1
Sep

အမေးအဖြေ (၆၅) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. ၂ နာရီနောက်မှာ ecee2 ဆေး ၁ လုံးသောက်ခဲ့ပါတယ်။
2. ဒါပေမဲ့ ရာသီလာခါနီး အရမ်းငိုတာပဲဆရာ။
3. သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးချင်လို့ပါ။
4. HIV test သီးသန့်စစ်မှ ပိုးရှိ-မရှိ သိနိုင်တာလား။
5. နားနှင့်မနာ ဖဝါးနှင့်နာဆိုသလိုပါပဲ၊
6. ကျားအင်္ဂါထွားဆေးလို့ ဆိုထားပါတယ်။
7. I would like to know that the side effect of Maxman
8. VDRL reactive 2dil ဆိုတာ ဘာကိုဆိုလိုတာလဲဗျ။
9. စကားရိုင်းမိရင် တောင်းပန်ပါတယ်
10. ဆီးသွားပြီးခါနီးအခါတိုင်း မခံနှိင်အောင် ပြန်ကျင်လာပါတယ်။

Thu, Aug 23, 2012 at 11:52 AM
သမီး အသက် ၁၉ နှစ်ရှိပါပြီ။ သမီးချစ်သူနဲ့ ၂၂-၇-၂ဝ၁၂ မှာ အကာအကွယ်မပါပဲ လိင်ဆက်ဆံမိခဲ့ပါတယ်။ အဲ့ဒီတခါတည်းပါ။ လိင်ဆက်ဆံပြီး ၂ နာရီနောက်မှာ ecee2 ဆေး ၁ လုံးသောက်ခဲ့ပါတယ်။ နောက် ၁၂ နာရီခြားမှာ နောက်တလုံးသောက်ခဲ့ပါတယ်။ ပုံမှန်ဆို အဲ့ဒီလ ၂၈ ရက်နေ့မှာ ရာသီလာရမှာ ဖြစ်ပေမယ့် အခု သြဂုတ်လ ၂၃ ရက်နေ့ ရောက်တဲ့အထိ ရာသီမလာသေးလို့ပါ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ဖျားတာနဲ့ အဖျားပျောက်ဆေးတွေရော ဆေးခန်းမှာ အဖျားကျတဲ့ဆေးပါ ထိုးခဲ့ပါသေးတယ်။ နောက်ပြီး ရာသီမလာသေးလို့ စိုးရိမ်ပြီး သွေးဆေးတွေလည်း အခုရက်ပိုင်း သောက်ထားပါသေးတယ်။ အဲ့ဆေးတွေကြောင့် ecee2 က အာနိသင်မရှိတော့တာရော ဖြစ်နိုင်ပါသလား။ သူများတွေကတော့ ecee2 သောက်ရင် ပုံမှန်ထက် ရာသီလာတာ နောက်ကျသွားတယ်လို့ေ ပြာပါတယ်။ အဲ့ဒါ စိုးရိမ်နေသလို ကိုယ်ဝန်ရှိတာလား။ ကိုယ်ဝန်မရှိတာလား။ ဘယ်လိုကြောင့် ရာသီမလာရသေးတာလဲ။

အရေးပေါ်တားဆေးကို အဲလိုသောက်ရင် ကိုယ်ဝန်မရစေနိုင်ပါ။ ၁ဝဝ% တော့ မဟုတ်ဘူးပေါ့။ အရေးပေါ် တားဆေးကြောင့် ရာသီ နောက်မကျဘဲ စောတတ်တယ်။ များတတ်တယ်။ တိုင်းရင်းဆေးနဲ့ ဘာဖြစ်မလဲ မပြောတတ်ပါ။ အာနိသင်ကိုတော့ မထိခိုက်စေလောက်ဘူး ယူဆပါတယ်။ သေခြာအောင် Urine for pregnancy test ဆီးစစ်ပါ။ နောင်မှာလဲ ကြုံလာတတ်လို့ ပုံမှန်ကာကွယ်နည်းနဲ့ ကြိုတင်သုံးထားသင့်ပါတယ်။ အရေးပေါ်ဆေးကို အမြဲမသုံးတာ ကောင်းတယ်။

Thu, Aug 23, 2012 at 11:31 AM
ကျန်းမာရေးအခြေအနေက ဘယ်လိုပြောရမလဲဆရာ။ ဆေးသောက်နေပါတယ်။ ရာသီကတော့ အခုတခါလာပြီးပါပြီ ၁ လခြားမလား မခြားမလား စောင့်ကြည့်နေပါတယ်။ အဖုတွေကတော့ အခြေအနေ အရမ်းဆိုးလာပါတယ်။ ရင်ဘတ် တွေကော လက်မောင်းတွေမှာကော ပိုပေါက်လာပါတယ်။ ကျောဆို နေရာလွတ်တောင်မရှိတော့ဘူး။ ဆပ်ပြာတွေ လိုးရှင်းတွေနဲ့ဆိုင်မလားပဲ baby lotion သုံးလို့ပြောကြပါတယ်။ shaampoo ကော babyပဲ သုံးရမှာလား။ အခု lotion- nivea shaampoo- loreal parmolive ရေချိုးဆပ်ပြာသုံးပါတယ်။ အားလုံး strong ဖြစ်နေတယ် ထင်ပါတယ်။ စိတ်တွေကတော့ ထိန်းနိုင်နေတယ်လို့ ပြောလို့ရမယ်ထင်ပါတယ်။ တခုခုကို ယုံကြည်ပြီး ထိန်းထားသလိုပဲ။ ဆရာ့စာတွေကို အမြဲစိတ်ထဲမှာမှတ်ပြီး ကျင့်နေသလိုမျိုးပဲ။ ဒါပေမဲ့ ရာသီလာခါနီး အရမ်းငိုတာပဲဆရာ။

