15
Oct

ကွန်ဒုံး သုံးကြပါဆိုတဲ့ မိန်းကလေး တစ်ယောက်ရဲ့ ရင်နင့်ဖွယ် အမှာစကား

သူကတော့ ကျွန်မကိုယ်ဝန်ဟာ သူနဲ့ရတာ မဟုတ်ဘူးလို့ ဇွတ်ငြင်း နေတော့တာပါပဲ။ ကိုယ်ဝန် ကိုးလရတော့ ကျွန်မ ဆရာဝန်နဲ့ ပြကြည့် ပါတယ်။ ဆရာဝန်က ကျွန်မကို ပြောတယ်။ ကျွန်မရဲ့ သွေး စစ်ချက်မှာ ပြဿနာ ရှိနေတယ်တဲ့။ ပြီးတော့ သားသမီး ရလာရင်လည်း ကလေးကို မိခင်နို့ မတိုက်ရဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ ကျွန်မမှာ … ကျွန်မ မှာလေ… အေအိုင်ဒီအက်(စ်) ရောဂါ စွဲကပ်နေလို့ ပါပဲတဲ့ရှင်။

24
Feb

ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)

အမျိုးသားနဲ့ အတူနေ ဖြစ်တာက ၁၂ ရက်နေ့ နောက်ဆုံးပါ။ ရာသီလာတာကတော့ ပြီးခဲ့တဲ့လ ကတော့ ၁၅ ရက်ကလာပါတယ်။ ဒီလမှာတော့ ဆီးစပ်တွေသာ ကိုက်ခဲနေပြီး ၂ ရက်လောက်ရှိပါပြီ သွေးနဲနဲဆင်းနေပါတယ်။ ခြောက်ခြောက်ကြီးဖြစ်နေပါတယ်။

10
Aug

လိင်ကတဆင့် ကူးစက်ရောဂါများ ကုသရန် အခြေခံ ဥပဒေသ

လိင်ဆက်ဆံရာမှာ ကျား-လိင်တံ၊ မ-အင်္ဂါ၊ ပါးစပ်၊ စအိုတွေ သုံးရာကနေ ကူးစက်တယ်။ ပိုးရှိမိခင်ကနေ မွေးလာမဲ့ ကလေးကို ကူးတတ်တယ်။ Ophthalmia neonatorum ကလေး မျက်စိနာလိမ့်မယ်။ ဖြစ်တာတော့ နည်းပါတယ်။

24
Jul

စာဖတ်သူ အကြိုက်

“ချင်းမိုင်” မြို့က စတိုးဆိုင်တစ်ဆိုင်မှာ ဖိနပ်ရောင်းတဲ့ အလုပ်လုပ်ပါတယ်။ အဲဒီမှာ အလုပ်အတည်တကျ မရှိသေးတဲ့ လူတစ်ယောက်နဲ့ စတွေ့ပါတယ်။ ၁၉၉၅ မှာကျွန်မယောက်ျား ဆုံးပါးသွားပါတယ်။

23
Jul

ထိုမိန်းမ

သူ့ရဲ့ အပြောအဆို သူ့ရဲ့ လူရည်လည်မှုတွေ အပေါ် သဘောကျမိတာ ၀န်ခံပါတယ်။ ကျွန်မမှာ ကိုယ်ဝန် နှစ်လ ရပြီဆိုတော့မှ နေရပ်ပြန်ပြေး ရတော့တာပါပဲ။ အဲဒီအချိန်မှာတော့ အရမ်း မုန်းနေပါပြီ။

3
Jul

တစ်ကောင်ဖွား

ကျွန်တော့် ဖခင် ဆရာသာဓု ငယ်ကတည်းက လူမှန်းမသိခင် သူ့ဖခင် ကွယ်လွန် သွားခဲ့ပါသည်။ မိခင် မုဆိုးမကြီးနှင့်အတူ ဈေးရောင်းရပါသည်။ လမ်းဘေး ဈေးသည် အတန်း အစားမျိုး ဖြစ်ပါသည်။ အလွန်ဆင်းရဲ ရှာပါသည်။ သူ့မိခင်ကြီးက ကျောင်းပင် ထားမပေး နိုင်ရှာပါ။

2
Jul

အထိန်းအကွပ်များတဲ့ကြားက

၁၉၈၉ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှာ ကျွန်တော့်ကို ယိုးဒယားစစ်သား စုဆောင်းရေးတပ်က ရွေးချယ်လို့ “အမ်ပါ” စခန်းမှာ ရဲဘော် ဖြစ်ခဲ့ရပါတယ်။ “လန်ပန်” မှာပါ။ ၁၉၈၉ ခုနှစ်၊ မေလ ၁ ရက်နေ့မှာတော့ ကျွန်တော့်ကို “ဆူလာဆတ်” တပ်ဆွယ်ကို ပို့လိုက်ပါတယ်။ နောက်တော့ တပ်ကြပ် ရာထူးပေးပြီး ဆူလာဆတ် တပ်ရင်း ဆေးရုံမှာ သင်တန်းသုံးလ ပေးပါတယ်။ အဲဒီမှာပဲ ကျွန်တော်ဟာ အေ့ဒ်စ် ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ ဒီလိုပါ တပ်ရင်းက အနားရတဲ့ ရက်တွေမှာ ကျွန်တော်တို့ သူငယ်ချင်း တစ်စုဟာ အပြင်ထွက်ခွင့် ရကြတယ်ဆိုရင်ပဲ အပျော်ရှာကြလို့ပါ။

