30
Aug

Painful Period ရာသီလာလို့နာရင်

ရာသီလာချိန်မှာ နာတာကို Dysmenorrhea ခေါ်တယ်။ Painful Period ရာသီလာလို့ တအားနာနေရင် အနေရအထိုင်ရ မသက်သာသူတွေ များတယ်။ ဗိုက်နာတာလဲပါတယ်။ နဲနဲလောက်၊ ၁-၂ ရက် လောက်ဆို စိုးရိမ်စရာ မလိုပါ။ တချို့မှာ ပျို့-အန်ချင်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ ခါးနာတာတွေလဲ ဖြစ်တယ်။ စိတ်မူပြောင်းသူတွေလဲ ရှိတယ်။ (သပ်သပ်ရေးထားပါတယ်။)

28
Aug

Stretch Marks အကြောပြတ်ခြင်း

ဆရာရှင့် သမီး အသက် ၂၉ နှစ်ပါ။ အခု ကိုယ်ဝန် ၈ လထဲမှာပါ။ ဗိုက်ကြောတွေလည်း ပြတ်သလို ရင်သားတွေပါ အကြောတွေ ပြတ်နေပါတယ်။ တခြားကိုယ်ဝန်ဆောင်တွေ မေးကြည့်တော့ ရင်သားတွေ အကြောမပြတ်ကြပါဘူး။ ရင်သားတွေ အကြောပြတ်တတ် ပါသလား။ အန္တရာယ် ရှိပါသလား။ ဘာဆေးတွေ လိမ်းသင့်ပါသလဲရှင့်။ ဆောင်ရန် ရှောင်ရန်တွေ လမ်းညွှန်ပေးပါအုံးရှင့်။

28
Aug

ဘယ်အချိန်တွေမှာ မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို သုံးစွဲဖို့လိုအပ်သလဲ

မိန်းမကိုယ်ဟာ ပိုးမွှားဝင်ပြီး PH မျှ ခြေပျက်နေမယ် အနံ့တွေ ဘာတွေဆိုးရွားစွာ နံနေမယ်ဆိုရင်တော့ PH Level 5 အဆင့်ရှိတဲ့ ပါဝင်တဲ့ မိန်းမကိုယ် သန့်စင်ဆေးကြောရည်တွေကို ရွေးချယ်သုံးစွဲနိုင်ပါတယ်။ မိန်းမကိုယ်မှ ထွက်တဲ့အရည် Vaginal discharge အကြောင်းကို အနည်းငယ်လေ့လာကြည့်ရအောင်။ မျိုးပွားနိုင်တဲ့ အသက် အရွယ်တွေဖြစ်တဲ့ အသက် ၁၆ နှစ်မှ ၄၅ နှစ်အတွင်းမှာ ပုံမှန် မိန်းမကိုယ်ထဲက vaginal discharge တွေဆင်းလေ့ ရှိပါတယ်။

28
Aug

မန္တလေးတွင် ART ဆေးဝါးယူသူ ယမန်နှစ်ထက် မြင့်တက်

မန္တလေးတိုင်းဒေသကြီး ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးဌာန အနေနှင့် HIV/AIDS ရောဂါ ကူးစက်မှုနှုန်း ကျဆင်းစေနိုင်ရန် ပြည်တွင်းပြည်ပရှိ NGO၊ INGO အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပညာပေး ဟောပြောခြင်း၊ စည်းရုံးခြင်းများကို လစဉ်နယ်လှည့် ပြုလုပ်ပေးလျက် ရှိကြောင်း အဆိုပါဌာန မှတ်များအရ သိရှိရသည်။

27
Aug

အေအိုင်ဒီအက်စ် တိုက်ဖျက်နိုင်တော့မည်ဟု ရဲရဲပြောနိုင်ပြီ

သုတေသနများ က ဝေဒနာရှင် တစ်ဦးချင်းစီ ၏ မျိုးဗီဇကို ယူကာ အိပ်ခ်ျအိုင်ဗွီ ဒဏ်ခံနိုင်သည့် မျိုးဗီဇများ အဖြစ် ဓာတ်ခွဲခန်း တွင် ပြောင်းလဲ ပြီးနောက် ဝေဒနာရှင်ထံ ထည့်သွင်းပေးကာ အိပ်ခ်ျအိုင်ဗွီကို တိုက်မည့် နည်းကိုလည်း စမ်းသပ် နေကြပြီ။

27
Aug

ရင်သားကို ကိုင်ခွင့်ပြုပြီး AIDS တိုက်ဖျက်ရေး ရန်ပုံငွေအတွက် အလှုခံခဲ့တဲ့ ဂျပန်အပြာကား မင်းသမီးများ

ဒါဟာကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ ရန်ပုံငွေတစ်ခု မတည်ဖို့အတွက် အောင်မြင်မှာသေချာတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်ထဲကစတင်ပြီး ၁၂ ကြိမ်မြောက်ဖြစ်သွားတဲ့ ဒီလှုပ်ရှားမှုမှာ အလှူလုပ်သူတွေက AIDS တိုက်ဖျက်ရေး လှုပ်ရှားမှုကို ငွေလှုရတာဖြစ်ပြီး ရုပ်သံမှာပြသမှာဖြစ်ပါတယ်။

26
Aug

New Rise in HIV/AIDS Cases Among Young in Thailand

About 500,000 people are estimated to be living with the HIV virus in the kingdom. During the height of the epidemic AIDS was the top killer in the country, but now it is number five, responsible for four percent of all deaths in Thailand.