ဆောရီး။ မှန်းလို့မရဘူး။ အရင်မေးဘူးသလား။ မမေးဘူးရင် အသက်၊ ကျန်းမာရေးနောက်ခံ စတာတွေ မသိလို့ ဆရာဝန် ဒုက္ခရောက်နေတယ်။ အမျိုးသမီးဆိုတာတော့ သိတယ်။ ရာသီနဲ့ဆိုင်တာသိတယ်။ အဖုတွေအတွက်လား။ ရာသီ လာတာအတွက်လား။ နှစ်ခုလုံးလား။ မေးဘူးရင် အရင်ရေးတာလေး နည်းနည်းဖြစ်တော့ ထည့်မေးပေးပါ။

ဟုတ်ကဲ့မေးဘူးပါတယ်။ ၂ ခုလုံး မေးဘူးတာပါ။ အသက်မပြောခဲ့ဖူးဘူး ၂၉ နှစ်ပါ။ ရာသီလာရင် ကီလိုကျတတ်တာရယ်၊ ကျောမှာ အဖူတွေပေါက်တာရယ်၊ ဆေးသောက်မှားဖူးလို့ ရာသီမရပ်ဖြစ်ခဲ့ဘူးတာရယ်၊ အခု ၂ လမှ ၁ ခါ ရာသီ လာနေတာရယ်ကြောင့် Pregnancy ဆေးသောက်ခိုင်းထားပါတယ်။ ၂၇ လုံးဆေးသောက်နေပါတယ် ၁ ကတ် ကုန်သွားရင် ဆက်တိုက်သောက်ရမှာလား။ ဆေးဆိုင်ကလာတဲ့နေ့ကနေ စသောက်ခိုင်းပါတယ်။ ရာသီလာရင် နေမကောင်းဖြစ်တာ မသက်သာပါ။ ဆေး ၁ ကတ်တောင်မကုန်သေးလို့ စောင့်ကြည့်နေဆဲပါ။

ဟုတ်ပြီ။ ဆရာရေးထားတာတွေ မဖတ်ရသေးရင် ဖတ်ဘို့နဲ့ တူတာကိုရှာပြီး လိုက်နာဘို့ ၂ ပုဒ် ပို့လိုက်ပါတယ်။

Pregnancy ဆေးတော့ မဟုတ်လောက်ဘူး။ ကိုယ်ဝန်တားဆေးဖြစ်မယ်။ Pregnancy ဆေးဆိုတာ ကိုယ်ဝန်ဆောင်တွေသောက်ရတာကိုလဲ ခေါ်တတ်ကြတယ်။ ၂ရ လုံးတော့ မဟုတ်နိုင်ဘူး။ ၂၈ လုံးဖြစ်မယ်။ တချို့နိုင်ငံတွေမှာ ၂၁ လုံးလဲရှိတယ်။
1. Menstrual Suppression ရာသီမလာအောင်နှိမ်ခြင်း
2. Menstrual mood swings ရာသီလာခြင်းနှင့် စိတ်ပြောင်းလဲမှု

Thu, Aug 23, 2012 at 1:40 PM
ကျွန်တော့် ကောင်မလေးက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးချင်လို့ပါ။ ဒါပေမယ့် ကျွန်တော်ကြားသိရတာက အိမ်ထောင်ကျပြီးလျှင် (သို့မဟုတ်) လိင်ဆက်ဆံပြီးလျှင် စစ်ဆေးပြီးမှ ထိုးရတယ်လို့ ပြောတယ်။ အဲဒါဟုတ်ပါသလား။ နောက်ပြီး ကျွန်တော်က သူ့ရဲ့ အင်္ဂါကို လက်နဲ့ထိဖူးပါတယ်။ လိင်တော့ မဆက်ဆံဖူးပါ။ အဲလိုမျိုးဆိုရင်ကော စစ်ဆေးစရာလိုပါသလား။

အဲလောက်နဲ့တော့ မလိုပါ။ ဆီးအောင့်တာတော့ ဖြစ်လာနိုင်တယ်။ ဒါလဲ ဆေးလေးသောက် ပျောက်တာပါ။
• HPV and Marriage သားအိမ်-ကင်ဆာ ကာကွယ်ဆေး

