3
Apr

AIDS ရောဂါ အကြောင်း (၃)

ကုသမှု

အခုထိတော့ AIDS ကို ပျောက်အောင် ကုနိုင်တဲ့ ဆေး (သို့) နည်းမရှိသေးဘူး။ AIDS ရှိလို့ ဝင်လာတဲ့ ပိုးဝင်မှု နဲ့ အခြားဖြစ်အင်တွေရဲ့ လက္ခဏာတွေနဲ့ လူနာ ခံစားနေရတာတွေကိုပဲ လက္ခဏာအလိုက် သသ့်သလို လူနာရဲ့ သက်သာရာ သက်သာကြေင်းကို ရှေးရှုပြီး ကုသပြုစုမှု ပေးရတာပဲ။ ရောဂါကလဲ နာတာရှည်ဆိုတော့ သူနာပြုစုမှုကလည်း အရေး ကြီးပါတယ်။

ဒါပေမယ့် ဒီနှစ်တွေအတွင်းမှာ AIDS ကုသမှုဆိုရာ တိုးတက်မှုရှိသလားလို့ မေးရင်တော့ ရှိတယ်လို့ ဖြေရမှာပါ။ ပျောက်တဲ့ဆေး မတွေ့ရသေးပေမယ့် ဗိုင်းရပ်စ်ကြောင့် ကိုယ်ပိုင်ခုခံကာကွယ်စွ်းရည် ကျဆင်းသွားလို့ ဝင်လာနိုင်တဲ့ opporunistic inction လို့ ခေါ်တဲ့ “သာယာစီး” ရောဂါပိုးတွေကို ပိုမိုထိရောက်စွာ ကုသနိုင်ကြတယ်။ ဒီရောဂါတွေကတော့ အဆုတ်ရောင် ရောဂါတစ်မျိုး၊ မှိုမှ ဖြစ်တဲ့ မက်ခရုလို ရောဂါ၊ တီဘီရောဂါ၊ ကင်ဆာ၊ ဝမ်းလျှောခြင်းတို့ ဖြစ်တယ်။ ပိုးတစ်မျိုးမျိုး ဝင်လာခြင်းကို ကုလိုက်ရင် ပျောက်ကင်း (သို့) သက်သာနိုင်တယ်။ ဒါပေမယ့် နောက် အခြားပိုးတစ်မျိုးမျိုး ဖြစ်ဖြစ်၊ ဒီပိုးပဲ ဖြစ်ဖြစ် ဝင်လာပြီး ဒုက္ခပေးနိုင်ပြန်တယ်။ ခုခံစွမ်းအင် မကောင်းဘဲ ဖြစ်နေတာကိုး။ တကယ်တမ်း AIDS ရောဂါကို ပျောက်အောင် ကုစားနိုင်တဲ့ ဆေးကတော့ ဗိုင်းရပ်စ်ကိုသာ ခြေဖျက်ပျက်စီးစေပြီး လူကို ဘာမှ ဒုက္ခမပေးတဲ့ ဆေးမှသာလျှင်အကောင်းဆုံး စံကိုက်ညီတဲ့ ဆေးလို့ ခေါ်ရမှာ ဖြစ်တယ်။

