17
Feb

စအိုလမ်းကြောင်း ကင်ဆာ (Anal Cancer) (အပိုင်း ၂)

ပုံမှန်အားဖြင့် အများပြည်သူတွေအတွက်တော့ ကြိုတင်စစ်ဆေးဖို့ သိပ်မလိုပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေများတဲ့ သူတွေ အထူးသဖြင့် HIV ပိုးရှိတဲ့ လိင်တူဆက်ဆံသူအမျိုးသားတွေ၊ HIV ပိုးရှိပြီး စအိုလမ်းကြောင်း အသုံးပြုဆက်ဆံတဲ့ အမျိုးသမီးတွေအတွက်တော့ စစ်ဆေးဖို့လိုအပ်ပါတယ်။

28
Aug

ကမ္ဘာကြီး စစ်ပွဲမှာ အရေးနိမ့်နေပြီလား

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကုန်ကားကြီးမောင်းတဲ့သူ အသက် ၅၅ နှစ်အရွယ် Satnam Singh ဆိုသူဟာ သူ့ရွာက သားအဖနှစ်ယောက် ပိန်ချုံးချိနဲ့လာပြီး အေအိုင်ဒီအက်(စ်) နဲ့ သေဆုံးသွားတာကို အိန္ဒိယက ကုန်ကား မောင်းနေသူတွေကို ဖျော်ဖြေမှုပေးနေတဲ့ ထောင်ပေါင်းများစွာသော အပျော်မယ်လေးတွေရှိတဲ့ လမ်းဘေးက ဈေးပေါပေါစားသောက်ဆိုင်တွေရှိတဲ့ နေရာမှာ တွေ့ခဲ့ရတယ်။

29
Mar

အကြွင်းမဲ့ မေတ္တာကွန်းခိုရာ

“အဂါပီဆိုတာ ဂရိဘာသာစကားနဲ့ ကြွင်းမဲ့မေတ္တာလို့ ဆိုလိုတာပါ။ ကျမတို့ရဲ့ အဂါပီဟာ မိသားစု တစ်ခုပါ အဖွဲ့အစည်း မဟုတ်ပါဘူး” လို့ HIV/AIDS ဒဏ် ခံရသူ ကလေးတွေအတွက် ဒီရိပ်မွန်ကို တည်ထောင်ခဲ့သူ မစ္စအေဗီးရီဒေါက် Mrs Avis Rideout က ရှင်းပြပါတယ်။

23
Mar

ခွန်အားတွေ မျှဝေပေးတဲ့ ပင်းကြိုင်

သူ့မှာ HIV ရှိနေပြီဆိုတဲ့ အချက်ကို သူဟာ ကျိန်စာ တစ်ခုအနေနဲ့ မသတ်မှတ်ပဲ စွမ်းအား တစ်ရပ်အနေနဲ့ လက်ခံခဲ့တယ်။ AIDS နဲ့ အနှိမ်ခံ ရတာတွေကြောင့် ဘဝမှ ရှင်သန်ရခြင်းနဲ့ အဓိပ္ပါယ်ကို သဘောပေါက် လာခဲ့ရတယ်။ ဒါဟာ ကျမကို ကိုယ့်ကိုကိုယ် အတွက်ပဲ ကြည့်တတ်တဲ့ လူတစ်ယောက် အဖြစ်ကနေ ပိုပြီး တည်ငြိမ်တဲ့ သူများအတွက် ပေးဆပ်လိုက်ရတဲ့ ရက်ရောတဲ့ လူတစ်ယောက်ဖြစ်လာအောင် ပြောင်းလဲ ပေးခဲ့တယ်။

