7
Apr

မိသားစု ဘဝ

HIV/AIDS ရောဂါ ဝေဒနာသည်တွေ အတွက် မိသားစုဝင်တွေရဲ့ လက်ခံနားလည်မှုကို ရဖို့ကလည်း ရင်ဆိုင်ရတဲ့ အခက်အခဲတွေထဲမှာအတော့်ကို ကြီးမားတဲ့ အခက်အခဲ တစ်ခုဖြစ်နေတတ်ပါတယ်။ ကိုယ့်မိသားစု ထဲက တစ်ယောက်ယောက်မှာ ရောဂါကြီးကြီးမားမား တစ်ခုဖြစ်ပြီဆိုရင် ဖြစ်လာနိုင်တာတွေကတော့ အများကြီးပါပဲ။

4
Feb

နားလည်လက်ခံမှု

ပတ်ဝန်းကျင် ဆိုတဲ့ စကားလေးသုံးလုံးဟာ တကယ်တော့ လူတွေရဲ့ ဘဝမှာအရေးသိပ်ပါတယ်လို့ ကျွန်တော်ထင်မိတယ်။ ကျွန်တော် ဒီအချိန်ထိ အသက်ဆက်ရှင် နေနိုင်တာ ကျွန်တော့်မိသားစု အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင် ကြောင့်ပဲ။

23
Dec

နုတ်ဆိတ်ခွဲခွာခြင်း

ကျွန်တော့ မိဘတွေဆုံးသွားတော့ အသက် ငယ်ငယ်လေးတွေနဲ့ ဆုံးသွားတာတဲ့ သွေးရိုးသားရိုးမဟုတ်ဘူးတဲ့ AIDS ဆိုလား ဘာဆိုလားတဲ့ အဲဒီဟာကကူးတယ်တဲ့ ကျွန်တော်တို့ မောင်နှမ နှစ်ယောက်ကို အ၀တ်နဲ့မျက်စိကိုစီးပြီး တခြားဆီကို ပို့ပစ်လိုက် ကြတယ်လေ အိမ်တွေ ခြံတွေ လယ်တွေ ယာတွေကိုတော့ ယူလိုက်ကြတယ် အဲဒါတွေကတော့ ရောဂါကူးမှာ မကြောက်ကြဘူးနဲ့ တူတယ်…

17
Dec

ကောင်မလေး တစ်ယောက်ရဲ့ ရင်ထဲကကဗျာ

မိဘနှစ်ဦးက စွန့်ပစ်ခံခဲ့ရတဲ့ AIDS ရောဂါသည် ကလေးမလေး တစ်ယောက်နေရာမှာ ခံစားရေးဖွဲ့ထားတာပါ ကဗျာဆိုတာထက် ဒိုင်ယာရီ တစ်ခုလိုမျိုး ရေးဖွဲ့ထားတာပါ။ တစ်ခါတစ်လေ မိဘတွေက သားသမီးတွေကို မွေးဖွားသင့်မဖွားသင့် ဆုံးဖြတ်နိုင်ပေမယ့် သားသမီးတွေကတော့ မိဘကို ရွေးချယ်ခွင့် မရှိခဲ့တာကို သတိပြုမိပါကြောင်း

16
Sep

လိင်ဈေးတန်းမှာ နင်းခြေခံလိုက်ရတဲ့ပန်းကလေး

(13)နှစ်အရွယ် ကရင်မိန်းကလေးငယ် တစ်ဦးဟာ ပြည့်တန်ဆာရုံမှာ ရောင်းစားခံရပြီး ပါကင်ဖောက်တယ် ဆိုတာကို စတင်ကြားသိရတဲ့ လိင်ဈေးတန်းက ပထမဦးဆုံး သူမရဲ့ ဖြစ်ရပ်ကို အခုလို ပြောပြခဲ့ပါတယ်။

7
Sep

ကျွန်မသားလေး ဆာလို့ ငိုတဲ့အချိန်

ကျွန်မ စစခြင်းတုန်းက ကျွန်မဒီရောဂါ ဖြစ်တယ်ဆိုတာ ကိုယ်ကိုယ်တိုင် မသိခဲ့ပါဘူး။ ကျွန်မ ချောင်းတွေ အရမ်းဆိုးလာတယ်။ ကိုယ့်ကိုယ်ကိုယ် မသင်္ကာဖြစ်ခဲ့တယ်။ အဲဒီကနေပြီး ရွှေခြင်္သေ့ကို လိုက်ပို့ပေးဖို့ ကျွန်မသူငယ်ချင်းကို အကူအညီတောင်းခဲ့တယ်။ သူက အဲဒီကိုသွားနေတဲ့ ရောဂါသည်ပါ၊

