31
Dec

Two people at Emory on Humphrey Fellowships this year

Two people from Yangon are increasing their HIV knowledge at Emory in Atlanta this year.

30
Dec

Did we misinterpret the Pope?

The moderator has previously reported that the Pope might be softening his stance on condoms.

29
Dec

ကွန်ဒုံး ဆောင်လျှင် ဖမ်းသဖြင့် ပြည့်တန်ဆာ တချို့ ဒုက္ခရောက်နေ

“ခုခံအားကျဆင်းရေး ရောဂါကာကွယ်ရေးနှင့် တိုက်ဖျက်ရေး ဗဟိုအဖွဲ့မှာ ကွန်ဒုံးကို ပြည့်တန်ဆာများ ဖမ်းရာတွင် အသုံးမပြုရ ဆိုပြီး အမိန့်ထုတ်ထားပေမယ့် ရဲတွေကမလိုက်နာလို့ သူတို့ဋ္ဌာနတွင်း အရေး ယူခဲ့တဲ့ အဖြစ်တွေ ရှိပေမယ့်လည်း အခုအချိန်ထိ ရဲတွေက ကွန်ဒုံးကို အမှုအရေးယူရမှာ သုံးနေဆဲပဲ။ နောက် ၂၀၀၁မှာ တစ်ကြိမ်၊ ၂၀၀၃ မှာ တကြိမ် စာ ထပ်ထုတ် ပေမဲ့ အခုထိ ရဲက ပြည့်တန်ဆာ တွေ့ရင် ကွန်ဒုံးကြောင့် ဖမ်းပါတယ် ပြောတယ်။ ရုံးတင်တော့ ရုံးစာမှာ ကွန်ဒုံးတွေ့ရှိတာ မပါဘူး။ ဒါနဲ့ပဲ ပြည့်တန်ဆာ မိန်းကလေးတွေ ကွန်ဒုံး မဆောင်ရဲကြတော့ဘူး” ဟု ကျန်းမာရေးဌာနမှ ဆရာဝန် တစ်ဦးက ပြောပြခဲ့သည်။

29
Dec

မျှော်လင့်ချက်နှင့် အသက်ဆက်သူ

“အဖေလဲမရှိတော့ဘူး၊ အမေလဲမရှိတော့ဘူး၊ အကိုနဲ့ မောင်လေးလည်း မရှိတော့ဘူး။ နောက်ဆုံး ကျန်တဲ့ မောင်လေးက စစ်တပ်ထဲမှာရောက်နေတယ်။ ဘယ်ရောက်လို့ ရောက်နေ မှန်း မသိတော့ဘူး။ မသေခင်တော့ မောင်လေးနဲ့ ပြန်တွေ့ချင် သေးတယ်” လို့ ပါးစပ်အသာ ဟကာ အသက်ကို ရှူရင်း မဇာခြည်လင်းက လေသံတိုးတိုးလေးနဲ့ ပြောပြ နေခဲ့သည်။
သူမ.. ဒီအေအိုင်ဒီအက်စ် ရောဂါဆိုးကို ခံစားရတာ မကြာသေးပေမဲ့ လမ်းပေါ်ပျော်တဲ့ ဘ၀ကို ရောက်ခဲ့ရတာတော့ သူမအသက် ၁၈ နှစ်လောက် ကတည်းကလို့ မျက်လုံးကို မှေးရင်း ပြောပြ နေခဲ့သည်။

28
Dec

TB ရောဂါ ကာကွယ်တိုက်ဖျက်ရေး နည်းလမ်းများ

ကျမတို့ ဝမ်းသာစရာ သတင်းကကြတော့ ကျန်းမာ ရေးဝန်ကြီးဌာနက ဒီ အမျိုးသားတီဘီတိုက်ဖျက်ရေး စီမံကိန်းမှာ တီဘီဆေးတွေဟာ အလုံအလောက် ရှိတယ်၊ တနိုင်ငံလုံးမှာ ရှိနေတဲ့ တီဘီလူနာတွေကို အလကားပေးနိုင်တယ်၊ အခမဲ့ပေးနိုင်တဲ့ တီဘီ ဆေးတွေက အလုံအလောက်ရှိနေတယ်။ အဲဒီတော့ ရှိနေတဲ့ အပြင်ကို ပုဂ္ဂလိကဆေးခန်းတွေက လည်း မြန်မာနိုင်ငံဆရာဝန်အသင်းတို့ နောက် International NGO တခုဖြစ်တဲ့ population services international အဲလို အဖွဲ့တွေနဲ့ ပေါင်းပြီးတော့မှ အကူညီပေးနေတဲ့ ဆေးခန်းတွေ အများ ကြီးရှိတယ်။ ဒါတွေဟာ အကုန်လုံးဟာ အလကားပဲပေါ့၊ တီဘီ သလိပ်စစ်တာကော အဲဒါတွေအားလုံး က အကုန်လုံး အလကားကုလို့ရတယ်။ နောက်တခါ တချို့အဖွဲ့အစည်းတွေဆိုရင် အဟာရထောက်ပံ့ မှုလေးတွေ ပေးတာလေးတွေရှိတယ်။ ဒီလို ခက်ခဲတဲ့ ချို့တည့်တဲ့ လူနာဆိုရင် သွားရေးလာရေး လွယ်ကူအောင်လို့ သွားလာစာရိတ်တွေ ထုပ်ပေးတာရှိတယ်။ တချို့တွေက လူနာကလိုအပ်လို့ ဓါတ် မှန်ရိုက်ရမယ် ဆိုလို့ရှိရင်လည်း ဓါတ်မှန်ဖိုးထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေရှိတယ်။ အဲဒီတော့ လူနာ တွေကိုယ်တိုင်က သတိပြုမိလာပြီးတော့ ဒီလိုအဖွဲ့စည်းမျိုးတွေက ပေးနေတယ်၊ ကျန်းမာရေးဌာနမှာ အလကားရနေတယ်ဆိုတဲ့ message တွေသာ များများရောက်ပေးနိုင်မယ်ဆိုရင် လူတွေက ပိုပြီး သတိပြုမိလာရင် ပိုပြီးတော့ ပြလာမှာပဲလေ အဲဒီတော့ အဲဒါဆိုရင်လုပ်ရကိုင်ရတာ ပိုပြီးတော့ လွယ်ကူလာမယ်ပေါ့နော်။

