13
Jul

ပါး​စပ်ဖြင့်​ လိင်ဆက်ဆံခြင်း​မှာ ​ဆေး​လိပ်​​သောက်ခြင်း​ထက် လည်​ချောင်း​​​ကင်ဆာ​ပို

ပါး ​စပ်ဖြင့်​ လိင်ဆက်ဆံခြင်း​သည် ​ဆေး​လိပ်​သောက်ခြင်း​ထက်ပင် လည်​ချောင်း​ကင်ဆာ ဖြစ်နိုင်​ခြေ ပိုများ​ကြောင်း​ ပညာရှင်များ​က ​ပြောကြား​လိုက်သည်။ သု​တေသီများ​က အမျိုး​သမီး​များ​တွင် သား​အိမ်​ခေါင်း​ကင်ဆာ ဖြစ်​စေနိုင်သည့်​ HPV ပိုး​ ကူး​စက်ရာမှ ပါး​စပ်ဖြင့်​ လိင်ဆက်ဆံရင်း​ လည်​ချောင်း​ကင်ဆာ ဖြစ်လာ​စေတတ်​ကြောင်း​ သိရှိရသည်။

အထူး ​သဖြင့်​ အသက် ၅၀ ​အောက် အရွယ်များ​တွင် ယင်း​အ​ခြေအ​နေ သိသာစွာ မြင့်​တက်လာပြီး​ အသက်အန္တရာယ် ရှိနိုင်​လောက်​သော လည်​ချောင်း​ကင်ဆာကို ဖြစ်​ပေါ်​စေနိုင်သည်ဟု အ​မေရိကန်နိုင်ငံ၊​ အိုဟိုင်း​အိုပြည်နယ် တက္ကသိုလ်မှ ပ​ရော်ဖက်ဆာ ​မော်ရာဂီလီဆင်က ​ပြောကြား​သွား​သည်။ ​ဆေး​ရွက်ကြီး​ကြောင့်​ လည်​ချောင်း​ကင်ဆာ ဖြစ်ခြင်း​ထက် လိင်အင်္ဂါတွင် ရှိ​နေသည့်​ ဗိုင်း​ရပ်စ်များ​ကြောင့်​ ဖြစ်ရခြင်း​က ပိုမိုအန္တရာယ်များ​ကြောင်း​ ပညာရှင်များ​ကဆိုသည်။

ဗြိတိန်တွင် အမျိုး​သမီး​များ​သည် သား​အိမ်​ခေါင်း​ကင်ဆာ ဖြစ်​ပေါ်​စေနိုင်သည့်​ အဆိုပါဗိုင်း​ရပ်စ် ကာကွယ်​ဆေး​ကို အသက် ၁၂ နှစ်နှင့်​ ၁၃ နှစ် အရွယ်ကတည်း​က စတင်​   သောက်သုံး​ရန် အမျိုး​သား​ ကျန်း​မာ​ရေး​ ဝန်​ဆောင်မှုဌာနက တိုက်တွန်း​ထား​သည်။ နှစ်စဉ် ဗြိတိန်တွင် အမျိုး​သမီး​ ၁၀၀၀ ဝန်း​ကျင်မျှ သား​အိမ်​ခေါင်း​ ကင်ဆာဖြင့်​ ​သေဆုံး​လေ့​ရှိ​ကြောင်း​ သိရသည်။

Comments

  1. SS says:

    ဆရာ
    ကျွန်​မမှာလိပ်​​ခေါင်း​ရောဂါခံစား​နေရတာ တစ်​နှစ်​ခန့်​ရှိပါပြီရှင့်​ ​ပျောက်​ကင်း​အောင်​ကုသနိုင်​မည့်​နည်းလမ်းများကို ညွန်​ကြား​ပေးပါရှင့်​ ကျွန်​မကနယ်​ကပါရှင့်

  2. နေခြည် says:

    ဆရာ ကျမက ကလေးမယူချင်သေးလိုက်တယ် အဲတာဘာဆိုးကျိုးတွေ ဖြစ်လဲ ပြောပြပေးပါ

  3. heinhtet says:

