5
Sep

သတင်းတင်ပြခြင်း (၂)

သတင်းဆောင်းပါးအတွက်
အချက်အလက်ရှာဖွေခြင်းဆိုင်ရာ
တွေးစရာများ

- အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် တိုးတက်ဖြစ်ပွားမှုအလားအလာ

မည်သည့်အသက်အရွယ်အပိုင်းအခြားရှိ လူအုပ်စုများ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်
တိုးတက်ဖြစ်ပွားမှုအလားအလာ
အဆိုးရွားဆုံးဖြစ်နေသနည်း၊ အဘယ့်ကြောင့်နည်း၊ မည်သူများက ဤအရေးကိစ္စနှင့်ပတ်သက်၍ မည်သည့်အရာများ ဆောင်ရွက်နေသနည်း။

 -
ကူးစက်ရောဂါ ခြေရာကောက်ခြင်း

- လူ့အစုအစည်း Community တခုမှ အခြားတခုဆီသို့ မည်သို့မည်ပုံရွေ့လျားသွားသနည်း။

- မည်သို့မည်ပုံ ကူစက်ပြန့်ပွားနေသနည်း။

- မည်သို့မည်ပုံ တားဆီးနိုင်မည်နည်း။

- ဤရောဂါဖြစ်ပွားနေသော အခြားနိုင်ငံများနှင့် အထူးသဖြင့်
အိမ်နီးချင်းနိုင်ငံများ၌ မည်သို့သောအလားအလာများ
ရှိနေသနည်း၊

- လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ သဘောထားများ၊ သတ်မှတ်ချက်များ

- ဖို/မနှင့် လိင်မှုဆိုင်ရာအပေါ် ထားရှိသည့်သဘောထားများ၊

- အစိုးရပေါ်လစီမူဝါဒအား ထင်ဟပ်သည့် သဘောထားများ၊

- စိုးရိမ်ကြောင့်ကြမှု Fear များ၊

- အပြောင်းအလဲများ၊ သဘောထားရင့်ကျက်မှုများ၊ ရှက်စိတ်နှင့်
ခွဲခြားဆက်ဆံမှု၊

- လူ့အဖွဲ့အစည်းတခုစီရှိ အစဉ်အလာ၊ လိင်အခြေခံ ကျား/မအခန်းကဏ္ဍများ၊ ဖို/မ အပြန်အလှန်ဆက်နွယ်မှုများနှင့် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်

- ဇနီးမယားတယောက်အနေနှင့် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက်ခံရနိုင်သော
အန္တာရာယ်အလားအလာ
မည်သို့မည်ပုံရှိနေသနည်း။

- လိင်ပေါ်အခြေခံသော ခွဲခြားဆက်ဆံမှုမှ အမျိုးသမီးများ
ပြုစုစောင့်ရှောက်ခံယူခွင့်နှင့် ဆေးဝါးကုသခံယူခွင့်ရှိမှု တို့အပေါ်
မည်သို့မည်ပုံထိခိုက်မှုရှိသနည်း။

- အမျိုးသမီးများ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ကူးစက်ဖြစ်ပွားမှုမှ
ကြိုတင်ကာကွယ်နိုင်အောင်
မည်သို့မည်ပုံ အားပေးအားဖြည့်ဆောင်ရွက်မှုများ ရှိနေသနည်း။

- အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်၊ လူ့အခွင့်အရေးနှင့် တရားမျှတမှု

- အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရှိနေသူများ၏ အခွင့်အရေးနှင့်
အိတ်ခ်ျအိုင်ဗွီနှင့်နေထိုင်နေသူများအတွက် ဥပဒေအရ ကာကွယ်စောင့်ရှောက်မှု၊

- အိတ်ခ်ျအိုင်ဗွီနှင့်နေထိုင်နေသူများ မည်သို့မည်ပုံဆက်ဆံခံနေရသနည်း။
သူတို့အား မည်သို့မည်ပုံဆက်ဆံသင့်သနည်း။

