16
Sep

အသုံးဝင်မည့် အကိုးအကား အချက်အလက်များ (၁)

၁။ AIDS ACCESS FOUNDATION

URL: www.aidsaccess.com

တယ်လီဖုန်း - ၀၂-၃၇၂-၂၂၂ နှင့် ၀၂-၃၇၂-၂၁၁၄

ACCESS
အဖွဲ့သည် ထိုင်းနိုင်ငံတွင်အခြေစိုက်၍
ရုံးသုံးရုံးဖွင့်လှစ်ထားရှိသည်။ ထိုရုံးများအားလုံးသည်
တူညီသောကိစ္စနယ်ပယ်များ အတွက်
အဓိကထား၍ ဆောင်ရွက်သည်။ သို့သော် ရုံးတခုချင်းစီ၌
အထူးပြုဆောင်ရွက်သော
သက်ဆိုင်ရာနယ်ပယ်များ ရှိသည်။

- ဘန်ကောက်ရုံး

၁၉၉၁
ခုနှစ်တွင်
ဘန်ကောက်ရုံးကို
တည်ထောင်ခဲ့သည်။ ဘန်ကောက်ရုံးသည်
တယ်လီဖုန်းဖြင့် အကြံဥာဏ်ပေးခြင်း၊
မျက်နှာချင်းဆိုင် အကြံပေးလုပ်ငန်းများ၊ ဆေးခန်း၊
အိမ်တိုင်ရာရောက် အကူအညီပေးခြင်း၊ လိင်ပညာပေးနှင့် လိင်ပိုင်းဆိုင်ရာ ဆောင်ရန်ရှောင်ရန်ကိစ္စရပ်များ
ပညာပေးမြှင့်တင်ခြင်း
အစရှိသည့် သင်တန်းများ ဖွင့်လှစ်ပို့ချ ဆောင်ရွက်ပေးနေသည်။

- ကန်ချနဘူရီ (ထိုင်းနိုင်ငံအရှေ့ခြမ်း)

၁၉၉၇
ခုနှစ်တွင် တည်ထောင်သည်။
လိင်ပညာပေးသင်တန်းများနှင့် ပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်သည်။

- ချင်းရိုင် (ထိုင်းနိုင်ငံမြောက်ပိုင်း)

ခွန်ဟဲန်၊
တယ်လီဖုန်း ၀၅၃
-၇၁၆-၂၁၂ နှင့် ၀၅၃-၇၁၇-၈၉၇

၁၉၉၂ ခုနှစ်တွင်တည်ထောင်ခဲ့သည်။
အိတ်ခ်ျအိုင်ဗွီ
/အေအိုင်ဒီအက်စ်နှင့်
နေထိုင်နေသူကလေးများအတွက်
လိုအပ်သော ဆေးးဝါးကုသမှုများဖြစ်သည့် အေအာရ်ဗွီ ဆေးဝါးများ အမှန်တကယ်ရရှိစေရန် ဆောင်ရွက်ခြင်း၊ ထိုကိစ္စများ
တစိုက်မတ်မတ်ဆောင်ရွက်နိုင်ရေး၊ ပညာပေးလုပ်ငန်းများ၊
အိတ်ခ်ျအိုင်ဗွီနှင့် နေထိုင်နေသူ
ကလေးများ၏ မိသားစုများကို ကူညီပေးခြင်းနှင့်
သက်ဆိုင်ရာ လူမှုအသိုင်းအ၀ိုင်းမှ ကိုယ်တိုင်ပူးပေါင်း ဆောင်ရွက်လာကြစေရန်
အားပေးမြှင့်တင်ခြင်း
အစရှိသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးသည်။

