9
Sep

ART နဲ့ ဂျင်ဇင်း၊ PLH တစ်ယောက်ကို လက်ထပ်မယ်ဆိုရင် (အမေးအဖြေ)

ဂျင်ဇင်း က HIV ပိုးရှိသူတွေ (ART သောက်နေသူအတွက်ရော၊ မသောက်သူ) အတွက် လုံးဝ မသုံးသင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ HIV ရှိသူတွေမှာ ဂျင်ဇင်းနဲ့ ပက်သက်တဲ့ သုတေသန ခိုင်ခိုင်မာမာမရှိ သေးပါဘူး။ သုံးမိရင် တချို့လူတွေမှာ ရုတ်တရက် ကိုယ်ခံအား ကျသွားပြီး ရောဂါ အခြေအနေ ဆိုးတက်ပါတယ်။

25
Aug

Public Toilet တွေက တဆင့် HIV ပိုး ကူးစက်နိုင်လား

Public Toilet တွေမှာ HIV ပိုးက အသက်မရှင်နိုင်ပါဘူး။ လူ့ကိုယ်ခန္ဒာက အရည်တွေဖြစ်တဲ့ သွေး၊ လင်အင်္ဂါရည်တွေနဲ့ တိုက်ရိုက်ထိတွေ့မှသာ HIV ပိုးက ကူးစက်နိုင်တာပါ။ HIV ပိုးက လူ့ကိုယ်ထဲမှာ ရှိနေခိုက်သာ အသက်ရှင်ပြီး လူ့ကိုယ်ပြင်ပ ပတ်ဝန်းကျင်ကို ထွက်လိုက်တာနဲ့ သက်မရှင်နိုင်တော့လို့ပါ။ ဒါကြောင့် စိတ်မပူပါနဲ့။

7
Aug

PLHIV တစ်ယောက်မှာ ကလေးယူလို့ ရ၊ မရ (အမေးအဖြေ)

အိမ်​​ထောင်​ရှိပါတယ်​။ လင်​မယားနှစ်​​ယောက်​လုံးက HIV positive ပါ။ ​ART ​ဆေးကိုလဲ ​သောက်​လာတာ တစ်​နှစ်​​လောက်​ ရှိပါပြီ။ သိချင်​တာက HIV ​ဝေဒနာရှင်​ အ​နေနဲ့ ကိုယ်​ဝန်​​ဆောင်​လို့ရ မရ၊ က​လေး​မွေးရင်​ ​ဆေးရုံ​တွေက လက်​ခံပြီး​မွေး​ပေးပါ့မလား၊ က​လေးကို ကူးနိုင်​ပါသလား။

7
Aug

ကွန်ဒုံး မသုံးရင် ရောဂါ ဖြစ်နိုင် မဖြစ်နိုင် (အမေးအဖြေ)

သုံးခါလုံး တစ်ခါမှ ကွန်ဒုံးမသုံးခဲ့ ဘူးဆိုရင်တော့ ရောဂါအတွက် သွေးစစ်စေချင်ပါတယ်။ ဘယ်လောက်ပဲ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်က သန့်တယ်ပြောပြော သူ့မှာ လိင်ကတဆင့် ကူးစက်တတ်တဲ့ ပိုးတွေ ရှိနိုင်ပါတယ်။ အထူးသဖြင့် သည်းရောင်အသားဝါ ဘီ၊ စီ၊ HIV နဲ့ အခြား ကာလသားရောဂါတွေ ကူးစက်နိုင်ပါတယ်။

15
May

HIV and Oral practice ပါးစပ်သုံးပြီး ဆက်ဆံတာနဲ့ အိတ်ခ်ျအိုင်ဗွီ

San Francisco (ဆန်ဖရန်ဆစ္စကို) မှာ ဂေးနဲ့ ဂေးမဟုတ်တဲ့ ယောက်ျား ၁၉၈ ယောက်ကို လေ့လာခဲ့တယ်။ (အိုရယ်လ်-ဆက်စ်) တနှစ် လုပ်ခဲ့တယ်လို့ ပြောကြသူတွေ ဖြစ်တယ်။ ၃၉ ယောက် (၂ဝ%) ဟာ သူတို့ရဲ့ အဖေါ်မှာ HIV positive ရှိတာကိုသိတယ်။ ၃၅ ယောက်က (ကွန်ဒွမ်) မသုံးကြဘူး။ ၁၆ ယောက်က သုက်ရည်ကို မျိုချတယ်။

19
Mar

HIV ကူးစက် ခံနေရပြီလား (ဗဟုသုတရမည့် အမေးအဖြေ-၁၊ ၂၊ ၃)

သွေးစစ်တာကတော့ အန္တရာယ် အပြုအမူပြုပြီး ၃ လ သို့မဟုတ် ၆ လအကြာမှာ စစ်ရင် စိတ်ချရပါတယ်။ ၃ လအကြာမှာ စစ်ပြီးလို့ မတွေ့ အခု ပြောပြတဲ့ အဖုလေးတွေပေါက်တာ၊ မောတာ၊ အဆစ်နာတာတွေက HIV ပိုး ကူးစက်ခါစ ပုံစံနဲ့ မတူပါဘူး။ အရက်၊ ဘီယာလည်း သောက်တတ်တယ် ဆိုတော့ ဒီလိုဖြစ်နေတဲ့ မောတာ၊ အဆစ်နာတာတွေကို သမားတော် တွေနဲ့ ပြသသင့် ပါတယ်။

18
Mar

သိရှိမှတ်သားဖွယ် HIV/AIDS ရောဂါလက္ခဏာများ (အမေးအဖြေ- ၁၀၊ ၁၁၊ ၁၂)

