19
Mar

HIV ကူးစက် ခံနေရပြီလား (ဗဟုသုတရမည့် အမေးအဖြေ-၁၊ ၂၊ ၃)

မေး (၁)။ ။ ကျွန်တော် ၃ လပြည့်ဖို့ ၄ ရက်လောက် အလိုမှာ သွေးစစ်တာ Negative ပဲ။ ကျွန်တော် ခုနောက်ပိုင်း ကိုယ်တွေ ယားလားတယ်။ အနီဖုတွေ ပေါက်လာတယ်။ ပါးစပ် နည်းနည်းခါးနေတယ်။ အပူဖုလို အနီဖု လျှာမှာပေါက်နေတယ်။ နည်းနည်းမောသလို ခံစားရတယ်။ Join pain ကလည်း နည်းနည်း နာလိုက်ပျောက်လိုက်၊ ညအိပ်ရင်လည်း ချွေးတွေ ဆိုရွဲနေတာပဲ။

ကျွန်တော် မေးချင်တာ ၃ လကြာပြီး သွေးစစ်တယ်။ negativ ပြတယ်။ အခု ကျွန်တော်ပြောပြတဲ့ လက္ခဏာတွေက သွေးမစစ်ခင် ကတည်းက ဖြစ်နေတာပါ။ HIV negative ဆိုတော့ HIV ပိုးက ခန္ဓာကိုယ်ထဲကို ၀င်ရောက် မဖျက်ဆီးသေးဘူးဆိုတဲ့ သဘောလား။ အဲ့တာဆို ကျွန်တော် အခုဖြစ်နေတာတွေက HIV နဲ့ မဆိုင်ဘူးဆိုတဲ့ သဘောလား။ ကျွန်တော်က Beer တို့၊ Whisky တိုတော့ သောက်တယ်။ ကျွန်တော့ အခြေအနေလေး သုံးသပ်ပေးစေချင်ပါတယ်။

ဖြေ။ ။ သွေးစစ်တာကတော့ အန္တရာယ် အပြုအမူပြုပြီး ၃ လ သို့မဟုတ် ၆ လအကြာမှာ စစ်ရင် စိတ်ချရပါတယ်။ ၃ လအကြာမှာ စစ်ပြီးလို့ မတွေ့ အခု ပြောပြတဲ့ အဖုလေးတွေပေါက်တာ၊ မောတာ၊ အဆစ်နာတာတွေက HIV ပိုး ကူးစက်ခါစ ပုံစံနဲ့ မတူပါဘူး။ အရက်၊ ဘီယာလည်း သောက်တတ်တယ် ဆိုတော့ ဒီလိုဖြစ်နေတဲ့ မောတာ၊ အဆစ်နာတာတွေကို သမားတော် တွေနဲ့ ပြသသင့် ပါတယ်။ အရက်၊ ဘီယာသောက်တာတော့ လျော့သင့်ပါတယ်။

မေး (၂)။ ။ ကျွန်တော် နယ်ခရီးသွားရင်း အခန်း ၆ ခန်းအတွက် ရေချိုးခန်း၂ ခန်းသာပါတဲ့ တည်းခိုခန်းမှာ တည်းခဲ့ပါတယ်။ ကျွန်တော်မနက် ရေချိုးပြီးတော့ ကျွန်တော့ သွားတိုက်တံနှင့် ရေချိုးခန်းတွင် ရှိနေသော သွားတိုက်တံ မှားယူလာမှန်း ညပိုင်း သွားတိုက်ပြီးမှ သိခဲ့ပါသည်။ ကျွန်တော့ သွားမှ သွေးထွက်သွား၍ သွားတိုက်တံတွင် HIV ပိုးရှိနေရင် ကူးစက်နိုင်မလား သိပါရစေ။ ကျွန်တော် ကြောက်နေလို့ပါ။

ဖြေ။ ။ သွားတိုက်တံကနေ HIV ပိုး ကူးစက်တာ အလွန်ရှားပါတယ်။ စိတ်မညစ်ပါနဲ့။ HIV ပိုးဟာ သူတစ်ပါးရဲ့ သွားတိုက်တံထဲမှာ အသက်ကြာကြာ မရှင်နိုင်ပါဘူး။ HIV ပိုးကူးစက်နိုင်ခြေက အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ သွေးသွင်းခြင်းတွေက အဖြစ်များတာပါ။