18
Jul

အမှောင်ထဲက အလင်းတန်း

ဒီလိုနဲ့တစ်နေ့ ရပ်ကွက်ထဲကို လူမှုကျန်းမာရေးပညာပေးအဖွဲ့ကဆိုပြီး ကောင်မလေး(၂)ယောက် (၃)ယောက်ကလာပြီး ကျန်းမာရေးပညာပေးပွဲလေးလုပ်တယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အသိပညာပေးနေတဲ့ အဖွဲ့အစည်းတစ်ခုကတဲ့။ သူတို့က HIV/AIDS ရောဂါအကြောင်းကို အဓိကပြောပြကြတယ်။

30
Jun

စတေးခဲ့သမျှဟာ ဘ၀အတွက်ပါ

ကျွန်တော် နေပြည်တော်မှာ သူဌေးနဲ့အတူ လိင်တူကိစ္စဖြစ်ခဲ့တာတွေ… ရန်ကုန်မှာ သူများ မယားတွေကို ကာမ အဖော်ပြုပေးရတဲ့ လိင်လုပ်သားလုပ်တာတွေက တရားနည်းလမ်းမှ မကျတာပဲလေ။ ဒါပေမယ့် ကျနော် စိတ်ဓာတ်မကျခဲ့ပါဘူး။ ကျွန်တော့် မိသားစုကို ကျွန်တော့်ဘ၀နဲ့ စတေးပြီး ငွေရှာပေးနိုင်ခဲ့တယ်လေ။

7
Jun

သွေး

ကိုယ့်မှာ HIV ရှိတယ်ဆိုတာ မသိခင်က တည်းကတရပ်ထဲနေ သူငယ်ချင်း တစ်ယောက်ဖြစ်တာ တွေ့ဖူးတယ်။ အတူစား၊အတူသွား၊အတူလာပဲ။သူ့အမေကဖာခေါင်း။ သူ့အိမ်က ဟာတွေဆီက ကူးတာပဲလို့ ထင်ခဲ့တာ။ သူ့ကို ခွဲခြားပြီး မဆက်ဆံခဲ့ဘူး။ အတူသွား၊ အတူလာတာနဲ့ မကူးနိုင်ဘူးဆိုတာကိုသိတယ်လေ။

3
Jun

မြန်မာ ခန္ဓာကိုယ်ြ​ဖင့် ရင်းနှီးလု​ပ်ကိုင်ရသူ​များအတွက် ဆေးခန်း

ခန္ဓာကိုယ် ရင်းနှီးပြီး လုပ်ကိုင်နေသူတွေအတွက် သက်သက် ဆောင်ရွက်ပေးနေတဲ့ (တော့ပ်-ပရောဂျက်) ကနေ သူမကို ဆေးလဲ ကုပေးတယ်၊ (အိတ်ခ်ျ-အိုင်-ဗွီ) ရောဂါနဲ့ ဒီလို အသက်မွေးလုပ်ငန်းအပေါ်မှာ အထင်အမြင် မှားတာတွေနဲ့ ကင်းရာနေရာကိုလဲ ပေးတယ်။ ကုန်ကုန်ပြောရရင် အလုပ်အကိုင်လဲ ရှာပေးသေးတယ်။

30
May

ရင်၌ဖြစ်သည်...။

ကြယ်စင့်ကို နုနုဘေးတွင်ချပေးလိုက်ရင်း နွယ်သွေးတစ်ယောက် နုနုလက်ကလေးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ “နုနု… ညီမလေးသိပ်မျှော်လင့်တဲ့ ကြယ်စင်လေး… ခု နုနုအနားမှာ ရှိနေပြီလေ။ ဘာလိုသေးလို့လဲ ညီမလေးရယ်”ဟုဆိုတော့ နုနုထံမှ ခွန်အားအပြည့်ပါသည့် အပြုံးလေးတစ်ပွင့် လင်းလက်သွားခဲ့သည်။ ကြယ်စင်ကတော့ အားလုံးရဲ့ ခံစားချက်တွေကို မသိကျိုးနွံပြုကာ သူ့အမည် လေးနှင့်လိုက်အောင်ပင် အပြစ်ကင်းစင်စွာ အိပ်မောကျလျက်။

25
May

သူ့ကို ဘယ်လိုပြောရပါ့

အရင်က လူသိမှာ စိုးရိမ်တယ်။ အခုတော့ မစိုးရိမ်တော့ပါဘူး။ ပတ်ဝန်းကျင်ကလည်း အသိပညာတွေ ရလာလို့ အရင်ကလောက် မခွဲခြားတော့ဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်မရဲ့ရုပ်ပိုင်းဆိုင်ရာက သာမန်လူ တစ်ယောက်လို လုပ်ကိုင်စားသောက် နေထိုင်နိုင်လို့ပါပဲ၊

Follow me on:

Back to Top