23
Dec

နုတ်ဆိတ်ခွဲခွာခြင်း

သြော်……… နှင်းတွေတောင်ကျလာပါပြီရော…ညီမလေးရေ.. ခွဲခွာရခြင်းဆိုတာကျန်ရစ်သူရောချန်ရစ်သူကိုပါပူလောင်စေပါတယ်ကွယ် မင်းရဲ့ ရယ်သံ သဲ့သဲ့ လေးတွေကို တစ်ခါတစ်ခါ လေအဝှေ့မှာ ကြားမိနေတုန်းပဲတကယ်တော့ အတိတ်ဆိုတာကလည်း မေ့နိုင်သူတွေ အဖို့တော့အဝေးမှာကျန်ရစ်ပေမဲ့မမေ့နိုင်သူတွေအဖို့တော့ မနေ့ကလိုပါပဲ…………

“အကိုကြီး ညီမလေးဗိုက်ဆာတယ်” “အေးပါညီမလေးရယ် အကိုကြီးလည်းဆာတာပဲ အားတင်းထာနော် ညီမလေး အကိုကြီးတို့ ကံကောင်းပြီးသဘောကောင်းတဲ့ မုန့်ဆိုင်နဲ့ တွေ့ရင်စားရမှာပေါ့ကွာ” “မရဘူးကွာ မရဘူး ဆာတယ် ဆာတယ်... အီး…..ဟီးးးဟီးးး”

“မငိုပါနဲ့ညီမလေးရယ်နော်တိတ်တိတ်”

တစ်ယောက်လက်ကိုတစ်ယောက် တင်းကျပ်စွာဆုပ်ကိုင်ရင်းနဲ့ဖြတ်သန်းရတဲ့ စက္ကန့်တွေဟာ ကျွန်တော်တို့မောင်နှမ အတွက်တော့ ခါးသီးလွန်းလှပါတယ်..  ဖေဖေနဲ့ မေမေ သားတို့ကို စိတ်ချလက်ချနဲ့ထားသွားပြီ ဒီကမ္ဘာကြီးထဲကထွက်ခွာသွားတာကိုက စောလွန်းပါတယ်ဗျာ... တွေ့သမျှ လမ်းမကြီးတွေပေါ် ခြေဦးတဲ့ရာ လျှောက်သွားရင်းနဲ့ တစ်နေ၀င် တစ်နေထွက်ခဲ့ရတဲ့ နေ့တွေ.... တစ်ခါတစ်ခါ ရှင်သန်ခြင်း ဆိုတဲ့ အဓိပ္ပါယ်ကိုတောင် ရွံရှာမိတယ် “ညီမလေး ….

အကိုကြီး နောက်ကနေပြီး မငိုပဲတိတ်တိတ်လေး လိုက်ခဲ့နော်”  “အန်တီ အန်တီ ခဏလေးနေပါဦးဗျ” “ဘာတုန်း အကြော်ဝယ်မလို့လား” “ဟိုလေ ဟို…ကျွန်တော့ ညီမလေး ဗိုက်အရမ်းဆာနေလို့ အကြော်လေး နဲနဲလောက်ကျွေးပါလားဗျာ..” “တကယ်တဲတော် ဈေဦးမပေါက်လို့ စိတ်ညစ်ရတဲ့ထဲ သူတောင်းစား မောင်နှမနဲ့မှ လာတွေ့နေသေးတယ်”

