9
Oct

အမျိုးသား ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက် (ရန်ကုန်တိုင်းဒေသကြီး) အထူးကု ဆရာဝန်ကြီး ဒေါက်တာမျိုးသန့် နှင့် တွေ့ဆုံခြင်း

မေး။    ။ လက်ရှိ မြန်မာနိုင်ငံမှာ ကိုယ်ဝန် ဆောင်တွေမှာ HIV ပိုးတွေ့ရှိရတဲ့ အခြေအနေကို သိပါရစေ။

ဖြေ။    ။ ကိုယ်ဝန်ဆောင် မိခင်မှာ HIV ပိုး တွေ့တာက အရင်တုန်း က ထက် စာရင် တဖြည်းဖြည်း လျော့လာတယ်။ တစ် ရာခိုင်နှုန်းအောက် ဝ ဒသမ ၆ ရာခိုင် နှုန်း ထိအောင် လျော့လာတယ်။ ကိုယ် ဝန်ဆောင် တစ်ရာမှာ တစ်ယောက်ထက် နည်းတဲ့ ကိုယ်ဝန်ဆောင် မှာပဲ HIV ပိုး တွေ့ရှိတာကို တွေ့ရတယ်။ အရင်တုန်း ကတော့ တစ် ရာ ခိုင်နှုန်း ကျော်တယ်။ အချို့နေရာတွေမှာ နှစ် ရာခိုင်နှုန်းရှိ တယ် လို့ ပြောတယ်။ အခု နည်းသွား တယ်။ တစ်ပြည်လုံး မှာ တစ်ရာခိုင်နှုန်း မကျော်ဘူး။

မေး။    ။ ကိုယ်ဝန်ဆောင်တွေမှာ HIV ပိုး ရှိ၊ မရှိ စစ်ဆေးမှုတွေကို ဘယ်လိုလုပ် ဆောင်ပေးပါသလဲ။

ဖြေ။    ။ ဆရာတို့က ကိုယ်ဝန်ဆောင် မိခင်တိုင်း ကို HIV ပိုး ရှိ၊ မရှိ စစ်ဆေးဖို့ နှစ်သိမ့် ဆွေးနွေး ပညာပေးတာ သွေးစစ်တာ တွေ လုပ်ပေးတယ်။ သွေးစစ်ပြီး ရောဂါ ပိုးတွေ့ရှိတဲ့ ကိုယ်ဝန်ဆောင်တွေကို ကလေးကို မကူးစက်အောင် ရောဂါ ကာကွယ်ဆေးတွေ ART ဆေးပေါ့။ တိုက်ကျွေးတယ်။

မေး။    ။ ကိုယ်ဝန်ဆောင်တွေမှာ HIV ပိုး ကူးစက်ခံရတဲ့ အဓိက အကြောင်းတွေ ကို သိပါရစေ။

ဖြေ။    ။ အဓိက ကူးစက်တာ ကတော့ အမျိုးသား ဆီက ကူးစက်တယ်။ များသော အားဖြင့် အမျိုးသား ဆီကနေ ကိုယ်ဝန် ဆောင်ဆီကိုပေါ့။ ကိုယ်ဝန် ရှိလို့ သွေး စစ်ကြည့်တော့ မှပဲ ကိုယ့်မှာ ရောဂါပိုး ရှိတာကိုတွေ့ရတယ်ပေါ့။

မေး။    ။ ကိုယ်ဝန်ဆောင်မိခင်ကနေ ကလေး ကို HIV ပိုး မကူးစက်အောင် ဘယ်လို ကုသမှုတွေ ပြုလုပ်ပေးပါသလဲ။

ဖြေ။    ။ ကုသမှုအနေ နဲ့ကတော့ မိခင်ကနေ ကလေးကို HIV ပိုး ကူးစက်မှု ကာကွယ်တဲ့ စီမံချက် ဆိုတာ ရှိတယ်။ ကိုယ်ဝန်ဆောင် မိခင်တိုင်းကို နှစ်သိမ့် ဆွေးနွေး ပညာပေး တယ်။ HIV ပိုးစစ် ဆေးတယ်။ ပိုးရှိရင် ကိုယ်ဝန် ၁၄ ပတ် ကစပြီး ART ဆေးကျွေးတယ်။ ကိုယ် ဝန်ဆောင် မိခင်က တစ်သက်လုံး သောက် ဖို့ လိုတယ် ဆိုရင်လည်း သူ့ လိုအပ်ချက် အရ ဆက်ပေးတယ်ပေါ့။ မွေးလာတဲ့ ကလေးမှာ ရောဂါပိုး ကူးစက်နှုန်း မရှိ တော့ဘူးပေါ့။ ရည်ရွယ်ချက် ကတော့ မွေးလာတဲ့ ကလေးတိုင်းကို HIV ပိုး ကင်းအောင် လုပ်ဖို့အတွက် ကာကွယ် ရေးကို လုပ်တာပေါ့။

