13
Jun

အလိုလိုက် အမိုက်စော်ကား

သုမောင် – ကျေးဇူးပဲ AIDS – ကျွန်တော့်မှာ HIV ပိုးက ဘယ်နှယ်က စွဲလာတယ်ဆိုတာ မသိပါဘူး။ ကူးမယ်ဆိုရင်တော့ နည်းလမ်း ပေါင်းစုံကပါပဲ။ ကျွန်တော်ကလည်း စုံတကာ စေ့ခဲ့တဲ့သူ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ဝမ်းနည်းကြေကွဲ နောင်တရနေရုံနဲ့က မပြီးသေးဘူးလေ။

12
Jun

ပိုးကုန်သည်

သုမောင် – ကျေးဇူးပဲ AIDS – ကျွန်တော့် အလှည့် ရောက်တော့ ကျွန်တော်က “အိုအေး” ကို မေးတယ်။ ကွန်ဒုံ ပါသလားလို့။ သူ့ မှာ ကုန်ပြီတဲ့။ ကျွန်တော်မှာလည်း အဆင်သင့် မရှိတော့ ကျွန်တော်က ဒါဆို ငါ ကျွတ်ကျွတ်အိတ် သုံးလို့ ရမလားမေးတယ်။ သူကရပါတယ်တဲ့။ ဒါပေမဲ့ အဲဒီညက ဘာကြောင့်မှန်း မသိတော့ဘူး။ ဘာအကာအကွယ်မှ မသုံးမိခဲ့ဘူး။ ဒါမျိုးက စိတ်လောရင် ဒီလိုပဲ ဖြစ်တတ်တာပဲလေ။

11
Jun

AIDS က ပြန်၍ ကြောက်သောဆေး

သုမောင် – ကျေးဇူးပဲ AIDS – တတိယ ရောက်လာသူ။ ဟုတ်ပါတယ်။ ကျွန်တော့်ကို AIDS ပညာပေးစာအုပ်ကို မျက်နှာအပ်ပြီး ဖတ်နေတုန်း ကျွန်တော့် ခုတင်ဘေးမှာ လူတစ်ယောက် လာရပ်တာ သိလိုက်ရပါတယ်။ အဲဒီလူရဲ့ ရနံကို ကျွန်တော် သိနေပါတယ်။ ပြီးတော့ ကျွန်တော်ကို နေကောင်းလားတဲ့။ ဒီအသံနဲ့ ဒီစကားကို ကျွန်တော် ကောင်းကောင်းကြီး မှတ်မိတာပေါ့ဗျာ။ ကျွန်တော့်ချစ်သူလေ သူ ကျွန်တော့် ဆီပြန်လာပါပြီ။ ၁၅၀၀ မေတ္တာနဲ့ မဟုတ်ပါဘူး။ သန့်စင်တဲ့ ချစ်ခြင်းမေတ္တာနဲ့ပါ။ သူကပြောတယ်။ “ရှင့်ကို ကျွန်မနားလည်ပါတယ်” တဲ့။

8
Jun

ဘသားယောက်ျား

သုမောင်ရဲ့ ကျေးဇူးပဲ AIDS – အထူးသဖြင့် ကျွန်တော်တို့ အရှေ့တိုင်း အိမ်ထောင်ရှင်မ များသည် မိမိခင်ပွန်းသည်မှာ ယောက်ျား ပီသသော၊ ရုပ်ရည်လက္ခဏာရှိပြီး သားသမီးများလည်း ပွားစီး ထွန်းကားသည် ဆိုလျှင် လောက၌ မိမိယောက်ျားမှ လွဲ၍ အခြားယောက်ျားတို့အား ရှိသည်ဟုပင် မထင် တော့ပေ။ အရှေ့တိုင်း၏ ယဉ်ကျေးမှု သဘောလည်း ဖြစ်ပါလိမ့်မည်။ ပြီးတော့လည်း မိမိ ခင်ပွန်းယောက်ျား ပီသသည့်အတွက် မိမိကိုယ်တိုင်က ဖောက်ပြန်ရန် စိတ်မကူးကြပေ။ တစ်ခုပဲ ရှိတာက သူတို့သည် မိမိယောက်ျား အခြားသော မိန်းမများနှင့် …

4
Apr

တရားခံဘယ်သူလဲဟေ့

နောက်ပိုင်း အကြီးအကျယ်ဖျားတော့မှ အဖေကဆရာဝန်တစ်ယောက်ဆီ ခေါ်သွားတယ်။ ဆရာဝန်က သွေးစစ်ကြည့်တယ်။ ဆရာဝန်နဲ့ မျက်နှာချင်းမဆိုင်ချင်ဘူး။ အဖြေတစ်ခုထွက်လာမှာကိုကြောက်လို့။ ဆရာဝန်က သွယ်ဝိုက်ပြောတယ်။ ဒါပေမဲ့လေ အဖြေကတော့ အဖြေပါပဲ။ ဟုတ်ပါ့။ ကျွန်တော့်မှာ HIV ပိုးတွေ့တယ်။ AIDS ဖြစ်နေပြီတဲ့။ ကျွန်တော့်မှာ သေလုမတတ်ကြောက်သွားတာပဲ။

