21
Mar

အနာဂတ်အာရှရဲ့ သေမင်းတမန်

အာရှမှာ HIV ကူးစက်မှုအတွက် လက်ဦးမှု ရယူဖို့အတွက် သင့်တော်တဲ့ ဆောင်ရွက်မှု ပြုလုပ်ဖို့ရာ အမှန်စင်စစ်အာဖြင့်တော့ မဖြစ်နိုင်ဘူးလို့ ဆာရာ ဟာဆီက ပြောပါတယ်။ HIV ကိုထိန်းချုပ်ဖို့ ခက်တဲ့ အာရှမှာ ကမ္ဘောဒီးယား၊ မြန်မာနဲ့၊ ထိုင်းတို့ဟာ အာဖရိက တိုက်ကလွဲရင် ကူးစက်မှုနှုန်း အများဆုံးဖြစ်ပါတယ်။

21
Mar

လွဲမှားတဲ့ ရိုးရာအစွဲ

ကျမကတော့ ကွန်ဒုံးသုံးဖို့ အယုံအကြည် မရှိဘူးလို့ မုံ အမျိုးသမီးကြီးက ပြောတယ်။ သူက ကွန်ဒုံးဟာ မိုးရွာထဲမှာ ဆောင်းရတဲ့ ထီးနဲ့တူတယ်လို့ဆိုတယ်။ ထီးဆောင်းထားလိုက်ရင် ခေါင်းသာ မိုးလုံပြီး ခြေထောက် ကတော့ မိုးရွှဲမှာဖြစ်သလို ကွန်ဒုံးသုံးပေမဲ့လည်း အချို့ အစိတ်အပိုင်း တွေမှာ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေနဲ့ ထိတွေ့နိုင်သေးတာဖြစ်တယ်။ ဒါကြောင့် ပိုလုံခြုံရအောင် ဘောင်းဘီလို ဝတ်လို့ရတဲ့ ကွန်ဒုံးကို တီထွင်ပေးပါလို့ တောင်းဆိုတဲ့အတွက် ကျန်းမာရေး ပညာပေး သူတွေဟာ ငိုရခက်ရယ်ရခက် ဖြစ်ခဲ့ရပါတယ်။

11
Nov

အေအာဗွီဂယက်

HIV ပိုးက လူသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို လုယက်ယူငင်လာတဲ့အခါ ဆေးသိပ္ပံ ပညာရှင်တွေကလည်း ဘဝတွေကို ကယ်တင်ဖို့ ကြိုးပမ်းလာကြပါတယ်။ သူတို့ စွမ်းဆောင်မှုရဲ့ အသီး အပွင့်တစ်ခုကတော့ အေအာဗွီ (ARV Anti Retroviral) ဆိုတဲ့ အိတ်ခ်ျအိုင်ဗွီ ခုခံဆေးကို ရှာတွေ့ခြင်း ပါပဲ။

1
Nov

အမျိုးသမီးထုနဲ့ HIV အန္တရယ်

ကိုယ်ပိုင် အခွင့်အရေး နည်းပါးတဲ့ အမျိုးသမီးတွေဟာ အိမ်ထောင်သည် ဘဝမှာလည်း လင်ယောက်ျားရဲ့ လက်ဝေခံ ဘဝနဲ့ပဲ သူတို့ ဘဝကို ကျေနပ်လိုက်ကြရပါတယ်။ ဒီ အဖြစ်အပျက် တွေဟာ လူမှုရေး ရှူ့ထောင့်ကကြည့်ရင် သိပ်ပြီး မထူးဆန်းလှတဲ့ အစဉ်အလာတွေလို့ သဘောထား ကြပေမဲ့ ကျန်းမာရေး ရှူ့ထောင့်မှာတော့ ဒါဟာ အင်မတန် အရေးပါတဲ့ အချက်ပါ။

