23
Dec

HIV ပိုး ကူးနိုင်တဲ့နည်းနဲ့ မကူနိုင်တဲ့ နည်းများ

( အေအိုင်ဒီအက်စ် ရောဂါအကြောင်း သိကောင်းစရာ )

HIV ပိုးဟာ သွေး၊ သုတ်ရည်၊ မိန်းမနဲ့ ယောက်ျား အရည်ကြည်နဲ့ မိခင်နို့ရည်တွေက ကူးပြီး လေ၊ ရေ၊ အစားအသောက်နဲ့ အပေါ်ယံ ထိတွေ့မှုတွေက တဆင့် မကူးနိုင်ပါ။ HIV/AIDS ရှိသူတွေကို အခြားလူတွေက ခွဲခြားဆက်ဆံရတဲ့ အဓိက အကြောင်းရင်းတခုက ကူးဆက်မှာ ကြောက်တာလို့ ပြီးခဲ့တဲ့ အပတ်က ဆွေးနွေးခဲ့ပါတယ်။ ဒီလို ကူးဆက်နိုင်တဲ့ နည်းနဲ့ မကူးဆက်နိုင်တဲ့ နည်းတွေကို သိလာရင် ဘယ်လို ကာကွယ်နိုင်မယ် ဆိုတာ သိလာပြီး မကူးနိုင်တဲ့ နည်းတွေအတွက်လည်း မကြောက်တော့ဘဲ အခုလို ခွဲခြားဆက်ဆံတာတွေ လျော့နည်းလာ နိုင်ပါ တယ်။

ဒီအကြောင်းကို ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က HIV/AIDS ရောဂါဆိုင်ရာကျွမ်းကျင်သူ ပညာရှင် ဒေါက်တာမြတ်ထူးရာဇတ်ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မေး ။  ။ ဟုတ်ကဲ့ပါ ဒေါက်တာမြတ်ထူးရာဇတ် ခင်ဗျာ HIV/AIDS ရှိသူတွေကို လူတွေက ခွဲခြားဆက်ဆံရတဲ့ အဓိက အကြောင်းရင်း တခုက ကူးမှာကြောက်တာလို့ ကျွန်တော်တို့ ပြီးခဲ့တဲ့ အပတ်က ဆွေးနွေးခဲ့ကြတယ်နော် ဒီတပတ်တော့ ဒီလိုကူးမှာမကြောက်ရအောင် ကူးနိုင်တဲ့နည်း တွေနဲ့ မကူးနိုင်တဲ့နည်းတွေကို ကျွန်တော်တို့ အသေးစိတ်ဆွေးနွေးကြ ရင်ကောင်းမလားလို့ အဓိက ကတော့ အခုလို ကွဲကွဲပြားပြားသိလာရင် ဘယ်လိုကာကွယ်နိုင် မယ်ဆိုတာသိလားပြီးတော့မကူးနိုင် တဲ့နည်းတွေကို မကြောက်တော့ပဲ ဒီိလိုခွဲခြားဆက်ဆံမှုတွေ လျော့နည်းလာဖို့ ရည်ရွယ်တာပါ။

ဖြေ ။  ။ ကူးမှာစိုးရိမ်တယ်ဆိုရင် ဘာကြောင့် HIV ကကူးနိုင်တာလဲ ဘယ်နေရာတွေမှာ HIV ရှိလဲဆိုတာလဲ HIV က သွေးထဲမှာရှိတယ်၊ သုတ်ထဲမှာရှိတယ်၊ အထူးသဖြင့် မိန်းမအင်္ဂါရည်နဲ့ ယောကျာ်းအင်္ဂါရည်ထဲမှာရှိတယ်၊ ပြီးတော့ မိခင်တွေရဲ့နို့မှာရှိတယ် နို့ရည်မှာပေါ့နော်၊ ပြီးတော့ တခါ တလေကြရင် အထူးသဖြင့် ကိုယ်အင်္ဂါမှာ ရှိတဲ့ အရည်ကြည်တွေ သွေးတွေပါလာပြီဆိုရင် အဲဒီမှာ ရှိတယ်။