Thu, Aug 23, 2012 at 2:50 PM
ကျွန်တော့နာမည် (့) ပါ။ အသက်က ၂ဝ (အိမ်ထောင်မရှိပါ)။ ရန်ကုန်မှာပဲ နေပါတယ်။ ၁၂-၈-၂ဝ၁၂ နေ့က သူငယ်ချင်းတွေ အဆွယ်ကောင်းတာနဲ့ အနှိပ်ခန်းသွားပြီး လိင်ဆက်ဆံမိပါတယ်။ ပထမဆုံးအကြိမ်ပါ။ လိင်မဆက်ဆံခင် အစပျိုးကာလမှာ အကာကွယ်မပါဘဲ ၂ မိနစ်လောက်ကြာပါတယ်။ နောက် ကွန်ဒုံး အသုံးပြုခဲ့ပါတယ်။ ဆေးခန်းတွေမှာ ရိုးရိုးသွေးစစ်ရုံနဲ့ HIV ပိုး ရှိ-မရှိ ပေါ်နိုင်လား။ HIV test သီးသန့်စစ်မှ ပိုးရှိ-မရှိ သိနိုင်တာလား။ HIV စစ်ချင်လို့ပါလို့ မပြောချင်လို့ပါ။ ကျွန်တော်က တီဘီဆေးသောက်တာ ၄ လလောက်ရှိပါပြီ။ ဒီဆေးတွေသောက်ထားတာကြောင့် သွေးသွားစစ်ရင် ထွက်လာမယ့် ရလဒ်က မှန်နိုင်ပါ့မလား။ တီဘီဆေးက ပထမ၂ လမှာ Forecox-Trac တစ်နေ့ကို ၃ လုံး သောက်ခဲ့ပြီး၊ ဒုတိယ ၂ လမှာ R-Cinnex တစ်နေ့ကို ၁ လုံးသောက်နေပါတယ်။ ၂ လလောက်နေရင် HIV antibody စစ်ကြည့်ချင်လို့ပါ။ သူငယ်ချင်းတွေပြောတာက ဒါမျိုးက ၆ လလောက်နေမှ သေချာသိရတယ်လို့ ပြောနေလို့ပါ။ ၆ လ လောက်ထိတော့ မစောင့်နိုင်လို့ပါ။ ဒီကြားထဲ စာမေးပွဲလဲရှိတော့ ဒီစိတ်နဲ့ဆို စာလဲသေချာကျက်လို့မရဘူး။ နေ့တိုင်းလဲ တွေးတွေးပြီးတော့ စိတ်ဆင်းရဲရပါတယ်။ နောင်တလဲရပါတယ်။ နောက်ဆိုလဲရှောင်ကြဉ်ပါတော့မယ်။ သူငယ်ချင်းတွေကို တိုင်ပင်တော့လဲ တစ်ယောက်တစ်မျိုးနဲ့ ဘာမှမသေချာဘူး။ မင်း psycho ဖြစ်နေတာ ဒါမျိုးက များများ သွားပေးရတယ်လို့တောင် အချွန်နဲ့ မပါတယ်။

ကနေ့ခေတ်မှာ HIV စစ်တာကို ရှက်စရာမလိုတော့ပါ။ ပွင့်ပွင့်လင်းလင်း အလုပ်ခိုင်းလို့ရတယ်။ တချို့နိုင်ငံတွေမှာ ကိုယ့်ဖါသာ Kit ဝယ်စမ်းလို့ရတဲရှိတယ်။ အဲဒါလဲ % အတော်ကြီးမှန်တယ်။ ပိုကောင်းတာက နာမည် စတာ မသိစေချင်ရင် Order (အော်ဒါ) လုပ်တယ်လို့ခေါ်တယ လုပ်နိုင်တယ်။ ဓါတ်ခွဲခမ်းကို လှမ်းမှာပြီး သွားရည်ကို ထည့်ခိုင်းတဲ့ထဲမှာ ကိုယ့်ဖါသာယူ ထည့်ပြီး စာတိုက်၊ (ကိုရီယာ) နဲ့ ပို့လိုက်ရုံဘဲ။ အခြေကို စာတိုက်ကနေပြန်လာမယ်။ ဆရာ့ (ဆိုက်) ထဲမှာ သိချင်တာ အားလုံးနီးပါး ရှာဖတ်နိုင်ပါတယ်။
• HIV FAQ မေးလေ့ရှိတဲ့ မေးခွန်းများ