လက်မထပ်ခင် ဖိုမဆက်ဆံတာ၊ လိင်တူ ဆက်ဆံတာ ရှောင်ပါ။ လက်ထပ်ပြီး တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိရှိနေပေမယ့်လည်း လက်မထပ်ခင်က ပါလာတဲ့ ရောဂါပိုးကြောင့် နျစ်ယောက်စလုံး ဒုက္ခရောက်နိုင်ပါတယ်။ သွေးစစ်ပြီးမှ အိမ်ထောင်ပြုတာ ပိုးကောင်းပါတယ်။ လက်ထပ်ပြီးရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် သစ္စာရှိပါ။

17
Mar

သိရှိမှတ်သားဖွယ် HIV/AIDS ရောဂါလက္ခဏာများ (အမေးအဖြေ- ၇၊ ၈၊ ၉)

လူတန်းစား မရွေး ဖြစ်နိုင်တာမို့ လူတိုင်း သိထားသင့်ပါတယ်။ အေအိုင်ဒီအက်စ် ပျံ့ပွားမှုဟာ လူတစ်ယောက်စီ၊ တစ်ယောက်စီရဲ့ အပြုအမှု၊ စည်းကမ်းရှိမှု၊ စည်းစောင့်မှု၊ သစ္စာရှိမှုတွေ အပေါ်မှာ မူတည်နေပါတယ်။ တစ်ချို့ဆိုရင် ကိုယ့်မှာ ရောဂါပိုး ရှိတယ်ဆိုတာကို ကိုယ်တိုင် မသိဘူး။ ကိုယ့်ဆီက ဘယ်သူတွေ ကူးသွားပြီဆိုတာလည်း မသိဘူး။

16
Mar

သိရှိမှတ်သားဖွယ် HIV/AIDS ရောဂါလက္ခဏာများ (အမေးအဖြေ- ၄၊ ၅၊ ၆)

ရောဂါ ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးရော၊ ကာကွယ်ဆေးပါ မရှိသေးပါဘူး။ လူမျိုးမရွေး၊ ကျားမမရွေး၊ လူတန်းစား မရွေး၊ အချိန်မရွေး၊ နေရာမရွေး၊ အသက်အရွယ်မရွေး ဖြစ်နိုင်တာမို့ လူမသိသူမသိဘဲ တရိပ်ရိပ် ပြန့်ပွားနေတဲ့ ဒီရောဂါ အန္တရာဆိုးကြီးကို မဖြစ်ခင်က ကြိုတင်ကာကွယ်ဖို့ အရေးကြီးလှပါတယ်။

14
Mar

သိရှိမှတ်သားဖွယ် HIV/AIDS ရောဂါလက္ခဏာများ (အမေးအဖြေ- ၁၊၂၊၃)

အိတ်ခ်ျအိုင်ဗွီပိုး ရှိတယ်လို့ သေချာရင် ဖြစ်ဖြစ်၊ ရောဂါပိုး ရနိုင်တဲ့ အပြုအမှုလုပ်ခဲ့မိလို့ ကိုယ်မှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိတယ်လို့ သံသယ ဝင်နေရင်ဖြစ်ဖြစ်၊ သူများဆီက တခြားရောဂါတွေ ကိုယ့်ဆီမရောက်အောင် ဂရုစိုက်နေထိုင်သလို မိမိရဲ့ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုးဟာ သူတစ်ပါးဆီကို ထပ်မံကူးစက် မသွားအောင် ပြုမှုနေထိုင်နေရပါမယ်။

3
Mar

Condoms Safety and Effectiveness (ကွန်ဒွမ်) ရဲ့ ထိရောက်မှု နဲ့ စိတ်ချရမှု

သမီးက HIV ဝေဒနာရှင်ပါ။ သမီးအမျိုးသားနဲ့ လွန်ခဲ့သော ၆ လက အကာအကွယ်မပါပဲ ၃ ကြိမ်ဆက်ဆံခဲ့မိပါတယ်ဆရာ။ သမီးအမျိုးသားကို ကူးစက်သွားပါပြီလားရှင်သမီးအမျိုးသားက လွန်ခဲ့သော ၁ နှစ်က သွေးစစ်ခဲ့ပါတယ်။ HIVမရှိပါဘူးရှင့်။ ခုပြန်မစစ်ကြည့်ရသေးပါဘူးရှင့်။ ခုလိုဆို သူကူးစက်သွားပြီလား သိချင်ပါတယ်ရှင့်။ အရင်က ကွန်ဒုံးနဲ့ ဆက်ဆံပါတယ်။

23
Feb

HIV အတွက် ART ဆေးများ

ART/ARV ဆေးသောက်မှ အဆင်ပြေမယ်လို့ ရေးထားတဲ့ စာတွေတွေ့ပါတယ်။ သောက်နေတဲ့ ဒီဆေးတွေကကော ကျွန်တော့်ရောဂါအတွက် အထောက်အကူဖြစ်ပါသလားဆရာ။ ဒီဆေးတွေအပြင် ART ဆေးပါ သောက်သင့်ပါသလား။ ဆေးများသွားတာမျိုး ဖြစ်နိုင်ပါသလား။ ART သောက်မှဖြစ်မယ်၊ အခြားဆေးမရဆိုတဲ့ စာတချို့ကို ရုတ်တရက်မြင်လိုက်ရပြီး ကျွန်တော် အမှန်တကယ် တုန်လူပ်နေမိလို့ပါ။

Follow me on:

Back to Top