မေး။    ။ ကိုယ်ဝန်ဆောင်တွေမှာ HIV ပိုး ကူးစက်ခံရမှု နဲ့ပတ်သက်ပြီး ဆောင်ရွက် နေတဲ့ လုပ်ငန်းတွေ ရှိရင် သိပါရစေ။

ဖြေ။    ။ ဆေးရုံကြီးတွေ၊ ဓာတ်ခွဲခန်း အကြီးကြီးတွေမှာ သွေးစစ်တဲ့ လုပ်ငန်း ကို ကျန်းမာရေး ဌာန အသေးလေးတွေ Sub Center လေးတွေ၊ သားဖွားတွေက စပြီး HIV စစ်ဆေးနိုင် မယ်။ ကိုယ်ဝန် ဆောင် မိခင်တွေမှာ တစ်ရာမှာ တစ် ယောက်ကပဲ Positive ဆိုတော့ အရင် ကဆိုရင် တစ်ရာလုံးရဲ့ သွေးနမူနာ ကို ဓာတ်ခွဲခန်းကို ပို့ပြီး စစ်ရ တယ်။ အခု တော့ အဲဒီလို မဟုတ်တော့ဘူး။ သား ဖွားဆရာမတွေက HIV ကို စစ်ဆေးပြီး တစ်နာရီ အတွင်းမှာ Result ထုတ်ပေး မယ်။ HIV များများ စစ်မယ်။ ART များများပေးနိုင်မယ်။ ART ဆေးပေး တယ်ဆိုတာကလည်း လူတိုင်းကိုပေး လို့ရတာ မဟုတ်ဘူး။ Positive ဖြစ်မှ ပေးလို့ရတာ။ စောစောစီးစီး ရောဂါ ရှာဖွေပြီး စောစော စီးစီး ကုသမယ် ဆိုတဲ့ သဘောပါ။ များသောအားဖြင့် အချို့က အခြား လက္ခဏာတွေ ပြတော့မှ နောက် ကျမှ ကိုယ်ခံအားတွေ နည်းသွားတော့ မှ ဆေးခန်း လာပြတော့ ကုသ ရတာ ခက် သွား တယ်။ စောစော စီးစီး ရောဂါရှိ၊ မရှိ စစ်ဆေးမယ်။ ကာကွယ်မယ်။

မေး။    ။ သားဖွား ဆရာမတွေက ကိုယ်ဝန် ဆောင်တွေကို HIV ပိုး ရှိ မရှိ စစ်ဆေး ပေးနေတဲ့နေရာတွေကို သိပါရစေ။

ဖြေ။    ။ အကုန်လုံးပြောဖို့တော့ ခက်တယ်။ ရန်ကုန်မှာဆိုရင် ကျောက်တန်း၊ လှည်း ကူး၊ မှော်ဘီ၊ လှိုင်သာယာ၊ ရွှေပြည်သာ စတာတွေမှာ စစ်ပေးနေပါပြီ။

မေး။    ။ ရန်ကုန်တိုင်းဒေသကြီးမှာ ART ဆေးရရှိနိုင်တဲ့ နေရာတွေကို သိပါရစေ ဆရာ။

ဖြေ။    ။ ART Center တွေကတော့ မင်္ဂ လာဒုံ ဆေးရုံကြီး၊ သာကေတ၊ သင်္ဃန်း ကျွန်း၊ အနောက်ပိုင်း ခရိုင်ဆေးရုံ၊ အင်း စိန်၊ မြောက်ဥက္ကလာ၊ သန်လျင် စတဲ့ ဆေးရုံတွေအပြင် ရန်ကုန်ဆေးရုံကြီး မှာလည်း တိုးချဲ့ဖွင့်လှစ်ပေး ထားပါတယ်။

မြတ်စုငြိမ်း တွေ့ဆုံမေးမြန်းသည်

Popular - အမျိုးသား ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက် (ရန်ကုန်တိုင်းဒေသကြီး) အထူးကု ဆရာဝန်ကြီး ဒေါက်တာမျိုးသန့် နှင့် တွေ့ဆုံခြင်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top