- လူ့အခွင့်အရေး၊ မိခင်နှင့် ကလေးကျန်းမာရေး၊ လိင်အခြေခံတန်းတူမှု၊ ကလေးသူငယ်များအခွင့်အရေးစသည်များနှင့်
ပတ်သက်သည့် နိုင်ငံတကာ သဘောတူညီချက်များ၊
လုပ်ငန်းအစီအစဉ်များနှင့် လုပ်ငန်းအကောင် အထည်ဖော်မှုတို့၏
အခြေအနေ၊

 ဆယ်ကျော်သက်များ သို့မဟုတ် အရွယ်ရောက်စလူငယ်များနှင့်၎င်းတို့
အိတ်ခ်ျအိုင်ဗွီ
/အေအိုင်ဒီအက်စ် ကူးစက် ဖြစ်ပွားနိုင်မှုအန္တရာယ်

 - စာသင်ကျောင်းများနှင့် တက္ကသိုလ်များတွင် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်သက်ရောက်နေမှု၊

- ဆရာများနှင့် ကျောင်းသားများအပေါ်သက်ရောက်မှု၊

- ကူးစက်ရောဂါအားနှိမ်နင်းရာတွင် ဆရာ/ဆရာမများ၏ အခန်းကဏ္ဍနှင့်
ဆောင်ရွက်ပြီးခဲ့သောလုပ်ငန်း နမူနာများ။

 မိသားစုများနှင့် ဖိုမအပြန်အလှန်ဆက်နွယ်မှုများအပေါ်
အိတ်ခ်ျအိုင်ဗွီ
/အေအိုင်ဒီအက်စ်သက်ရောက်နေမှု

 -
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့် ကလေးသူငယ်များ

- မိခင်မှကလေးထံ
အိတ်ခ်ျအိုင်ဗွီကူးစက်ခြင်း
မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ခြင်း၊

- မိဘမဲ့အေအိုင်ဒီအက်စ်လူနာ ကလေးသူငယ်များ - ပြဿနာအတိမ်အနက်နှင့် သူတို့၏
ယခင့်ယခင်မျိုးဆက်များအပေါ်သက်ရောက်မှု၊

- အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဖြစ်ပွားနေသောအခြေအနေအောက်တွင်
အရွယ်ရောက်မျိုးဆက်များ၏ ပြောင်းလဲလာသော အခန်းကဏ္ဍများ၊

- မိဘမဲ့အေအိုင်ဒီအက်စ်လူနာ ကလေးသူငယ်များနှင့်
အခြားထိခိုက်ခံရသူများကို ပြုစုစောင့်ရှောက်ရန် နည်းလမ်းများ၊

- စီးပွားရေးအခန်းကဏ္ဍများသို့ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရိုက်ခတ်မှု

- နိုင်ငံအဆင့်စီးပွားရေး Macro Economy၊ အထူးသဖြင့် ကူးသန်းရောင်းဝယ်ရေး၊
စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းကြီးများအပေါ် အိတ်ခ်ျအိုင်ဗွီ
/အေအိုင်ဒီအက်စ်ရိုက်ခတ်မှု၊

- စီးပွားရေးနှင့် လူမှုရေးဖြစ်ထွန်းတိုးတက်မှုများအပေါ် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရိုက်ခတ်မှုဆိုသည်မှာ
မည်သည့်အရာကို ဆိုလိုသနည်း။

- စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မလွဲမသွေထိခိုက်နိုင်သည့်
မွေးဖွားနှုန်း၊ သေနှုန်းအပြောင်းအလဲများကို အိတ်ခ်ျအိုင်ဗွီ
/အေအိုင်ဒီအက်စ်က မည်သို့မည်ပုံ
သက်ရောက်ထိခိုက်မှုရှိနေသနည်း။