မေး (၃)။ ။ တခုလောက် သိချင်လို့ပါ။ ကျွန်မကောင်လေးက ၂၀၁၃ ဇွန်လက ရန်ကုန်ကို ပြန်ရောက်ပါတယ်။ ပြန်ရောက်ပြီး သူငယ်ချင်းတွေနဲ့ သွားရင်း ကောင်မလေးတွေနဲ့ ၂ ခါလောက် အိပ်ဖူးတယ်ပြောပါတယ်။ ကွန်ဒုံး သုံးတယ်တော့ ပြောပါတယ်။ လွန်ခဲ့တဲ့ ( ၁၀) ရက်လောက်ကစပြီး သူ အင်္ဂါက (မရိုးသေ့စကား) ဆီးသွားရင် ကျင်တယ်ပြောပါတယ်။ နောက်ပြီး လိင်တံကနေ ပြည်တွေလည်း နည်းနည်း ထွက်တယ်ပြောတယ်။ ဘယ်လိုဆေး သောက်သင့်ပါသလဲ။ ဘယ်ဆရာဝန်နဲ့ ပြသင့်ပါသလဲ။ ကာကွယ်မှုကရော ဘယ်လို လုပ်သင့်ပါသလဲ။ ကျွန်မတို့ ၂ ယောက် တူတူနေလို့ရော ရနိုင်ပါသလား။ သူက တူတူနေချင်တယ်ပြောပါတယ်။ ကျွန်မက ကြောက်လို့ မနေရဲပါဘူး။ ဖြေနိုင်ရင် ဖြေပေးပါ။

ဖြေ။ ။ အခုပြောပြပုံအရ ကာလသားရောဂါ ဖြစ်နိုင်ပါတယ်။ နီးစပ်ရာ ဆရာဝန်နဲ့ သေသေချာချာပြပြီး သွေးစစ်စေချင်ပါတယ်။ ကာလသားရောဂါ အများစုက သေသေချာချာ ကုသရင်ပျောက်ကင်းပါတယ်။ ရောဂါကို အတည်ပြု၊ သေသေချာချာ စနစ်တကျ ဆေးကုသပြီးမှ နှစ်ဦး အတူတူနေသင့် ပါတယ်။

ရွှေအိမ်စည် - HIV ကူးစက် ခံနေရပြီလား (ဗဟုသုတရမည့် အမေးအဖြေ-၁၊ ၂၊ ၃)

Comments

  1. Naing says:

    ဆရာ ကျွန်တော် လက်ဖဝါနဲ့ခြေ ဖဝါတွေမှာ အသာမာလိုကြမ်းကြမ်အနီစက်တွေပေါက်လာပါတယ် ကျွန်တော် က gay တစ်ယောက်ပါ သူမျာနိုင်ငံမှာ အလုပ်လုပ်နေပါတယ်။ ကျွန်တော် တခြာရောဂါ လက်ခနာတော့ဘာတစ်ခုမှ မခံစား၇ပါဘူး။ ပြီတော့ ကျွန်တော် လိင်တံ မှာလည်း အနီစက်လို အနာမျိုး နည်းနည်းလေးဖြစ်နေပါတယ်။ ဒီနိုင်ငံမှာက HIV စစ်လို့ပေါ်၇င်နိုင်ငံပြန်ပို့တယ်ကြာဖူပါတယ်.။ အဲ့ဒါကျွန်တော်ဘာလုပ်သင့်လည် ဆရာ?

  2. ​ကောင်းထက်​ says:

    4 th genration test ကစိတ်​ချရပါသလားခမျာဘယ်​မှာစစ်​လို့ရပါသလဲ​ကျေးဇူးပြုရ်ျ​လမ်းညွှန်​​ပေးပါခမျာ

  3. ​ကောင်းထက်​ says:

    ဆရာခမျာကျ​နော်​အကာအကွယ်​မဲ့လိင်​ဆက်​ဆံမိတာရက်​၂၀​ရှိပါပြီ​ဆေးစစ်​ချင်​လို့ပါအ​ဖြေတိတိကျကျထွက်​နိုင်​ပါသလားခမျာထွက်​နိုင်​တယ်​ဆိုရင်​ဘယ်​မှာစစ်​လို့ရပါသလဲသိချင်​ပါတယ်

  4. moe myint says:

    အန္တရယ်​အပြှူမူဖြစ်​ပြီး၆လပြည့်​ဖို့၃ရက်​အလိုမှာ​သွေးစစ်​တာ non-recative ပါအဲ့အ​ဖြေကမှန်​ပါသလားလူတိုင်းသိကျတာ၆လ​နေရင်​စစ်​လို့မရှိရင်​မရှိပါးဘူးဆိုတာအားလုံးသိထားကျတယ်​ထပ်​စစ်​ဖို့လိုအပ်​လားသိချင်​ပါတယ်​ခင်​ဗျာစစ်​ဖို့အ​ကြောင်း​ကြောင်း​ကြောင့်​မစစ်​ဖြစ်​​သေးသူ​တွေကဘာလုပ်​သင့်​ပါလဲခင်​ဗျာ