23
Mar

ဘွားရဲ့ မြေးကို ဘယ်သူ ကူမယ်

တနေ့ကို HIV ခုခံဆေး အပါအဝင် ဆေးသုံးမျိုး တိုက်ရတယ်။ အရွယ်နဲ့ မမျှအောင် ဆေးတွေ သောက်နေရတဲ့ မြေးဖြစ်သူကို ကြည့်ပြီး ဖွားခေါင်ဟာ နေ့စဉ်နဲ့ အမျှ စိတ်ဆင်းရဲ ရတယ်။ တခါ တရံမှာ ဆေးသောက်ဖို့ ငြင်းဆန်တဲ့ ကလေးကို ချော့မော့ဖျောင်းဖျပြီး ဆေးတိုက်ရတာလည်း အလွယ်တဲ့ အလုပ်ပါ။

23
Mar

မှားမိဝန်တာ

ငွေကြေး အတွက် မပူပန်ရတဲ့အပြင် လုပ်ငန်းသဘောအရဆိုတဲ့ သဘာဝအရဆိုတဲ့ အကြောင်းပြ ချက်တွေနဲ့ ရွမ်ရစ်ဟာ အပေါင်းအသင်းတွေနဲ့ မူးယစ်သောက်စားမှုတွေ ရှိလာပါတယ်။ အသောက်အစား သာမက အပျော်အပါး နယ်ကျွံမိတဲ့သူဟာ အရက်မူးမူးနဲ့ ဇိမ်ခန်းကို အလည် ၂ခေါက်ရောက်ခဲ့တယ်။

23
Mar

ဝေးလွင့်လရိပ်

အဖေက ငှက်ဖျားရောဂါသည်းလို့ အလုပ်မလုပ်နိုင်တဲ့အတွက် အမေနဲ့ အစ်မက ဈေးရောင်းရတယ်။ ဘာတွေ ရောင်းသလဲလို့ မေးတဲ့အခါ “ဟိုလေ ဘာခေါ်လဲ ဘယ်လို ပြောရမလဲ ကွမ်းလေ ကွမ်းယာ ပစ္စည်းတွေ ရောင်းတယ်” လို့ တုံ့တုံ့ဆိုင်းဆိုင်း ဖြေပါတယ်။ သူဟာ အိမ်စီးပွားရေး အဆင်မပြေတဲ့အတွက် ၇နှစ်တန်းအထိသာ နေခဲ့ရတယ်။ သူ့အသက် တစ်ဆယ့်လေးငါးနှစ်ရောက်တဲ့အခါမှာ မိဘနဲ့ စိတ်ဆိုးပြီး အိမ်က ထွက်ပြေးခဲ့တယ်။ သူငယ်ချင်းတွေနဲ့ မန္တလေးလိုက်လာရင်း ကြုံရာလုပ်ကိုင် စားခဲ့တယ်လို့ သိရတယ်။

22
Mar

ချဉ်တော့ချဉ်တယ် ချဉ်တာလေးကိုက ကောင်းတယ်

ရှောက်ရည် သံပုရာရည်တွေကို မြေထဲပင်လယ်ဒေသနဲ့ အရှေ့တောင် အာရှက ကျေးလက်ဒေသ တွေမှာ ပဋိသန္ဓေတားဆေးအဖြစ် ရှေးနှစ်ပေါင်းရာကျောက်ကတည်းက အစဉ်အဆက် သုံးစွဲလာခဲ့ တယ်လို့ သိရတယ်။ နိုင်ဂျီးရီးယားမှာ ဆိုရင်လည်း လိင်လုပ်သားတွေဟာ ရှောက်၊ သံပုရာရည် တွေကို အသုံးပြုလာကြတာ နှစ်ပေါင်း ကြာရှည်ရှိခဲ့ပြီလို့ ထိုင်းနိုင်ငံက လွတ်တော်အမှတ်တစ်ဦး ဖြစ်ပြီး သားဆက်ခြားရေးကို မြှင့်တင်ပေးတဲ့ မီချိုင်းက ပြောပါတယ်။