- လိင်အလုပ်

- မည်သို့သော ကျန်းမာရေးလုပ်ငန်းများနှင့် အစိုးရများမှ လိင်အလုပ်တွင်
အလုပ်လုပ်နေသူများ၊ သူတို့အားသုံးစွဲသူများနှင့်
သူတို့၏ မိသားစုများ ကျန်းမာရေးအရ
ပိုမိုလုံခြုံမှုရှိအောင် မည်သို့မည်ပုံဆောင်ရွက်
နေကြသ နည်း၊ သို့မဟုတ်
ဆောင်ရွက်နိုင်ကြမည်နည်း။

- လိင်အလုပ်သမားများနှင့် သူတို့အားအသုံးပြုသူများအတွက်
အစီအစဉ်များ
- မည်သည့်အရာများက
အလုပ်ဖြစ်ပြီး
မည်သည့်အရာများက
အလုပ်မဖြစ်ခြင်း၊ လူ့အဖွဲ့အစည်းအတွင်းဝင်ဆန့်နိုင်ရေးအတွက် လိင်အလုပ် သမားများနှင့်
အလုပ်သမားလူ့အစုအစည်းခေါင်းဆောင်တွေကို
သာဓကနှင့်ပြုရေးခြင်း၊

- လိင်လုပ်ငန်းအား ကြီးထွားလာအောင် တွန်းအားပေးနေသော
စီးပွားရေးအခြေအနေများနှင့် လိင်အခြေခံကွဲပြားခြားနားချက်များ၊

- လိင်အလုပ်အစား အခြားမြင်သာထင်သာရှိသော စီးပွားရေးလုပ်ငန်းများ၊

 အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်အပေါ် ဘာသာရေးခေါင်းဆောင်များနှင့်
ဘာသာရေးလူ့အစုအစည်းများ၏ တုံ့ပြန်မှု

 -
ကျန်းမာရေးပြုစုစောင့်ရှောက်မှုစနစ်

-
Anti-retroviral
အေအာရဗ်ဗွီခေါ် ပေါင်းစပ်ကုထုံးဆေးဝါးများ အခမဲ့၊
သို့မဟုတ် ဈေးနည်းနည်းနှင့် ဝေငှခြင်း။
သို့မဟုတ် ၀ယ်ယူနိုင်ခြင်း၊

- စမ်းသပ်စစ်ဆေးခြင်း၊

- အကြံပြုလမ်းညွှန်ခြင်း၊

- ပြုစုစောင့်ရှောက်မှု၊

- ပိုးရှိနေသူများနှင့် လူနာများအပေါ်ထားရှိသည့် သဘောထားနှင့်
အပြုအမူ၊

- အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်လူနာများအား ကုသမှုနှင့် ပြုစုစောင့်ရှောက်မှု

- အေအိုင်ဒီအက်စ်ကုထုံးများနှင့် ဆေးဝါးများ (ရရှိနိုင်မှုအပါအ၀င်)

- အစိုးရပေါ်လစီမူဝါဒ၊

- အေအိုင်ဒီအက်စ်ကုထုံးအတွက် ကုန်ကျမှုနဲ့ အခက်အခဲများ၊

- ဆေးမတိုးမှုနှင့် နောက်ဆက်တွဲသက်ရောက်မှုများ

- အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကြိုတင်ကာကွယ်ဆေး စမ်းသပ်မှုများအား
သုတေသနပြုခြင်း

- အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့်ပတ်သက်၍ အယူကောက်လွဲခြင်း Misconception သို့မဟုတ် ကုထုံးတုများ

