5
Aug

HIV/AIDS ဝေဒနာရှင်များအတွက် အေအာတီ စင်တာအသစ်များ တိုးချဲ့မည်

အစိုးရ ဆေးရုံကြီးခုနစ်ခုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ ဆေးခန်း ခုနစ်ခုတို့တွင် အေအာတီ စင်တာအသစ်များ တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ထို့ပြင် လာမည့် ၂၀၁၅ ခုနှစ် အကုန်တွင် အစိုးရဆေးရုံကြီး ၆၅ ခုနှင့် ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ ဆေးခန်း ခုနစ်ခုအထိ တိုးချဲ့လုပ်ဆောင်ရန် စီစဉ်ထားကြောင်းနှင့် ယင်းအေအာတီ စင်တာများတွင် ခြောက်လမှ တစ်နှစ်အထိ အေအာတီဆေးဝါးဖြင့် ကုသမှု ခံယူပြီးသော လူနာများအား မြို့နယ်အဆင့် Decentralized ART များသို့ လွှဲပြောင်းပေးပြီး ဆက်လက်ကုသမှု ခံယူစေမည်ဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း Decentralized ART sites ၃၀ အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ၁၀၁ ခုအထိ တိုးချဲ့သွားရန် လျာထားကြောင်းလည်း သိရသည်။

အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်များအား အေအာတီဆေးဝါးဖြင့် ကုသပေးနေသည့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံ အထူး ကုဆေးရုံ အေအာတီစင်တာကို ၂၀၀၇ ခုနှစ်က စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ပထမလေးလအထိ ရရှိထားသည့် စာရင်းများအရ ကလေးလူနာ ၄၁၁ ဦး အပါအ၀င် ဝေဒနာရှင် စုစုပေါင်း ၃၈၄၁ ဦးအား အေအာတီဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ အေအာတီဆေးဝါး သောက်သုံးပြီး တစ်နှစ်ပြည့် လူနာများအား ကိုယ်ခံအားစနစ် တိုးတက်မှု ရှိ၊ မရှိ သိရှိနိုင်ရန်အတွက် ပိုးကောင်ရေစစ်ဆေးခြင်း (Viral Load Testing) နှင့် ခြောက်လတစ်ကြိမ် CD4 အရေအတွက် စစ်ဆေးပေးခြင်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

အေအာတီ စင်တာများတွင် အေအာတီ ဆေးဝါးကုသမှု လုပ်ငန်းနှင့် ပတ်သက်၍ မိမိဆန္ဒအလျောက် နှစ်သိမ့်ဆွေးနွေး ပညာပေးမှု ခံယူပြီး အိပ်ခ်ျအိုင်ဗွီပိုး ရှိ၊ မရှိ စစ်ဆေးပေးခြင်း၊ အိပ်ခ်ျအိုင်ဗွီပိုး စစ်ဆေးတွေ့ရှိထားသော လူနာများအား Pre-ART Register တွင် စာရင်းသွင်းပြီး CD4 အရေအတွက် စစ်ဆေးပေးခြင်း၊ အခွင့်အရေးယူ ၀င်ရောက်တတ်သော ရောဂါများအား ကုသပေးခြင်း၊ လူနာများအား တီဘီပိုး ရှိ၊ မရှိ စစ်ဆေးပေးခြင်းနှင့် ကုသပေးခြင်း၊ Cotrimoxazole ကာကွယ်ဆေးများ ထောက်ပံ့ပေးခြင်း၊ အေအာတီဆေး စွဲမြဲစွာ ကုသမှု ခံယူရန်အတွက် နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းနှင့် ရောဂါပိုးရှိ ကိုယ်ဝန်ဆောင် မိခင်များ အပါအ၀င် ဆေးကုသမှု ခံယူရန် လိုအပ်သော လူနာများအား National guideline for HIV clinical management နှင့်အညီ အေအာတီဆေးဝါးများ အခမဲ့ ထောက်ပံ့ပေးခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်ပေးလျက် ရှိသည်။

Eleven - HIV/AIDS ဝေဒနာရှင်များအတွက် အေအာတီ စင်တာအသစ်များ တိုးချဲ့မည် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top