“အန်တီ!! ကျွန်တော်တို့ကို သူတောင်းစားလို့ မပြောပါနဲ့ ပိုက်ဆံတကယ်မရှိလို့ အလကားတောင်းတာပါ ပိုက်ဆံသာ ရှိလို့ကတော့ ဘယ်လောက်တန်တန် ကျွန်တော့ ညီမလေးကို ၀ယ်ကျွေးတယ်” “အောင်မာအောင်မာ သူတောင်းစားကများ ရာရာစစတွေ လာပြောနေသေးတယ် ဟဲ့ဒီမှာ ကလေကချေရဲ့ နင့်ဟာနဲ့နင် ဘာလို့တောင်းတောင်း တောင်းမှတော့ သူတောင်းစားပေါ့ဟဲ ကျက်သရေကို မရှိဘူး မကျွေးဘူး လာတ်ပိတ်တယ် ရှုပ်ကိုရှုပ်တယ်” “မကျွေးရင် မစားဘူးပေါ့ဗျာ”  “မဟုတ်ဘူး အကိုကြီး စားမယ်ဆို ညီမလေးဗိုက် ဆာတယ်”  “ရှေ့နားမှ စားရအောင် ညီမလေးရာ သွားရအောင်နော်“  “မရဘူးကွာ ဟီး ဟီးးးး” မျက်ရည်လေးတွေ ကူသုတ်ပေးရုံကလွဲလို့ ကျွန်တော်ဘာမှ မတတ်နိုင်ခဲ့ဘူး... တကယ်ဆိုရင် ပတ်ဝန်းကျင်နဲ့ ဆွေမျိုးတွေကိုလည်း ရက်စက်လွန်းတယ်လို့ ပြောချင်တယ် ကျွန်တော့ မိဘတွေဆုံးသွားတော့ အသက် ငယ်ငယ်လေးတွေနဲ့ ဆုံးသွားတာတဲ့ သွေးရိုးသားရိုးမဟုတ်ဘူးတဲ့ AIDS ဆိုလား ဘာဆိုလားတဲ့ အဲဒီဟာကကူးတယ်တဲ့ ကျွန်တော်တို့ မောင်နှမ နှစ်ယောက်ကို အ၀တ်နဲ့မျက်စိကိုစီးပြီး တခြားဆီကို ပို့ပစ်လိုက် ကြတယ်လေ အိမ်တွေ ခြံတွေ လယ်တွေ ယာတွေကိုတော့ ယူလိုက်ကြတယ် အဲဒါတွေကတော့ ရောဂါကူးမှာ မကြောက်ကြဘူးနဲ့ တူတယ်...

ခုချိန်လောက်ဆိုရင် ဦးသူယူ စနစ်နဲ့ လုယူပြီးကြရော့မယ် ကျွန်တော့လိုဆို ဒီကမ္ဘာကြီးထဲက ပျောက်ကွယ်သွားတာ ကြာနေလှပြီ ဒါပေမဲ့ ညီမလေးး ကျွန်တော့ညီမလေး လောကမှာ ကျွန်တော်အချစ်ဆုံး ညီမလေးလေး သေရမှာကြောက်တယ်တဲ့ ဘယ်လိုများ တစ်ယောက်တည်း ထားခဲ့ရက်မှာလဲဗျာ ကျွန်တော် မလွဲမသွေ သေရမယ်ဆိုရင်တောင် ညီမလေးကို အရင်သတ်ပြီးမှ ပဲသေလို့ရမယ် ဒါပေမဲ့ ညီမလေးကိုသတ်ဖို့ ……မျက်နှာလေး ညိုတာတွေ့ရင်တောင် ကျွန်တော် နေလို့မရတော့ဘူး အမည်မသိတဲ့ ဘူတာရုံရှေ့ “အကိုကြီး ထမင်းက ဘယ်ကရမှာလဲဟင် ဘယ်သူကလာပေးမှာလဲ” “စားရမှာပေါ့ညီမလေးရယ် အကိုကြီးပေါ် မှီပြီးညီမလေး အိပ်လိုက်နော် ညီမလေးနိုးလာလို့ရင် မိုးပေါ်က ဖိုးသကြား မင်းကြီးက ထမင်းဆီဆမ်းတွေ ကိုရွှေလင်ပန်းကြီးနဲ့ လာပေးမှာ”

“တကယ်လား အကိုကြီး” “အင်းပေါ့တကယ်ပေါ့ အိပ်တော့နော်” “ဟုတ်ကဲ့… အာ အကိုကြီး ဗိုက်ကဆာတော့ မျက်စိကပိတ်လို့ရဘူး မရဘူးကွာ အကိုကြီးညီမလေးကို ထမင်းရှာပေး ညီမလေးဆာတယ် အကိုကြီးရှာပေးကွာ ရှာပေး” “အေးပါကွာ ကဲဒါဆိုလည်း အကိုကြီး ထမင်းသွားရှာ လိုက်ဦးမယ်နော် ဒီနားမှာနေ ဘယ်မှမသွားနဲ့ကြားလား “
“ဟုတ် အကိုကြီး မြန်မြန်ပြန်ခဲ့နော်”

“အေးအေး ညီမလေး မြန်မြန်ပြန်ခဲ့မယ်" ကံဆိုခြင်းတွေဆိုတာ တစ်ခုတည်း မလာတတ်ဘူးတဲ့ အစုလိုက် အပုံလိုက် လာတတ်တယ်တဲ့ မေမေပြောဖူးတဲ့ စကားက သိပ်မှန်တယ် အဲဒီအချိန်တုန်းက ညီမလေးနဲ့ ကျွန်တော်ခွဲရမယ်ဆိုတာ တွေးတောင် မတွေးမိခဲ့ဘူး ဈေးထဲ ကသရက်သီး တစ်ပိုင်းပုတ်တွေ တောင်းပြီးပြေးလာခဲ့တာ ညီမလေးက နေရာမှာ မရှိတော့ဘူး...