- ဆေးဝါးထုတ်လုပ်သည့်စက်ရုံ

- လုပ်ငန်းစဉ်များနှင့် လူနာများ၊

- ဆေးဝါးအတွက်ကုန်ကျစရိတ်၊

- သုတေသနလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု၊

- သုတေသနလုပ်ငန်းအတွက် ငွေကြေးထောက်ပံ့မှု၊

- အေအာရ်ဗွီဆေးဝါးများ တင်ပို့မှု၊

- ဥပဒေရေးရာကိစ္စရပ်များ

- အခွင့်အရေးများ၊

- လူနာများ၊

- ခွဲခြားဆက်ဆံမှုများ၊

- ကိန်းဂဏန်းအချက်အလက်များ

- အချက်အလက်စုဆောင်းမှု နည်းစနစ်များ၊

- ကိန်းဂဏန်းများ ရှေ့နောက်မညီညွတ်ခြင်းနှင့်
တည်ငြိမ်မှုမရှိခြင်း၊

- ခန့်မှန်းတွက်ချက်မှုများ၊

- လူသားအကျိုးစီးပွား

- အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့် အလုပ်အရ၊ ဆက်ဆံရေးအရ၊ ကျန်းမာရေးအရ
ဆက်နွယ်နေသူများ၏

ဘ၀များ၊

- စာဖတ်ပရိသတ်မှ လက်ဆင့်ကမ်းပြောပြနိုင်သူများ၏
အတွေ့အကြုံများ၊

- အသက်ရှင်နေထိုင်နေဆဲလူများ၏ အကြောင်း၊ ဇာတ်လမ်းများ၊

 ရုပ်ရှင်နှင့် သတင်းမီဒီယာ

 - ပေါ်လစီမူဝါဒဆိုင်ရာ ကိစ္စရပ်များ

- နိုင်ငံတကာလုပ်ငန်းအစီအစဉ်များနှင့် ပေါ်လစီမူဝါဒ၊

- အစိုးရပေါ်လစီမူဝါဒများ (အလှူရှင်နိုင်ငံအစိုးရများနှင့်
သူတို့မှသက်ရောက်မှုများအပါအ၀င်
)

- အနာဂတ်လုပ်ငန်းဆောင်တာများအတွက် ပြင်ဆင်စုဖွဲ့မှုများ၊

- ပေါ်လစီမူဝါဒများကို မည်သို့ချမှတ်သနည်း၊ သက်ဆိုင်သူများအားလုံး၏
တင်ပြချက်များကို အလေးအနက်ထား စဉ်းစားပြီး ချမှတ်ခြင်း ဖြစ်ပါသလား၊
သမာသမတ်ရှိပါရဲ့လား။

- အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ

- အစိုးရများနှင့် အဖွဲ့အစည်းများမှ သူတို့၏ လုပ်ငန်းများကို
အကောင်အထည်ဖော်နေပါသလား၊

- သူတို့စီစဉ်ထားသည့်အတိုင်း အကောင်အထည်ဖော်နေခြင်း ဖြစ်ပါသလား၊

- သူတို့အနေနှင့် သူတို့၏ လုပ်ငန်းဦးတည်ချက်ကို
ရောက်နိုင်ပါမည်လား၊ ရောက်မရောက်အား မည်သည့်အရာ နှင့်
သက်သေပြနိုင်မည်နည်း၊