Thu, Aug 23, 2012 at 4:55 PM
နားနှင့်မနာ ဖဝါးနှင့်နာဆိုသလိုပါပဲ၊ မေးရမှာ အားတော့နာလှပါပြီ။ ယောက်ျားတွေဟာ လိင်ဆက်ဆံပြီးရင် ဘာမှ ဆက်ပြီးလုပ်လို့၊ လှုပ်လို့မရတော့ဘူး။ အမျိုးသမီးတွေကျတော့ကော ဘယ်လိုလဲ။ သူတို့ ပြီးဆုံးခြင်းအဆင့်ကို ရောက်ပြီး သွားခဲ့ရင်ဆက်ပြီး လှုတ်ရှားတာကိုခံနှိုင်တဲ့အဆင့်ရှိရဲ့လား။ နောက်ပြီးသူတို့ကော ယောက်ျားနှင့်အတူ ပြီးချင်ရင် အောင့်ထားပြီး ယောက်ျားပြီးမှ လိုက်ပြီးလို့ရလား။ ကျနော့မှာမိန်းမက ရိုးတယ်၊ အေးတယ်။ ဆက်ဆံတိုင်းမှာ သူ့ကို အရမ်း ပြီးစေချင်တယ်။ ကြည့်ရတာ သူ့ကိုယ်သူတောင် ပြီးလို့ပြီးမှန်း သိပုံမရဘူး။ မေးရင် ပြီးသွားပြီလို့ ပြန်ဖြေတယ်။ မနှစ်က အိမ်ကိုအလည်ပြန်သွားတော့ ကျနော်ဖြစ်စေချင်သလို ကျနော်ပြီးတဲ့အချိန်ကျရင် အတင်း မခံမရပ်နှိုင်ဖြစ်သလို ပုံစံမျိုး လုပ်ပြပြီး ပြီးပြတယ်။ ကျနော် အရမ်းကျေနပ်မိပါတယ်။ ဒါပေမဲ့ အဲဒါတွေဟာ အတုအယောင်တွေ ဖြစ်မှာလည်းစိုးတယ်။

ဒီအရေးမှာလဲ ယောက်ျားနဲ့ မိန်းမ မတူကြပါ။ ယောက်ျားတွေဟာ တခါပြီးဆုံးတာနဲ့ လှည့်တောင် မကြည့်ချင်ဖြစ်တယ်။ နောက်တကြိမ် စိတ်ဖြစ်ပေါ်တာဟာ မိနစ်ပိုင်းကနေ နာရီပိုင်းကြာတယ်။ မိန်းမတိုင်းဟာ ဘယ်လောက်အကြိမ်ဖြစ်ဖြစ် ဆက်နိုင်ကြတယ်။ ပိုက်ဆံယူသူတွေ ကြည့်ပေါ့။ သူတို့က Passive ဖြစ်ပြီး ယောက်ျားတွေက Active ဖြစ်လို့။
Orgasm ပြီးဆုံးခြင်းမှာလဲ မတူကြဘူး။ မိန်းမများက အချိန်ကြာမှပြီးစီးတယ်။ တချို့တွေက မပြီးလဲဖြစ်တယ်။ တချို့က ပြီးကိုပြီးချင်ကြတယ်။ ဒါလဲ အခါတိုင်းမှာ ဖြစ်ချင်တာတော့ မဟုတ်ဘူး။ တချို့ အမျိုးသမီးများ အိမ်ထောင်ကျနေပေမဲ့ အချိန် အတော်ကြာထိ မပြီးတာလဲရှိတယ်။

အပြီးရောက်တာကို ယောက်ျားရော မိန်းမတွေပါ ထိန်းထားနိုင်တယ်။ အမြဲတမ်းတော့ မဟုတ်ဘူး။ အတွေ့အကြုံအပေါ်လဲ မူတည်တယ်။ တခါနဲ့တခါလဲ မတူဘူး။ အမျိုးသမီးကို ထိန်းနေဘို့ တိုက်တွန်းတာမျိုးက မရှိလောက်ပါ။ သူတို့က နောက်ကျကြတာများတယ်။ အတူဖြစ်အောင် ကြိုးစားထိန်းညှိရင် ရမယ်။ ဒါလဲ အမြဲရမယ်လို့ မမျှော်လင့်သင့်ဘူး။

Fake orgasm အတုပြီးခြင်းဆိုတာလဲ တချို့အမျိုးသမီးတွေက လုပ်ကြတယ်။ အမူအယာ၊ အသံလုပ်တာမျိုး။ တချို့ အမျိုးသမီးတွေက နုတ်ကမထွက်ဘူး။ မထွက်လဲ အကြောင်းမဟုတ်ပါ။ ဒါလဲဘဲ အချိန်၊ အတွေ့အကြုံအရ ပြောင်းလာတတ်တယ်။ သာယာမှုဖြစ်တာလဲ အသံတိတ် အသံထွက်၊ ငိုမဲ့မဲ့၊ စသလို မတူကြဘူး။

လူ့အခြေခံတွေက မတူကြလို့ ဖြစ်တယ်။ စိတ်လဲ မတူဘူး။ ပတ်ဝန်းကျင်လဲ မတူဘူး။ ဟော်မုန်းလဲ မတူဘူး။
1. Female Orgasm (1) အမျိုးသမီး ပြီးခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/female-orgasm-1.html
2. Female Orgasm (2) အမျိုးသမီး ပြီးတာကို ပိုနားလည်လာပြီ http://dts-medicaleducation-adult.blogspot.in/2012/03/female-orgasm-2.html

