ဖြင့်သော်၎င်း၊ ဂရုစိုက် စောင့်ရှောက်ရုံဖြင့်သော်၎င်း၊
အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါ မကူးစက်နိုင်ပါ။ အေအိုင်ဒီအက်စ်
ရောဂါကူးစက်ရာ၌ လူရွေးခြင်း မရှိသကဲ့သို့ ကျွန်ုပ်တို့သည်လည်း မခွဲခြားသင့်
ကြောင်း တင်ပြလိုက်ပါသည်။



ဂျက်ကီချန်း
အိပ်ခ်ျအိုင်ဗွီအေအိုင်ဒီအက်စ်
ရှိသူများအား ပစ်ပယ်လစ်လျူရှုခြင်း လျော့နည်း
ပပျောက်ရေး အတွက်ကူညီပေးခြင်း

Leave a Reply

Your email address will not be published. Required fields are marked *


× 4 = thirty two

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Follow me on:

Back to Top