5
Oct

မိန်းကလေးတိုင်း သိထားသင့်သော အဖြူဆင်းခြင်း

မိန်းကလေးတွေမှာ အဖြူဆင်းတာက အဖြစ်များတတ်ပြီး မစိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နိုင်သလို အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အခြေအနေလည်း ဖြစ်နိုင်ပါတယ်။ အဖြူဆင်းတာက အနံ့အသက် ရှိတယ်၊ အရောင်ရှိတယ် ဆိုရင် ပိုးဝင်တာကြောင့် ဖြစ်နိုင်ပါတယ်။

ပုံမှန် အဖြူဆင်းခြင်း

မိန်းကလေးတွေမှာ အဖြူဆင်းရတဲ့ အကြောင်းက အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ တစ်လတစ်ကြိမ် သားဥကြွေချိန်မှာ မိန်းကလေးတွေရဲ့ အဖြူဆင်းတာက ပြောင်းလဲမှု ဖြစ်ပေါ်နိုင်ပါတယ်။ သားဥကြွေချိန်နီးတဲ့ ရက်တွေမှာ သင်ရဲ့ အဖြူဆင်းတာက အရည်ကြည်ကြည်တွေ ဆင်းတတ်ပါတယ်။ ဒါက ပုံမှန် အဖြူဆင်းတာဖြစ်လို့ မစိုးရိမ်ပါနဲ့။

ပုံမမှန် အဖြူဆင်းခြင်း

မိန်းမကိုယ်ကနေ ပုံမမှန် အဖြူဆင်းနေတယ် ဆိုရင်တော့ သားဖွားမီးယပ် ဆရာဝန်နဲ့ အမြန်ဆုံး ပြသစစ်ဆေးဖို့ လိုပါတယ်။ သားအိမ်ခေါင်းကင်ဆာနဲ့ သားဥအိမ် ကင်ဆာတွေ ဖြစ်နေနိုင်တာကြောင့်ပါ။

ငါးညှီနံရခြင်း - အဖြူဆင်းတဲ့အခါ ငါးညှီနံလို ညှီစို့စို့ အနံ့မျိုး ရနေရင် ဒါဟာ ပုံမှန်မဟုတ်ပါဘူး။ ဘက်တီးရီးပိုး ဝင်တာကြောင့် ဖြစ်နိုင်ပါတယ်။ အိမ်တွင်း ကုထုံးနဲ့ ဖြေရှင်းနိုင်ပါတယ်။ ပိုးသတ် အာနိသင်ရှိတဲ့ ကြက်သွန်ဖြူ စားပါ၊ ဒိန်ချဉ်သောက်ပါ။ အဖြူဆင်းတဲ့အခါ ငါးညှီနံ့ရနေတာဟာ ယောနိ လမ်းကြောင်း ရောင်ရမ်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ယောနိ လမ်းကြောင်း ရောင်ရမ်းမှုကို မျိုးဆက်ပွားများနိုင်တဲ့ အသက်အရွယ် အတွင်းမှာရှိတဲ့ မိန်းကလေးတိုင်း ဖြစ်နိုင်ပါတယ်။ ဒါဟာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါကြောင့်လို့တော့ သတ်မှတ်လို့ မရပါဘူး။ ကုသမှု နည်းလမ်းတွေကတော့ မျိုးစုံရှိနိုင်ပါတယ်။ အိမ်တွင်းကုထုံးနဲ့ မသက်သာပါက ဆရာဝန်နဲ့ ပြသ တိုင်ပင်ပါ။

အဖြူဆင်းရာတွင် အရောင်ပါခြင်း - လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ အနံ့အသက် ဆိုးဆိုးရွားရွား ထွက်နေတာ၊ အဖြူဆင်း ရာမှာ အစိမ်းရောင်၊ အဝါရောင် ဒါမှမဟုတ် မီးခိုးရောင်တွေ ဖြစ်နေ တတ်ပြီး အမျိုးသားနဲ့ အတူနေတဲ့အခါ နာကျင်တာ၊ ယားယံတာနဲ့ ယောနိလမ်း ကြောင်းတစ်လျှောက် နေမထိ ထိုင်မသာ ဖြစ်တတ်ပါတယ်။

