30
Nov

ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ် လှုပ်ရှားမှု ထိုင်းနိုင်ငံတွင် ပြုလုပ်

ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ မယ်တော် ဆေးခန်း၊ ထိုင်းနိုင်ငံရှိ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အမျိုးသမီး အဖွဲ့အစည်း များက လမ်းလျှောက် ချီတက်ခြင်းနှင့် ပညာပေး ဟောပြောပွဲများ ကျင်းပကြကြောင်း သိရသည်။ အေးလဲ့ ၁၊၁၂၊၂၀၀၈ Irrawaddy သတင်း

29
Nov

မြန်မာအမျိုးသမီး လူမှုစောင့်ရှောက်ရေးအဖွဲ့ ဖဲကြိုးနီဆု ရရှိ

၂၀၀၄ ခုနှစ်ကတည်းက စတင်ပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးပါဝင်တဲ့ အဖွဲ့ပေါင်းစုံကနေ အိပ်ခ်ျအိုင်ဗွီ/ အေအိုင် ဒီအက်စ် ရောဂါဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ အင်ဂျီအို လူမှုအဖွဲ့အစည်းတွေကို ချီးမြှင့်နေ တဲ့ ဖဲကြိုးနီဆုကို ဒီနှစ်အတွက် အဖွဲ့ပေါင်း (၂၅) ဖွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီအထဲမှာ ထိုင်း-မြန်မာနယ်စပ်က Social Action for Women အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေး မြန်မာအဖွဲ့အစည်းလည်း ပါဝင်ပါ တယ်။သတင်း – အာရ်အက်ဖ်အေ (၃၀-၁၁-၀၈)

29
Nov

မြန်မာနိုင်ငံ အေအိုင်ဒီအက်အခြေအနေ

ဖွံဖြိုးဆဲနိုင်ငံတစ်ခုဖြစ်တဲ့ ကျတော်တို့ မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီရှိသူ ဘယ်လောက်များများရှိနေသလဲ ဒီလူတွေအတွက် ဘယ်သူတွေက ဘယ်လိုကူညီပေးနေသလဲ အကူညီတွေအထူးသဖြင့် အေအာတီဆေး အလုံအလောက်မရဖြစ်နေတာ ဘာကြောင့်လဲ ဝေဒနာသည်တွေအတွက် ဘာများကူညီပေးနိုင်မလဲ စတဲ့အကြောင်းအရာများတင်ပြထားသည်။ သတင်း-ဒီဗီဘီ – ၃၀၊၁၁၊၂၀၀၈

28
Nov

မြန်မာပြည်ရှိ HIV/ AIDS ဝေဒနာရှင်များအတွက် ဆေးဝါး အရေးပေါ် လိုအပ်နေ

HIV/ AIDS ဝေဒနာကို ခုခံကာကွယ်ပေးမည့် ART ခေါ် antiretroviral therapy (ART) ဆေးဝါးများ မြန်မာနိုင်ငံတွင် ပြတ်လပ်နေပြီး ဝေဒနာရှင်များအကြား လတ်တလော အရေးတကြီး လိုအပ်လျက် ရှိသည်။ နန်းဒေ၀ီ/ ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 23:27 – မြန်မာစံတော်ချိန်/ Mizzima

28
Nov

HIV/AIDS ဝေဒနာရှင်များအား စွန့်ခွါသွားခြင်း

ကျန်းမာရေး စောင့်ရှောက်မှုကို ချက်ချင်းပေးရန် နောက်ထပ် မလုပ်နိုင်ပါက လာမည့် ၁၂ လ အတွင်း လူနာပေါင်း ၂၅ဝဝဝ ခန့်သည် အေ့ဒ်စ်ရောဂါဖြင့် သေကြရတော့မည် ဖြစ်သည် ဟု နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတခုက ပြောကြားလိုက်ပါသည်။ စစ်အစိုးရသည် ဆေးကုသမှု လိုအပ်နေသော ဝေဒနာရှင်များထဲမှ အနည်းစုလေးမျှကိုသာ အကူအညီပေးနေပြီး၊ လာမည့် နှစ်အနည်းငယ်အတွင်း လူပေါင်း ၂ သိန်း ၅ သောင်းခန့်မှာ အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF က ပြောကြားလိုက်ပါသည်။ လာရီရေရင်/ ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 13:09 – မြန်မာစံတော်ချိန်/ Mizzima

28
Nov

Why is ART limited in Burma / Myanmar?