- သူတို့၏ လုပ်ငန်းဆောင်တာများမှ မည်သူတို့ကို အကျိုးအမြတ်ရစေသနည်း။

- ငွေကြေးစီးဆင်းမှု

- အကူအညီလိုအပ်နေသူများထံ ငွေကြေးရောက်ပါရဲ့လား၊

- ရရှိသောငွေကြေးအကူအညီအား စနစ်တကျစီမံသုံးစွဲခြင်း ရှိပါရဲ့လား၊

- ငွေကြေးအကူအညီများမှာ ဘဏ်ထဲ၌ပင် ရှိနေသလား၊

 နိဒါန်း ရေးနည်း

စာနယ်ဇင်းသမားများအတွက်
ကောင်းမွန်သောသတင်းဆောင်းပါးတပုဒ်ဖန်တီးနိုင်ရန် ပထမဦးဆုံးနှင့်
တခုတည်းသောအဆင့်မှာ
ကောင်းမွန်သောနိဒါန်းပိုင်းကို
အစချီခြင်းဖြစ်သည်။ အချို့သော စာနယ်ဇင်းသမားများ မှာ
စိတ်ဝင်စားဖွယ်နိဒါန်းကို
မဖန်တီးနိုင်သဖြင့် သတင်းဆောင်းပါးကို စတင်ရေးသားရန်
များစွာအခက်အခဲကြုံရလေ့ရှိသည်။
အဘယ့်ကြောင့် ဤသို့ဖြစ်ရပါသနည်း။ နိဒါန်းသည်
သတင်းဆောင်းပါးတခု အချိတ်အ ဆက်မိမိ
ချောချောမွေ့မွေ့ ဖြစ်စေရေး၌ စာနယ်ဇင်းသမားအနေနှင့်
သောကမကြုံရလေအောင်
ဆောင်ကျဉ်းပေးနိုင်၍ပင်ဖြစ်သည်။
ထို့ပြင်နိဒါန်းသည် မိမိစီကုံးမည့်
သတင်းဆောင်းပါးနှင့် ပတ်သက်၍ စာရေးသူ၏ ရှင်းလင်းပြတ်သားသောအမြင်နှင့် နားလည်မှုကိုလည်း ထင်ဟပ်စေပါသည်။

မိမိ၌
မိမိရေးသားမည့် သတင်းဆောင်းပါးအတွက်ဦးတည်ရာသို့မဟုတ်
တင်ပြမည့်ရှုထောင့်ရှင်းရှင်းလင်းလင်းရှိပါက နိဒါန်းကိုအစချီရန်
ပိုမိုလွယ်ကူစေသည်။ နိဒါန်းသည်
တင်ပြလိုသည့်အကြောင်းအရာကို တိုက် ရိုက်ဦးတည်ပေးသည်။
ထို့ကြောင့် တိုတိုရိုးရိုးရှင်းရှင်းနှင့်
စိတ်ဝင်စားဖွယ်ကောင်းသည့်အပြင် အရေးကြီးဆုံးအနေနှင့်
ယင်းသည် စာရေးသူ၏မနောကဲ့သို့
ရှင်းလင်းပြတ်သားနေရမည်ဖြစ်သည်။

အောက်ဖော်ပြပါအချက်များသည်
နိဒါန်းရေးရာ၌
ထည့်သွင်းစဉ်းစားသင့်သည့်
အချက်အချို့ဖြစ်သည်။

- လတ်တလောဖြစ်ပေါ်နေသည့်ကိစ္စရပ်များအပေါ် သတင်းဆောင်းပါးရေးရာ၌ အခြေခံ ခြောက်လုံး ဥပဒေသကို အသုံးပြုရသည်။ ထို ခြောက်လုံးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များနှင့်အတူ ၁၆ လုံးထက်မပိုသော
စာလုံးအရေအတွက်ကိုသုံး၍ ရေးရမည်။
တိုရမည်။ စိတ်ဝင် စားဖွယ်ဖြစ်ရမည်။ ရိုးရှင်း
ရမည်ဆိုသည်များကို သတိပြုပါ။

- ဇာတ်လမ်းသတင်းဆောင်းပါး၌ နိဒါန်းပိုင်းသည် လတ်တလောဖြစ်ပျက်နေသည်များကို
ရေးသားတင်ပြသည့်
သတင်း၏နိဒါန်းပိုင်းထက်
ပိုအရေးကြီးသည်။ ယင်းသည် ရုပ်ရှင်ဇာတ်ကားတခုကို
ပြီးအောင်ကြည့် မကြည့် မဆုံးဖြတ်မှီနမူနာကိုအရင်ကြည့်သကဲ့သို့ မိမိသတင်းဆောင်းပါးကို စာဖတ်သူအနေနှင့် မဖတ်မှီဆောင်းပါးပါအကြောင်းအရာအလုံးစုံကို ထိုးဖောက်မြင်နိုင်သောနေရာဖြစ်သည်။
ဇာတ်လမ်းသတင်းဆောင်းပါး နိဒါန်း၌
ခြောက်လုံးကို အကုန်အသုံးပြုရန် မလိုပါ။ အချက်တချက်ကိုသာ ဆွဲဆောင်မှုရှိသော
စကားလုံးများသုံး၍ အားကောင်းကောင်းနှင့်တင်ပြရန်
လိုအပ်သည်။