Fri, Aug 24, 2012 at 3:10 PM
ကျွန်တော်က (့) ကပါ။ အသက်က ၂၁ ပါ။ ဆေးပညာလေး မေးခြင်လို့ပါ။ ဆေးနာမည်က Vimax ပါ။ ကျားအင်္ဂါထွားဆေးလို့ ဆိုထားပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိကြောင်း အာမခံတယ်ဆိုပါတယ်။ အလုံး ၃ဝ ပါပြီး တစ်နေ့ကို ပုံမုန် ၁ လုံးကနေ ၄ လုံးထိ သောက်လို့ရတယ်တဲ့။ ဘေးထွက်ဆိုးကျိုးနဲ့ ဆေးအာနိသင်ကို သိခြင်လို့ပါ။

Vimax ကျားလိင်အင်္ဂါ ဆေးများ

Fri, Aug 24, 2012 at 6:02 PM
I would like to know that the side effect of Maxman (The Penis Enlargement Pills) that will be taken by my close friend. These pills can buy in Yangon (Road side Shops) and other towns. My close friend is eagerly to take these Pills. So I would like to know about that it has strong side effect or not even that not effect for penis enlargement. The price of this is about ten thousand kyats. The money is not important for him but I worry about to suffer from these pills. Please search in Google this product by the name of Maxman.

(၁) ဆရာတို့လို ဆရာဝန်တွေက ညွှန်တဲ့ဆေးမျိုးမဟုတ်ပါ။
(၂) MXman sex pills ထဲမှာ Natural aphrodisiacs သဘာဝကထုတ်တဲ့ လိင်ကြွဆေးတွေအမြောက်အများပါတယ်လို့ သူ့ဆေးကြော်ညာစာမှာ ဖတ်ရတယ်။ Sexual desire and performance လိင်စိတ် နဲ့ လက်တွေ့မှာ တိုးစေမယ်လို့ ပါတယ်။
(၃) ကြော်ညာခေါင်းစဉ်မှာတော့ ၃ လက္မပိုရှည်စေမယ်လို့ တပ်ထားပါတယ်။
(၄) ဆရာ့လူနာတွေထဲ သုံးစွဲသူမရှိသေးပါ။
(၅) ဒါကြောင့် အကောင်းအဆိုးကို ဆရာဝန်တယောက်အနေနဲ့ မပြောနိုင်ပါ။ (၆) ၃ လက္မဆိုတာ မဖြစ်နိုင်၊ မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။ (၇) ဆရာ့ (ဆိုက်) ထဲမှာ ဒီခေါင်းစဉ်မျိုး ၆ ပုဒ်ရေးထားတာရှိပါတယ်။ ရှာဖတ်နိုင်ပါတယ်။
1. Penis enlargement (1) ကျားအင်္ဂါ ကြီးစေခြင်း (၁) General ယေဘုယျ http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-1.html
2. Penis enlargement (2) ကျားအင်္ဂါ ကြီးစေခြင်း (၂) Injection ဆေးထိုးနည်း http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-2.html
3. Penis enlargement (3) ကျားအင်္ဂါ ကြီးစေခြင်း (၃) Andropenis နည်း http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-3.html
4. Penis enlargement (4) ကျားအင်္ဂါ ကြီးစေခြင်း (၄) Analysis သုံးသပ်ချက် http://dts-medicaleducation-adult.blogspot.in/2012/05/penis-enlargement-4.html
5. Penis enlargement (5) ကျားအင်္ဂါ ကြီးစေခြင်း (၅) Pump and others လေစုပ်ကရိယာ http://dts-medicaleducation-adult.blogspot.in/2012/04/penis-pump.html
6. Penis enlargement (6) ကျားအင်္ဂါ ကြီးစေခြင်း (၆) Complications ဆိုးကျိုးတွေ http://dts-medicaleducation-adult.blogspot.in/2012/08/penis-enlargement-5-complications.html

Fri, Aug 24, 2012 at 4:27 PM
VDRL reactive 2dil ဆိုတာ ဘာကိုဆိုလိုတာလဲဗျ။

VDRL 2dil ဆိုတာ (ဆစ်ဖလစ်) စမ်းသပ်နည်းမှာ သုံးတယ်။ သွေးကို ဆေးရောပြီး အားပျော့စေတာ 2 dilution ကိုခေါ်တယ်။ Reactive ဆိုရင် အရင်က (ဆစ်ဖလစ်) ဖြစ်ထားတာကို ဆေးမကုဘဲနေတာ၊ ဒါမှမဟုတ် (ဆစ်ဖလစ်) အသစ်ဖြစ်နေတာကို ဆိုလိုတယ်။ လိုအပ်ရင် နောက် ၁၄ ရက်အကြာ ထပ်စစ်တယ်။ တကယ်လို့ အရင်ဖြစ်ထားတာကို ဆေးကုထားတယ်ဆိုရင် (တိုက်တာ) လုပ်တော့ အရေအတွက် Fourfold (2 dilution) ၄ ဆတက်နေတာ တွေ့မယ်။ ဥပမာ ၁း၂ ကနေ ၁း၈ ဖြစ်မယ်။ အသေအခြာ ဆေးကုထားသူဆိုရင် အဲလို မတိကျဘူး။

VDRL နဲ့ TPHA ကာလသားရောဂါ စစ်ဆေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/vdrl-tpha.html