Grater
Mekong Sub-Region (GMS)
မဲခေါင်မြစ်ဝှမ်းဒေသ

မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ နိုင်ငံများနှင့်အတူပူးပေါင်း၍
ဒေသဆိုင်ရာသင်တန်းအစီအစဉ်များကိုလည်း
ဆောင်ရွက်သည်။ The Regional Training Institute ခေါ် ဒေသဆိုင်ရာ သင်တန်းများ ပို့ချမှုအဖွဲ့သည် AIDS ACCESS အဖွဲ့၊ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့်
နေထိုင်နေသူများကွန်ယက်အဖွဲ့ခေါ်
Thai Network of People Living with HIV/AIDs
(TNP+)/ Medecins Sans Frontieres (MSF–Belgium)
နယ် ခြားမဲ့ဆရာဝန်များ (ဘယ်ဂျီယံ) အဖွဲ့တို့နှင့်
ပူးပေါင်းဆောင်ရွက်နေသည့် ပူးတွဲအဖွဲ့အစည်း ဖြစ်သည်။
အဆိုပါအဖွဲ့သုံးဖွဲ့သည်
ပူးတွဲအဖွဲ့အစည်းများအဖြစ် အတူလက်တွဲ၍ ပြုစုကုသခြင်း၊
ပညာပေးခြင်း၊ ကူညီထောက်ပံ့ခြင်း၊
မြှင့်တင်ရေး သင်တန်းများပို့ချခြင်းတို့ကို
ဆောင်ရွက်လာခဲ့သည်မှာ ဆယ်နှစ်ကျော်လာခဲ့ပြီဖြစ်သည်။
ဒေသဆိုင်ရာသင်တန်းပို့ချမှုအဖွဲ့သည် ထိုင်းနိုင်ငံအပါအ၀င် ဒေသတွင်းရှိ အိတ်ခ်ျအိုင်ဗွီ
/ အေအိုင်ဒီအက်စ် အဖွဲ့အစည်းများ၊ လူထုအခြေပြုအုပ်စုများ၊ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ဖြင့်နေထိုင်နေရသူများ၊ ကျောင်းသားများနှင့် ကျောင်းများ
အစရှိသည် တို့အတွက် မွမ်းမံသင်တန်းအများအပြားကို
ပို့ချပေးခဲ့သည်။

အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ပြုစုကုသခြင်းလုပ်ငန်းများအတွက်
ဒေသဆိုင်ရာသင်တန်းအစီအစဉ်များ
The Regional Training Project သည် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊
တရုတ်နိုင်ငံယူနန်ပြည်နယ်၊ လာအိုနှင့် မြန်မာနိုင်ငံများတွင်
သင်တန်းများဖွင့်လှစ်ပို့ချဆောင်ရွက်နေသည်။
အိန္ဒိယနှင့် နီပေါနိုင်ငံများတွင်
အလားတူ ဆောင်ရွက်နေသည်။ သင်တန်းများပို့ချခြင်းမှတဆင့်
အိတ်ခ်ျအိုင်ဗွီ
/အေအိုင်ဒီအက်စ်ကိစ္စ ဆောင်ရွက်နေ သည့် အဖွဲ့အစည်းများနှင့်
လုပ်သားများ၏ စွမ်းရည်မြင့်တက် လာစေရန် ဆက်လက်ဆောင်ရွက်နေသည်။
ထိုသို့ဆောင်ရွက်ခြင်းဖြင့်
အိတ်ခ်ျအိုင်ဗွီ
/အေအိုင်ဒီအက်စ်လုပ်သားများနှင့်
ကူးစက်ပျံ့နှံ့မှုဒဏ်ကို
ခံစားနေရ သောသူများနှင့် ၄င်းတို့၏ လူမှုအသိုင်းအ၀ိုင်းတို့၏အကြား အပြန်အလှန်
ပူးပေါင်းဆောင်ရွက်ခြင်း
ပိုမိုတိုးတက်ကောင်းမွန်လာစေသည်။

သင်တန်းအစီအစဉ်များမှတဆင့် ဒေသတွင်းအိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ပျံ့နှံ့မှု ခံစားနေရသော
လူပုဂ္ဂိုလ်များအတွက်
လိုအပ်သောအကူအညီနှင့် ၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသောအဖွဲ့အစည်းများ၏ ကျန်းမာရေး၊ ပညာရေး၊
ပြုစုကုသကူညီပေးရေးအစရှိသည့် စွမ်းဆောင်ရည်များ ပိုမိုကောင်းမွန်လာစေရန်
တည်ဆောက် နေပါသည်။

ဒေသဆိုင်ရာသင်တန်းအစီအစဉ်အဖွဲ့အနေဖြင့် သင်နှင့်သင့်အဖွဲ့ကို ကူညီရန်အတွက်
လိုအပ်သော သင်တန်းများကို ပို့ချပေးရန်
နည်းလမ်းများစွာ ထားရှိ အသုံးပြု နေပါသည်။
ဤစာအုပ်ငယ်ထဲတွင်ပါဝင်သော အချက်အ လက်
သတင်းများသည် သင်နှင့်သင့်အဖွဲ့အတွက် မည်သို့သော
သင်တန်းအမျိုးအစားများ
လိုအပ်နေ ကြောင်းကို ညွှန်ပြပေးပါလိမ့်မည်။

