29
Nov

HIV ပိုး ရှိမရှိ သေချာစေလို (အမေးအဖြေ) (၁၃)

မေး(၁)။    ။ ကျွန်နော် တစ်ခုလောက်မေးချင်လို့ပါ။ HIV ပိုးရှိမရှိကို ဆေးခန်းတွေမှာ သွားပြီး စစ်ဆေးနိုင်ပါသလား။ အဖြေကကော အမှန်ဖြစ်နိုင်ပါသလား။ တကယ်လို့ HIV ကူးစက်ခံနေရပြီဆိုလည်း ပုံမှန်အတိုင်းနေထိုင်သွားဖို့ ဘယ်ဆေးတွေကို သောက်သုံး သင့်ပါသလဲ။ အဲလိုမျိုး ဆေးတွေရောရှိပါသလား ။ ရှိတယ်ဆိုလည်း အဲမျိုး ဆေးတွေကို သောက်သုံးနေရင် ဘယ်နှစ်နှစ်ထိ အများဆုံး အသက်ရှင်နိုင်ပါမလဲ။ ပုံမှန် လူတစ်ယောက်လိုပဲ အလုပ်လုပ်နိုင်ပါ့မလား သိချင်လို့ပါ။

ဖြေ။    ။ HIV ပိုးရှိ/မရှိကို ဆေးခန်းကြီးတွေမှာ စစ်လို့ရပါတယ်။ အဖြေမှန်လည်း ရပါတယ်။ ကူးစက်ခံနေရပြီဆိုရင် ပြုမူရမယ့် အချက်တွေ ၃ ခုရှိပါတယ်။
၁) အနေအထိုင် အစားအသောက် ဆင်ခြင်ခြင်း
၂) ပြင်ပမှ ၀င်လာသောရောဂါများကို ကုသခြင်း
၃) ART ဆေးသောက်ခြင်း တို့ဖြစ်ပါတယ်။
လူနာရဲ့ ခုခံအားပေါ်မူတည်ပြီး ART ဆေးက သောက်ရပါတယ်။ ပိုးရှိတိုင်းသောက်စရာမလိုပါဘူး။

အသက် ဘယ်လောက်ရှည်သလဲဆိုတာက လူနာရဲ့ ခုခံအားပေါ်မူတည်ပါတယ်။ တစ်ချို့ဆို အသက် ၃၀ ကျော် နေနိုင်တာတွေ့ရတယ်။ ပိုးရှိလည်း ပုံမှန်လူတစ်ယောက်လိုပဲ အလုပ်လုပ်နိုင်ပါတယ်။ လက်တွေ့မှာ
အလုပ်လုပ်နိုင်သူတွေ အများကြီးရှိပါတယ်။

မေး(၂)။    ။ ကျွန်​​တော်​ လိင်​တူဆက်​ဆံဘူးပါတယ်​။ ကွန်​ဒုံးမသုံးခဲ့တဲ့ အကြိမ်​လည်း ရှိခဲ့တယ်​။ အဲ့ဒါ​လေ လွန်​ခဲ့တဲ့ တစ်​လ​လောက်​ ကျွန်​​တော်​ဆီးသွားရင်​ ဆီးလမ်း​ကြောင်းက အရမ်းနာပါတယ်​ပြီး​တော့ ဆီးလမ်း​ကြောင်းက​နေပြီး​တော့လည်း ပြည်​လိုလို သုတ်​လိုလို​တွေကြပါတယ်​။ ဒါ​ပေမယ့်​ ကျွန်​​တော်​က ​ဆီး​ကျောက်​တည်​ တယ်​ထင်​ပြီး ​ဆေး​သောက်​ခဲ့ပါတယ်​။ အဲ့ဒါ​လေ တစ်​ပတ်​​လောက်​ကြာ​တော့ ဆီးသွားလည်းမနာ​တော့ဘူး။ ပြည်​လိုလိုဟာ​တွေလည်းမကြ​တော့ဘူး ကျွန်​​တော်​ဆရာဝန်​​တော့ မပြခဲ့မိဘူး။ ခု​တော့တစ်​ခါတ​လေ မနက်​ပိုင်းဆီးသွားရင်​ ဆီးက ဝါ​နေပါတယ်​။ ကျန်​တာ​တော့ ဘာမှမဖြစ်​​တော့ဘူး။

ဖြေ။    ။ ပြောပြပုံအရ ကာသလားရောဂါဖြစ်နိုင်ပါတယ်  ကလိုက်မီးယား သို့မဟုတ် ဂနိုဖြစ်ဖို့များတယ်။ ကာလသားရောရဂါ ရှိ/မရှိကို သွေးစစ်စေချင်ပါတယ်၊ ဂနိုက ဖြစ်ပြီးရင် ငုံ့သွားတယ်၊ ပြန်ဖြစ်နိုင်တယ်။ တကယ်တမ်းဆေးကုရင်  ၁ ပတ်နဲ့ပျောက်ပါတယ်။