Fri, Aug 24, 2012 at 2:09 PM
စကားရိုင်းမိရင် တောင်းပန်ပါတယ် ကျတော့် ကောင်မလေးကလေ သူရှူးရှူးအောင့်ထားရင် ကာမစိတ်ကပါတယ်တဲ့။ အသက်အောင့်ရင်း ရှူးရှူးပေါက်လိုက်ရင် တခါတည်း ပြီးသွားတယ်ပြောတယ်။ အဲဒါသဘာဝပါပဲလားဆရာ။

မေးတာက မပြည့်စုံပါ။ မိန်းကလေး အသက်၊ အိမ်ထောင်ရေး၊ ဆက်ဆံရေး စတာတွေသိဘို့လိုမယ်။ သူပြောတဲ့အတိုင်းက ဖြစ်ကြသူရှားတယ်။ ယောက်ျားလေးဆိုရင်တော့ ဆီးအိမ်တင်းနေရင် ပြီးတာမြန်စေတယ်။ မနက်ခင်းဆိုရင် သန်မာမှု ဖြစ်စေတယ်။ မိန်းကလေးဆိုရင် ဆီးအိမ်တင်းနေရင် တချို့မှာ အနေရခက်တယ်။ ဆီးထသွားလိုက်ချင်တယ်။ စိတ်ဖြစ်ပေါ်မှု ဆိုတာ အကြောင်းတရား မတူတာတွေရောဖြစ်စေတယ်။ ဟော်မုန်း၊ စေ့ဆော်မှု၊ ပတ်ဝန်းကျင် စတာတွေလိုတယ်။

အသက်ကတော့ ၂၃ ကျော်ပါပြီ။ အပျိုပါ။ ကျတော်ကလဲ အဝေးမှာဆိုတော့ နီးနီးကပ်ကပ် ယောက်ျားလေးဆိုလိုရ ဘယ်သူ့မှမရှိပါဖူး။ အမေနဲ့တူတူ ငယ်ငယ်ကတည်းနေရတာပါ။ ကျတော်ကလဲ ဘာမှထူးထူးခြားခြား သူကိုမလုပ်ပါဖူး။ အားလုံး အပျိုအတိုင်းပဲရှိပါသေးတယ်။ တခါတလေ ကျတော်နဲ့ ဟိုကိစ္စလေးတွေ ဆွေးနွေးတာတွေတော့ရှိပါတယ်။

ဒါဆိုရင် စောင့်ကြည့်ရအုံးမယ်။ သူများတွေနဲ့ နဲနဲ မတူတာတော့ရှိတာပေါ့။ ပုံမှန်သဘောထားလို့ရပါတယ်။ ထူးခြားတာရှိမှ ထပ်မေးပါ။

Fri, Aug 24, 2012 at 5:07 AM
ဆရာ ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ တော်တော်လေးလည်း ကျေနပ်အားရမိပါတယ်။ ပြည့်လည်း ပြည့်စုံပါပေတယ်။ ဒါပေမဲ့ ကျနော်မေးတာကိုဖြေဖို့ တစ်ခုမေ့ကျန်နေခဲ့တယ်ထင်တယ်။ မိန်းမတွေဟာ သူတို့ ပြီးချင်တာကို ယောက်ျားနှင့်အတူ ပြီးစေချင်လို့ဆိုပြီး အောင့်အီးထိန်းချုပ်ထားလို့ရ ပါသလား။ ဆရာ့ရဲ့ဆိုဒ် တွေလည်း တော်တော်လေး ဝင်ဖတ်ပြီးသားပါ။ ဒီကိစ္စကို မသဲကွဲသေးလို့ပါ။
အပြီးရောက်တာကို ယောက်ျားရော မိန်းမတွေပါ ထိန်းထားနိုင်တယ်။ အမြဲတမ်းတော့ မဟုတ်ဘူး။ အတွေ့အကြုံအပေါ်လဲ မူတည်တယ်။ တခါနဲ့တခါလဲ မတူဘူး။ အမျိုးသမီးကို ထိန်းနေဘို့ တိုက်တွန်းတာမျိုးက မရှိလောက်ပါ။ သူတို့က နောက်ကျကြတာများတယ်။ အတူဖြစ်အောင် ကြိုးစားထိန်းညှိရင် ရမယ်။ ဒါလဲ အမြဲရမယ်လို့ မမျှော်လင့်သင့်ဘူး။