ဒိန်ချဉ်လို အဖတ်များ ဆင်းခြင်း - မိန်းမကိုယ် မှိုစွဲတာကြောင့် ဖြစ်ပါတယ်။ ဒိန်ချဉ်သောက်ပေးရုံနဲ့ အလွယ်တကူ ပျောက်ကင်းနိုင်ပါတယ်။ အနံ့အသက် မရှိတတ်ပေမယ့် ပူစပ်ပူလောင်ဖြစ်တာနဲ့ ယားယံတာတွေ ခံစားရ တတ်ပါ တယ်။ ဆီးသွားတဲ့အခါ နာကျင်မှု ဖြစ်တတ်ပါတယ်။ ကလမ်မိုင်ဒီယား မှိုပိုး ကြောင့် ဖြစ်တတ်ပြီး ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

အရည်ကြည်များ ဆင်းခြင်း - လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ဟားပီးစ်ဗိုင်းရပ်စ်ပိုးကြောင့် အရည်ကြည်ကြည်တွေ ဆင်းတာနဲ့ မိန်းမကိုယ် တစ်ဝိုက်မှာ ကြွက်နို့ပေါက်တာတွေ ဖြစ်တတ်ပါတယ်။ မိန်းမကိုယ် တစ်ဝိုက်မှာ ပူစပ်ပူလောင်ဖြစ်တာ၊ ယားယံတာတွေ ဖြစ်တတ်ပြီး အရည်ကြည်ဖုတွေလည်း ပေါက်တတ်ပါတယ်။ အဖြူဖတ်များဆင်းခြင်း ဂနိုရောဂါကြောင့် မိန်းမကိုယ်က အဖြူဖတ်တွေ ဆင်းနေနိုင်ပါတယ်။ အဖြူဖတ်တွေ ဆင်းတာနဲ့အတူ ရောင်ရမ်းတာ၊ နာကျင်တာ၊ ယားယံတာတွေလည်း ဖြစ်နိုင်ပါတယ်။

အလင်း (ဆေးဝါး)

Royal Hero Media - မိန်းကလေးတိုင်း သိထားသင့်သော အဖြူဆင်းခြင်း 

Comments

  1. Mya Mya Min says:

    လိင်အင်္ဂါဘေးလမ်းကြောင်းမှာ ကြွက်နို့ပေါက်ရင်သောက်ရမဲ့ဆေးရှိပါသလား ဆရာဝန်ပြဖို့ရောလိုအပ်ပါသလားကျွန်မက အပျိုပါ ရည်းစားတောင်ထားဖို့စိတ်မကူးမိပါဘူး အဖြူဆင်းတာတော့ကြာပါပြီ ပုံမှန်ပါပဲ မနံပါဘူး ကျေးဇူးပြုပြီး ဖြေကြားပေးလို့ရမလား

  2. မဇာနည် says:

    ဆရာရှင့်
    ကျွန်မလေ အဖြူအမြဲဆင်းပါတယ် ဓမ္မတာလာပြီးရင်အဖြူဆင်းတော့တာပဲ
    အဲ့ဒါ ဘယ်လိုလုပ်ရင်ကောင်းမလဲ ၊ အဖြူဆင်းတာက အတုံးအခဲတွေရော၊
    အနံ့လည်းနံတယ်၊ ဖြစ်နိုင်ရင် ဆေးသောက်ချင်တယ်ဆရာ ၊ဘာဆေးသောက် ရင် ကောင်းမလဲ ၊ကျေးဇူးပြု၍ ကူညီပါဦးဆရာ သူငယ်ချင်းတွေကလည်း ဆရာဝန်နဲ့ပြလိုပေးတယ်ဆရာ ဒါပေမယ့် ပြရမှာ တစ်မျိုးနေလို့