27
Dec

ဒီနှစ်ကမ္ဘာ အေ့စ်ရောဂါရဲ့  ဆောင်ပုဒ် ဘာကိုဆိုလိုပါသလဲ

လူနာနဲ့ပတ်သက်တဲ့ အခွင့်အရေးဆိုတာ လူကိုလူလိုဆက်ဆံဖို့ အရေးကြီးတယ်၊ လူကိုရောဂါသည်လို့ မဆက်ဆံပါနဲ့ ဝေဒနာရှင်လို့ မဆက်ဆံပါနဲ့ အားလုံးဟာ ကျွန်တော်တို့ အနေနဲ့ ပြန်ကြည့် ကြမယ်ဆိုရင် လူတိုင်းလူတိုင်းက ကျန်းမာရေးနဲ့ ပတ်သက်တဲ့လိုအပ်ချက်တွေက အများကြီးရှိကြပါတယ်၊ ဥပမာ ဆီးချိုရောဂါသည်၊ သွေးတိုးရောဂါသည်၊ သွေးအဆီများနေတဲ့ သူတွေ၊ ကင်ဆာရောဂါ ဖြစ်နေတဲ့ သူတွေ အားလုံးမှာ ရောဂါ အခြေအနေဆိုတာ ရှိကြပါတယ်။ အဲဒီတော့ ဘာကြောင့် HIV ရောဂါ ဖြစ်တဲ့ သူတွေကို ခွဲခြား နှိမ်ချနေမှာလဲ ခွဲခြား နှိမ်ချမှုမရှိအောင် ဘယ်လိုလုပ်ကြရမလဲ လူတိုင်းလူတိုင်းဟာ ဘာလိုလာ မလဲဆိုတော့ လူကိုလူလို ဆက်ဆံဖို့ အရေးကြီးပါတယ်။ သူများကိုဆက်ဆံတဲ့အချိန်မှာ ကိုယ့်ကို ဘယ်လို ဆက်ဆံစေချင်သလဲဆိုတဲ့ ပုံစံနဲ့ ဆက်ဆံဖို့ အရေးကြီးပါတယ်။

26
Dec

နှစ်ဆန်းတွင် အေအာရ်ဗွီဆေး စတင်ပေးတော့မည်

ဒေါက်တာစစ်နိုင်က “ဂလိုဘယ်ဖန်းဟာ ဖွံ့ဖြိုးဆဲ ဘယ်နိုင်ငံက မဆို ရောဂါကြီး (၃) မျိုး ဖြစ်တဲ့ တီဘီ၊ ငှက်ဖျား၊ အေအိုင်ဒီအက်စ် ရောဂါတွေ အတွက် လျှောက်ထားပြီး လှမ်းတောင်းလို့ ရတဲ့ ရန်ပုံငွေ ဖြစ်ပါတယ်။ 3D Fund ကျ မြန်မာပြည် အတွက်ပဲ လုပ်ပေးတယ်။ ဂလိုဘယ်ဖန်းနဲ့ အစိုးရပိုင်း ဒီဘက် ကလည်း နည်းနည်းဟ၊ ဟိုဘက်ကလည်း နည်းနည်းဟနဲ့ ပြေလည် ပါတယ်။ ပြေလည်လို့လည်း ဒီအဆင့်ကို ရောက်လာရခြင်း ဖြစ်ပါတယ်” ဟု ရှင်းပြသည်။
အစိုးရနှင့် ညှိနှိုင်းမှု အပိုင်းကိုလည်း ၎င်းကပင် “သဘောတူတယ်၊ မတူဘူး အဲလို မဟုတ်ပါ ဘူး။ ဥပမာ ဆေးဝါးတွေကို သိုလှောင်ဖို့ ဌာနတို့၊ ဂိုဒေါင်တို့က အစ ဒီဟာနဲ့ ဆံ့ပါ့မလား။ မဆံ့ရင် နောက် တခု ထပ်ဆောက်မလား။ ဟိုဟာ လိုအပ်မယ် ထင်လိုက်၊ တမျိုး တောင်းလိုက် အဲလို ပုံစံမျိုးပါ” ဟု ပြောသည်။