မေး ။  ။ ပထမက သွေးထဲကတဆင့်ကူးနိုင်တာဆိုတော့ အဲဒီကူးနိုင်တဲ့နည်းတွေကို စပြောပေးပါလား ကိုမြတ်ထူးရေ ကာကွယ်နိုင်တဲ့နည်းတွေလဲ တွဲပြီးရှင်းပြပေးရင် ကောင်းတာပေါ့နော်၊ လက်တွေ့သုံး နိုင်အောင်ပေါ့ဗျာ။

ဖြေ ။  ။ သွေးကနေတဆင့်ကူးတယ်ဆိုတာ အရင်တုန်းကဆိုရင် သွေးလှူကြတယ် သွေးလှူတဲ့ အချိန်မှာ ဒီHIV ကို မစစ်ထားဘူးဆိုရင် ဒီသွေးထဲမှာ HIV ပါလာပြီဆိုရင် အဲဒီကနေတဆင့် သွေးကို လက်ခံယူတဲ့လူက HIV ကူးတယ်၊ ဒါကြောင့်မို့လို့ ဂျပန်နိုင်ငံတို့ ဒီပြင်နိုင်ငံ အတော်များများမှာ အမေရိကအပါအဝင် သွေးလက်ခံယူတဲ့လူတွေမှာ ဘာဖြစ်လာလဲ HIV ဖြစ်ကြတယ်၊ ဒါလွန်ခဲ့တဲ့ နှစ် နှစ်ဆယ်က နောက်ပိုင်း ကျတော့ သွေးလှူ ထားတဲ့ သွေးအားလုံးကို HIVစစ်ကြတဲ့အချိန်မှာဒီဟာတွေ က  လျော့နည်း သွားတယ်။

မေး ။  ။ အဲဒီတော့ ကိုမြတ်ထူးရေ သွေးသွင်းတာပြီးရင် မူးယစ်ဆေးထိုးတဲ့သူတွေအတွက်ရော

ဖြေ ။  ။ မူးယစ်ဆေးဝါးသုံးတဲ့အချိန်မှာ ဆေးထိုးအပ်၊ ဆေးထိုးပြွန်ကို တယောက်နဲ့နတယောက် လဲပြီးတော့ သုံးကြမယ်ဆိုရင် HIV ဖြစ်နိုင်တယ်၊ ဘာကြောင့်လဲဆိုတော့ မူယစ်ဆေးဝါးသုံးဆွဲတဲ့ သူတွေ ဆေးထိုးအပ်၊ ဆေးထိုးပြွန် နှစ်ခုလုံးမှာ သွေးထဲမှာပါလာတဲ့ HIV ကတဆင့် ဒီပြင်လူ ဆက်သုံးတဲ့ လူကို ကူးသွားနိုင်တယ်၊ ဒါကြောင့်မို့လို့လည်း HIV ဖြစ်ပွားနှုန်းဟာ မူးယစ်ဆေးဝါး ဆေးထိုးတဲ့လူတွေ
မှာ ပိုပြီးတော့ များကြတယ်။ ကိုယ်သာတကယ်လို့ ဆေးထိုးအပ်၊ ဆေးထိုးပြွန်နဲ့ မူယစ်ဆေးသုံးမယ် ဆိုရင် ဆေးထိုးအပ်၊ ဆေးထိုးပြွန် အသစ်အမြဲတမ်းသုံးပါ၊ ဒါမှမဟုတ် အသစ်အမြဲ မသုံးနိုင်ရင် ကိုယ့်ရဲ့ဆေးထိုးအပ်၊ ဆေးထိုးပြွန်ကို ကိုယ်ဆီမှာပဲရှိပါစေ၊ ဒီပြင်လူကိုသွားပြီးတော့ share မလုပ်ကြပါနဲ့။

မေး ။  ။ ဟုတ်ကဲ့ နောက်တခုက ဒီဆေးရုံးသုံးပစ္စည်းတွေကတဆင့်ရော ကူးနိုင်သေးလား ကိုမြတ်ထူး ရေ