3
Apr

နူရာဝဲစွဲ

၁၉၉၄ ခုနှစ်မတ်လမှာ ကျွန်မ ကိုယ်ဝန်ရှိလာပါတယ်။ ဒါနဲ့ ဆေးခန်းမှာ ကိုယ်ဝန်အပ်ပြီး သွေးစစ်လိုက်တော့ ကျွန်မသွေးဟာ တစ်ခုခု ပုံမမှန်ဘူးဆိုတဲ့ အဖြေထွက်လာပါရော။ ဆရာဝန်က သေချာအောင် သွေးထပ်စစ်ခိုင်းလို့ စစ်ကြည့်တော့ ကျွန်မသွေးဟာ HIV တဲ့။

21
Mar

ဆံပင်ကိုက်ဆရာ

ကံကောင်းချင်ပြီ ဆိုတော့ ကျွန်တော့်မိန်းမ ပထမ ကိုယ်ဝန်လည်း ရရော ကျွန်တော်လည်း ရာထူးတိုးတာပါပဲ။ ကျွန်တော်ကလည်း အလုပ်ကို တအား ကြိုးစားတာ။ တစ်ခါတလေ မှာ ကျွန်တော်ဟာ အချိန်ပိုတွေလုပ်ပါတယ်။ မိသားစုအတွက် ငွေပိုငွေလျှံရအောင်ပေါ့။ ၂ နှစ်လောက်နေတော့ ငွေတော်တော်စုမိပါပြီ။ အိမ်ကလေး တစ်လုံးလည်း ၀ယ်နိုင်ခဲ့ပါပြီ။ ဒီတော့လည်း ကျွန်တော့်ဘ၀ အတွက် ကျွန်တော် ဂုဏ်ယူတာပေါ့။ ဘ၀င်ကလေးလည်း မြင့်သွားတာပေါ့။

9
Mar

ဘယ်ဝယ်ဘယ်ဆီ

ဘာပဲဖြစ်ဖြစ်လေ ခုတော့ ကျွန်မတို့ ရဲ့ ဘ၀ ကို ပျော်ပျော်ကြီး တည်ဆောက် နေခဲ့ကြပါပြီ။ ကျွန်မတို့ နှစ်ယောက်ဟာ ကိုယ့်လို ဘ၀တူတွေရှိတဲ့ AIDS ကလပ်ကိုလည်း မှန်မှန် သွားပြီး ကူညီနေတတ်ပါပြီ။

9
Mar

မြောက်ကျွန်းသူ

အနောက်တိုင်းသူတွေရဲ့ ရိုးသားပွင့်လင်းမှုလား။ ဒါမှမဟုတ် သူကျီစယ်ခဲ့တာလား။ ကျွန်တော်ကတော့ ၀မ်းနည်းစိတ်နဲ့ စိုးတထိတ်ထိတ်ပါပဲဗျာ။

8
Mar

အပြစ်မမြင် ချစ်ကြင်ငြားသော်လည်း

ချစ်သူကို ယုံစားပြီး အတူနေမိလို့ ဒုက္ခနှင့် ကြုံသွားရသည့် ယိုးဒယားမိန်းမငယ်တစ်ဦး၏ ကိုယ်တွေ့ဘ၀ ဇာတ်ကြောင်းဖြစ်ပါသည်။ သူကိုယ်တိုင် ရေးသည့် စာစုလေးလည်း ဖြစ်ပါသည်။ ချစ်သူကို အပြစ်ယူလို့လည်း မဖြစ်နိုင်ပါ။ ခမျာမှာလည်း ငယ်ရွယ်သူမို့ အပျော်လိုက်မိတာကို ခွင့်လွှတ်နေမိပါသည်။ ခက်တာက သားရေးသမီးရေး ကိစ္စဖြစ်သည်။

7
Mar

တော်လေးဝ ပုံသွင်

ကျွန်တော်ဟာ နွေးထွေးအေးချမ်းတဲ့ မိသားစုက ပေါက်ဖွားလာတာပါ။ ကျွန်တော့်မိဘများက ကျွန်တော့်ကို စနစ်တကျ ဂရုစိုက်ကြပါတယ်။ တစ်ခါတလေ အလိုလိုက်ပါတယ်။ ဒီတော့ အမိုက်စော်ကားဖြစ်တာပေါ့။

6
Mar

အပျိုစင်ဆိုသော်လည်း

တကယ့်ဖြစ်ရပ်များသည် ၀တ္ထုပုံပြင်များထက်ပိုပြီး ရက်စက်ကြမ်းကြုတ်ကြပါသည်။ မိန်းကလေးသည် လူလေ လူလွင့် လူဆိုးလူညစ် တစ်သိုက်၏ လူမဆန်သော လုပ်ရပ်ကြောင့်သာ ပြဿနာဖြစ်ခဲ့ရပါသည်။ သူတို့ ခု ဘာတွေလုပ်နေသလဲ ကျွန်တော်တို့ မသိပါ။ သူတို့သည် နောက်ထပ် မိန်းမပျိုလေးများအား ဖျက်ဆီးနေကြဦးမည်လား။

Follow me on:

Back to Top