4
Aug

အိပ်ခ်ျအိုင်ဗီရှိသူများအတွက် ဆေးခန်းလမ်းညွှန်

မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗီပိုး သယ်ဆောင်နေထိုင်သူ ခန့်မှန်းခြေစုစုပေါင်း ၂၃၀,၀၀၀ ကျော်ရှိသည်။

အဆိုပါ အိပ်ခ်ျအိုင်ဗီပိုးသည် လိင်ဆက်ဆံခြင်း၊ သွေးသွင်းခြင်း၊ မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူများအနေဖြင့် အသုံးပြုသော အပ်များ အတူမျှဝေသုံးစွဲခြင်းတို့မှ ကူးစက်လျက်ရှိသည်။

အိပ်ခ်ျအိုင်ဗီပိုးကူးစက်ခံရသူအများစု၏ ပြောကြားချက်အရ အဆိုပါရောဂါပိုး ကူးစက်ခံရပြီဆိုသည်နှင့် ကြောက်ရွံ့ ထိတ်လန့်ခြင်း၊ လူသိမခံလိုခြင်း၊ ကောက်ရိုးတစ်ပင်ကဲ့သို့ ကယ်ဆယ်ရာ ရှာဖွေခြင်း စသည်တို့ကို ခံစားရပြီး လွဲမှားသော အပြုအမူအတွေးအခေါ် များကို အရင်ဆုံး ပြုမူတတ်ကြကြောင်း သိရသည်။

တချို့က လူသိမခံဘဲ အသေသာခံသွားတော့မည်ဟု တွေးမိခဲ့ကြသည်။ တချို့က ကြားဖူးနားဝ တိုင်းရင်းဆေးများနှင့် ကုသခြင်း တို့ဖြင့် ငွေကုန်လူပန်းဖြစ်ကာ အကျိုးမရှိ အချိန်ကုန်နေတတ်ခဲ့ကြပြန်သည်ဟုဆိုသည်။

သို့ဖြစ်၍ ဤရောဂါပိုး ကူးစက်ခံရပြီဆိုသည်နှင့် တတ်ယောင်ကား ကြိတ်ကုနေမည့်အစား တတ်ကျွမ်းသူ ဆရာဝန်များရှိရာသို့ အမြန်ဆုံးသွားရောက်ကာ တိုင်ပင်ဆွေးနွေး၊ အကြံဉာဏ်ယူသင့်ကြောင်း အိပ်ခ်ျအိုင်ဗီပိုး ကိုယ်တိုင် ခံစားနေကြရသူများကပြောသည်။

ခက်သည်က ထိုသို့သွားလိုသော်လည်း ဘယ်ကိုသွားလို့ သွားရမှန်းမသိ ဖြစ်နေတတ်ပြန်သည်ဟုဆိုကြပြန်သည်။

အိပ်ခ်ျအိုင်ဗီပိုးဖြင့် နေထိုင်နေသူများဖြစ်ပြီး အဆိုပါရောဂါပိုး ရှိသူများအား ကူညီထောက်ပံ့မှုများ ပေးနေသော Myanmar Phoenix Association မှ သဘာပတိဖြစ်သူ ဦးသီဟကြိုင် အဆိုအရ မဂ္ဂဇင်းတစ်စောင်တွင် ပါသော အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ်ရောဂါသည်များအား ဆေးဝါးကုသမှုများပေးနေသည့် ဆေးခန်းလိပ်စာကြောင့်သာ ယနေ့အထိ သူအသက် ရှင်သန်ရပ်တည်နေနိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

သို့ဖြစ်၍အိပ်ခ်ျအိုင်ဗီပိုးရှိ လူနာများသွားရောက် ဆက်သွယ်နိုင်သည့် ၀န်ဆောင်မှုဌာန များအား ရေးသားဖော်ပြ လိုက်ရပါသည်။

မင်္ဂလာဒုံ အထူးကုဆေးရုံကြီး ကျိုက္ကလို့မှတ်တိုင်၊၊
သဘာဝဓာတ်ငွေ့ ဆိုင်ရှေ့၊ ပြည်လမ်း၊ မင်္ဂလာဒုံမြို့။
ဖုန်း- ၆၃၅ ၂၉၉

