14
May

ဒီတစ်နှစ်ပြီးရင် နောက်တစ်နှစ်

ဒီ HIV ပိုးရှိရင် ဆက်သွယ်လို့ရတဲ့ လူမှုရေးအဖွဲ့အစည်းတွေ ရှိပေမဲ့လည်း ကိုယ့်မှာ မဆက်သွယ်ရဲ ခဲ့ဘူး၊ အိမ်ကသိသွားရင်၊ ဆက်သွယ်မိတဲ့ လူတွေထဲမှာ ကိုယ်အသိ၊ မိသားစုရဲ့အပေါင်းအသင်းတွေ ပါနေခဲ့ရင် ဆိုတဲ့ စိတ်နဲ့ ဘယ်အဖွဲ့ရှိရှိ ကြားနေသိနေပေမယ့် ကိုယ်ကိုယ်တိုင်ဖွင့်ပြောပြီး အကူအညီ မတောင်းရဲခဲ့ဘူး။

7
May

သားသားလေး ကျောင်းဆင်းရင် တော်ပါပြီ

ကျွန်တော်ဆို ဘယ်လောက်ထိ စဉ်းစားလဲဆိုရင် ARV ဆေးလေး ဘာလေး သောက်လို့ ကျန်းမာလာရင်၊ အနာလေးဘာလေး ကင်းရှင်းသွားမယ် ဆိုလို့ရှိရင်၊ ဘုန်းဘုန်းကို ပြောပြီးတော့ ကိုရင်ကြီးဝတ်ပြီးတော့ ကျောင်းရဲ့ဝေယျာဝစ္စလုပ်ရင်း နေလိုက် တော့မယ်လို့ စဉ်းစား ထားတာ။

29
Apr

ဒီနေ့ဟာ အစဖြစ်တယ်

ကျွန်မ အားတင်းလိုက်တယ်။ ကျွန်မ အသက်ရှင်မှ ဖြစ်မယ်၊ ကိုယ့်ကိုယ်ကိုယ် မသနားရင် တောင်မှ သားနဲ့သမီးကို သနားရမယ်။ ကျွန်မစိတ်ကို ပြန်တင်းလိုက်တယ်။ နေကောင်းအောင် ကြိုးစားခဲ့တယ်။ အလုပ် ပြန်လုပ်တယ်။ ကို့အသိုင်းအဝိုင်းက ကျွန်မကို ချစ်ကြတယ်၊ ဝိုင်းပြီး စောက်ရှောက်ကြတယ်။

24
Apr

ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး ကို မမေ့ဘူး

ကျွန်မခင်ပွန်းရဲ့အဒေါ်ဆိုရင် အိမ်အလည်လာတာတောင် မထိုင်တော့ဘဲ မတ်တပ်ရပ်စကားပြောပြီး ပြန်သွားပါ တယ်။ အိမ်နီးနားချင်းက ကလေးတွေ အိမ်လာရင်လဲ သူတို့အမေတွေက ချက်ချင်းလိုက် ခေါ်ကြတယ်။

15
Apr

PLHA တစ်ဦးရဲ့ ဝါကျများ အပိုင်း ၂

ဓါတ်ခွဲခန်းကို သွေးအဖြေ သွားရွေးတယ်၊ အကုန်မရဘူး။ CD4 စစ်တဲ့စက်ပျက်နေလို့ နောက်ရက်မှ CD4 အဖြေရတယ်။ လူနာက အရိုးပေါ် အရေတင်။ တစ်ကယ်ပါ အိပ်ယာပေါ် အရုပ်တင်တားသလိုပဲ မလှုပ်ဖူး၊ ချေး၊ သေးလဲ မနိုင်တော့ဘူး။ တစ်ပါးသူအပေါ် လုံးဝ မှီခိုနေရတဲ့ဘဝ။ ကိုယ်လည်း တစ်ချိန်ကြရင် ဒီလိုအခြေအနေကို ဖြတ်သန်းရမှာလားဆိုတဲ့ အတွေးကဝင်လာတော့ စိတ်ထဲမှာ တော်တော်မောသွားပြီး အနာဂါတ် စိတ်ကူးတွေတောင် ပျက်သွားတယ်။

9
Apr

PLHA တစ်ဦးရဲ့ ဝါကျများ အပိုင်း (၁)

ကျွန်တော် အဖွဲ့ကိုရောက်သွားဖြစ်တော့ volunteer တွေနဲ့လည်း ခဏအတွင်း ရင်းနှီးသွားတယ်။ သူတို့ရဲ့ မခွဲခြားဘဲ နွေးထွေးတဲ့ဆက်ဆံမှုကြောင့် ထင်တယ်။ volunteer တွေက Non တွေဆိုတော့ အံ့သြသွားတယ်။ သူတို့ရဲ့ လှပတဲ့စိတ်ဓာတ်ကို မြင်ရပြီး အားကျတယ်။ Negative က positive တွေအတွက် အလုပ်လုပ်နိုင်ရင် positive ဖြစ်တဲ့ကျွန်တော်ကရောဆိုတဲ့ အတွေးဝင်လာပြီး တတ်နိုင်တဲ့ နေရာကနေပါဝင်ဖို့ ဆုံးဖြတ်ပြီး ရွှေခြင်္သေ့မှာ ဝင်လုပ်ဖြစ်သွားတယ်။