၂။ ဘတ်နမ့်ဖူးဘုန်းကြီးကျောင်း၊
လော့ဘူရီပြည်နယ်ရှိ ထမာရတ်က်အဖွဲ့
(Thammarak Foundation)

URL: www.aidstemple.th.org

တယ်လီဖုန်း - ၀၈၁-၈၃၁-၃၄၄၁ နှင့် ၀၃၆-၄၁၃-၈၀၅။ လိုင်းခွဲ - ၁၀၆

ဖက်စ် - ၀၃၆-၄၂၂-၆၀၀

အီးမေးလ် -aidstemple@hotmail.com,
budaids@hotmail.com, phrabatnampu@hotmail.com

အဆိုပါဘုန်းတော်ကြီးကျောင်းတွင် အေအိုင်ဒီအက်စ်ခံစားနေရသူများအတွက်
ကုတင်
(၄၀၀) ဆန့်သော ပြုစုစောင့်ရှောက်ရေးဌာနရှိသည်။
ကုမ္မဏီများနှင့် တသီးပုဂ္ဂလအလှူရှင်များ၏
ထောက်ပံ့မှုဖြင့် လည်ပတ်နေ ခြင်းဖြစ်သည်။

ပြုစုစောင့်ရှောက်ရေးနှင့် စီမံခန့်ခွဲရေးကိစ္စများအတွက်
တလလျှင်ဘတ်ငွေနှစ်သန်း အမေရိကန်ဒေါ်လာ ၄၀၀၀၀
(လေးသောင်း) ခန့်ကုန်ကျသည်။
လက်ခံရရှိသော အလှူငွေပမာဏသည် မူလကထိုကုန်ကျစရိတ်များ အား
ကာမိခဲ့သော်လည်း ထိုင်းနိုင်ငံစီးပွားရေးကျသွားသည့်
ဇူလိုင်လမှစ၍ အခက်အခဲများနှင့်
ရင်ဆိုင်လာရသည်။ လစဉ်လက်ခံရရှိသော အလှူငွေပမာဏသည် တလလျှင်ဘတ်ငွေနှစ်သိန်း၊ အမေရိကန်ဒေါ်လာ ၄၀၀၀ (လေးထောင်) အထိလျော့ကျသွားခဲ့သည်။ ထိုအကျိုး ဆက်ကြောင့် အေအိုင်ဒီအက်စ်နှင့်
နေထိုင်နေသူများထဲမှ ကျန်းမာရေးကောင်း၍ သန်စွမ်းသူများအား
ကြားကာလအတွင်း မိမိနေရပ်ရင်းသို့
ပြန်လည်နေထိုင်ရန် အတွက် စေလွှတ်ခဲ့ရသည်။

၃။ ထိုင်းလူငယ်လှုပ်ရှားမှုအစီအစဉ် (ချင်းမိုင်) THAI YOUTH ACTION PROGRAM,
Chiang Mai