ဖြေ ။  ။ ဆေးခန်း၊ဆေးရုံတွေမှာ အားလုံးဟာဆေးထိုးအပ်၊ ဆေးထိုးပြွန်ပစ္စည်း အားလုံးကို ပိုးသတ်ရ တယ်။ ပိုးသတ်တဲ့အချိန်မှာ ဒါကျွန်တော်တို့သတ်တယ် အပူချိန်ကိုမြှင့်တဲ့ဥစ္စာနဲ့သုံးတယ်။ ကျွန်တော် တို့ ဒီမှာပြုတ်ရတာပေါ့နော်၊ ဒါမှမဟုတ်ရင် ဘာလုပ်လဲ ဒီဆေးထိုးအပ်၊ ဆေးထိုးပြွန်ကို အသစ်နဲ့ သုံးကြတယ်အဲဒီလိုသာသုံးကြမယ်ဆိုရင် ဖြစ်ပွားမှုဟာ အင်မတန်ကိုနည်းတယ် ဒါပေမဲ့ ဆေးထိုးအပ်၊ ဆေထိုးပြွန် မလုံလောက်လို့ ဆေးရုံ၊ ဆေးခန်းတွေမှာ ပြန်ပြန်ပြီးတော့ပြုတ်ပြီးတော့ သုံးကြရတယ်ဆို တဲ့အချိန်မှာတကယ်လိုသာ ပြုတ်တဲ့အချိန်ကနည်းမယ်၊ သေသေချာချာကို ပိုးမ သတ်နိုင်ခဲ့ဘူးဆိုရင် ကူးနိုင်တဲ့ အခြေနေရှိသလား ဆိုတော့၊ ရှိတယ် ဒါပေမဲ့ အင်မတန်နည်းတယ်။ HIV က လူကိုယ်ခန္ဓာ အပြင်မှာအသက်ရှင်မှုကအင်မတန်နည်းတယ်၊ နာရီပိုင်းပဲရှိတယ်၊ တချို့ဆိုရင် မိနစ်ပိုင်းပဲ သေကြတယ် ဆေးထိုးပြွန်၊ ဆေးထိုးအပ် အဲဒီမှာ နာရီပေါင်းမြောက်များစွာကြာသွားတယ် ပြီးတော့ တချိန်ထဲမှာ ခြောက်သွားတယ်ဆိုရင် ဒီ HIV ဟာသေသွားတယ်။

မေး ။  ။ ဟုတ်ကဲ့ ဒီနောက် ဆံပင်ညှတ်တဲ့နေရာမှာ သင်တုံးဓါးသုံးတာတို့ အမွှေးရိတ်ရာမှာ ဘရိတ်ဓါး သုံးတာတို့ကရော။

ဖြေ ။  ။ မရှိဘူးလားဆိုတော့ မဟုတ်ဘူးရှိတယ် ဒါပေမဲ့ အင်မတန်နည်းတယ်၊ ကျွန်တော်တို့ အနေနဲ့ သုတေသန လုပ်ထားတဲ့အချိန်မှာ ဒီမုတ်ဆိတ်ရိတ်ဓါးက  ကူးတာတို့၊  သင်တုံးဓါးက ကူးတာတို့ဆိုတာ တခါမှ သုတေသနမှာမရှိခဲ့ဖူးဘူး၊ ဟုတ်ပြီနော် ဘာကြောင့်လဲဆိုတော့ နံပါတ်တစ် ခုဏကပြောထားတဲ့ အတိုင်းပဲ အပြင်ကိုရောက်လာတယ်နော် ပြီးတော့ခုဏကပြောသလို မိနစ်ပိုင်းအတွင်းကနေ နာရီပိုင်း အတွင်း သေသွားတယ်၊ ဒါပေမဲ့ သူများသုံးထားတဲ့ သင်တုံးဓါးကိုမသုံးသင့်ဘူး၊ သင်တုံးဓါးအသစ်ကို သုံးပါ။ တကယ်လို့သာမသုံးနိုင်ဘူး သင်တုံးဓါးအသစ်ကိုမသုံးနိုင်ဘူးဆိုရင် ဘာဖြစ်ရမလဲ သူသေသေ ချာချာ ပိုးသေအောင်လုပ်ရမယ်။ ဒါ HIV တခုထဲ အတွက် မဟုတ်ဘူး၊ အသဲရောင် အသားဝါရောဂါ၊ ဗိုင်းရပ်စ် အများကြီးရှိကြတယ်။

မေး ။  ။ ဟုတ်ကဲ့ အခုလို ဒီသွေးထဲကနေကူးနိုင်တာတွေပြီးတဲ့ အခါကြတော့၊ ဒုတိယ ကူးနိုင်တဲ့ ဒီသုတ်ရည် အမျိုးသား၊ အမျိုးသမီး အရည်ကြည်တွေကနေ ကူးတာကို ဆက်ဆွေးနွေးကြရအောင် ကိုမြတ်ထူးရေ။

