19
Sep

မိန်းမကိုယ် ခြောက်သွေ့ခြင်းနှင့် နောက်ဆက်တွဲ ပြဿနာများ

ရေသို့ မဟုတ် အရည် များများသောက်သုံးခြင်းကလည်း မွေးလမ်းကြောင်း ခြောက်သွေ့မှုကို သက်သာစေပါတယ်။ ကိုယ် ခန္ဓာမှာ ရေဓာတ်နည်းလာပြီဆိုရင် ရှိတဲ့ အရည်တွေက အရေးပါတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီကို ရောက်သွားမှာ ဖြစ်တဲ့ အတွက် မွေးလမ်းကြောင်း ခြောက်သွေ့ခြင်းကို ပိုဆိုးလာစေပါလိမ့်မယ်။

31
Aug

သုက်ရည်ဝါနေခြင်း

သုက်ရည်အရောင်ဝါရောင် (လိမ်မော်ရောင်) ဖြစ်နေတာဆိုရင် အထဲမှာ ဘီလီရူဘင်ခေါ် အသားဝါရောဂါရှိနေသလား၊ သွေးနည်းနည်း ပါနေသလား၊ ဆီးနဲ့ရောနေသလား စစ်ရမယ်။ အစားအသောက်နဲ့ သက်အပေါ်မှာလည်း မူတည်တယ်။ ပုံမှန်ဆိုရင် အဖြူရောင်နဲ့ မီးခိုးရောင်ဖြစ်တယ်။ နောက်နေတယ်။ နည်းနည်းလေးတော့ဝါနိုင်တယ်။ တခါတလေမှာ အရောင်ပြောင်းတာ စိုးရိမ်စရာမရှိပါ။

28
Aug

ပထမဆုံးအကြိမ် လွဲမှားသော လိင်ဆက်ဆံမှု မဖြစ်စေဖို့

တကယ်လို့ လိင်ဆက်ဆံစဉ်အတွင်းမှာ ၀မ်းဗိုက်ပိုင်း နာကျင်မှုကို ခံစားရမယ် ဆိုရင်တော့ အဲဒီအမျိုးသမီးရဲ့ သားအိမ် နဲ့ မျိုးဥ အိမ်မှာ ရောဂါဝေဒနာ တခုခု ရှိနေတဲ့ လက္ခဏာဖြစ်ပါတယ်။ အမေရိကန် သားဖွားမီးယပ်ကောလိပ် (ACOG) ရဲ့ အဆိုအရ ပထမဆုံးအကြိမ် လိင်ဆက်ဆံစဉ်မှာ ၀မ်းဗိုက်နာကျင်ခြင်းက သားအိမ်စောင်းခြင်း၊ မျိုးဥအိမ် အကျိတ်၊ ဆီးအိမ် ရောဂါ၊ သားအိမ်ရောဂါ ဒါမှမဟုတ် တင်ပါးဆုံ အတွင်း အင်္ဂါများ ရောင်ရမ်းတဲ့ရောဂါတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

20
Aug

Fungus မိုးစိုစို မှိုသတိထား

မှိုနဲ့ ဆက်စပ်နေတာက ပွေးရောဂါတွေ ဖြစ်ပါတယ်။ သူနဲ့ဆင်တဲ့ Yeasts တို့ Molds တို့ကနေလဲ ရောဂါ ဖြစ်ပါတယ်။ ချွေး ထွက်များသူ၊ ယောက်ျား၊ အသက်မငယ်သူ၊ စိုထိုင်းတဲ့ အလုပ်လုပ်ရသူ၊ ခြေအိတ်လက်အိတ် အမြဲ ဝတ်ထားရသူ၊ ဘာမှမစီးဘဲ လမ်းသွားရသူ၊ ဆီးချို ရှိသူတွေမှာ အဖြစ်များတယ်။ Leukemia, AIDS နဲ့ အင်္ဂါအစားထိုး ထားရသူတွေမှာလဲ ပိုဖြစ်တတ်တယ်။

23
Jun

ဆီးလမ်းကြောင်း ပိုးဝင်လေ့ရှိသည့် အကြောင်းများ

အမျိုးသမီးများသည် အမျိုးသားများထက် ဆီးလမ်းကြောင်းပိုးဝင်မှု ပိုအဖြစ်များသည်။ အမျိုးသမီးဆီးပြွန်သည် အမျိုးသားထက် ပိုတိုပြီး ဘက်တီးရီးယားများ ကျော်ဖြတ်ဝင်ရောက်ရသည့် လမ်းကြောင်း ပိုမိုလွယ်ကူသောကြောင့် မကြာခဏ ဆီးပိုးကူးစက်လေ့ရှိသည်။ မကြာခဏ လိင်ဆက်ဆံသူများတွင် ဆီးလမ်းကြောင်းရောဂါပိုးဝင် ရောက်မှု ပိုများလေ့ရှိသည်။

9
Jun

ပဋိသန္ဓေတည်ခြင်း လက္ခဏာများ အပိုင်း(၁)

မိမိ၏ ကျန်းမာရေး မကောင်းလို့၊ ခန္ဓာကိုယ်တွင်း အင်အားဓါတ်လျော်နည်းနေလို့၊ သွေးအားနည်းလို့၊ စိတ်ဖိမှုများလို့ စသဖြင့်သော အကြောင်းကြောင်းကြောင့် ဓမ္မတာရပ်ဆိုင်းခြင်း၊ နောက်ကျခြင်းများ ဖြစ်နိုင်သလို ကိုယ်ဝန်ရှိနေခြင်းကြောင့် ဓမ္မတာ ရပ်ဆိုင်းခြင်းလည်း ဖြစ်နိုင်သည်။