URL:
www.tyap.org

တယ်လီဖုန်း - ၀၅၃-၂၇၄-၁၅၇ နှင် ၀၅၃-၈၀၈-၄၉၃

မိုဘိုင်း - ၀၈၆-၆၅၄-၅၁၄၄

ဖက်စ် - ၀၅၃-၈၀၈-၄၉၈

အီးမေးလ် - tyap@loxinfo.co.th

၁၉၉၅
ခုနှစ်တွင် တည်ထောင်၍
၂၀၀၄ ခုနှစ်တွင် တရားဝင်မှတ်ပုံတင်ခဲ့သည်။ ထိုင်းလူထုအကြားတွင် ထိုင်းယက်ပ် Thai Yap ဟုလူသိများသည်။  ဤအဖွဲ့သည် လိင်ပညာပေး၊
ကျားမလိင်ကွဲပြားခြင်းနှင့် တန်းတူညီမျှရေး၊ လိင်တူချင်းဆက်ဆံသည့်ကိစ္စများ၊
မူးယစ်ဆေးဝါး၊ ကလေးများအခွင့်အရေး၊
လူငယ်ကွန်ယက်များ တည်ဆောက်ခြင်းနှင့် သတင်းကွန်ယက်များတည်ဆောက်ခြင်း
အစရှိသည့်ကိစ္စများကို အလေးပေးဆောင် ရွက်သည်။
လစဉ်လတိုင်း ဤအဖွဲ့အနေဖြင့်
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့် စပ်လျဉ်းသည့်လှုပ်ရှားမှုများ ဆောင်ရွက်သည်။ ဥပမာအားဖြင့် ကွန်ဒုံးများဝေငှခြင်း၊
လူငယ်များအတွက်
သတင်းထောက်ပညာ
သင်တန်းများ ပို့ချခြင်းနှင့် သင်တန်းဆရာဖြစ်သင်တန်းများ
ပြုလုပ်ခြင်းတို့ဖြစ်သည်။
ပြီးခဲ့သည့်နှစ်တွင် လူငယ်များအကြား အိတ်ခ်ျအိုင်ဗွီ
/အေအိုင်ဒီအက်စ် ကာကွယ်ရေး အတွက် လှုပ်ရှားမှုအများအပြား
ဆောင်ရွက်ခဲ့ သည်။

၎။
ကလေးသူငယ်များ
ကူညီစောင့်ရှောက်ရေးအဖွဲ့
(ချင်းမိုင်)

Support
The Children Foundation, Chiang Mai

181/208
Moo 3, Potaram Rd.,
Chotananivade 2 Soi 6, Changpeuk District, Ampur Muang,

Chiang
Mai 50300 Thailand

URL:
www.support-children.org

တယ်လီဖုန်းနှင့်
ဖက်စ်
- ၀၅၃-၄၀၈-၄၂၄

ဤအဖွဲ့သည်
အစိုးရမဟုတ်သော
အဖွဲ့အစည်းတခုဖြစ်သည်။
အေအိုင်ဒီအက်စ်နှင့်နေထိုင်နေရပြီး စွန့်ပစ်ခံရသည့်ကလေးများကို
စောင့်ရှောက်ရန်အတွက် ၁၉၉၂ ခုနှစ်၊
စက်တင်ဘာလ
() ရက်နေ့တွင် တည်ထောင် ခဲ့သည်။ ထို့အပြင် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ကူးစက်ပြန့်ပွားမှုများ
ရပ်တန့်သွားစေရန်
ကြိုးပမ်း ဆောင်ရွက်ဖို့အတွက်လည်း
ရည်ရွယ်ထူထောင်ခဲ့ခြင်းဖြစ်သည်။

ဤအဖွဲ့ကြီးသည်
ထိုင်းနိုင်ငံတွင်
အိတ်ခ်ျအိုင်ဗွီကူးစက်ပျံ့နှံ့မှုပမာဏ
စတင်ကြီးထွားလာခဲ့သည့် ၁၉၉၂ ခုနှစ်တွင်
တည်ထောင်ခဲ့ခြင်းလည်းဖြစ်သည်။ ထိုအချိန်က
အေအိုင်ဒီအက်စ်နှင့်နေထိုင်နေသော
ကလေးများအား ဆေးရုံများတွင်စွန့်ပစ်ထားခဲ့ကြ၍
လက်ခံစောင့်ရှောက်မည့်နေရာ
မရှိသည့်ကာလလည်းဖြစ်သည်။ ထို့အပြင် ထိုအချိန်ကအေအာရ်ဗွီဆေးဝါးများလည်း ကလေးများအတွက်
လွယ်လွယ်နှင့်မရရှိနိုင်သော ကာလလည်း ဖြစ်ခဲ့သည်။

ထိုအချိန်ကထားရှိခဲ့သော စိတ်ကူးသည်
အေအိုင်ဒီအက်စ်နှင့်နေထိုင်နေသောကြောင့် စွန့်ပစ်ခံရသော
ကလေးသူငယ်များအား
မိသားစုဆန်ဆန်အ၀န်းအ၀ိုင်းတွင်
ထားရှိကူညီစောင့်ရှောက်ရေးဖြစ်သည်။ လွန်ခဲ့သည့်
လေးနှစ်မှစတင်၍ အဖွဲ့အနေဖြင့်
အဆင့်အတန်းမှီသော အေအာရ်ဗွီဆေးဝါးများ ကလေးသူငယ်များအတွက်
ပံ့ပိုးပေးနိုင်လာခဲ့သည်။
ထိုကာလမှစ၍ စောင့်ရှောက်ထားသော ကလေးသူငယ်များ သေဆုံးခြင်းမရှိတော့ပဲ
ကူးစက်ရောဂါများ၏
  ပြန့်ပွားနှုန်းလည်း သိသိသာသာ လျော့ကျသွားခဲ့သည်။ ယခုအခါ
ထိုကလေးသူငယ်များသည် အခြားသောသာမန်ကလေးများကဲ့သို့
ကျန်းမာ၍ သက်တောင့်သက်သာရှိသော
ဘ၀အခြေအနေ များတွင် နေထိုင်လျှက်ရှိသည်။