ဝေဘာဂီဆေးရုံကြီး
မေဒါဝီလမ်းမအဆုံး (၆ ကွေ့မှတ်တိုင်) ဝေဘာဂီမြို့သစ်၊ မြောက်ဥက္ကလာပ
မြို့နယ်။ ဖုန်း- ၆၉၀ ၁၁၉၊ ၆၉၀ ၁၇၄

AZG
၅၇-၅၈၊ ဧရာဝဏ်လမ်း၊ မြခွာညို၊ (၈)ဂိတ်မှတ်တိုင်အနီး၊ ဖုန်း-၅၄၇၀၆၅။
လှိုင်သာယာ၊ ရွှေရင်အေးဈေးအနီး၊ ဗိုလ်အောင်ကျော် လမ်း၊ (၁၉) ရပ်ကွက်။

AFXB
အမှတ် ဗ၊ ယိုးဒယားလမ်း (၉)မိုင် မှတ်တိုင်၊ ပြည်လမ်း၊ ရန်ကုန်။ ဖုန်း- ၆၆၀ ၆၇၃

Alliance
အမှတ် (၇)ဗ (၆)၊ ရန်ကင်း၊ ရန်ကုန်၊ ဖုန်း- ၅၄၀ ၅၄၂၊ ၅၅၈ ၀၉၀၊

PSI
QC ဆေးခန်း၊ အမှတ် ၁၊ ထီးတန်း (၄)လမ်း၊ ကြည့်မြင်တိုင်။ ဖုန်း- ၇၂၀ ၃၉၃

ရတနာ့မေတ္တာ
၄၀၆ ဆေးခန်း၊ အမှတ် (၄၀၆)၊ အောက်ပုဇွန်တောင်လမ်းမကြီး၊
ရေအရင်းအမြစ်ရုံးနှင့် ညောင်တန်းအိမ်ယာကြား

ဦးသီဟကြိုင်(Myanmar Phoenix Association)
ဖုန်း- ၀၉ ၅၀၅ ၉၁၇၂

ဦးမျိုးဇော်ဦး (Myanmar Phoenix Association)
ဖုန်း- ၀၁- ၇၂၅ ၉၅၄

myozawoo.2009@gmail.com
ကိုအောင်ကျော် (အိပ်ခ်ျအိုင်ဗီဆိုင်ရာ နှစ်သိမ့်ဆွေးနွေး အကြံပေးသူ)၊
ဖုန်း- ၀၁- ၃၇၇ ၉၄၅

ခင်မြတ်
Myanmar Times - အတွဲ ၂၆၊ အမှတ် ၅၀၂ (၂၁ - ၂၇၊ ၁၊ ၂၀၁၁)

Comments

  1. ကျွန်တော် ကွန်ဒုံသုံပြီးဆက်ဆံခဲတယ် မပေါက်ဘူး ဒါပေးမဲ ပြီတဲအခါမှာသူက SNOWN TOWER ဆွဲထုတ်ပေးခဲတယ် ကျွနိတော်မသေချာက သူ က သုံးပြီတာ SNOWN TOWER ကျွန်တော်လိပ်တံကိုသုတ်ပေးတတာလာ သို မဟုတ်အသစ်လား သူရဲအရည် က ကျွန်တော်လိပ်တံထိခဲလျှင်ကူနိုင်လား

  2. hongue says:

    Where in Mandalay?Please reply me.

  3. hongue says:

    Where in mandalay?Please reply me .

  4. pannuseesar says:

    ထိုင်းနိုင်​ငံမဲ​ဆောက်​မြို့တွင်​hiv aids နှစ်​သိမ့်​​ဆွေး​နွေးအကူအညီ​ပေး​သော
    အဖွဲ့များရှိပါသလား ရှိပါကမြန်​မာပြည်​သားများအားအကူအညီ​ပေးပါသလားဖုန်းနံပါတ်​ တည်​​နေရာများသိလိုပါသည်​​ကျေးဇူးပြု၍​ဖြေကြား​ပေးပါခင်​ဗျား

  5. lynn says:

    whrere can i find Hiv free test provided by NGO within yangon?

    1. thehimmoderator says:

      If you phone PSI or UNAIDS in Yangon they will point you to free testing services. [him] moderator

  6. aung aung says:

    mandalay မှာ HIV ဆေးစစ်လိ့၇မယ့်နေ၇ာလေးပြောပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top