“ညီမလေး ပုန်းမနေနဲ့ ထွက်ခဲ့တော့ အကိုကြီးပြန်လာပြီ ညီမလေး” မတွေ့ဘူး နေရာ အနှံ့လိုက်ရှာတယ် မတွေ့ဘူး “အကိုကြီး ညီမလေးကြောက်တယ် ညီမလေးဆီလာခဲ့” အသံကြားရာ လိုက်ကြည့်လိုက်တော့ အရှိန်နဲနဲ မြန်နေတဲ့ရထားတစ်စင်းပေါ်က ကျွန်တော့ ညီမလေးလက်ကလေးပြလို့ “ညီမလေး ကိုင်ထားနော် မကြောက်နဲ့ အကိုကြီးလာပြီ”

“အကိုကြီး ညီမလေးကြောက်တယ် ဟီးးးးးးးးး” “ဘော်)))))))))))))))” အရှိန်ရနေတဲ့ ရထားတစ်စီးရဲ့ နောက်ကို ထမင်းနပ်မမှန်တဲ့ ကျွန်တော့ခြေထောက်တွေ မှီအောင် မလိုက်နိုင်ခဲ့ဘူး အားတင်းပြီး ဆက်လိုက်ပေမဲ့ ရထားတစ်စင်းလုံးသာ မြင်ကွင်းထဲက ပျောက်သွားခဲ့တယ် ညီမလေးရဲ့ အော်သံတွေ ပဲ့တင်ထပ်ရင်း ကျွန်တော့နားထဲမှာ ကျန်ရစ်ခဲ့ပြီး ညီမလေးရေ ညီမလေး.. ညီမလေး.. ညီမလေးဆီကို ကိုကြီးလာခဲ့မယ် ညီမလေး မကြောက်နဲ့နော် ညီမလေး ဘာမှ မဖြစ်ဘူး ညီမလေး.. ညီမလေး... ခြေထောက်တွေရဲ့ဆန္ဒ
ရှိသလောက် သံလမ်းတစ်လျှောက် ပြေးလိုက်လိုက်တယ် ပြီးတော့ ပြီးတော့ ဆန္ဒမရှိတော့တဲ နေရာမှာ ပစ်လှဲလိုက်တယ် မျက်စိလည်း ဖွင့်ချင်စိတ်မရှိတော့ဘူး အသက်လည်း ရှူချင်စိတ်မရှိတော့ဘူး...

ညီမလေးရေ ငါ့ညီမလေး ညီမလေး ဒီမှာလေး အကိုကြီး ညီမလေးဖို့ မုန့်တွေယူလာပြီလေ ညီမလေး.. ညီမလေး.. နောက်တော့ ကျွန်တော့ အသံကို မကြားရတော့ဘူး ပတ်ဝန်းကျင် တစ်ခုလုံးလည်း မှောင်မှိုက်သွားတယ် ပင်လယ်ကြီးရဲ့ အလယ်က ရွက်မရှိတော့တဲ့ လှေငယ်တစ်စင်းလို ညီမလေးမရှိတော့တဲ့ ကျွန်တော့ဘ၀လည်း မျှော်လင့်ချက်တွေ နေ၀င်သွား ခဲ့ပါပြီ “ညီမလေး.. ညီမလေး..”

“အော် မင်းနိုးလာပြီလား” “ညီမလေးရောဟင် ကျွန်တော့ညီမလေးရော ကျွန်တော် ဘယ်ရောက်နေတာလဲ”

“မင်းသံလမ်းဘေးမှာ မူးလဲနေလို့ ငါ့မိန်းမကသနားလို့ခေါ်လာခဲ့တာ သွားသွား မင်းရေ အရင်သွားချိုးစမ်း စုတ်ပြတ်သတ်နေတာပဲ” “ကျွန်တော့ညီမလေး……..”