Sun, Aug 26, 2012 at 1:45 AM
အသက် ၂၄ နှစ်ရှိပါပြီ။ သမီးအိမ်ထောင်ကြတာ ၂ လရှိပါပြီ။ ၂ဝ-၇-၂ဝ၁၂ တုန်းက ပထမတခါ ဆီးလမ်းကြောင်း ပိုးဝင်ပါတယ်။ မခံမရပ်နှိင်ပဲ သွေးပါတဲ့အထိဖြစ်လာလို့ ဆေးရုံကိုသွားပြတာ OG ဆရာဝန်က ဆီးစစ်၊ သွေးစစ်ပြီး အကိုက်အခဲပျောက်ဆေးပဲ ပေးလိုက်ပါတယ်။ နောက်ရက် result ရတဲ့အချိန်မှာ ထိုးဆေး Zinacef (Cefuroxime Sodium) 750 mg ကို မနက်တစ်ကြိမ် ညတစ်ကြိမ် သုံးရက်ထိုးပါတယ်။ ပြီးတော့ Zinnat tablets 250 mg (cefuroxime axetil) ကို မနက်တစ်လုံး ညတစ်လုံး ၅ ရက်သောက်ခိုင်းပါတယ်။ ပြီးတော့ Urinal Food Supplement (extract from cranberries) ကို မနက်တစ်လုံး၊ ညတစ်လုံး သောက်ခိုင်းပါတယ်။ သက်သာသွားပြီး ၂၄-၈-၂ဝ၁၂ မှာ ဆီးသွားပြီးခါနီးအခါတိုင်း မခံနှိင်အောင် ပြန်ကျင်လာပါတယ်။ အရင်တစ်ခါကလိုတစ်ပုံစံတည်း ပြန်ဖြစ်ပါတယ်။ ပထမ တစ်ရက် ကျင်ပြီး၊ နောက်ရက်မှာ သွေးပါလာပါတယ်။ မြန်မာပြည်မှာတုန်းကလက်မောင်းမှာ Implant ထည့်ခဲ့ပါတယ်။ အခုက (့) မှာပါ။ ရာသီဥတုကတော့ အရမ်းပူပါတယ်။ အပြင်ကို ၁၅မိနစ်လောက် ၅ ရက်ဆက်တိုက်ထွက်လို့ ဆီးကျင်တယ်လို့ ယူဆပါတယ်။ အမျိုသားက အရင်လိုပိုးဝင်တယ်လို့ ယူဆတဲ့အတွက် သောက်ဆေး Zinnat tablets 500mg ကို မနက်တစ်လုံး၊ ညတစ်လုံး အခုလောလောဆယ် တိုက်ပါတယ်။ ဆေးသောက်ပြီး ညပိုင်းမှာ သက်သာသွားပါတယ်။ Implant ကြောင့် ရာသီက ပုံမှန်မဟုတ်ပဲ၊ တစ်ပါတ်ခြားလောက် ပြန်လာနေတတ်ပါတယ်။ အခုလောလောဆယ် သက်သာသွားပေမယ့် ပြန်ဖြစ်မှာကို အရမ်းကြောက်နေပါတယ်။ မြန်မာပြည်မှာတုန်းက ဒီလိုတစ်ခါမှလည်း ဆီးပြသာနာ မဖြစ်ဖူးပါဘူး။ ဒီ ရာသီဥတုနဲ့ မကိုက်ညီတာလား ဆိုတာလည်း ဇဝေဇ၀ါ ဖြစ်နေပါတယ်။ နောက်ထပ်မဖြစ်ပဲ အမြစ်ပြတ် ဘယ်လိုကုသသင့်သလဲ။

Zinnat (Cefuroxime) ဆေးဟာ Broad-spectrum antibiotic ခေါ်တဲ့ ပိုးမျိုးစုံကိုနိုင်တဲ့ ပဋိဇီဝဆေး ဖြစ်တယ်။ အများသုံးတာက တခါသောက် 250 mg တနေ့ ၂ ကြိမ်၊ ၇-၁ဝ ရက်သောက်ရတယ်။ အစာစားပြီးချိန်မှာ ရေတဖန်ခွက်နဲ့ သောက်ပါ။ (ဗက်တီးရီးယား) တွေကိုနိုင်တယ်။ နာ-နှာခေါင်း-လည်ချောင်းပိုးဝင်တာ၊ အဆုပ်နဲ့ အသက်ရှူလမ်း ပိုးဝင်တာ၊ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ အရေပြားပိုးဝင်တာတွေမှာ သုံးတယ်။ လိင်ကတဆင့် ကူးစက်တဲ့ Urethritis ဆီးထွက်လမ်း ရောင်တာ၊ Cervicitis သားအိမ်ဝရောင်တာ၊ Cystitis ဆီးအိမ်ရောင်တာ၊ Pyelonephritis ကျောက်ကပ်ရောင်တာ၊ Gonorrhoea (ဂနိုးရီးယား)၊ Pelvic inflammatory disease တင်ပါးဆုံတွင်း အင်္ဂါတွေ ရောင်တာတွေ အတွက်လဲ သုံးနိုင်တယ်။

Zinacef injection (Cefuroxime) ဆေးဟာ အသားဆေး၊ အကြောဆေး ထိုးဆေးဖြစ်တယ်။ ပိုပြီးဆိုးတဲ့အခြေအနေမှာ သုံးတယ်။ ဒီလိုပိုးအများကို သေစေတဲ့ဆေးမျိုးမှန်သမျှ ဝမ်းပျက်စေတတ်တယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကို မပေးသင့်ဘူး။ ဘေးထွက်-ဆိုးကျိုးတွေဖြစ်တာ တယောက်နဲ့တယောက် မတူကြဘူး။ ဆေးထိုးတဲ့နေရာမှာ နာမယ်။ သွေးဖြူဥ နည်းမယ်။ အသဲ (အင်ဇိုင်းမ်) နဲနဲများမယ်။