ဤအဖွဲ့ကြီးတွင်
ကလေးများအတွက်
ချင်းမိုင်မြို့တွင်
စောင့်ရှောက်ရေးဌာန လေးခုဖွင့်လှစ်ထားရှိသည်။ နို့စို့အရွယ်
အေအိုင်ဒီအက်စ်နှင့်နေထိုင်နေသူကလေး (၂၄) ယောက်အား ခြောက်ဦးစီခွဲ၍ ဌာနတခုစီတွင် ထားရှိ
သည်။ နို့စို့အရွယ်ကလေးများကို ဤသို့ခွဲ၍ထားခြင်းသည် ကလေးငယ်တို့၏သဘာဝအရ
ကိုယ်ခံစွမ်းအား လူကြီးများထက် နိမ့်ပါးသောကြောင့် ပြင်းထန်သောကူးစက်ရောဂါများ
ကူးစက်ခံရလွယ်သည်။ ထို့ကြောင့် လူအုပ်စု ထူထပ်စွာနေထိုင်ခြင်းကို
ရှောင်ရှားရန် လိုအပ်သော ကြောင့်ဖြစ်သည်။
ကလေးသူငယ်များအား ပြင်ပသို့ထွက်၍လည်ပတ်စေခြင်း၊ ရေကူးခြင်း၊
ဈေးဝယ်ထွက်ခြင်း
အစရှိသည့်နေရာများသို့
မိမိကိုယ်ပိုင် ကလေးများသဖွယ် သဘောထား၍ မှန်မှန်ခေါ်ဆောင်သွားလေ့ရှိသည်။
ယခုအခါ စောင့်ရှောက်ထားသော
ထိုကလေးသူငယ်များသည် မူလတန်းကြိုမှစ၍ သုံးတန်း အထိ
သာမန်ကျောင်းများတွင် အခွဲခြားမခံရပဲ
ပညာသင် ကြားယူနေကြပြီ ဖြစ်သည်။

ဤအဖွဲ့၏ ကလေးသူငယ်များစောင့်ရှောက်ရေး
လုပ်ငန်းများအတွက် ကူညီနေသော အလှူရှင်များမှာ
Association
Francois-Xavier 
အဖွဲ့ဖြစ်၍
ထပ်မံကူညီနေသောအဖွဲ့အစည်းများမှာ
British Community for Needy People နှင့် Norwegian Business in Thailand တို့ဖြစ်သည်။ လိုအပ်နေသော
အေအာရ်ဗွီဆေးဝါးများကို
ထိုင်းအစိုးရ Department
of Communicable Disease Control of Ministry of Public Health/ Glaxo-Wellcome
အဖွဲ့၊ Bristo-Myer-Squibbs အဖွဲ့၊ Roche Thailand အဖွဲ့နှင့် Norwegian Business in Thailand အဖွဲ့များမှတဆင့် လက်ခံရရှိသည်။

၅။
အိတ်ခ်ျအိုင်ဗွီ
/အေအိုင်ဒီအက်စ်နှင့် နေထိုင်နေသူများကွန်ယက်အဖွဲ့၊ ဘန်ကောက်
ခေါ်
THAI
NETWORK OF PEOPLE LIVING WITH HIV/AIDS (TNP+), Bangkok