ဖြေ ။  ။ သုတ်ရည်က ဘာကြောင်းကူးနိုင်သလဲ ဆိုရင် ခုဏကပြောသလို လိင်ဆက်ဆံတဲ့ အချိန်မှာ၊ လိင်ဆက်ဆံတဲ့ အချိန်မှာဆိုတာ သုတ်ရည်က ယောကျာင်္းနဲ့ မိန်းမဆက်ဆံတဲ့အချိန် ပဲဖြစ်ဖြစ်၊ ယောကျာ်း နဲ့ ယောကျာ်းဆက်ဆံတာပဲဖြစ်ဖြစ် သုတ်ရည်ကနေတဆင့် ကိုယ်ခန္ဓာထဲဝင်သွားမယ်ဆိုရင် HIV ကဒီကိုယ်ခန္ဓ္ဓ္ဓာထဲကနေပြီး ပြန့်ပွားသွားနိုင်တယ်၊ အဲဒီတော့ အဓိကကတော့ လိင်ဆက်ဆံ မယ်ဆိုရင် ကွန်ဒုံးကို သုံးဖြစ်အောင်သုံးပါ။ အသားလှဆီတွေကို ဒီကွန်ဒုံးမှာသုတ်ပြီးတော့ တကယ် ဒီဥစ္စာချောသွားအောင်သုတ်မယ်ဆိုရင် ဒီအသားလှဆီကနေတဆင့် ဒီကွန်ဒုံးရဲ့ဟိုဟာကိုပေါက်စေ တယ်၊ အသားလှဆီကို ကွန်ဒုံးပေါ်မသုတ်ပါနဲ့။

မေး ။  ။ နောက်ဆုံး ဒီတတိယကူးနိုင်တဲ့နည်းပေါ့နော် ဒီမိခင်နို့ရည်ကကူးတာကိုရော ကိုမြတ်ထွေး ရေ ။

ဖြေ။   ။ အဓိကက မိခင်နို့ရည်မပြောခင်မှာ ကိုယ်ဝန်ဆောင်ပြီဆိုရင်၊ ကိုယ်ဝန်ဆောင်မိခင်ကနေ ပြီးတော့ ကလေးကိုကူးတယ်၊ ဘာလို့လဲဆိုတော့အချင်းကနေတဆင့်သွားကြတာကို ဘာလို့လဲဆို တော့ မိခင်ကနေ HIV ရှိတယ်ဆိုရင် ကလေးကို ကူးသွားနိုင်ပါတယ်။ အရင်တုန်းကဆိုရင် သုံးဆယ်ရာ ခိုင်နှုန်းလောက်ကူးပါတယ်၊ ဒါပေမဲ့ ခုချိန်မှာ ဆေးတွေက အင်မတန် ကောင်း လာနဲ့အတွက်ကြောင့် ဒီHIV ဖြစ်နေတဲ့မိခင်ကနေတဆင့် ကလေးကိုကူးနိုင်တဲ့အခြေအနေကို ဆယ်ရာခိုင်နှုန်း လောက်ထိကို ကျွန်တော်တို့ လျော့ချလို့ရပါတယ်။ ဒါကြောင့်မို့လို့ ဘာအရေး ကြီးလဲဆိုတော့ ကိုယ်ဝန်ဆောင် မိခင်တွေက HIV ဖြစ်လာပြီဆိုရင် HIV ကုသဆေးကို ပေးလို့ရပါတယ်။ အဲဒီတော့တချိန်ထဲမှာပဲ ကလေးမွေးလာပြီဆိုရင် မိခင်ရဲ့နို့ရည်ကတဆင့် ကလေးကို ကူးသွားနိုင်တာကို ကျွန်တော်တို့ အရင်တုန်းက မသိခဲ့ဘူး နောက်ပိုင်းမှာတော့ ဘယ်လိုဖြစ်လဲ ဆိုတော့ ပြီးခဲ့တဲ့ (၁၅)နှစ်လောက်မှ စပြီးသိလာခဲ့တယ်။ ဒါကြောင့်မို့လို့ ကိုယ်ဝန်ဆောင် မိခင်တွေကနေပြီးတော့ဒီ HIV ဖြစ်နေတဲ့ မိခင်ကနေပြီးတော့ ကလေးကို ကူးမှာစိုးလို့ဆိုပြီးတော့ အခုက ကျွန်တော်တို့ မိခင်နို့ရည်တိုက်တာကို မတိုက်တွန်းပါဘူး။