20
May

အမျိုးသားများတွင် လိင်စိတ် လျော့နည်းရခြင်း

ပန်းသေတာ ဒါမှမဟုတ် ပန်းသေ ပန်းညှိုး ရောဂါဟာ လိင်စိတ် လျော့နည်း တာနဲ့ မတူပါဘူး။ လူငယ် ခုနစ်ရာခိုင်နှုန်း ကသာ ပန်းသေ ပန်းညှိုး ဖြစ်တတ် ကြပါတယ်။ ပန်းသေ ပန်းညှိုး ရောဂါက အသက်ကြီးလာ လေလေ၊ ဖြစ်နိုင်ခြေ ပိုများ လေလေပါ။ အသက် ၄၀ အရွယ်မှာ ပန်းသေ ပန်းညှိုးဖြစ်နိုင် ခြေ ၁၂ ရာခိုင်နှုန်း၊ အသက် ၅၀-၅၉ နှစ်အရွယ်မှာ ရောဂါ ဖြစ်နိုင်ခြေ ၁၈ ရာခိုင် နှုန်းနဲ့ အသက် ၆၀ ကျော် အရွယ်မှာ ရောဂါဖြစ် နိုင်ခြေ ၂၅-၃၀ ရာခိုင်နှုန်း အထိ သိသိသာသာ မြင့်တက်လာ ပါတယ်။

14
May

သားအိမ်ဝကင်ဆာကာကွယ်ဆေး

မိန်းကလေးတွေ အခမဲ့ ကာကွယ်ဆေး ထိုးပေးပါတယ်။ ဒါပေမယ့် အစိုးရ သဘောထားကိုတော့ ပြောပြဖို့ လိုလာပါတယ်။ ၂ဝ၁၄ ဖေဖေါ်ဝါရီလ ၂၅ နဲ့ ၂၆ နေ့က HPV Vaccines ကာကွယ်ဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေ အကြောင်း အစိုးရက ဦးစီးပြီး Public Hearing လူထုကြားနာပွဲ လုပ်ခဲ့ပါတယ်။

11
May

ကိုယ်ဝန်ဆောင်စဉ် အတူနေမည်ဆိုလျှင်

တကယ်လို့ ဒီလိုကူးစက်မှုတွေကို ကာကွယ်ရတော့မယ်ဆိုရင်တော့ (သင့်နဲ့ သင့် အမျိုးသားတို့ရဲ့ဆက်ဆံရေးဟာ ရောဂါ ကင်းစင်တဲ့ တလင်တမယား စနစ်မျိုး မဟုတ်ခဲ့ဘူးဆိုရင်) တော့ လိင်ဆက်ဆံတဲ့ အခါတိုင်း ရာဘာနဲ့ ပြုလုပ်ထားတဲ့ ကွန် ဒုံးကို သုံးသင့်ပါတယ်။ အဲဒါက သင့်အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှု မဟုတ်ဘူးဆိုရင် polyurethane နဲ့ ပြုလုပ်တဲ့ အမျိုးသားကွန်ဒုံးနဲ့ အမျိုးသမီး ကွန်ဒုံးတွေကို အသုံးပြုနိုင်ပါတယ်။

30
Apr

Miscarriage သူ့အလိုလို ကိုယ်ဝန်ပျက်ခြင်း

ကိုယ်ဝန် တခါပျက်ဘူးသူ ၂၅% ထပ်ပျက်နိုင်တယ်။ ထပ်ထပ်ပျက်နေသူ ၁% ရှိတယ်။ တချို့နေရာတွေမှာ သိသာပြီး၊ မဖျက်ဘဲပျက်တဲ့ ကိုယ်ဝန်ပျက်မှုပေါင်းဟာ ကိုယ်ဝန်စုစုပေါင်းရဲ့ ၁၅% ရှိတယ်။ အမေရိကားမှာ ၁ဝ-၂၅% ရှိတယ်။ တချို့မှာ ဘာလို့လဲပြောမရဘူး။ ကံတရားအားကိုးပါ။ အပြုသဘောဆောင်ပါ။ ကိုယ်ဝန်ပျက်တာ အများဆုံးက ပဌမ ၃ လပိုင်းမှာဖြစ်တယ်။ အနေအထိုင် အစားအသောက် ဆင်ခြင်ပါ။ ကိုယ်ဝန်အပ်ပါ။

24
Apr

Anal practice and HIV စအိုလမ်းနည်းနဲ့ HIV

တိတိကျကျပြောရရင် အကာအကွယ်မပါ (ကွန်ဒွမ်) မသုံးပဲ HIV ပိုးရှိနေသူရဲ့ စအိုလမ်းကို လိင်ဆက်ဆံမှု တကြိမ်ပြုခြင်းကနေ HIV ကူးစက်နိုင်မှုဟာ မိန်းမဗဂျိုင်းနားလမ်းကို အဲလိုဆက်ဆံနည်းနဲ့ အတူလောက် ဖြစ်တယ်။ ဒါပေမယ့် HIV မရှိသူဟာ အပြုခံရသူဖြစ်နေရင် အခွင့်အလမ်း နည်းနည်းသက်သာတယ်။

23
Apr

အမျိုးသမီးများ သွေးဆုံးချိန်တွင် စားသုံးသင့်သော အစားအစာများ

ဆဲလ်များကို ရေဓာတ်ဖြည့်ပေးရန်၊ အသားအရေစိုပြည်စေရန် နှင့် ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးရန် သွေးဆုံးနေသော အမျိုးသမီးများ ရေလုံလောက်စွာ သောက်ရန် အရေးကြီးသည်။ ထို့ပြင် ဗီတာမင်နှင့် သတ္တုဓာတ်များ၊ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများနှင့် အမျှင်ဓာတ်များစွာ ပါဝင်သော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ စားပေးသင့်သည်။

Follow me on:

Back to Top