“သွားဆိုသွားစမ်း ရေသွားချိုး” ရုပ်ရည်ကသာ သန့်သန့်နဲ့ ဦးကြီးတစ်ယောက် ပြောပေါက်ကတော့ မသန့်လှပါဘူး ဒါပေမဲ့ ဦးကြီးရဲ့ မိန်းမကိုတော့ ကျေးဇူးတင်ပါတယ် ကျွန်တော့ ညီမလေးကို ပြန်ရှာဖို့ ကျွန်တော့ကိုနိုးထစေလို့လေ ဒီလိုနဲ့ ပေးတာယူ ကျွေးတာစား ခိုင်းတာလုပ်လုပ်ရင်းနဲ့ ညီမလေးကို လိုက်ရှာခဲ့တာ နှစ်နှစ်ဆိုတဲ့ အချိန်ကာလကိုတောင် ဖြတ်ကျော်လာခဲ့ပြီလေ ကျွန်တော်နေတဲ့အိမ်က ချမ်းသာတယ် ဘာတွေလုပ်လဲတော့ ကျွန်တော် မသိဘူး ဒါပေမဲ့ တစ်နေ့မှာ ကျွန်တော်သိခွင့်ရခဲ့တယ် အခန်းတွေကို သန့်ရှင်းရေးလုပ်ရင်းနဲ့ လျှို့ဝှက်ခန်းတစ်ခုကို ၀င်သွားမိတယ်....."

အဲဒါကို သူဌေးကြီးကမြင်တော့“ဟေ့ကောင်းမင်း အဲဒါဘာလုပ်တာလဲ ထွက်ခဲ့စမ်း ထွက်ခဲ့စမ်း မင်းဒင်နဲ့ ဗလ အဲဒီကောင်ကိုဆွဲခေါ်သွားစမ်း” “YES BOSS!” “တော်တော် သရမ်းတဲ့ကောင်ပဲ” ပြောပေါက်ဆိုးပေမဲ့ ရက်စက်မှုတွေမရှိဘူးလို့ ထင်ခဲ့မိတာ သူတို့ရဲ့ လျှို့ဝှက်ပစ္စည်းတွေကို ကြည့်လို့တဲ့ ကျွန်တော့ကို နုတ်ပိတ်တဲ့အနေနဲ့ လျှာဖြတ်ပြီး အိမ်ပေါ်က နှင်ချလိုက်ကြတယ် သူတို့ရဲ့လျှို့ဝှက်ပစ္စည်းဆိုတဲ့ အဖြူမှုံ့တွေဟာ ဘိန်းဖြူတွေဆိုတာကို သူတို့ပြောမှ သိခဲ့တာပါ ခုတော့လျှောက်နေကြလမ်းမကြီးထက်မှာပဲ ခြေဦးပြန်လှည့်ခဲ့ရတယ် ဒီအချိန်မှာတော့ ကျွန်တော့လက်ကို ဆုပ်ကိုင်ရင်း အားပေးတဲ့ညီမလေးတော့ မပါတော့ဘူး ကျွန်တော်တစ်ယောက်တည်း ကျွန်တော် တစ်ယောက်တည်းပါ ညီမလေးရေ….

မင်းဘယ်ဆီများ ရောက်နေပြီလည်း ခုလိုနှင်းတွေကြားမှာ ညီမလေး တစ်ယောက်တည်း ခိုက်ခိုက်တုန်အောင် ချမ်းနေရော့ပေါ့ အကိုကြီး ညီမလေးနဲ့တွေ့ရင် စကားတွေအများကြီး ပြောမယ်စိတ်ကူးထားတယ် ဒါပေမဲ့ ညီမလေးရယ် အကိုမပြောနိုင်တော့ဘူး ဟီးးးးးးးးးး.... ဘာဖြစ်လဲ ငါ့ညီမလေးက စာသိပ်တော်တာ အကိုညီမလေးကို ပြောချင်တာတွေကို စာနဲ့ရေးပြမှာပေါ့ကွ ဟဟ ပြန်တွေ့ရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ကျွန်တော့ရဲ့ ခြေလှမ်းတွေ ဘယ်လောက်ခရီးပေါက်နေပြီ လည်းဆိုတာတောင် သတိမထားမိခဲ့ဘူး....