- အကယ်၍နိဒါန်းကို လိုသလိုမဖန်တီးနိုင်ပါက မိမိသတင်းဆောင်းပါး၏ အနှစ်စကားလုံးကို တွေ့အောင်ရှာပါ။ မိမိသတင်းဆောင်းပါးနှင့် ပတ်သက်သည့် အယူအဆ၊ နောက်ခံအခြေအနေနှင့်
မိမိဇာတ်ကောင်များကို
ထိထိမိမိဖော်ပြနိုင်မည့် စကားလုံးများ သို့မဟုတ် စာပိုဒ်များကို စတင်ရေးချခြင်းဖြင့် အစပြုပါ။
မိမိဇာတ်လမ်း၌ အနှစ်စကားလုံးမရှိပါက
ဇာတ်လမ်းဖြစ်လာမည်မဟုတ်ပါ။

- အကယ်၍ အခြားနိဒါန်းရေးနည်းအားလုံး
အလုပ်မဖြစ်ပါက
တစုံတယောက်
(စာနယ်ဇင်းလောက
အပြင်မှပုဂ္ဂိုလ်ဖြစ်ပါက အသင့်တော်ဆုံးဖြစ်
) ကို ရှာဖွေပြီး မိမိသတင်းဆောင်းပါးအကြောင်းကို မိမိမိတ်ဆွေအား တစုံတခုပြောပြသည့်ပုံစံမျိုးနှင့်
ပြောကြည့်ပါ။ သို့သော် ဤသို့ပြုမူခြင်းသည်
မိမိသတင်းဆောင်းပါးကို ဖတ်ပြခြင်းဟုတ်ပါ၊ မရောထွေးဖို့လိုသည်။ မိမိမိတ်ဆွေနှင့်စကားပြောသည့်အခါ
သို့မဟုတ် မိတ်ဆွေအား တစုံ တရာ
(အတင်းအဖျင်း၊ ပြီးခဲ့သည့်စနေတနင်္ဂနွေအားလပ်ရက်တောလည်ခရီးစဉ် စသည်ဖြင့်) ပြောပြသည့်အခါ မိမိအနေနှင့် သတင်းစာအသုံးအနှုန်းများ
သုံးမည်မဟုတ်ပါ။ ထိုသို့ပြောကြည့်သည့်အခါ
မိမိပြောလို သည့်ကိစ္စနှင့် ပတ်သက်သည့် အချက်အလက်များနှင့်
အခြားသက်ဆိုင်သည်များအား
မြန်မြန်ဆန်ဆန်ပြောနိုင်သည်ကို သတိထားမိလာပါလိမ့်မည်။ ထိုနည်းကိုသုံး၍ မိမိမိတ်ဆွေအား
မိမိဇာတ်လမ်းကိုပြောပြခြင်းဖြင့် နိဒါန်းရေးရန် အစပြုကြည့်ပါ။

- နိဒါန်းအများစုသည် သတင်းများ ပါဝင်ကြသည်။ အကယ်၍
မိမိဇာတ်လမ်းနောက်ပိုင်းမှ သတင်းကို ထည့်သွင်းဖော်ပြရန်စဉ်းစားပါက
သတင်းနှင့် နိဒါန်းသည်
လွန်စွာဝေးကွာမနေသင့်။

- အားကောင်းသော စကားလုံးများဖြင့် အစပျိုးပါ၊ အဆုံးသတ်ပါ၊ အသက်ဝင်သော
ကိရိယာများကိုအသုံးပြုပါ။ အပြုခံဝါကျသည်
နိဒါန်းပိုင်းကို အားနည်းစေသဖြင့် ယင်းကို
နိဒါန်းပိုင်းတွင်မသုံးသင့်။