  3. ညလေးဖြူ says:

    ဆရာရှင့်...
    ကျွန်မပထမပို့တဲ့စာမရာက်ဘူးထင်လို့ပြန်ပို့လိုက်ပါတယ်..ကျွန်ကအဖြူတွေဆင်းပြီးအရမ်းယားတဲ့ဝေဒနာကိုခံစားနေရတာ၂လ ၃လလောက်ရှိပါပြီ..တစ်ချိန်လုံးဖြစ်တာတော့မဟုတ်ပါဘူး..ပေါ်လိုက်ပျောက်လိုက်နဲ့ပါ...ဥပမာ.ရာသီလာချိန်နဲ့..ရာသီလာပြီး....၃..၄..ရက်လောက်နေမှပြန်ပေါ်တတ်ပါတယ်.အဲ့လိုအချိန်ဆိုအနံ့ဆိုးလည်းထွက်ပြီးအရမ်းကိုယားပါတယ်....ကျွန်မဘယ်လိုဆေးတွေကိုသောက်သုံးသင့်လည်းဆိုတာ..ကျေးဇူးပြုပြီးဆရာကျွန်ကိုညွှန်းပေးပါလားနော်...သားခေါင်းကင်ဆာဖြစ်မှာကိုကြောက်တယ်...အဲ့လက္ခဏာတွေကော..ရောဂါဖြစ်နိုင်တဲ့အခြေအနေလားဆရာ..ကျွန်မသိချင်လို့ပါ....ကျေးဇူးပြုပြီး....ကျွန်မမေးလ်ထဲကိုအကြောင်းပြန်ပေးပါနော်....ကျေးဇူးတင်ပါတယ်ရှင်.......

  4. ညလေးဖြူ says:

    ကျွန်မလေအဖြူဆင်းပြီးယားတဲ့ဝေဒနာကိုခံစားရတာ...၂လ၃လလောက်ရှိပါပြီ...ကျွန်ဆေးခန်းတွေဘာတွေပြရမှာလည်းကြောက်တယ်...ပြီးတော့ရှက်လည်းရှက်လို့ပေါ့နော်....သူများတွေပြောပြောနေတဲ့သားအိမ်ခေါင်းကင်ဆာတွေဘာတွေဖြစ်မှာလည်းကျွန်မကြောက်တယ်..ကျွန်မဘယ်လိုလုပ်ရမှန်းမသိပါဘူး...အဖြူဆင်းတာကလေ..ကျွန်ရာသီလာပြီး..၄..၅..ရက်လောက်ဆိုကျွန်စပြီးခံစားရတယ်...ပထမဆုံးကဒီတိုင်းအဖြူရည်လေးလောက်ထွက်ပြီး.နောက်၂ရက်လောက်ဆိုအရမ်းနံတဲ့အနံ့ဆိုးနဲ့အတူအဖြူဖတ်တွေထွက်တယ်..ပြီးတော့အရမ်းယားတယ်...အဲ့ဒါကျွန်ဘယ်လိုဆေးတွေသောက်သင့်လဲဆိုတာကျေးဇူးပြုပြီးကျွန်ကိုညွှန်ပြပေးပါလားရှင်...ကျွန်ဆေးခန်းတွေသွားပြရမှာကိုရှက်တယ်..

  5. Yu Nandar Aung says:

    Dear moderator,

    There are some mistakes that I found in this article.
    1. Valvovaginal candidiasis (VVC) might be treated with yogurt but the evidence for that treatment is not consistent and the recurrence after 1st episode of VVC can be 40-50% even when antifungals are used.
    2. In the last paragraph, it says that Herpes simplex infection can cause warts. Warts are caused by Human Papilloma Viruses.
    Thank you!

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top