ဟုတ်ကဲ့ ကျွန်တော်တို့ ခုဒီကူးနိုင် တတဲ့နည်းတွေကတော့ စုံးသွားပြီထင်တယ် မကူးနိုင်တဲ့နည်းတွေကို ဆက်ပြောကြည့်ရအောင် မိသားစုအတူနေကြတယ်၊ တယောက်နဲ့တယောက် အတူနေကြတယ် အဓိက HIV ဟာ လေကနေ တဆင့်မလာဘူး တချိန်ထဲမှာပဲ ယောက်နဲ့ တယောက် လက်ဆွဲနှုတ်ဆက်တာတို့၊ ထိတွေ့မှုနဲ့ ဒီခေါင်းအုံး အတူတူသုံးတာတို့၊ အိပ်ယာခင်းအတူတူသုံးတာ တို့နဲ့ကြောင့် ဘယ်လိုမှမကူးဘူး၊ တချိန်ထဲမှာပဲ ထမင်းစားကြတယ်နော်၊ ရေသောက်တဲ့ခွက်က နေတဆင့် မကူးဘူး၊ ထမင်းစားတဲ့ ပန်းကန်ကနေ မကူးဘူး၊ ရေအတူတူချိုးတယ် အဓိကက ဒီဆပ်ပြာ အတူတူသုံးတယ်ဆိုလဲ မကူးပါဘူး၊ ခေါင်းဖီးတဲ့ ဘီးကနေပြီး ကူးတာလဲမရှိပါဘူး၊ အိမ်သာအတူတူသုံး တာလဲ မရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ ခုဏကပြောသလို အိမ်သာအတူတူသွားတာကြတဲ့အချိန်မှာ သူများသုံးခဲ့တဲ့ အိမ်သာကို ကိုယ်ကသွားသုံးလိုက်လို့ဆိုတာမရှိပါဘူး၊ ကျွန်တော်တို့ အကျီ င်္ကိုသုံးကြ တယ်၊ အကျီ င်္ နဲ့လုံခြည် လဲပြီးသုံးကြတယ်ဆိုရင်လည်း ခုဏကပြောတဲ့ အတိုင်းပေါ့လေ HIV က ကိုယ်ရဲ့ အပြင် ကိုရောက်လာပြီ ခြောက်သွားပြီဆိုရင် HIV ကသေသွားပါတယ်။

မေး ။  ။ ဟုတ်ကဲ့ ဒီHIV ပိုးဆိုတာက လေကဆင့်၊ ရေကတဆင့်၊ အစားအသောက်က တဆင့်ကူးတာ မဟုတ်ဘူး၊ ဒီခန္ဓ္ဓ္ဓာကိုယ် အပေါ်ယံ ထိတွေ့မှုတွေမျိုးဖြစ်တဲ့ အဝတ်စား၊ အိပ်ယာတွေကတဆင့် ကူးတာ မဟုတ်ဘူး၊ အဲဒီတော့ ဒီသွားတိုက်ဆေး၊ သွားတိုက်တံတွေကရော

ဖြေ ။   ။ ကောင်းတာတော့ သူများသုံးတဲ့ သွားတိုက်တံ မသုံးတာပိုကောင်းတာ ပေါ့လေ။ တကယ်လို့ သာ သုံးကြမယ်ဆိုရင်လည်း ဒီသွားတိုက်တံကတဆင့် ဘာလဲဆိုတော့ သွေး တွေကဒီသွားတိုက်တံ၊ သွားပွတ်တံမှာ အမြဲတမ်းရှိနေတာမှမဟုတ်ပဲဟာ အဲဒီတော့ သူများသွားပွတ် တံကိုသုံးမယ်ဆိုရင် လည်း သေသေချာချာရေနဲ့စေး သေသေချာချာ ခြောက်အောင်လုပ်ပြီးမှ သုံးကြပါ။ ဟုတ်ကဲ့ နောက်တခါ ဒီအိမ်ထဲမှာ အတူတူနေကြတဲ့ အခါကြတော့ ဥပမာ ဒီ ခြင်တို့၊ ကြမ်းပိုးတို့ အင်းဆက် တွေကိုက်တာရော ကြမ်းပိုးတို့၊ ခြင်တို့ကနေကူးသလားဆိုတော့ ကျွန်တော်တို့အနေနဲ့ သုတေသန ဒါအများကြီးလုပ်ထားတယ်။ လုံးဝမကူးဘူး။ ဒီအင်းဆက်လို့ခေါ်တဲ့ ပိုးကောင်တွေက တဆင့်ပေါ့။