ဒါတောင်မှလည်း ဒီဆေးဟာ ဗိုင်းရပ်စ်ကိုသာ ရှင်းပစ်ရုံ ရှိသေးတာ။ ဒီဗိုင်းရပ်စ်တွေ ဖျက်စီးပစ်ခဲ့တဲ့ “ကိုယ်တွင်း ခုခံကာကွယ် အဖွဲ့အစည်း” (Immune System) ကို ပြန်လည်ထူထောင်ပြီး ပုံမှန်ဘဝကိုရောက်အောင် မလုပ်ပေးနိုင်ရင် ရောဂါဟာ လုံးလုံး ပျောက်ကင်းသွားပြီလို့ မဆိုနိုင်သေးဘူး။ ခုခံကာကွယ် အဖွဲ့အစည်းကိုလည်း ပြင်ဆင်ပေးဖို့ လိုလိမ့်မယ်။ မဟုတ်ရင်တော့ ဒီလူနာမှာ အခြားရောဂါတွေ ခဏခဏ ဝင်နေအုံးမှာပဲ။ ဗိုင်းရပ်စ်ကို အပြတ်ရှင်းမဲ့ ဆေးတော့ အခုထိ မပေါ်သေးဘူး။ ဒီလိုဆေးမျိုး ထွင်ဖို့ရာ ခက်နေတဲ့ အချက်တွေကတော့ ဒီဗိုင်းရပ်စ်ဟာ “လူလည် လူပါး” လို့ ခေါ်ရမှာ၊ သူက လူ့ကိုယ်ထဲက လူအတွက် အရေးကြီးတဲ့ ဆဲ (Tဆဲ) တွေထဲမှာ “ပုန်းအောင်း” နေတာ။ သူ့ကို ဖျက်ဆီးပစ်ရင် သူပုန်းခိုနေတဲ့ ဆဲတွေပါ ပျက်စီးရမှာပဲ။

နောက်ပြီး ဗိုင်းရပ်စ်က ဦးနှောက်ထဲရှိ ဆဲတွေထဲလည်း ရောက်နိုင်တယ်။ ဦးနှောက်က ဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့ ဆေးက သွေးထဲကမှ တဆင့် ဦးနှောက်ဆီရောက်ရမှာ။ ဆေး (အများစု) တွေဟာ သွေးနဲ့ ဦးနှောက်ကို ခြားထားတဲ့ အတားအဆီးကို မကျော်နိုင်ကြဘူး။ ဒါကြောင့် ဦးနှောက်ဆီကို မရောက်နိုင်ကြဘူး။ ဦးနှောက်ဆဲတွေကို မပျက်စီးစေဘဲ ဗိုင်းရပ်စ်ချည်း သက်သက်ကို ပျစ်စီးစေတဲ့ ဆေးကို ဖန်တီးဖို့ရာ ကတော့ အလွန်တရာမှ ခက်ပါတယ်။ ဒီတော့ ဆေးလောကနဲပ သိပ္ပံလောကက ဆရာတွေက နည်းဗျူဟာတစ်မျိုး စဉ်းစားကြတယ်။

ဗိုင်းရပ်ကို သေအောင် မသတ်နိုင်ရင် ဗိုင်းရပ်စ် မျိုးမပွားနိုင်အောင် လုပ်မယ်ဆိုပြီး အဲဒီဆေးမျိုးကို ရှာနေကြတယ်။ တွေ့ရင်တော့ ဒီဆေးကို AIDS လူနာရှင်တွေဟာ ရာသက်ပန် စားသွားရမှာ ဖြစ်ပါတယ်။ ဆေးကို ဖြတ်လိုက်ရင် ပိုးက ပြန်ပွားမှာကိုး။ ခက်တာက အခု စမ်းကြည့်နေတဲ့ ဒီလိုဆေးတွေဟာ ပြင်းလွန်းတော့ မလိုလားအပ်တဲ့ အဆိပ်တက်မှုတွေ ဖြစ်ကြတယ်။ ဒါတောင် တာရှည်သုံးသေးတာ မဟုတ်သေးဘူး။ နောက်ပြီး ဆေးတစ်မျိုးမျိုး ဈေးကွက်ထဲ တင်ပြီး ရောင်းနိုင်ဖို့ အခြေ ရောက်ဖို့ရာက အချိန်တွေ အများကြီး ယူရတာ။ တိရစ္ဆာန်၊ လူ စသည်တို့မှာ စမ်းသပ်မှုတွေ အများကြီး လုပ်မှ ဖြစ်တာ။ ပြီးတော့ မှတ်ပုံလည်း တင်ရသေးတယ်။ ဒါကလည်း ကြာတာပဲ၊ ဆေးတစ်မယ် ဈေးကွက်ထဲ ရောက်ပြီး ရောင်းနိုင်ဖို့ရာ ပျမ်းမျှအားဖြင့် ၁၀ နှစ်လောက် ကြာတယ်တဲ့။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top