18
Mar

သိရှိမှတ်သားဖွယ် HIV/AIDS ရောဂါလက္ခဏာများ (အမေးအဖြေ- ၁၀၊ ၁၁၊ ၁၂)

မေး။ ။ မိခင်ကနေ ကလေးကို မကူးအောင် ကာကွယ်ဖို့ နည်းလမ်းများ ရှိပါသလား။

ဖြေ။ ။ ရောဂါပိုး ရှိတဲ့ မိခင်ကနေ၊ ကလေးကို ကိုယ်ဝန်ဆောင်တဲ့ အချိန်၊ မီးဖွားချိန်၊ နို့တိုက်တဲ့ အချန်တွေမှာ ကူးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်မှ ကလေးကို ကူးစက်နှုန်းဟာ ၃ ယောက်မွေးရင် ၁ ယောက်ကို ကူးနိုင်ပါတယ်။ ယခုခေတ်ပေါ် ကုထုံးတစ်ချို့က ရောဂါ ကူးစက်မှုနှုန်းကို တစ်ဝက်ကျော်ကျော် လျော့ချနိုင်ပါတယ်။ ကူးစက်မှုနှုန်း လျော့ကျအောင် မိခင်နဲ့ ကလေးကို အေဇက်တီ ဆေးတိုက်လို့ ရပါတယ်။ မကြာသေးမီက ဆေးသိပ္ပံ ပညာရှင်တွေဟာ အေဇက်တီ ဆေးထက် ဈေးနှုန်း သက်သာပြီး အာနိသင်လည်း ပိုထိရောက်တဲ့ “နီဗွီရာပင်း” လို့ ခေါ်တဲ့ ဆေးတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ယခုအခါ တချို့နိုင်ငံတွေမှာ စမ်းသပ်သုံးစွဲလျက် ရှိပါတယ်။

မေး။ ။ လိင်ဆက်ဆံရာကနေ ရောဂါပိုး မကူးအောင် ဘယ်လိုနေရပါမလဲ။

ဖြေ။ ။ လက်မထပ်ခင် ဖိုမဆက်ဆံတာ၊ လိင်တူ ဆက်ဆံတာ ရှောင်ပါ။ လက်ထပ်ပြီး တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိရှိနေပေမယ့်လည်း လက်မထပ်ခင်က ပါလာတဲ့ ရောဂါပိုးကြောင့် နျစ်ယောက်စလုံး ဒုက္ခရောက်နိုင်ပါတယ်။ သွေးစစ်ပြီးမှ အိမ်ထောင်ပြုတာ ပိုးကောင်းပါတယ်။ လက်ထပ်ပြီးရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် သစ္စာရှိပါ။ အိမ်ထောင်ပြင်ပမှာ လိင်ဆက်ဆံတာကို ရှောင်ပါ။ ဇနီးမယားက သစ္စာရှိရှိ၊ အိမ်ရှင်မ ဝတ္တရားကျေအောင် နေပေမယ့်လည်း လင်ယောက်ျားက ဖောက်ပြန်ရင် ရောဂါပိုးတွေ ကူးလာအုံးမှာပါ။ ဒါကြောင့် အပျော်အဖော်မထားပါနဲ့။ ပျော်ပါးချင်ရင် ကွန်ဒုံးသုံးပါ။

တစ်ချို့က ပြည့်တန်ဆာနဲ့ ဆက်ဆံမှ ရော၈ါကူးမယ်၊ ကိုယ့်အတွက် သီးသန့်ထားတဲ့ အပျော်အဖော်နဲ့ ဆက်ဆံရင် ရောဂါမကူးနိုင်ဘူးလို့ ထင်ကြပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုး ရှိတဲ့ သူတွေဟာ ရော၈ါလက္ခဏာ မပြသေးတဲ့ အချိန်မှာ “သန့်သန့်လေး” ပုံစံမျိုးပဲ ရှိမယ်ဆိုတာ သဘောပေါက်ပါ။ လိင်အပျော်အပါး လိုက်စားတာ ရှောင်ပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း နားလည်ဖို့ လိုပါတယ်။ ဥပမာနဲ့ ပြောရမယ်ဆိုရင် တောက တောင်သူဦးကြီး တစ်ယောက်ဟာ မြို့တက်ပြီး ပဲရောင်းတယ်။ ငွေရွှင်တော့ ဗွီဒီယိုရုံ သွားတယ်။ ပြီးတော့ အဆွယ်ကောင်းလို့ ပျော်ပါးမိတယ်။ ဒီလိုပဲ ပေါ်တုန်း၊ ငွေရွှင်တုန်း ဖြစ်သွားတဲ့ ကိစ္စကို ဦးကြီးက အပျော်အပါး လိုက်စားတာ မဟုတ်လို့ သူ့မှာ ရောဂါမကူးနိုင်ဘူးလို့ ထင်ပါတယ်။