The report “A preventable fate: The failure of ART scale-up in Myanmar” makes some valuable points. … Official development assistance is low compared to regional aid darlings like Cambodia and Vietnam, access to lifesaving antiretroviral therapy is a human right, and scaling up is difficult. … But the report begs the question of why MSF cannot increase the number of people it treats. It would be more helpful to all if was clear about why MSF has painfully decided not to increase the number of people and listed the resources that MSF is lacking to scale up: human, material, organisational, financial, etc.

27
Nov

HIV/AIDS ပညာပေး ဗီစီဒီ အခွေမြန်မာပြည်မှာ ဖြန့်ဝေ

မြန်မာနိုင်ငံအခြေစိုက် AZG အဖွဲ့ငွေကြေးပံ့ပိုးမှုနဲ့ ရိုက်ကူးခဲ့တဲ့ “နောက်မကျသေးပါဘူး” ဆိုတဲ့ HIV/AIDS ပညာပေး ဗီစီဒီ အခွေကို အခမဲ့နီးပါး ပထမဆုံး ဖြန့်ဝေနေပြီလို့ သိရပါတယ်။ 2007-04-03/ လွတ်လပ်သောအာရှအသံ/ မြန်မာဌာန၊ သတင်းများ

27
Nov

ကျန်းမာရေး၊ လူမှုရေးအဖွဲ့များအား ရန်ပုံငွေထုတ်ပေးရန် လျှောက်လွှာခေါ်ယူ

3 D Fund လို့ခေါ်တဲ့ ရောဂါ ၃ မျိုးရန်ပုံငွေအဖွဲ့က ရောဂါကာကွယ် တာဆီး၊ ကုသရေး လုပ်ငန်းလုပ်ဆောင်ဖို့ စိတ်ဝင်စားမှု လျှောက်လွှာခေါ်ယူပါသည်။ မြန်မာနိုင်ငံထဲက စိတ်ဝင်စားတဲ့ အဖွဲ့အစည်းတွေဆီကို ရန်ပုံငွေပေး နိုင်ဖို့အတွက် လျှောက်လွှာတင်ဖို့ ပထမဆုံးခေါ် လိုက်တာလည်းဖြစ်ပါတယ်။ 2007-01-03/ လွတ်လပ်သောအာရှအသံ/ မြန်မာဌာန၊ သတင်းများ

27
Nov

မဂ္ဂင်ကျောင်းတိုက်နဲ့ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဝေဒနာသည်တွေအခြေအနေ စိုးရိမ်ရ

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဝေဒနာသည်တွေကို ကူညီစောင့်ရှောက်နေတဲ့ မဂ္ဂင်ကျောင်းတိုက်ကို အာဏာပိုင်တွေက ၀င်ရောက်စီးနင်းခဲ့ပြီးနောက် မဂ္ဂင်ကျောင်းအနေနဲ့ ဆွမ်းကပ်နဲ့ တခြား အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။
မဂ္ဂင်ကျောင်းတိုက်ကို ပြီးခဲ့တဲ့ စက်တင်ဘာလကုန်းပိုင်းမှာ စစ်အာဏာပိုင်တွေက ၀င်ရောက်စီးနင်းခဲ့ပြီးနောက် ကျောင်းမှာရှိတဲ့ ၀တ္တုတွေနဲ့ ကွန်ပြူတာတွေကို သိမ်းဆည်းသွားခဲ့တာကြောင်း ဘုန်းကြီးကျောင်းရဲ့ လစဉ်ကုန်ကျ စားရိတ်တွေအတွက် အခက်အခဲတွေ့နေရပါတယ်။ လွတ်လပ်သောအာရှအသံ/ မြန်မာဌာန၊ သတင်းများ/ 2007-10-24