URL:
www.thaiplus.net

တယ်လီဖုန်း - ၀၂-၃၇၇-၅၀၆၅

ဖက်စ် - ၀၂-၃၇၇-၉၇၁၉

အီးမေးလ် - tnpth@thaiplus.net

ဤအဖွဲ့သည်
ထိုင်းနိုင်ငံတွင်
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ကိစ္စများကို
တက်ကြွစွာဆောင်ရွက်နေသော အဖွဲ့များထဲမှတဖွဲ့ဖြစ်သည်။
နိုင်ငံတကာအဖွဲ့အစည်းများ အကြားတွင်လည်း ဤအဖွဲ့၏အရှိန်ပြင်းပြင်းဖြင့် ဆောင်ရွက်နေသော
လှုပ်ရှားမှုများအတွက် အထူးအသိအမှတ်အပြု
ခံရသောအဖွဲ့လည်းဖြစ်သည်။ ၁၉၉၅ နှင့် ၁၉၉၆ ခုနှစ်များတွင်
ထိုင်းနိုင်ငံအတွင်းရှိ
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့် နေထိုင်နေသူများကိုယ်တိုင် ကစတင်၍ ကူညီထောက်ပံ့မည့်အဖွဲ့များကို ဖွဲ့စည်းရန် စတင်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ကူညီထောက်ပံ့မည့်အဖွဲ့များကို ဖွဲ့စည်းရခြင်း၏
ရည်ရွယ်ချက်သည် သူတို့ကိုယ်တိုင်
လူမှုနယ်ပယ်ထဲတွင် ခွဲခြားဆက်ဆံခံရခြင်း နှင့်
ထိုင်းပြည်သူများ အကြား အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့် စပ်လျဉ်းသော အသိဗဟုသုတနည်းပါးခြင်းတို့ကို
ရင်ဆိုင်ခဲ့ရခြင်းတို့ကြောင့်ဖြစ်သည်။
ထိုသို့ အုပ်စုလေးများ ဖွဲ့စည်း၍ အချင်းချင်းတွေ့ဆုံကာ အတွေ့အကြုံများနှင့် ရင်ဆိုင်နေရသောပြဿနာများကို မည်သိုဖြေရှင်းရမည်ဆိုသည်ကို ဆွေးနွေးခြင်းဖြင့်
တဖွဲ့နှင့်တဖွဲ့ စိတ်ပိုင်းဆိုင်ရာအရ
အပြန်အလှန်ကူညီကြရန်ဖြစ်သည်။ ထိုအဖွဲ့လေးများသည် ထိုအချိန်က ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် ဘန်ကောက်တွင်
ရှိခဲ့ကြသည်။ ၁၉၉၅ ခုနှစ်
ချင်းမိုင်တွင်ကျင်းပခဲ့သည့် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့် နေထိုင်နေသူများ အပြည်ပြည်ဆိုင်ရာညီလာခံအပြီးတွင်
ထိုင်းနိုင်ငံ၏ အခြားသော ဒေသများတွင်ရှိသော အိတ်ခ်ျအိုင်ဗွီ
/အေအိုင်ဒီအက်စ်နှင့် နေထိုင်နေသူများလည်း သက်ဆိုင်ရာနေရာဒေသများတွင်
အစုအဖွဲ့များဖွဲ့စည်းရန် ဖြစ်ပေါ်ခဲ့ပေသည်။
နောက်ပိုင်းတွင် အားလုံးသောအဖွဲ့များစုစည်း၍
အိတ်ခ်ျအိုင်ဗွီ
/ အေအိုင်ဒီအက်စ်နှင့် နေထိုင်နေသူများကွန်ယက်အဖွဲ့ဟု
ဖွဲ့စည်းလုပ်ကိုင်လာခဲ့ကြသည်။ ထို့အပြင်
အချို့ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အစိုးရဌာနဆိုင်ရာ
အဖွဲ့အစည်းများမှလည်း
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီ အက်စ်နှင့် နေထိုင်နေသူများထပ်မံ၍ အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရန်
အကူအညီများပေးခဲ့သည်။ အိတ်ခ်ျအိုင်ဗွီ
/အေအိုင်ဒီအက်စ်နှင့်နေထိုင်နေသူများ၏ အဖွဲ့အစည်းများ အဓိကထား၍ဆောင်ရွက်သော
လှုပ်ရှားမှုများမှာ အဖွဲ့ဝင်များအတွင်း လိုအပ်သည့်ကူညီမှုများနှင့်
ထောက်ပံ့မှုများပေးရေးဖြစ်သည်။

