15
Jun

အပျော်ဆိုတာ ရှောင်


 

“ဒီအတွေ့
အကြုံ ကတော့ ကျွန်တော့် ဘဝမှာ မေ့မရ နိုင်တော့ ပါဘူးဗျာ။ အလွန်ပဲ နာကျင်ခံစား ရတဲ့
သင်ခန်းစာ ပါပဲ”။
 

၁၉၈၉
ခုနှစ်၊ မေလ ၁၂ ရက်နေ့မှာ ကျွန်တော် လက်ထပ် ခဲ့ပါတယ်။ ဒီမတိုင်ခင်က ကျွန်တော်ဟာ
မိန်းကလေး တွေနဲ့ ပရောပရီ နေခဲ့ပေမယ့် AIDS ပြဿနာက ခုနေခါလောက် ရေးကြီး ခွင်ကျယ်
မဟုတ်ပါဘူး။
 

လက်ထပ်ပြီးတဲ့
အခါမှာတော့ ကျွန်တော်က ကျွန်တော့် မိန်းမကို အတူ နေကြစဉ်မှာ ကွန်ဒုံး သုံးကြဖို့
တိုက်တွန်း ခဲ့ပါတယ်။ ဆေးကဒ်တွေ ဘာတွေတော့ မသုံးစေချင်ဘူး။ သူ့မျက်နှာ အလှပျက်မှာ
စိုးလို့ပါ။ ဒါဟာလည်း ကလေး မလိုချင် သေးလို့ ပါလို့ မိန်းမကို ပြောခဲ့ပါတယ်။
 

၁၉၉၁
ခုနှစ် လောက်မှာတော့ ကျွန်တော်တို့ ကလေးယူဖို့ ဆုံးဖြတ် ခဲ့ကြ ပါတယ်။ ဒါကြောင့်
ကျွန်တော်တို့ ဆေးရုံမှာ သွေးစစ် ခဲ့ကြတော့ နှစ်ယောက်စလုံး ဆေးအောင် ကြပါတယ်။ ၁၉၉၁
ခုနှစ် နိုဝင်ဘာမှာ ကျွန်တော့် မိန်းမ ကိုယ်ဝန် ဆောင်ပါတယ်။ သူက သမီးလေး တစ်ယောက်
မွေးပေး ပါတယ်။ ကိုယ်အလေးချိန် ၃ ဒဿမ ၄ ကီလိုရှိပြီး အလွန် ကျန်းမာတဲ့
သမီးလေးပါပဲ။
 

ကျွန်တော့်
ကျန်းမာရေး ကလည်း ကောင်းနေတာမို့ ကျွန်တော်ဟာ အခြား မိန်းကလေးတွေနဲ့ ပြန်ပြီး
ပရောပရီ လုပ်မိပါတယ်။ ကျွန်တော်ဟာ အဲဒီအချိန်မှာ လောင်းကစားလည်း ဖက်လာတာမို့ အိမ်
သိပ်မကပ် ဖြစ်ပါဘူး။ ဒါပေမဲ့ ၁၉၉၃ ခုနှစ်မှာတော့ ကျွန်တော်တို့ နောက်ထပ် သားသမီး
လိုချင်ခဲ့ ပြန်တာမို့ သွေး သွားစစ်ကြပါတယ်။ ဒီတစ်ခါတော့ ကျွန်တော် ဆေး မအောင် တော့ပါဘူး။
ကျွန်တော် အကြီး အကျယ် တုန်လှုပ်ချောက်ချား သွားပါတယ်။ ဝမ်းနည်း ပက်လက်လည်း ဖြစ်ရပါတယ်။
 

ကျွန်တော့်
မိန်းမကတော့ ကျွန်တော့်ကို အတော်ကလေး ဂရုစိုက် ရှာပါရဲ့။ ကျွန်တော်ဟာ လုပ်လက်စ အမူ
အကျင့်တွေ ဖျောက်ပြီး အလုပ်ထဲမှာပဲ ဇွတ်နှစ် နေခဲ့ပါတယ်။ ဒီမှာတင် ကျွန်တော်နဲ့ ဘဝတူ
မိန်းမ တစ်ယောက်ကို တွေ့ပါရော။ ရောဂါသည်ချင်း အတူတူဆိုတော့ တစ်ယောက် ဘဝကို
တစ်ယောက် ပိုနားလည် ကြတာပေါ့လေ။ ကြည့် .... သူကလည်း လောင်းကစား ဝါသနာ အိုးပဲ
မဟုတ်လား။ သူက ကျွန်တော် လောင်းကစားဖို့ ပိုက်ဆံတွေ ရှာပေးခဲ့ ပါတယ်။ အဲဒီ
အချိန်တွေ တုန်းကတော့ ကျွန်တော် အလွန် ပျော်ခဲ့တာ ပေါ့ဗျာ။ ကျွန်တော်ဆို
ကြက်တိုက်တဲ့ အဆင့်ထိ ရောက်ခဲ့ ပါရော။ ဒါနဲ့ ကျွန်တော်ဟာ နောက်မိန်းမ နဲ့အတူ
အိမ်တစ်လုံး ငှားနေခဲ့ ပြန်ပါတယ်။ ကျွန်တော်တို့ အတူ နေတုန်းမှာ ကွန်ဒုံး
သုံးပါတယ်။ (ကျွန်တော့် ပထမ မိန်းမကတော့ ကျွန်တော် တည်ထောင် ထားတဲ့ လျှပ်စစ်
ပြုပြင်ရေး လုပ်ငန်းကနေ ဝင်ငွေ ရခဲ့ပါရဲ့)။
 