22
Mar

ခွန်ပိုင်စံ

ကျနော့် အမြင်ကို ပြောရမယ်ဆိုရင် မူးယစ်ဆေး သုံးသူတွေကိုလည်း လူသား တစ်ယောက်လို ဆက်ဆံဖို့ အရေးကြီးပါတယ်။ သူတို့ကို ဖယ်ကျဉ်မထားပဲ အသိုင်းအဝိုင်းမှာ လက်ခံပြီး သတင်းအချက် အလက်လုံလုံလောက်လောက် ပေးရုံတင်မကပဲ အကျိုးသင့် အကြောင်းသင့် ရှင်းပြပေးရပါမယ်။ သူတို့ ပြောချင်တဲ့ စကားတွေကိုလဲ ပြောနိုင်ဖို့ အခြေအနေလည်း ဖန်တီးပေးရမယ်။

21
Mar

တီထွင် စိတ်ကူး ကောင်းတဲ့သူ

ကွန်ဒုံးနဲ့ ပတ်သက်ပြီး မကြောက်ပါနဲ့ ကွန်ဒုံးဟာ အပင်ကရလာတဲ့ ရာဘာလေးပါပဲ။ ကွန်ဒုံးအတွက် ရှက်နေ မယ်ဆိုရင် တင်းနစ် ဘောလုံးအတွက် ပိုပြီး မျက်နှာပူစရာ ဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ သူ့မှာ ရာဘာ ပိုများတာကိုး လို့ ပြောတတ်တဲ့ ခွန်မီချိုင်း ဟာ ကွန်ဒုံးသုံးစွဲရေးနဲ့ သားဆက်ခြားရေး နည်းလမ်း အသွယ်သွယ်နဲ့ စည်းရုံး ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

21
Mar

ခြေတော်ရာရဲ့ ပုံရိပ်

ဒီကျောင်းတိုက်မှာ လူနာတွေအတွက် လစဉ် ဘတ်ငွေ သုံးသန်းကျော် သုံးစွဲနေရပြီး ၉၀ ရာခိုင်နှုန်းကို အလှူရှင်တွေဆီက ရရှိပြီး အစိုးရဆီက ၅ ရာခိုင်နှုန်း ထည့်ဝင်ပါတယ်။ အစိုးရက ထည့်ဝင် လှူဒါန်း မှုမှာ လူနာ ၆၄ ယောက်အတွက် ARV ဆေးပါဝင်ပြီး ဖြစ်ပါတယ်။ အေအာဗွီဆေးဟာ ခန္ဓာကိုယ်တွင်း HIV ပြန့်ပွားနှုန်းကို လျော့ချတဲ့ ဆေးပါ။ ခေတ်မီဆေးဝါးတွေအပြင် လူနာတွေ လက်ခံမယ်ဆိုရင် တိုင်းရင်းဆေးနဲ့ပါ ကုသပေးပါတယ်။

21
Mar

တကမ္ဘာလုံးနဲ့ ဆိုင်တဲ့ အန္တရာယ်

၁၉၉၇ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အာရှ စီးပွားရေး အကြပ်အတည်းကလည်း HIV ပြဿနာကို မီးကူလို့ထိုး ပေးခဲ့တယ်။ စီးပွားရေး အခက်အခဲကနေ လွတ်ရာ လွတ်ကြောင်း မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ ဘက်ကိုဦးလှည့်လာကြသလို ဆေးစွဲသူလည်း ပိုများလာတယ်။ မူးယစ်ဆေးသုံးစွဲဖို့ ငွေရှာနေတဲ့ ခန္ဓာကိုယ် ရောင်းချသူတွေရှိတယ်။ ခန္ဓာကို ရောင်းချ အသက်မမွေးသူတွေထဲကလည်း မူးယစ်ဆေး သုံးစွဲသူတွေရှိတယ် ဒီလို မသန့်ရှင်းတဲ့ ဆေးထိုးအပ် အကာအကွယ်မရှိတဲ့ လိင်ဆက်ဆံမှုတွေကနေ ရောဂါပိုး ကူးစက်မှု ပျံ့နှံ့လာပြီး HIV ကူးစက်မှု စက်ဝိုင်းကြီးဟာ ကျယ်ပြန့်လာတယ်။

Follow me on:

Back to Top