- ပုံကြီးမချဲ့ပါနှင့်၊ စာဖတ်ပရိသတ်ကို မလှည့်စားပါနှင့်။

- နိဒါန်းပိုင့်း တရားဝင်အခေါ်အဝေါ်များ၊ နည်းပညာဆိုင်ရာ အသုံးအနှုန်းများ၊
ဗန်းစကားများ မထည့်သွင်းပါနှင့်။ စာဖတ်သူအနေနှင့်
အစပိုင်းကတည်းက စိတ်ရှုပ်ထွေးမှုဖြစ်ပါက
မိမိသတင်းဆောင်းပါးကိုကျော်၍ အခြားအရာများ
ဆက်ဖတ်သွားမည်ဖြစ်သည်။

 သတင်းတပုဒ်တွင်
ကိန်းဂဏန်းများသုံးစွဲခြင်းအတွက်
အကြံဥာဏ်များ

ကိန်းဂဏန်းများအား
အသုံးပြုပုံပေါ်မူတည်ပြီး
ကိန်းဂဏန်းဆိုင်ရာသတင်းမှာ ပျော်စရာဖြစ်နိုင်သလို လုံးဝငြီးငွေ့စရာလည်း ဖြစ်နိုင်ပါသည်။ သတင်းကောင်းတပုဒ်သည်
သတင်းအားပံ့ပိုးပေးသော ကိန်းဂဏန်း အချက်အလက်များ
အလုံအလောက်ပါသလို မလိုအပ်သော
ကိန်းဂဏန်းများလည်းပါနိုင်သည်။ ကိန်းဂဏန်းအသစ်များအား
ထုတ်ပြန်သည့်အခါ ထိုကိန်းဂဏန်းများက
အကြောင်းအရာတရပ်၏ အခြေအနေ အပြောင်းအလဲများကို
ထင်ဟပ်နေသည်။ ကိန်းဂဏန်းများ၏
အဓိပ္ပာယ်ကို စာဖတ်သူများနားလည်နိုင်မည့်
ရှင်းလင်းသောစကား လုံးများနှင့် လူသားရုပ်ပုံလွှာအဖြစ် ပြောင်းလဲပေးရမည်မှာ သင့်တာဝန်ဖြစ်သည်။ သတင်းစာသမားကောင်းတယောက်သည် ပြင်းထန်သော
အကျိုးသက်ရောက်မှုတခု ဖန်တီးရန်၊
အချေအတင်ဆွေးနွေးပွဲတရပ်စတင်ရန်၊ သို့မဟုတ်
နှိုးဆော်မှုတရပ်လုပ်ရန်အတွက်
ကိန်းဂဏန်းများကို မည်သို့မည်ပုံ သုံးရမည်ဆိုခြင်းကို
သိသည်။

 အောက်၌ဖော်ပြထားသည့် အချက်များမှာ
တိကျမှန်ကန်ပြီး
မှတ်သားလောက်သော
သတင်းအချက်အလက်များ ကိုတင်ပြရာတွင် အထောက်အကူ ဖြစ်စေပါလိမ့်မည်။

- ကိန်းဂဏန်းများသည် မည်သည့်အဓိပ္ပာယ်ရှိသည်ဆိုခြင်းကို
အသေအချာနားလည်အောင်လုပ်ပါ။ မေးခွန်းများမေးပါ။
သူတို့အချင်းချင်း ဆက်စပ်မှုများကို
စိတ်ဖြာသုံးသပ်ပြီး
မည်သည့်အဓိပ္ပာယ်ရှိသည်ဆိုခြင်းကို
သိနိုင်ရန် ဆက်စပ်ကြည့်ပါ။ ထပ်မံ၍
သုတေသနလုပ်ကြည့်ပါ။ မသေချာပါက ကျွမ်းကျင်သူများနှင့်
တိုင်ပင်ပါ။