    ဆရာ
    ဆေးသောက်ပြီးအချိန်ဘယ်လောက်ကြာအရက်သင့်ပါသလဲ
    ဖြေပေးပါဆရာ

  4. MOE Z says:

    မဂ်လာပါ ဆရာ

    ကျွှန်တော်.ကိုမေးခွန်းလေးမေးခွင်.ပြုပါ .. ကျွှန်တော်မှာမိန်းမ ရှိပါတယ် ကျွှန်တော်တို.အိမ်ထောင်သက်တမ်းက ၂ နှစ်လောက်ရှိပါပြီ .. ကလေးယူဖို.အစိအစဉ် မရှိသေးပါဘူး ... ကျွှန်တော်နဲ. ကျွှန်တော်.မိန်းမ ဆက်ဆံတဲ. အခါ ကျွှန်တော်မိန်းမ မှာ သုတ်ရေမထွက်ဘဲ. သွေးလို.လို. အနီရောင်တွေပဲ ထွက်တယ် ဆရာ အရင်က ဒီလိုမဖြစ်ဖူးဘူး .. ဒီလို.ဖြစ်တာ ၂ လလောက်ပဲ ရှိအုန်းမယ် .. ရာသီလာတာလဲမဟုတ်ဘူး ဆရာ ... ကာမစိတ်ကြွလာ မှာ ဖြစ်တာ . သုတ်ရေထွက်ရမယ်နေရာမှာ သွေး ထွက်နေတာပေါ.ဆရာ .. အဲဒါ ကျေးဇူးပြုပြီး ဘာဖြစ်တာလဲ ဘယ်လိုလုပ်ရမယ်ဆိုတာ ဖြေကြားပေးပါလား ဆရာ ....

    ကျေးဇူးအထူးသင်စွာဖြင်.

    မိုးစက်

  5. ye`htet says:

    ဆရာ မုတ်ဆိတ် ပါးသိုင်းမွှေး ထါက်အောင် ဘယ်လို လုပ်ရပါသလဲခင်ဗျာ
    ဆေးနည်းလေးရှိရင် ကူညိပါဆရာ...

  6. ye`htet says:

    ဆရာ မုတ်ဆိတ် ပါးသိုင်းမွှေး ထါက်အောင် ဘယ်လို လုပ်ရပါသလဲခင်ဗျာ
    ဆေးနည်းလေးရှိရင် ကူညိပါဆရာ

  7. အောင်ကျော် says:

    ဆရာ....ကျွန်တော်အသက် 24 ပါ အမျိုးသမီးက ကျွန်တော့ထက် 1 နှစ်ခွဲလောက်ကြီးပါတယ် ။ အိမ်ထောင်ကျတာ 8 လထဲမှာ ရှိပါပြီး.... ကျွန်တော့ မိန်းမ နဲ့ ရပြီးခါစ သူ ရာသီဆင်းနဲ့တာနဲ့ ၂ ပတ်လောက်နေတော့ ကလေးမယူသေးဘူးဆိုပြီး ဆေးခန်းမှာ သုံးလခံဆေးထိုးလိုက်ပါတယ်.....သုံးလကျော်ပြီးတော့ ကလေးယူမယ်ဆိုပြီး ရာသီမလာသေးတော့ ဆေးခန်းသွားပြပါတယ်.... ဆရာဝန်က သုံးလခံဆေးထိုးထားရင် ပြည့်ပြီး တစ်လနှစ်လ ရာသီမမှန်ဘူးလို့ပြောတယ်....အခု သုံးလပြည့်ပြီးဒါထက် ၇ လထဲရောက်နေပြီး ဘာမှ မထူးလာသေးလို့ပါဆရာ.... ဘာလုပ်ရမယ်ဆိုတာကို ဖြေကြားပေးပါဗျာ...ကျေးဇူးတင်ပါတယ်ဗျာ။

  8. သီရိစံ says:

    ဆရာရှင့်...ကျွန်မကိုယ်ဝန်တစ်ခါပျက်ဖူးပါတယ်..။ဆေးထိုးပြီးပျက်သွားတာပါ..။ကိုယ်ဝန်ရှိတာသိသိချင်း တစ်လတောင်မပြည့်သေးခင်ဆေးထိုးလိုက်တာပါ..။လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်ကပါ..။ကလေးပျက်ပြီးရင်သားအိမ်ခြစ်ရတယ်ဆိုတာဟုတ်ပါသလားရှင့်..။ဘယ်လိုအခြေအနေမျိုးတွေမှာခြစ်ရသလဲလို့သိချင်ပါတယ်ရှင့်..။ကလေးပျက်ပြီးနောက်ပိုင်း ရာသီဆင်းရင်အရင်ကလောက်မများတော့တာ စိုးရိမ်ရပါသလားရှင့်..။ရာသီဆင်းတာနည်းသွားတာကလွဲလို့ ဘာမှထူးထူးခြားခြားမခံစားရပါဘူးရှင့်..။အခုမှ သားအိမ်မခြစ်ရင် နောင်တစ်ချိန်မှာ အကျိတ်တည်တတ်တယ်လို့ပြောတာကြားမိလို့ပါရှင့်..။ကျေးဇူးတင်ပါတယ်ရှင့်..။

Leave a Reply

Your email address will not be published. Required fields are marked *


six × = 30

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Follow me on:

Back to Top