ဆက်လျှောက်ရင်းနဲ့ နှင်းကျတဲ့ တစ်မနက်ခင်း ဈေးတစ်ခုရဲ့ဘေးက လမ်းမပေါ်မှာ ကောင်မလေး တစ်ယောက် ညီမလေးရှာပုံတော် ဖွင့်နေတဲ့ ကျွန်တော့အဖို့တော့ တွေ့သမျှကို ကျွန်တော့ ညီမလေးလို့ပဲ ထင်နေတာ မြူနှင်းတွေကြားမှာ ဆိုတော့ သိပ်မသဲကွဲဘူး ရှေ့နည်းနည်းတိုးကြည့်တယ် ဟုတ်တယ် တူသလိုလိုပဲ နည်းနည်း တိုးရင်းတိုးရင်းနဲ့ ဟုတ်တယ် ညီမလေးမှ ကျွန်တော့ ညီမလေး ကြည့်စမ်း ငါ့ညီမ ဘယ်လိုတွေများ စားသောက်နေရလို့လဲ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဆံပင်တွေ ပိုသီဖတ်သီနဲ့ ဘွားတော် ပုံပေါက်နေပြီ ပြုန်းတိုင်းကြီး ပြန်တွေ့တာဆိုတော့ ၀မ်းသာမိတယ် ပြီးတော့ ညီမလေးပုံစံကိုကြည့်ပြီး ၀မ်းနည်းမိတယ် မျက်ရည်တွေ မဆယ်နိုင်ခဲ့ဘူး ပြီးတော့မှ သတိဝင်လာပြီး ညီမလေးဆီ ပြေးဖက်လိုက်တယ် “ဟီ…ဟ…ဟေးး” စိတ်ထဲကသာ ညီမလေးလို့ အော်လိုက်ပေမဲ့ လျှာဖြတ်ခံထားရတဲ့ ကျွန်တော့ပါးစပ်က တစ်မျိုးထွက်သွားခဲ့တယ်...

“ဘယ်သူလဲ ငါ့လက်ကိုလွတ်နော် လွတ် လွတ် ငါ့လက်ကိုလွတ် ဒီမှာတွေ့လား ကတ်ကြေးရှိတယ်နော် ထိုးလိုက်မှာနော် လွတ်” (ညီမလေး အကိုကြီးလေ မင်းရဲ့ အကိုကြီးလေ) အကျယ်ကြီး အောက်ပစ်လိုက်ချင်တယ် ကြည့်စမ်း ညီမလေးတောင် ငါ့ကို မမှတ်မိတော့ဘူး မတွေ့တာဖြင့် ဘာမှ မကြာသေးဘူး စိတ်ချညီမလေး အကိုပါးစပ်က မပြောနိုင်ပေမဲ့ ညီမလေးကို စာနဲ့ရေးပြမယ် ဘောပင်လေးနဲ့ စာရွက်လေးထုတ်ပြီး “ညီမလေး အကိုကြီးလေ မမှတ်မိဘူးလား” ဆိုပြီးစာရွက်လေးပြလိုက်တယ် အဲဒီ အခါကျမှ ညီမလေးရဲ့ မျက်စိတွေကို သေချာကြည့်မိတာ ဟုတ်တယ် ညီမလေးမှာ မျက်စိတွေ မရှိတော့ဘူး ဘုရားးဘုရား ဘယ်လိုဖြစ်ရတာလဲ မဟုတ်ဘူး မဟုတ်ဘူး ညီမလေး င်္ညီမလေးကို အကို ဘယ်လိုပြောရမလဲ ……….. “သွားနော် ငါ့နားမလာနဲ့ သွားသွား”..ပါးစပ်က အော်ပြောချင်ပေမဲ့ မရပါဘူး စာရေးပြတော့လည်း ညီမလေးက ဖတ်လို့မရဘူး ညီမလေးကို ပြေးဖက်ပြီးငိုမိတယ် “လွတ်လို့ပြောနေတယ်နော် လွတ် “ “စွပ်…….အားးးးးးးးး အားးးးးးးးးးးးးးး” ညီမလေး မဟုတ်ဘူး အကိုကြီးလေ ဘာလို့ အဲလိုလုပ်လိုက်ရတာလဲ (ကယ်ကြပါဦး ကျွန်တော့ ညီမလေး သူ့ကိုသူကတ်ကြေးနဲ့ ထိုးလိုက်လို့) ဘေးနားက လူတွေကို အကူအညီတောင်းတယ် ကျွန်တော့ကို မသင်ကာတဲ့ အကြည့်တွေနဲ့ပဲ ကြည့်သွားကြတယ် ညီမလေး အကိုဘယ်လိုလုပ်ရမှာလဲ “ညီမလေး မသေရဘူး ညီမလေး မသေရဘူး ဘာလို့သေရမှာလဲ ငါ့ညီမက ငယ်ငယ်လေးပဲရှိသေးတာ မသေရဘူး မသေရဘူး”...

