23
Sep

ဖိတ်ကြားခြင်း

HIV/AIDS ဆိုင်ရာ သတင်းရေးသား တင်ပြခြင်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် Internews မှ ဆွေးနွေးပွဲတရပ်ကို ကျင်းပမည်ဖြစ်ပါသည်။

ကျန်းမာရေးဆိုင်ရာ သတင်းများ၊ HIV/AIDS နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို အဓိကရေးသားနေကြသည့် သတင်းသမားများ တက်ရောက်နိုင်ပါသည်။

ဆွေးနွေးပွဲတွင် HIV/AIDS ကာကွယ်တားဆီးရေး လုပ်ငန်းများလုပ်ကိုင်နေသည့် အရပ်ဖက် လူ့အဖွဲ့အစည်းအချို့နှင့် HIV/AIDS သတင်းများရေးသားနေသည့် သတင်းထောက်များကြား အပြန်အလှန်ဆွေးနွေးနိုင်ရန် အရပ်ဘက် အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားထားပါသည်။ အရပ်ဘက် အဖွဲ့အစည်းများမှ HIV/AIDS နှင့် ပတ်သက်သည့် လတ်တလောဖြစ်ပျက်နေသည့် သတင်းအချက်အလက်များကို မျှဝေသွားနိုင်ရန် ရည်ရွယ်ထားပါသည်။

တက်ရောက်လိုသူများ အနေဖြင့် -
မမြတ်စုမွန်၊ လက်ထောက်သင်တန်းနည်းပြ၊ ဖုန်းနံပါတ် ၀၉ ၉၇ ၂၇၈၈ ၅၁၀ သို့ လည်းကောင်း မ၀င့်သဉ္ဇာကျော်၊ Grant and Admin Officer၊၊ ဖုန်းနံပါတ် ၀၉ ၄၃၀ ၈၀ ၆၇၄ သို့ ဆက်သွယ် စာရင်းသွင်းနိုင်ပါသည်။
(နေရာအခင်းအကျင်း ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ကြိုတင် စာရင်းကောက် ယူရခြင်းဖြစ်ပြီး၊ စာရင်းပေးသူများအား တက်ရောက်မည့်သူများဟု မှတ်ယူပါမည်)

ကျင်းပမည့်နေ့ရက် - ၃၀၊ စက်တင်ဘာ၊ ၂၀၁၅ (ဗုဒ္ဓဟူးနေ့)
ကျင်းပမည့် အချိန် - နေ့လည် ၂ နာရီမှ ညနေ ၄ နာရီအထိ
ကျင်းပမည့်နေရာ - မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) ရုံးခန်း၊
ဒုတိယထပ် (ဘယ်)၊ အမှတ် (၁၈၁)၊ ၃၆လမ်း (အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

Internews - ဖိတ်ကြားခြင်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top