25
Mar

သေမလိုလို ဖြစ်လိုက်

အဖွဲ့တွေက လာရင် ဆိုင်ကယ်တွေနဲ့၊ ဖုန်းတွေက လဲ ပါကြတော့ အရပ်ထဲက အထင်ကြီးပြီး ပြန်ခေါ်လာ ကြတယ်။ အစည်းအဝေးပွဲတွေ တွေ့ဆုံပွဲတွေလဲ ခဏခဏတက်ရတော့ ဗဟုသုတတွေလဲ ရလာတယ်။ အရပ်ထဲ ပြန် ပြောပြနိုင်တော့ အထင်မသေးတော့တဲ့ အပြင် အထင်တောင် ပြန်ကြီးခံ နေရတယ်။

18
Mar

ကျွန်မ ဘာအမှားတွေ လုပ်ခဲ့လို့လဲ

ကျွန်မမှာ HIV ပိုးရှိမှန်း ကျွန်မထက် အရင်သိနေတာကတော့ ပတ်ဝန်းကျင်ပါဘဲ။ ကျွန်မရဲ့ သွေးစစ် တဲ့ အဖြေကို ဆရာမက သူ့ချွေးမကို ဆေးရုံမှာ သွားယူခိုင်းခဲ့တယ်။ အဲဒီချွေးမက ကျွန်မယောင်းမနဲ့ စီးပွား ပြိုင်ဘက်၊ သူက အိမ်မှာ ကျွန်မအကြောင်း ပြောခဲ့တယ်။ ဗူးပေါက်တစ်ရာသာ ပိတ်လို့ရမယ်၊ ပါးစပ်ပေါက် တစ်ပေါက်ကို ပိတ်လို့ မရဘူးဆိုတာ တစ်ကယ်မှန်ပါတယ်။ ကျွန်မမှာ HIV ပိုး ရှိတယ်ဆို တာ တီဗွီကနေ ကြော်ငြာနေစရာ မလိုပါဘူး။ ကျွန်မမိဘ၊ အစ်မနှစ်ယောက်နဲ့ ဆွေမျိုးတွေအားလုံး သိသွားခဲ့တယ်။

16
Mar

အေအိုင်ဒီအက်စ် ၊ ကင်ဆာနှင့် CXCR4 မော်လီကျူး

“ဆေးကုမ္ပဏီ အတော်များများက CCR-5 Receptor ကို ပိတ်ပင်ထားနိုင်တဲ့ ဆေးဝါးတွေဖော်ထုတ် ခဲ့ပြီးပြီ၊ ဒါကလဲ HIV ကို မျိုးဖြုတ်ချင်လို့ပဲ။ ဒီတော့ CCR-5 ကိုရော၊ CXCR4 ကိုရော နှစ်မျိုးလုံးပိတ်ထားနိုင်မှ တန်ကာကျလိမ့် မယ်တဲ့”

14
Mar

ကြယ်ကြွေချိန် တဒင်္ဂ

ကျွန်မ ၀ဋ်လည် နေပြီလား။ သမီး လုပ်သူကို တစ်ချက် မျက်နှာအညှိုး မခံရအောင် ဖြည့်စွမ်းပေးခဲ့ သော ဘွားဘွား၊ မိခင်၊ ဖခင်တို့၏ ရင်ကို အရှင်လတ်လတ် ခွဲခဲ့သောကြောင့် ကံတရားက ဒဏ်ခတ် သင့်သည်။ အပြစ် မရှိသော ကျွန်မ သမီးလေးကိုမှ ဘာကြောင့်များ မြေစာပင် ဖြစ်စေရော့သနည်း။ ကျွန်မ မတွေးချင်သော အတိတ်သည် ကျွန်မ စိတ်ဝိညာဉ်ကို တိုးဝင်လာပြန်တော့…

28
Feb

ဒီလိုဖြစ်လာလိမ့်မယ်လို့ ကျနော်မထင်ခဲ့မိဘူး ...

“ ကျနော့်ရဲ့သွေးအဖြေကို ကြားသိရပြီနောက်မှာတော့ ကျနော့် အမေခမျာ ငိုယိုပြေးထွက်သွားတာ ကြောင့် ကျနော့်သူငယ်ချင်းမှာ အမေ့ကို နှစ်သိမ့်ရတာနဲ့ အလွန်အလုပ်များသွားခဲ့ရတယ်၊ ကျနော် မျှော်လင့်ပြီးသား ဖြစ်ပေမယ့် တကယ့်ကို အကြီးမားဆုံးသော တုန်လှုပ်ခြောက်ခြားမှု တစ်ခုပါပဲ”

25
Feb

ရေဆန်လမ်းမှာ အားတင်းခဲ့သူ

ပထမဦးဆုံး ကျွန်မရဲ့အသိထဲမှာ ငါဟာ သေမင်းဆီသွားဖို့ နီးနေပါလားဆိုတဲ့ အသိမျိုး ၀င်လာပါ တယ်။ ကျွန်မ မသေချင်သေးဘူး။ ဒီသားလေးတွေနဲ့ ခွဲခွာပြီး ကျွန်မ မသွားချင်သေးတဲ့ အခြား ဘ၀ ကို မသွားပါရစေနဲ့လားရှင်။

Follow me on:

Back to Top