နောက်ဆုံးတော့ ကျွန်တော့ညီမလေးလည်း ကျွန်တော့ကို နုတ်ဆက်သွားခဲ့ပါပြီ ညီမလေးရဲ့လက်ထဲမှာ ကတ်ကြေးနဲ့ တူတူစာရွက်လေးတစ်ရွက် စာကြောင်းတွေကလဲ အပေါ်တက် လိုက်အောက်ကျလိုက်နဲ့ မနဲကြိုးစားပြီးရေးထားရတာထင်တယ် “အစ်ကိုကြီး အကိုကြီး ထမင်းသွားရှာတာ ကြာလိုက်တာ ညီမလေးဗိုက်ဆာတာနဲ့ ရထားပေါ်တက်ပြီး ထမင်း တောင်းတယ် ညီမလေးကို ဘယ်သူကမှ မပေးကြပါဘူး ပြီးတော့ ရထားကြီးက ထွက်သွားတယ် ညီမလေး အရမ်းကြောက်တာပဲ အကိုကြီးကဘာလို့ ညီမလေးဆီ မှီအောင် မလိုက်လာတာလဲ မြို့တစ်မြို့ရောက်တော့ လူကြီးတစ်ယောက်က ထမင်းကျွေးမယ်ဆိုပြီ ခေါ်သွားတယ် အိမ်ရောက်တော့ ညီမလေးကို ထမင်းကျွေးတယ်....

ပြီးတော့သူနဲ့ အတူအိပ်ရမယ်တဲ့ ညီမလေးက မအိပ်ဘူးပြောတော့ မရဘူးတဲ့ မတရားကျင့်ကြံကြတယ် ညီမလေးက အကိုကြီးနဲ့တွေ့ရင် တိုင်ပြောမယ်လို့ပြောတော့ နင့်အကိုကြီးကို မတွေ့အောင်ဆိုပြီး ညီမလေးရဲ့ မျက်လုံးတွေကို ဖောက်ပစ်လိုက်ကြတယ် ဒါပေမဲ့ အကိုကြီး ညီမလေးကိုလာခေါ်မယ်မလား အကိုကြီးညီမလေးကို တွေ့ရင်လှမ်းအော်မှာပါ အဲဒီတော့မှ ဒီစာလေးကိုပြမယ်လေ ညီမလေးမျက်စိ မမြင်ရလည်း ကိစ္စမရှိပါဘူး...

ညီမလေးကို ကိုကြီး မြင်ရသမျှတွေပြန်ပြောပြပေါ့ အဲလိုဆိုရင် ညီမလေးလည်း မြင်ရပြီပေါ့ ကိုကြီးညီမလေးကို မြန်မြန်လာခေါ်တော့နော်” “မဟုတ်ဘူး ညီမလေး မသေရဘူး မသေရဘူး” “ညီမလေးရယ် ဘယ်ဘ၀က ၀တ်ကြွေးတွေက ကိုကိုနဲ့ ညီမလေးကို နှိပ်စက်ကြတာလည်း ရက်စက်လိုက်ကြတာ ဒါကြောင့် ငါ့ညီမလေးက လူတွေကိုကြောက်ပြီး ကတ်ကြေးကြီး အမြဲကိုင်ထားတာကို... ညီမလေး…..ညီမလေး)))))))))))” ..

သြော်……… နှင်းတွေတောင် ကျလာပါပြီရော…ညီမလေးရေ...... ခွဲခွာရခြင်းဆိုတာ ကျန်ရစ်သူရော ချန်ရစ်သူကိုပါ ပူလောင်စေပါတယ်ကွယ် မင်းရဲ့ရယ်သံ သဲ့သဲ့ လေးတွေကို တစ်ခါတစ်ခါ လေအဝှေ့မှာ ကြားမိနေတုန်းပဲ.. တကယ်တော့ အတိတ်ဆိုတာကလည်း မေ့နိုင်သူတွေအဖို့တော့ အဝေးမှာကျန်ရစ်ပေမဲ့ မမေ့နိုင်သူတွေ အဖို့တော့ မနေ့က လိုပါပဲ………… အကိုကြီးလည်း ညီမလေးဆီလာခဲ့တော့မယ် နော်... မြေနိမ့်ရာ လှံစိုက်ချင်ကြတဲ့ လူသားတွေနဲ့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတဲ့ လောကကြီးကိုလည်း အကိုတကယ်ပဲစိတ်ကုန်မိတယ်ကွယ...

myintzawoo

လူဗိုလ်ဟူသည် - နုတ်ဆိတ်ခွဲခွာခြင်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top