- ကိန်းဂဏန်းများ၏ အရင်းအမြစ်နှင့် သူ့တို့၏ ယုံကြည်စိတ်ချရမှုကို စစ်ဆေးပါ။

 ဖြစ်နိုင်ပါက တူညီသောကိန်းဂဏန်းများ၊
သို့မဟုတ်
အလားတူကိန်းဂဏန်းများကို
အခြားအရင်းအမြစ်တခုထံမှရအောင် ကြိုးစားယူပြီး
နှိုင်းယှဉ်ကြည့်လျှင် ပို၍တိကျသေချာသော
သုံးသပ်မှုတခုရလာမည်။

- ငုပ်နေသော၊ မမျှော်လင့်ထားသော သတင်းအချက်အလက်များကို ရှာကြည့်ပါ။

သတင်းအရင်းအမြစ်တခုတည်းမှ
ပေးထားသော လက်ရှိကိန်းဂဏန်းအချက်အလက်များနှင့်
ယခင်ကိန်းဂဏန်းများကိုယှဉ်ကြည့်လိုက်ပါက
ဤငုပ်နေသော အချက်အလက်များ တွေ့လာနိုင်သည်။
သတင်းအချက် အလက်စုဆောင်းရာတွင် မတူသောနည်းလမ်းများနှင့် သုံးထားနိုင်သော အရင်းအမြစ်နှစ်ခုထံမှ
သုံထားသောကိန်းဂဏန်း အချက်အလက်နှစ်စုံကို
နှိုင်းယှဉ်ကြည့်ပါက ပို၍ထင်ထင်ရှားရှား တွေ့ရမည်ဖြစ်သည်။

- လေ့လာသုံးသပ်ပြီး ကောက်ချက်ချ၍ရပြီဆိုပါက
ကိန်းဂဏန်းများထဲမှ၊ သို့မဟုတ် ကိန်းဂဏန်းနှစ်စုံကြားမှ ကွာဟချက်များနှင့်
ဆန့်ကျင်ဖက် ဖြစ်နေသည် ကို
ရှင်းပြမှရမည်ဖြစ်သည်။

- ကိန်းဂဏန်းများကို စုဆောင်းသောရက်စွဲ၊ ထုတ်ပြန်သောရက်စွဲများအား ဖော်ပြပါ။
အချို့လေ့လာမှုများသည်
ပြီးဆုံးအောင်ရှာဖွေယူရာ၌ လချီနှစ်ချီ၍ ကြာတတ်သောကြောင့် လွန်ခဲ့သောတနှစ်မှလေ့လာမှုများသည် အောက်သွားသော၊
ဟောင်းသွားသော လေ့လာမှုဖြစ်၍ ကံသေကံမ
ပြော၍မရပါ။ ထို့အပြင် ဤကိန်းဂဏန်းများကို စိတ်ဖြာသုံးသပ်ရသည်မှာလည်း
လနှင့်ချီ၍ကြာတတ်သည်။ ထို့ကြောင့် လွန်ခဲ့သောတနှစ်ခန့်က လုပ်ခဲ့သည့်
စစ်တမ်းတရပ်သည် မကြာသေးခင်ကမှ
ထုတ်ပြန်လာသည်ဆိုပါက သတင်းအချက်အလက်များ
သစ်နေသေးသည်ဟုယူနိုင်ပါသည်။ သိပ္ပံပညာရှင်များ ကောက်ချက်မချနိုင်ခင် တဖြည်းဖြည်းချင်း ပြောင်းလဲပြီး
ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာရေးအခြေအနေ
လိုအပ်သောကျန်းမာရေး၊ လူဦးရေနှင့် လူမှုရေးဖွံ့ဖြိုး
တိုးတက်မှုဆိုင်ရာ
လေ့လာချက်များဆိုပါက
ဤအချက်မှာ ပို၍ပင်မှန်နေတတ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top