26
Aug

မြန်မာနိုင်ငံ၌ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူ လူနာသစ် တစ်နေ့လျှင် ၂၀ ဦးခန့်ရှိပြီး ခင်ပွန်းမှတစ်ဆင့် ဇနီးသို့ ကူးစက်ခံရနှုန်း အများဆုံးဖြစ်နေဟုဆို

အသက် ၂၅ နှစ်အောက် အိတ်ခ်ျအိုင်ဗွီရောဂါဖြစ်ပွားမှု အန္တရာယ်များသည့် အသိုင်းအ၀ိုင်းအတွင်း ကွန်ဒုံးသုံးစွဲမှု မြင့်မားလာသော်လည်း လူဦးရေအချိုးအစား အနည်းငယ်သာ အိတ်ခ်ျအိုင်ဗွီရောဂါပိုး စစ်ဆေးမှုခံယူခဲ့ကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူသုံးဦးလျှင် တစ်ဦးနှုန်း၊ လိင်လုပ်သားသုံးဦးတွင် နှစ်ဦးနှုန်း၊ အမျိုးသားအချင်းချင်း လိင်တူဆက်ဆံသူများတွင် ထက်ဝက်နှုန်းခန့် ပါဝင်ကြောင်း သိရသည်။

26
Aug

အမျိုးသမီးများအား HIV ဗိုင်းရပ်စ်မှ ပိုမိုထိရောက်စွာ ကာကွယ်ပေးနိုင်မည့် လစဉ်သုံး ပစ္စည်းအသစ် (tampon)

နောက်ပိုင်းတွင် ယင်းဖိုင်ဘာ အမျှင်များ၌ ဆေးပမာဏပိုမိုပါဝင်ရန် ပြုလုပ်သွားမည်ဖြစ်ပြီး၊ ယင်းကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် ဆေးပမာဏ များများအား ဖိုင်ဘာအမျှင်နည်းနည်းအသုံးပြုရုံဖြင့် ရရှိနိုင်မည်ဖြစ်သည်။ ယခုတီထွင်မှုက အမျိုးသမီးများအား HIV မှ ပိုမိုထိရောက်စွာနှင့် ရိုးရှင်းလွယ်ကူစွာ ကာကွယ်မှုပေးနိုင် လိမ့်မည်ဟု လေ့လာသူများကလ အကြံ ပြုခဲ့သည်။

25
Aug

AIDS ဖြစ်ပွားသော မှို ကယ်လီဖိုးနီးယားရှိ အပင်များတွင် တွေ့ရှိ

၁၃ နှစ်သမီးလေး၏ မမျှော်လင့်ပဲ အံ့အားသင့်ဘွယ်တွေ့ရှိမှုက AIDS ဆိုသည်မှာ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု၊ HIV ပါသော သွေးသွင်းရာမှ ဖြစ်တက်သည့်အပြင် လူသားများ သဘာဝမှ AIDS ကို မည်သို့ ကူးစက်နိုင်ကြောင်း သဲလွန်စ တစ်ခုပေးခဲ့သည်။

25
Aug

Genital warts in women အမျိုးသမီး လိင်လမ်းကြွက်နို့

အတွဲတခုမှာ တယောက်မယ် ရောဂါရနေ၊ ပြနေရင် ကျန်တယောက်မှာလဲ ဘာမှ မပြပေမဲ့ပိုးရှိနေပြီ။ ဒါပေမဲ့ တယောက်မှာ အဲလိုတွေ့တိုင်း ဖေါက်ပြန်သူ ဆိုပြီး စွပ်စွဲလို့လဲ မရပြန်ပါ။ HIV ရှိနေသူ လိင်လမ်းကြွက်နို့ အဖြစ်များတယ်။ ဆေးကုရလဲ ခက်တယ်။ Squamous Cell Carcinoma in Situ ကင်ဆာကနဦးဖြစ်နေသူ အထူးကုနဲ့ ကုသပါ။ Cervical Warts သားအိမ်ဝ ကြွက်နို့ကို Biopsy evaluation လုပ်ရမယ်။ အထူးကုသမှု လုပ်ရမယ်။

21
Aug

Cervical intraepithelial neoplasia (CIN) သားအိမ်ဝ ရောဂါတမျိုး

မိန်းကလေးတိုင်း ၉-၂၆ နှစ် သမီး၊ တနည်းအားဖြင့် လိင်မှုဆိုတာ မဖြစ်သေးချိန်ကတည်းက ကာကွယ်ဆေးထိုးပါ။ သားအိမ်ကင်ဆာကို ၇ဝ% ကာကွယ်နိုင်တယ်။ လိင်ဆက်ဆံတာ စောလေလေ ဖြစ်နိုင်လေဆိုတာ သတိထားပါ။ Safe sex စိတ်ချရတဲ့ လိင်ဆက်ဆံမှုသာ ပြုပါ။ Condom (ကွန်ဒွမ်) သုံးပါ။ မေးတဲ့သူ ပြောသလို သားအိမ်ခြစ်တာကနေ မဖြစ်ဘူး-ဖြစ်တယ်ဆိုတာ ဆေးစာထဲမှာ မတွေ့သေးပါ။ ဆေးကုနည်းတွေက စိတ်ချရပါတယ်။ မကုတာနဲ့ ကုသတာ အကျိုး-အပြစ်တွေ ချင့်ချိန်ရင် လုပ်ကိုလုပ်ရမဲ့ နည်းတွေလို့ လက်ခံသင့်ပါတယ်။

Follow me on:

Back to Top