၁၉၉၇
ခုနှစ်မှာတော့ ကျွန်တော့် မိန်းမသစ်ဟာ အကြီးအကျယ် ဖျားနာတော့ တာပါပဲ။ ကျွန်တော်လည်း
သူ့ဇာတိ လန်းပန်းကို ပြန်သွား ချိန်ထိ တတ်နိုင် သလောက် ပြုစုပေမယ့် အဲဒီ နှစ်ထဲမှာပဲ
သူဆုံးပါး သွားပါတော့တယ်။
 

၁၉၉၈
ခုနှစ်မှာတော့ ကျွန်တော်ဟာ မူရင်း အိမ်ကို ပြန်ပြီး လျှပ်စစ်ပစ္စည်း ပြုပြင်ရေး
အလုပ်တွေ လုပ်ခဲ့ပါတယ်။ ခြင်တွေ အရမ်းကိုက်ပြီး ထိုင်လုပ်ရတဲ့ အလုပ်ဆိုတော့ ကျွန်တော့်
ကိုယ်ပေါ်မှာ ယားယံဖုတွေ ထွက်လာတယ်ပဲ ထင်တာပေါ့လေ။ ဒါပေမဲ့ ဘာမှ မကြာလိုက်ပါဘူး။
ကျွန်တော့်မှာ ခေါင်းကိုက် ရောဂါ စွဲလာတော့ တာပါပဲ။ တခြားလက္ခဏာ တွေလည်း ပြလာ ပါတော့တယ်။
အကိုက်အခဲ ပျောက်ဆေးတွေ သောက်ပေမယ့် မသက်သာ ပါဘူး။ အအိပ် အစား တွေလည်း ပျက်လာ ပါတယ်။
အဲဒီ အချိန်တွေမှာ ကျွန်တော့် မယားကြီးက အလွန်ပဲ ဂရုစိုက် ရှာပါရဲ့။ ဆရာဝန် ဆီလည်း
လိုက်ပြ ပေးပါတယ်။ ကုသဆောင်မှာ သုံးရက် နေခဲ့ရတဲ့ အတွင်း ကျွန်တော့် ကျန်းမာရေး
ပြန်ကောင်း လာသလို ပါပဲ။ ဂရုတစိုက် ကုသမှု ခံယူရင်း ဝတ်ပြု ဆုတောင်း သမှုတွေလည်း
ပြုနိုင် ခဲ့ပါတယ်။
 

အဲ
.... အိမ်ပြန် ရောက်တော့ ကျွန်တော်ဟာ ပိုနေမြဲ ကျားနေမြဲ ဆိုတာလို ကြက်ဝိုင်း ပြန်ရောက်လို
ရောက်ပေါ့လေ။ ကြက်ငှက် ရောဂါ ခံစား ကူးစက် တတ်တယ်ဆိုတာ ကျွန်တော် မသိခဲ့ပါဘူး။
 

၁၉၉၉
ခုနှစ်၊ အောက်တိုဘာ လမှာ ကျွန်တော် အကြီးအကျယ် ဖျားနာ ပါလေရော။ ကိုယ်ပူတယ်။ ခေါင်းကိုက်တယ်။
မောတယ်။ ဒါနဲ့ ကျွန်တော် ဆေးရုံ တစ်ခေါက် ရောက်ပြန်ရော ဆိုပါစို့။ ဒီတစ်ခေါက်တော့
ကျွန်တော့် ကျော အဖောက် ခံရပါတယ်။ ဒီမှာတင် “ပေါင်ချော” အသင်းမှာ သွားနေဖို့ ကျွန်တော်
ဆုံးဖြတ်ရပါ တော့တယ်။ အဲဒီမှာက ပြုပြင် ထိန်းသိမ်းရေး ကိစ္စတွေ အများကြီး
လုပ်ရတာကိုး။ ဆရာဝန် တွေကလည်း အထူး ဂရုစိုက်ကြတယ် ပြောတာပဲ။ (ကျွန်တော်ဟာ ဆေး ပုလင်း
၄၂ ပုလင်း ထိသောက်ခဲ့ ရပါတယ်)။
 

အဲဒီကစပြီး
ကျွန်တော်ဟာ ကိုယ့်လို ရောဂါရှင် တွေကို အားပေးဖို့ ကူညီဖို့ ဆုတောင်း ပတ္တနာ ပြုဖို့တွေကို လုပ်ရင်း ဘဝကို ရဲရဲ ရင်ဆိုင် ဖြေရှင်းဖို့ နားလည် သွားပါ တော့တယ်ဗျာ
.....။
 

၁၉၉၉
ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျွန်တော့် မိန်းမလည်း သွေးစစ်ခံ ခဲ့ပါတယ်။
ကြည့်စမ်း။ သူ ဆေးအောင်တယ်။ AIDS ရောဂါ မဖြစ်ဖူးတဲ့။
 

ခုဆိုရင်
ကျွန်တော်တို့ လင်မယား နှစ်ယောက် “ပေါင်ချော” ကလပ် အသင်းမှာ အတူတွဲပြီး ကူညီ လုပ်ကိုင်
နေကြပါပြီ။ သူငယ်ချင်း တွေကိုရော၊ အခြား ဝေဒနာရှင် တွေကိုပါ ကျွန်တော်တို့ လင်မယား
အကူအညီ အကြံဥာဏ်တွေ ပေးနိုင် ခဲ့ပါပြီ။

သုမောင် - ကျေးဇူးပဲ AIDS

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top