  5. Pyae Phyo says:

    ကျွန်​​တော်​လိင်​တူဆက်​ဆံခဲ့မိတယ်​ ဆက်​ဆံတဲ့ချိန်​ကွန်​ဒုံးသုံးခဲ့ပါတယ်​ မဆက်​ဆံခင်​ပါစပ်​နဲ့Oralလုပ်​​ပေးမိပါတယ်​ ပြီး​အောင်​လုပ်​​ပေးတာမဟုတ်​ပါဘူး အဲ့ဒါပြီး၃လတိတိပြည့်​တဲ့​နေ့မှာ​ဆေးစစ်​ခဲ့ပါတယ်​ hivပိုးမရှိပါဘူး ကာလသားပိုးလည်းမရှိပါဘူး တချို့က၆လမှ​ပေါ်တတ်​တယိ​ပြောလို့​ကြောက်​တာနဲ့ ပထမတကြိမ်​စစ်​ပြီး၂လနဲ့ရက်​၂၀အကြာ Oralလုပ်​​ပေးခဲ့တဲ့အချိန်​က​နေတွက်​ရင်​၅လနဲ့ရက်​၂၀​ပေါ့၆လပြည့်​ဖို့၁၀ရက်​​လောက်​​တော့လိုတယ်​​ပေါ့ အဲ့အချိန်​ဒုတိယတစ်​ကြိမ်​စစ်​​တော့လည်းhivပိုး​ကော ကာလသားပိုးပါမရှိပါဘူး ဖြစ်​ချင်​​တော့ဒီ​နေ့ကျွန်​​တော်​သုံးထားတဲ့မုတ်​ဆိတ်​ရိတ်​ဓားကိုအကိုကမှားပြီးသုံးမိပါတယ်​။ကျွန်​​တော်​စိုးရိမ်​မိလို့ပါ၅လနဲ့ရက်​၂၀အကြာမှာစစ်​တဲ့အ​ဖြေက​သေချာယုံကြည်​ရပြီလားခင်​ဗျ ​နောက်​ပိုင်းလည်းအန္တရာယ်​ရှိတဲ့အပြုအမူမျိုးဘာမှမလုပ်​ခဲ့ပါဘူး ​ဆေးစစ်​တာကမာရီစတုပ်​NGOမှာစစ်​ခဲ့တာပါ မာရီစတုပ်​ကအမက​တော့အ​ဖြေက​သေချာပြီမို့ထပ်​စစ်​စရာမလိုဘူး​ပြောပါတယ်​ အ​ကြောက်​လွန်​​နေရင်​စိတ်​ဆရာဝန်​နဲ့​တောင်​ပြရမယ်​လို့​ပြောပါတယ်​ ၅လနဲ့ရက်​၂၀အကြာကအ​ဖြေက​သေချာယုံကြည်​ရပြီလား​ဖြေ​ပေး​စေလိုပါတယ်​ခင်​​ဗျာ အဲ့​နောက်​ပိုင်းခုချိန်​ထိအန္တရယ်​ရှိတဲ့အပြုအမူတစ်​ခုမှမလုပ်​ခဲ့ပါဘူးခင်​ဗျာ

    1. Htay says:

      အကာကွယ်သုံးပြီးဆက်ဆံတာဟာ ရောဂါကူးနိုင်ခြေ အများကြီး လျှော့ချပေးပါတယ်။ ပါးစပ်နဲ့ ဆက်ဆံတာကလည်း ကူနိုင်ခြေရှိပေမယ့် နည်းပါတယ်။ ဒါကြောင့် ပါးစပ်နဲ့ ဆက်ဆံရင်လဲ ကွန်ဒုံးသုံးသင့်ပါတယ်။ ပါးစပ်မှာ ထိရာ ရှရာ အနာရှိနေမယ်ဆို ကူးနိုင်ခြေရှိပါတယ်။ သုံးလမှာ စစ်တဲ့ အဖြေဟာ စိတ်ချရပါပြီ။ ထပ်စစ်စရာ မလိုပါဘူး။ ခုနောက်ဆုံးပေါ် 4th genration test ဟာ ဆိုရင် ၁၄ ရက်ကနေ ၂၈ရက် အတွင်းက စပြီးစစ်လို့ ရပါပြီ။ စိုးရိမ်မနေပါနဲ့ တော့ မင်းမှာ hiv မရှိပါဘူး။ တတ်နိုင်သမျှ ကွန်ဒွန် သုံးပါ။ ပါးစပ်ကော စအိုကော အတွက်။ ပါးစပ်နဲ့  ဆက်ဆံတာဟာ အိတ်ခ်ျအိုင်ဗီထက် တခြားကာလသားပိုးတွေ ပိုကူးနိုင်ခြေများတယ်။

      1. KoZaw says:

        ပထမဆုံးတစ်ခါလိင်ဆက်ဆံပီး တစ်ရက်ခြာတော့ နောက်တစ်ခါဆက်ဆံတယ်ကွန်ဒုံးသုံးပါတယ် တစ်ခါကို ၅မိနစ်လောက်ပဲဆက်ဆံတာပါ မပီးလိုက်ပါဘူး၂ခါလုံး
        အခုအရိမ်းစိုးရိမ်နေလို့ပါ ဆေးစစ်လိုက်ဖို့လိုပါသလားဘယ်ချိန်ဘယ်နေရာမှာစစ်သင့်ပါသလဲ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top