1. Urinary Tract Infection (3) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/08/uti.html
2. Urinary Tract Infection (2) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/07/urinary-tract-infections.html
3. Urinary Tract Infection (1) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/07/urinary-tract-infection-1.html တွေကို ဖတ်ပါ။

ယမုန်နာဆေးခန်း - အမေးအဖြေ (၆၅) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Comments

  1. htut says:

    ecee 2 side effect သိချင်တယ်

  2. sarkar says:

    ဆ၇ာ ကျွန်တော်နာမည် မောင်မျိုးမင်းသန်းပါ ....ဆ၇ာသက်၇ှည်ကျန်းမာပါစေလို့လည်း..ဆုတောင်းလိုက်ပါတယ်
    ဆ၇ာ ကျွန်တော် မေးချင်တာလေး၇ှိလို့ပါ ..ကျွန်တော်အိမ်ထောင်ကျတာ ၂နှစ်၇ှိပါပြီး...သမီးတယောက်ထွန်းကားပါတယ် ..ကျွန်တော်အမျိုးသမီးက ၃၅နှစ်ပါ ..ကျွန်တော်က နိုင်ငံခြားမှာနေပါတယ် အမျိုးသမီးနဲ့ အတူတူ မနေဖြစ်ပါ ..ဒါပေမဲ့ အခုနောက်ပိုင်း..အမျိုးသမီးမှာ လစဉ်လတိုင်း ၇ာသီးလာတာ နှစ်ခါဖြစ်နေပါတယ် ..အမျိုးသမီးကလည်း...စိတ်ပူနေပါတယ်
    ကျွန်တော်လည်း...စိတ်ပူမိပါတယ် တခုခု များဖြစ်နေသလားလို့ ဆ၇ာကိုမေးချင်လို့ပါ ကျေးဇူးပါဆ၇ာ ကျွန်တော်အီးမေးက sarkarmyogyi@gmail.com ပါ

  3. aung aung says:

    ပြေရရင်တောင်ရှက်ပါတယ်။အတိတ်ဘ၀ကကံလို့ ဘဲပြောရမှာပေါ့။ကျနော်ကလူဖြစ်ရတဲ့ ဘ၀မှာယောကျာင်္းလေးဖြစ်ရက်နဲ့  Gay ဘ၀ရောက်နေရတယ်။ကျနော်ကအပုန်းလေးပါ။စကားရိုင်းသွားရင်ကြိုပြီးတောင်းပန်ပါတယ်။ကျနော် အပြကားတွေကြည့်ပြီးရင် ယောကျာင်္းတစ်ယောက်နဲ့ လိင်ဆက်ဆံချင်တဲ့ ကတားလို့ မရဘူးဖြစ်နေတယ်။အဲ့ ဒီစိတ်ကိုဖြောက်ပစ်ဖို့ ကြိုးစားလည်းမရဘူးဖြစ်နေတယ်။ကျနော်တသက်လုံးဒီလိုဘဲနေသွားရတော့မှာလား။ကျနော့ကိုယ်ကျနော်အရမ်းမုန်းတယ်။အကြံလေးပေးပါအုံး။

  4. aung aung says:

    sorry ပါ email မှားသွားလို့  aungaun123@gmail.com

  5. aung aung says:

    ဆရာ ပါးစပ်ထဲ ကိုသုတ်ရည်ဝင်တာနဲ့  HIV ကူးနိုင်လားဆရာ။ချက်ချင်းတော့ ထွေးထုတ်လိုက်တယ် ဒါပေမဲ့  စိတ်မချနိုင်ဘူး။ဘယ်လိုဖြစ်နိုင်ပါသလဲ။ကျေးဇူးပြုပြီး ပြောပြပေးပါအုံးဆရာ။ကျေးဇူးတင်ပါတယ်။

    1. HimB says:

      အကိုရေ

      အီးမေးအကောက်လေး သေချာအောင် ပြန်ထည့်ပေးစေချင်ပါတယ်.....
      .......@gmail.aom ဖြစ်နေလို့ပါ..............@gmail.com နဲ့ ပို့လိုက်ပါတယ်. အခုလောလောဆယ်တော့.....

  6. ငြိမ်း says:

    ကျွန်မအသက်နှစ်ဆယ်ပါ။တစ်ခါမှမမေးဖူးပါဘူး။အိမ်ထောင်ကျတာတစ်နှစ်ရှိပါပြီ။အမျိုးသားနဲ့အတူနေပြီးနောက်ပိုင်းအဖြူဆင်းတာကအမြဲတမ်းလိုလိုဖြစ်ပါတယ်နောက် ပြီးအနံ့ကတော်တော်ဆိုးပါတယ်။ဆေးထိုး ဆေးသောက်ရုံနဲ့ပျောက်နိုင်မလားဆရာ။ဆေးညွှန်းလည်းညွှန်းပေးပါအုံးဆရာ။

Leave a Reply

Your email address will not be published. Required fields are marked *


− 8 = zero

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Follow me on:

Back to Top