တကယ်ရောဂါဖြစ်လာတော့မှ တစ်ကြိမ်တစ်ခါဟာလည်း အန္တရယ်ပဲဆိုပြီး သဘောပေါက်တော့တယ်။ ဒါကြောင့် လိင်ဆက်ဆံရာကနေ ရောဂါပိုး မကူးရအောင် အိမ်ထောင် ပြင်ပမှာ လိင်ဆင်ဆံတိုင်း ကွန်ဒုံးသုံးပါ။ ရောဂါ ရနိုင်တဲ့ အမူအကျင့်ရှိသူတွေ၊ ရောဂါပိုး ရှိနေသူတွေဟာ မိမိရဲ့ အိမ်ထောင်ဖက်ကို မကူးစက်အောင် အိမ်ထောင်ဖက်နဲ့ လိင်ဆက်ဆံတဲ့ အခါမှာလည်း ကွန်ဒုံးကို သုံးရပါမယ်။

မေး။ ။ ဆယ်ကျော်သက် အရွယ်တွေကို အေအိုင်ဒီအက်စ် ရောဂါအကြောင်း ပညာပေးသင့်ပါသလား။

ဖြေ။ ။ ပညာပေးသင့်ပါတယ်။ ယနေ့ ကမ္ဘာပေါ်မှာ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူတွေရဲ့ ၅၀% ဟာ အသက် ၁၀ နှစ်မှ ၂၄ နှစ်ကြားက လူငယ်လူရွယ်တွေ ဖြစ်ပါတယ်။ လူငယ်လူရွယ်မှာ အဖြစ်များရတာကလည်း လူငယ်သဘာဝနဲ့ ဆက်နွယ်နေပါတယ်။ လူငယ်သဘာဝ စူးစမ်းတယ်၊ စွန့်စားချင်တယ်၊ လူကြီးမိဘပြောစကားထက် သူငယ်ချင်း အပေါင်းအသင်းပြောစကားကို ပိုယုံတယ်၊ အပေါင်းအသင်း မင်တယ်၊ မကောင်းမှန်း သိရက်နဲ့ အပေါင်းအသင်းတွေ က မြှောက်ပင့်ပေးရင် သောက်စားပျော်ပါတာ၊ မူးယစ်ဆေး သုံးတာ လုပ်မိတတ်ကြပါတယ်။ ဆယ်ကျော်သက် အရွယ်မှာ လုပ်မိတဲ့ အမှား တစ်ခုကြောင့် ဘဝတစ်ခုလုံး အညွှန့်တုံး သွားနိုင်ပါတယ်။ ဆက်ကျေ်သက် အရွယ်ကတည်းက ရောဂါ မရအောင် ဘယ်လိုနေထိုင်ပြုမူရမယ်ဆိုတာ သိနားလည် သွားရင် အဲဒီအသိဥာဏ်နဲ့ သူတို့ရဲ့ အပေါင်းအသင်းတွေကိုသာမက သူတို့ရဲ့ အိမ်ထောင်ဖက်နဲ့ သားသမီးတွေကို ပါ ရောဂါအန္တရာယ်ဘေးက ဆက်လက် ကာကွယ်သွားနိုင်မှာပါ။ ဒါကြောင့် ဆယ်ကျော်သက်အရွယ်တွေကို အေအိုင်ဒီအက်စ် ရောဂါ အကြောင်းပညာပေးဖို့ သိပ်အရေးကြီး ပါတယ်။

ရွှေအိမ်စည် - သိရှိမှတ်သားဖွယ် HIV/AIDS ရောဂါလက္ခဏာများ (အမေးအဖြေ- ၁၀၊ ၁၁၊ ၁၂)

Comments

  1. Hlwaing says:

    ကွန်ဒုံး ပေါက်ပြဲတာကနေ ချက်ခြင်း HIV ကူးနိုင်သလား ပေါက်သွားခြင်းမှာ ချက်ချင်းလဲလည်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top