30
Jun

ဘတ် ၅၀၀

ကျွန်မ အသက် (၃၀) ပါ။ ၁၉၉၀ မှာ လက်ထပ်ခဲ့ပါတယ်။ အိမ်ထောင်ဦးစီး ဘဝ မှာ ပျော်စရာ ချည်းပဲပေါ့ရှင်။ ၁၉၉၃ မှာ ကျွန်မ ကိုယ်ဝန် ရှိခဲ့ပါရော။ ဒါနဲ့ ဆေးခန်းသွားပြီး သွေးစစ်တော့ ကျွန်မသွေးက ပြဿနာ နည်းနည်းရှိ သတဲ့။ ဒါပေမဲ့ သိပ်အရေး မကြီးပါဘူးတဲ့။ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ကျွန်မယောက်ျားကိုပါ သွေးစစ်ဖို့ စီစဉ်ပါတယ်။ သူ ဆေးကျပါတယ်။

28
Jun

မျှော်တလင့်လင့်

ဒီနေ့ဟာ မိုးနေ့ပါပဲ။ ကျွန်မ ပြတင်းအပြင်ကို ထိုင်ငေးနေတာပေါ့။ ကျွန်မတစ်ကိုယ်တည်း အထီးကျန်လေ။ ကျွန်မ ဘယ်လိုလုပ်ရပါ့မလဲ။ ခုလိုပဲ အထီးကျန်နေရင် ကျွန်မတွေးတော ချောက်ချားရမြဲပါ။ လူလူသူသူတွေနဲ့ တွေ့တဲ့အခါမှာ ကျွန်မ ခံစားနေရတာတွေကို ဖွင့်ဟဖို့ မတွေးပါဘူး။ ကျွန်မ လူတွေကို ကြောက်နေပါတယ်။

15
Jun

အပျော်ဆိုတာ ရှောင်

အဲဒီကစပြီး ကျွန်တော်ဟာ ကိုယ့်လို ရောဂါရှင် တွေကို အားပေးဖို့ ကူညီဖို့ ဆုတောင်း ပတ္တနာ ပြုဖို့တွေကို လုပ်ရင်း ဘဝကို ရဲရဲ ရင်ဆိုင် ဖြေရှင်းဖို့ နားလည် သွားပါ တော့တယ်ဗျာ …..။

15
Jun

မင်္ဂလာ မရှိသော မင်္ဂလာဆောင်

ကျွန်မတို့ လက်ထပ် ပြီးလို့ ရက်ပိုင်း အကြာမှာပဲ ချိုင်ဝပ်ဟာ အရက် တွေသောက်၊ အရင်က သူသိတဲ့ မိန်းကလေးနဲ့ ဆက်ဆံတော့ တာပါပဲ။ ကျွန်မတို့ အမြဲတမ်း ရန်ဖြစ် စကားများ ကြတာ ပေါ့လေ။ ဒါနဲ့ ကျွန်မက အဘွားအိမ် ပြန်မယ် ပြောတော့ သူ့အမေက လူသိရှင်ကြား တရုတ်လို မင်္ဂလာ ဆောင်ထား တာမို့ ကျွန်မ အိမ်ပြန်လို့ မသင့်တော်ဘူး ဆိုပြီး တားပါတယ်။ ပြီးတော့ သူ့ရဲ့ ဆိုင်ကိုလည်း ငွေကြေးက အစ ကျွန်မတို့ကို လွှဲပေး လိုက်ပါတယ်။ ဒီမှာတင် ချိုင်ဝပ်ဟာ ပိုက်ဆံ တွေကို ဖြုန်းပြီး အရက် ကိုလည်း မိုးအလင်း သောက်တော့ တာပါပဲ။ လက်ထပ် ခြင်းဟာ ကျွန်မ ဘဝရဲ့ ပျက်စီးရာ ပျက်စီးကြောင်း ဆိုရင် ကျွန်မ လက်ထပ်တဲ့ မင်္ဂလာကို ဆောင်ခဲ့မှာ မဟုတ်ပါဘူး။

14
Jun

မှားမိသည့် ဝန်တာ

ပတ်ဝန်းကျင် အသိုင်း အဝိုင်း ကိုလည်း ဖွင့်ဟလိုက်ပါပြီ။ ဒီထက်ပိုပြီး ဖွင့်ဟ ဝန်ခံဖို့ရာ ခုလို စာရေးပြီး လူအများသိအောင် ကိုယ့်ကိုယ်ကို ဖော်ထုတ်ဖို့ပဲ ရှိတော့တာ မဟုတ်လားလေ။
စာဖတ်သူများရှင် ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ကြပါ။ “အကွပ်မဲ့ကြမ်း ပရမ်းပတာ” ဆိုတာလို ဖြစ်နေတဲ့ သူတွေကို တွေ့ရင်လည်း ကူညီကြပါ။ ရိုင်းပင်းကြပါ။ ကြင်နာသနား မေတ္တာ ထားကြပါလို့။

Follow me on:

Back to Top