27
Nov

ရောဂါဆိုးသုံးမျိုးတိုက်ဖျက်ရေး ပေါင်သန်း ၂၀ အကူအညီပေး

မြန်မာနိုင်ငံမှာ တီဘီအဆုတ်ရောဂါ၊ ငှက်ဖျားနဲ့ HIV/AIDS ရောဂါသုံးမျိုး တိုက်ဖျက်ရေး အကူအညီပေးမယ့် 3D ရောဂါသုံးမျိုး ရန်ပုံငွေသစ်မှာဗြိတိန်နိုင်ငံက အမေရိကန်ဒေါ်လာ ၃၇ သန်းလောက်နဲ့ ညီမျှတဲ့ ပေါင်ငွေ သန်း ၂၀ ထည့်ဝင်မယ်လို့ ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးရေး ၀န်ကြီး မစ္စတာ ဂါးရက်သ် သောမတ်စ် (Mr. Gareth Thomas) က သြဂုတ် ၁၀ ရက်နေ့က ကြေညာလိုက်ပါတယ်။ ဒါဟာ လာမယ့် ငါးနှစ်အတွင်း ဒေါ်လာ သန်း ၁၀၀ ပူးတွဲ အကူအညီပေးရေးရဲ့ တစိတ်တပိုင်းအနေနဲ့ ထည့်ဝင်တာ ဖြစ်ပါတယ်။ လွတ်လပ်သောအာရှအသံ/ မြန်မာဌာန၊ သတင်းများ/ 200-08-11

27
Nov

ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ ကမ္ဘာတ၀ှမ်းကျင်းပ

ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့မှာ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံက အစိုးရပိုင် သတင်းစာမျက်နှာဖုံးတွေမှာ တရုတ်သမ္မတ မစ္စတာ ဟူဂျင်းတောင်ဟာ အေအိုင်ဒီအက်စ် ရောဂါရှင် အမျိုးသမီးတဦးကို လက်ဆွဲနှုတ်ဆက်တဲ့ပုံ ဖော်ပြထားပါတယ်။ ဒါဟာလည်း တရုတ်နိုင်ငံမှာ လူသန်းပေါင်း ငါးဆယ်လောက်ထိ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ခံရဖို့ အန္တရာယ်ရှိနေတယ်လို့ ကုလသမဂ္ဂက သတိပေးချက်ထွက်ပေါ်လာပြီး နောက်တရက်မှာ သတင်းစာ မျက်နှာဖုံးမှာ ခုလိုဖော်ပြတာပါ။ တရုတ်နိုင်ငံမှာ ဒီရောဂါကြောင့် လူခြောက်ထောင်လောက်နေ့စဉ် သေဆုံးနေတယ်လို့လည်းဆိုပါတယ်။ လွတ်လပ်သောအာရှအသံ/ မြန်မာဌာန၊ သတင်းများ/ 2007-12-01

27
Nov

အေ့ဒ်စ် ပညာပေးလက်ကမ်းစာစောင်ဝေသူကို အာဏာပိုင်များ ဆင့်ခေါ်

AIDS ရောဂါပညာပေး လက်ကမ်းစာစောင်တွေ ဝေသူတစ်ဦးကို ရွေးကောက်ပွဲ ကော်မရှင်ရုံးက စာနဲ့ ဆင့်ခေါ်ပြီး နောင်မလုပ်တော့ပါဆိုတဲ့ ခံဝန်ချက် လက်မှတ်ရေးထိုးခိုင်းတယ်ဆိုတဲ့ သတင်းရပါတယ်။ ကုလသမဂ္ဂ HIV/AIDS ရောဂါတိုက်ဖျက်ရေးနဲ့ UNICEF စတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ထုတ်ဝေတဲ့ HIV/ AIDS ရောဂါ ကာကွယ်တိုက်ဖျက်ရေးနဲ့ ပတ်သတ်တဲ့ စာရွက်စာတမ်းတွေနဲ့ ကွန်ဒုံးတွေဝေတဲ့ အတွက် ရွေးကောက်ပွဲ ကော်မရှင်ရုံးက စာနဲ့ ဆင့်ခေါ်ခဲ့တာပါ။ လွတ်လပ်သောအာရှအသံ/ မြန်မာဌာန၊ သတင်းများ/ 2007-08-01

Follow me on:

Back to Top