မေး(၃)။    ။ ဆက်ဆံပြီး ၅ လ အကြာမှာစစ်ရင်ရော မှန်နိုင်ပါသလား။ အခု ခြေထောက်မှာ ယားနာဖုလေးတွေပေါက်လာလို့ပါ အရည်ကြည်ဖူးခေးတွေပါ။ တော်တော်လည်းယားပါတယ်။ HIV လက္ခဏာများလားလို့ စိုးရိမ်မိပါတယ်။ဆက်ဆံတုန်းက ကွမ်ဒုံးပေါက်သွားခဲ့တာကို မသိပဲ ဆက်ဆံမိခဲ့ပါတယ်။ သွေးအဖြေကတော့ Non-Reactive ပြပါတယ်။ ဒါပေမယ့် ၅ လမှာစစ်တဲ့ အတွက်မသေချာမှာ စိုးရိမ်မိပါတယ်။ စစ်တာကတော့ သွေးသလိပ်သီးသန့် စစ်တဲ့ အပြင်ဓါတ်ခွဲခန်းမှာပါ။ ကျေးဇူးပြုပြီးဖြေကြားပေးပါ။ စိတ်ဖိစီးမှုလည်း အရမ်းများနေပါတယ်။

ဖြေ။    ။ ၅ လအကြာမှာ စစ်ရင် HIV ပိုးအတွက် အဖြေမှန်ရနိုင်ပါတယ်။ ခြေထောက်က အဖုတွေက HIV နဲ့ သိပ်မဆိုင်ပါဘူး။ သာမန် အရေပြားရောဂါ လည်း ဖြစ်နိုင်ပါတယ်။ ပထမ တစ်ခါ Non-reactive လို့ အဖြေထွက်ထားတဲ့ အတွက် စိတ်မပူပါနဲ့ များသောအားဖြင့် ကာလသားကို သွေးစစ်ဖို့ မေ့တတ်တဲ့ အတွက် HIV သွေးစစ်ရင် တွဲပြီး စစ်ပါ။

လမင်းကို

Comments

  1. Aung says:

    နားနဲ့မနာ ဖဝါးနဲ့နာပါ ဆရာ လိင်ဆက်ဆံတဲ့နေ့က ကျွန်တော် ကွမ်ဒုံးသုံးပါတယ် ဒါပေမဲ့ကျွန်တော်က အတွေ့အကြုံမရှိတော့ကျွန်တော်ပြီးတဲ့အချိန်မှာချက်ချင်းပြန်မထုတ်ဘဲ လိင်အင်္ဂါ နည်းနည်းပျော့ တော့မှ ထုတ်လိုက်မိတယ် ဆရာ အဲ့လိုထုတ်ထုတ်ချင်းမှာ ကွမ်ဒုံးကျွတ် ခဲ့ပါတယ်ဆရာ ကန်တော့နော်ဆရာ ကျွန်တော် ကုတင်ပေါ်က ဆင်းတော့သိပြီး ချက်ချင်း ရေသွားဆေးပါတယ်ဆရာ ပြန်လာတော့ လိင်ဆက်ဆံဖက်ကို မေးကြည့်တော့ ကျွန်တော်ထ တဲ့အချိန်မှာ ကျွတ်သွားခဲ့တယ်ပြောပါတယ် သူလွင့်ပစ်လိုက်တဲ့နေရာကိုပြောတယ် အဲဒါနဲ့ ကျွန်တော်လဲ ကွမ်ဒုံးကို ယူကြည့်တော့ ကွမ်ဒုံးထဲမှာ သုတ်ရည် တွေ တွေ့ပါတယ် ဆရာ ကျွန်တော် ပြီးတော့ သူနဲ့ လိင်ထပ် ပြီးမဆက်ဆံဖြစ်ခဲ့ပါဘူးဆရာ ကျွန်တော်သိချင်တာက အဲ့အခြေအနေ က HIV ကူးနိုင်လားဆရာ အဲချိန်မှာ ကျွန်တော်မှာ ဘာအနာ မှလဲ မရှိဘူး ဆရာ သူမှာလဲ အနာမရှိဘူး လိင်ဆက်ဆံပြီးခဲ့တာ ၁လ ကျော်လောက် ရှိပြီးဆရာ ကျွန်တော် အရမ်းစိုးရိမ် နေ တယ်ဆရာ ကျေးဇူးပြုပြီး ပြန်ပြောပေးပါဆရာ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top