မေး ။  ။ ဟုတ်ကဲ့ ဒီတဆက်ထဲပဲ ကိုမြတ်ထူးရေ ဒီအိမ်မွေးတိရိစ္ဆာန်တွေကိုက်တာကရော ကူးနိုင်သေးလား။

ဖြေ ။  ။ အဲဒီတော့ HIV သည် အိမ်တွင်းတိရိစ္ဆာန်တွေက ကူးဖို့ဆိုတာမရှိပါဘူး။

မေး ။  ။ ဟုတ်ကဲ့ ကိုမြတ်ထူးရေ ကျေးဇူးပဲ တော်တော်လေးတော့ ရှင်းသွားပြီ ကိုမြတ်ထူးရေ အဲဒီတော့ ဒီHIV က သွေး၊ သုတ်ရည်၊ အမျိုးသား၊ အမျိုးသမီးလိင်ရည်နဲ့ ဒီမိခင်နို့ရည်ကနေတဆင့် ကူးဆက်တာသာဖြစ်ပြီးတော့ တခြားနည်းတွေတော်တော်များများနဲ့တော့ မကူးနိုင်ဘူးပေါ့နော်၊ အဲဒီ တော့ သေချားသွားအောင် ဒီ ချွေးတို့၊ တံတွေးတို့၊ ဆီးတို့က တဆင့်ရော ကူးနိုင်သေးလား။

ဖြေ ။  ။ မရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ သုတေသနမှာ တချိန်မှ အဲဒီလိုဖြစ်ခဲ့ဖူးတာမတွေ့ပါဘူး၊ အထူးသဖြင့် ချွေး၊ တံတွေး၊ ဆီး အဲဒီမှာ HIV က ရှိသလားဆိုတော့ရှိပါတယ်၊ ဒါပေမဲ့ HIV ပါဝင်တဲ့ ပမာဏ အင်မတန်နည်းပါးပါတယ်။ ရှိတဲ့ HIV ကလည်း ကူးဆက်နိုင်တဲ့ HIV မဟုတ်ပါဘူး။

ကျေးဇူးပါပဲ ကိုမြတ်ထူးရေ ကျွန်တော်တို့ အခုလို ကူးနိုင်တဲ့နည်းတွေနဲ့ မကူးနိုင်တဲ့နည်းတွေ ကိုသိကြပြီမို့ ကိုယ့်ကိုကိုယ် မကူးအောင် ကာကွယ်နိုင်ကြမှာပါ။ ဒါအပြင် မကူးနိုင်တဲ့နည်းတွေ နဲ့ကူး မှာကို မကြောက်ကြတော့ပဲနဲ့ HIV/ AIDS ရှိသူတွေကို ခွဲခြားဆက်ဆံ စွန့်ပစ်တာတွေ မလုပ်ကြပဲ သူတို့ကို ဝိုင်းဝန်းဖေးမကူညီနိုင်ကြပါစေလို့ ပြောကြားရင်း ဒီတပါတ် ကျန်းမာရေးကဏ္ဍကို အဆုံးသပ် ပါရစေခင်ဗျာ။

ကိုဝင်းမင်း

ဒီဇင်လာ ၁၅၊ ၂၀၁၀

ဗွီအိုအေ -HIV
ပိုး ကူးနိုင်တဲ့နည်းနဲ့ မကူနိုင်တဲ့ နည်းများ

 

Comments

  1. Sandar says:

    သမီးရည်းစား တွေ kissing ဆွဲခြင်း ပါးစပ်မှာ အနာဘာညာ မရှိလဲ HIV ပိုး ကူးစက်ခံရနိုင်ပါသလား ၊ မည့်သည့်ရောဂါမျိုး ကူးစက်ခံရနိုင်ပါသလဲ
    သိချင်ပါတယ်ရှင်.၊ အသေးစိတ်လေး ဖြေကြားပေးစေလိုပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top