25
Dec

မေမေရယ် သမီးရယ် မောင်လေးရယ် … ပြီးတော့

“ငါတို့ဘဲ ရှိတယ် ထင်မိတာ၊ ကမ္ဘာပေါ် မှာ တစ်ဝက်လောက်ရှိတယ်လို့ ထင်ပါရဲ့။ တစ်ဝက်ကနေ အနှံ့ မပွားအောင် ထိန်းချုပ်မယ်လို့ စိတ်မှာတွေးပြီး သမီးတို့လို ရောဂါမဖြစ်အောင်၊ ရွှေခြင်္သေ့လို ကူးစက် ရောဂါထိန်းသိမ်းရေးအသင်း များများရှိပါစေလို့ ဘုရားမှာ ဆုတောင်းမိပါတယ်။

24
Dec

Homo- အတူတူကို စိတ်ဝင်စားခြင်း

ကျွန်တော်အခု အသက် ၂၇-နှစ်ရှိပါပြီ။ အခုအချိန်အထိ မိန်းကလေး တစ်ယောက်ကို ရာဂစိတ်နဲ့ မပြစ်မှားဖူး သေးပါဘူး။ ဒါပေမယ့် ယောက်ျား တစ်ယောက်ယောက်ကိုတော့ ရာဂစိတ်တွေ ဖြစ်ဖူးပါတယ်။ အဲဒီယောက်ျားနဲ့ လိင်တူချင်း ဆက်ဆံမှုအနေနဲ့ ရာဂစိတ်ဖြစ်နေတာ မဟုတ်ပါဘူး။ တစ်ခုထူးခြားတာက ကျွန်တော် စိတ်ဝင်စားမိတဲ့ ယောက်ျားတွေက အသက် (၅၀)ကျော် (၆၀) တွေ ဖြစ်နေပါတယ်။ ဒီစိတ်တွေ ဖြစ်ပေါ်လာတော့ ကိုယ်ကိုယ့်ကို အပြစ်ရှိသူ တစ်ယောက် မရိုးသားသူ တစ်ယောက်လို ခံစားနေရပါတယ်။ ကျွန်တော့် စကားတွေ ရိုင်းသွားတယ် ဆိုရင် ခွင့်လွှတ်ပေးပါ။ ကျွန်တော်ဟာ ဂေးတစ်ယောက် ဖြစ်နေပြီလား။ အဲဒီစိတ်တွေ ပျောက်အောင် ဘယ်လို ပြုပြင်ရမလဲ။ အကြံဉာဏ်လေး ပေးပါဦး။

23
Dec

Addressing violence against women and HIV/AIDS: What works?

It is often difficult to know what will 'work' when addressing upstream factors having an impact on the epidemic. Here is a document on what works addressing violence against women.

23
Dec

နွေ

အိပ်မပျော်တဲ့ ညတွေဆိုတာ ရေတောင် မရေနိုင်တော့ပါဘူး။ ပစ်ပယ်မှု၊ ခွဲခြားမှု၊ စားဝတ်နေ ရေးစားရိတ်၊ ကလေးတွေ ပညာရေးစားရိတ်၊ ကျူရှင်ခ၊ ဆေး ဖိုး။ ARV ဆေးဖိုးက တစ်လထက် တစ်လ ခက်လာတယ်။ နောက်ပိုင်း တစ်ရက် တစ်ကြိမ်ဘဲ သောက်နိုင်တော့တယ်။ အိပ်ယာထဲ ရောက်လို့ တွေးလိုက်ပြီဆိုရင် သက်သာရာရစရာ ဘာမှမရှိဘူး၊ ကလေးတွေ ဆေးသောက်ချိန် ရောက်လာမှာကို အကြောက်ဆုံးဘဲ၊ ဘယ်လိုမှ ဝယ်မတိုက်နိုင်ဘူး၊ ကိုယ်အရင် အသေခံပြီး သူတို့ကို ထားခဲ့ရမလား၊ သူတို့ကို ဘယ်သူကမှ ဘာမှလုပ်ပေးမှာ မဟုတ်ဘူး၊ သူတို့ မရှိဘဲလဲ ကိုယ်မနေနိုင် ဘူး၊ စုပ်စုပ်ပြတ်ပြတ် အခြေအနေမရောက်ခင် သုံးယောက်လုံး သတ်သေပြစ်လိုက်ရမလား၊ အဲဒါလဲ ခဏခဏ စဉ်းစားမိတယ်။

Follow me on:

Back to Top