14
Oct

HIV/AIDS အခြေခံမိတ်ဆက်

အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ဟာ ကြောက်စရာလားလို့မေးရင် ကြောက်စရာ ကောင်းတယ်လို့ပဲ ဖြေရမှာပါ။ ဒါပေမဲ့ အရမ်းကာရော ကြောက်ဖို့မလိုပါဘူး။ မှန်မှန်ကန်ကန် ကြောက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီရောဂါ နဲ့ ပတ်သက်တဲ့ အခြေခံ သိသင့်သိထိုက်တာလေးတွေကို လိုရင်းတိုရှင်း ဖေါ်ပြပေးလိုက်ပါတယ်။

14
Sep

ကြုံတွေ့ခဲ့ရတဲ့ အဒင်္ဂပုံရိပ်များ

နေရာအနှံ့ နယ်ပယ်အသီးသီးမှာ ကြုံတွေ့နေရတဲ့ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေအကြောင်း ပြန်ပြောင်းပြောရမှာ နောက်လူတွေ အလားတူအဖြစ်မျိုး မကြုံတွေ့စေဖို့နဲ့ ဝေဒနာသည်တွေကို ကူညီချင်သူတွေ ပေါ်ပေါက်လိုပေါ်ပေါက်ငြား ရည်ရွယ်ပြီးရေးပါတယ်။

14
Aug

ကိုကိုမကောင်းဘူးလို့ ဆိုရလေမလားကွယ်

လွန်ခဲ့တဲ့ ငါးနှစ်က သူ့ယောက်ျားဟာ ပင်လယ်ရပ်ခြားမှာ ရှိစဉ် အပျော်မယ်ကလေးတွေနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံ မိခဲ့လို့ အေအိုင်ဒီအက်စ် ရှိနေပြီဆိုတာ သိခဲ့ရတယ်။ ဒါပေမဲ့ သူယောက်ျား ကိုယ်တိုင် ဝန်ခံပြောပြဖို့ရာ ခံနိုင်ရည် သတ္တိမရှိလို့ ဆရာဝန်က ပြောပြမှပဲ သူ သိလိုက် ရပါတော့တယ်။

15
Jul

အတွင်းစကား

အရေးကြီးဆုံးလို့ သူပြောလာတာကတော့ အစိုးရနဲ့ သူ့အသိုက်အဝန်းဟာ ကျမတို့ လိုအပ်ချက်တွေနဲ့ ကျမတို့ အသံကို နားထောင်ရပါမယ်။ လေ့လာရပါတယ်တဲ့။ ဒါမှ မဟုတ်လို့ရှိရင် လိင်လုပ်သားတွေကို ကူညီဖို့ ဦးတည်ထားတဲ့ အကောင်းဆုံးသော ရယ်ရွယ်ချက်တွေတောင်မှ ဘာမှ အောင်အောင်မြင်မြင် ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။

10
Jul

သူတို့ဌာနေအခြေအနေ

မိန်းမရယ်လို့ ကွဲပြားခြားနားစေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း အောက်နဲ့ အထက် နှစ် နေရာမှာသာ အဝတ် မလုံ့တလုံ ဖုံးထားပြီး နံပါတ်လေးတွေ ကိုယ်စီ ချိတ်ထားတဲ့သူတို့ဟာ ခြေလှမ်းတွေကို မှားစေလိမ့်မယ်။ ဟင်းလျာ စားရင်း မီနျူးကတ်နဲ့တူတဲ့ ကဒ်ပြားလေး တစ်ချပ်ပေါ်က ကာမဖျော်ဖြေရေး ဟင်းလျာ စာရင်းတွေရဲ့ ညှီနံ့က အသက် ရှူဖို့ မေ့သွားစေလိမ့်မယ်။ ကြိုက်တာ ရမယ်လို့ လာခေါ်တဲ့ ဧည့်ကြိုသူက လူမျိုးဘာသာ ခွဲခြားတဲ့ အမြင်မရှိဘူး။ ဘတ်ငွေ၊ ဒေါ်လာ၊ ယန်း စတာတွေကိုသာ သူ ခွဲခွဲခြားခြား ကြည့်တတ်တယ်။

Follow me on:

Back to Top