လစဉ်လတိုင်း အဖွဲ့ဝင်များအချင်းချင်းတွေ့ဆုံ၍
လိုအပ်သောသတင်းအချက်အလက်များ
ပံ့ပိုးပေးခြင်း၊ မိတ်ဆွေသူငယ်ချင်းများနှင့် တွေ့ဆုံနိုင်ရန်
စီစဉ်ဆောင်ရွက် ပေးခြင်း
အစရှိသည်တို့ကိုဆောင်ရွက်သည်။ အကယ်၍ စီးပွားရေးအခြေအနေနှင့် အခြားအခြေအနေအကြောင်းကြောင်းကြောင့်
အစည်းအဝေးသို့မလာရောက်နိုင်သူ
အဖွဲ့ဝင်များထံသို့ အိမ်တိုင်ယာရောက်
လည်ပတ်တွေ့ဆုံခြင်းမျိုးကိုလည်း ဆောင်ရွက်ပေးသည်။
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့် နေထိုင်နေသော
ကလေး သူငယ်များ၏ ပညာရေးအတွက်လည်း
လိုအပ်သောရံပုံငွေများ ရရှိစေအောင်ဆောင်ရွက်ပေးကြသည်။
နောက်ပိုင်းတွင်
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့်
နေထိုင်နေသူများ၏အဖွဲ့အစည်းများသည် လူထုအတွင်း
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့် နေထိုင်နေသူနှင့် ပတ်သက်သည့်
သတင်းအချက်အလက်များနှင့်
အသိပညာပေးရေး၊ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့် နေထိုင်နေသူများ ရင်ဆိုင်နေရသော ဆက်စပ်နေသည့် ပြဿနာများကို ကူညီဖြေရှင်းပေးသူများအဖြစ်
တဆင့်တိုးတက် ပြောင်းလဲလာခဲ့သည်။ ထို့အပြင်
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့် နေထိုင်နေသူများ ကိုယ်တိုင်
အိတ်ခ်ျအိုင်ဗွီ
/အေအိုင်ဒီအက်စ်နှင့် နေထိုင်နေ သူများ၏ အရေးကိစ္စများကို
ထိထိရောက်ရောက် ၀င်ရောက်ပူးပေါင်းဖြေရှင်းရန်
တွန်းအားပေးကူညီခဲ့ကြသည်။

၆။
အေအိုင်ဒီအက်စ်ဆိုင်ရာ
အစိုးရမဟုတ်သော ထိုင်းလူမျိုးများညွှန့်ပေါင်းအဖွဲ့ ခေါ် THAI NGO COALITION ON AIDS

URL:
www.tncathai.org

တယ်လီဖုန်း - ၀၂-၉၅၃-၅၃၅၅ မှ ၅၃၅၆ အထိ

ဖက်စ် - ၀၂-၉၅၂-၅၁၈၀

အီးမေးလ် - tnca@tncathai.org

ဆက်သွယ်ရန်။ ။ ဆရာတော်ဆာနန်ဝုတ်တိမှာ စီအေအမ်အဖွဲ့၏
တာဝန်ခံဖြစ်ပြီး ဤအဖွဲ့မှာ ကမ္ဘာအ၀ှမ်း
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်အရေး လုပ်ကိုင်ဆောင်ရွက်နေသော
ဒေသခံအဖွဲ့အစည်းများအတွင်း
ပူးပေါင်း ဆောင်ရွက်သည့်အဖွဲ့ဖြစ်သည်။

တယ်လီဖုန်း - ၀၈၁-၅၉၅-၃၄၅၈

ဆရာတော်သည် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ပြဿနာများ
စတင်ကြီးထွားလာသည့် ကာလကတည်းက
ထိုင်းနိုင်ငံမြောက်ပိုင်းတွင်အခြေစိုက်ကာ ထိုကိစ္စများကို
ဆောင်ရွက်နေသူများအထဲမှ
တဦးဖြစ်သည်။ စီအေ အမ် CAM အဖွဲ့သည် အခြားသောအဖွဲ့အစည်းများနှင့်လည်း လက်တွဲ၍ AIDS Network Development
Foundation (AIDSNet)
အဖွဲ့အနေဖြင့်လည်း
ဆောင်ရွက်နေသည်။
ဤအဖွဲ့အစည်းနှစ်ခုသည် Thai Network of People living
with HIV/AIDS
ဟုခေါ်သည့် TNP+ Upper North အဖွဲ့ကိုလည်း တဖက်တွင်ကူညီပံ့ပိုးနေသည်။

၇။
ဝယ်ယူစားသုံးသူများအတွက်
ဖောင်ဒေးရှင်း ခေါ် FOUNDATION FOR CONSUMER နွံထဘူရီမြို့

URL:
www. consumerthai.org

တယ်လီဖုန်း -၀၂-၉၅၂-၅၀၆၀ မှ ၅၀၆၂ အထိ

ဖက်စ် - ၀၂-၅၈၀-၉၃၃၇

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top