8
Sep

အမျိုးသား ပြည့်တန်ဆာလောက

အမျိုးသား ပြည့်တန်ဆာအဖြစ် ငါးနှစ်တာ ဆောင်ရွက်ခဲ့ဖူးသူ ကိုထက်ခေါင်ကမူ လိင်စိတ်နှစ်ခွရှိသူ ဟိုမိုဖောက်သည်များ ပိုမိုများပြားလာပြီး သူ၏ ယောက်ျားဘဝ တည်မြဲမှုကိုပါ ခြိမ်းခြောက်သည်အထိ တောင်းဆိုမှု များလာသောကြောင့် ၂၀၁၀ ပြည့်နှစ်တွင် ယင်းလောကမှ ထွက်ခွာခဲ့သည်။ “အများစုပြောသလို ကျွန်တော်တို့အလုပ်က မလွယ်လှပါဘူး” ဟု ကိုထက်ခေါင်က ဆိုသည်။

19
Aug

ဆင်းရဲနွမ်းပါးမှုနှင့် ကလေးပြည့်တန်ဆာ

လိင်ပညာပေး အစီအစဉ်များကို မကြုံတွေ့ခဲ့ဖူးသည့် မ၀တ်ရည်သည် လူစည်ကားရာ လမ်းမ ပေါ်တွင် ဖောက်သည်ရှာရှင်း တစ်နေ့ကျပ် သုံးသောင်းခန့်ရသည့် အနေအထားကို ကျေနပ်ခဲ့သော်လည်း သူ့အလုပ်အကိုင်ကို အကြောက်ကြီးကြောက်အောင် ဖြစ်စေခဲ့သည် ကတော့ သူ့မိခင်၏ ကျန်းမာရေး ဆိုးရွားလာသည့် အခြေအနေပင်ဖြစ်သည်ဟု ဆိုသည်။ သူ့မိခင်တွင် HIV ရောဂါပိုး ရှိနေပြီဟူသော တွေ့ရှိချက်က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ထွက်လာသည်။

13
Aug

အပျိုစစ်ရဲ့လားဆိုတဲ့ မေးခွန်းကို ဖြေဆိုဖို့ မဝံ့မရဲတဲ့ ဖြစ်စဉ်တွေ များလာ

“မူးယစ်ဆေးဝါး လက်တစ်ကမ်းမှာ ၀ယ်ယူနိုင်တဲ့ အနေအထား၊ ဆယ်ကျော်သက်များ လိင်မှုဆိုင်ရာ စူးစမ်းမှုအနေထား၊ ၁၈+ ကားများ ဆိုင်များအား အလွယ်တ ကူဝယ်ယူနိုင်သည့် အနေအထားများကြောင့် အနောက်တိုင်း ယဉ်ကျေးမူ ၀င်ရောက်လာပြီး၊ လက်မထပ်မီ အတူနေထိုင်ခြင်းတွေ ဖြစ်ပေါ်တာပါ။

18
Jun

အပျိုစစ်စစ် အပျိုရည် ရောင်းရန်ရှိသည်

အပျိုရည်ဟာ ဒီလိုဆိုရင် သိပ်တန်ဖိုးမရှိဘူး ထင်ရပေမယ့် နောက်တစ်နည်းအရ တော်တော်တန်ဖိုးကြီးတဲ့အရာ ဖြစ်နေပြန်ပါတယ်။ လိင်မုဆိုးတွေက အပျိုစင်တစ် ယောက်နဲ့ တစ်ပတ်အတူနေဖို့အတွက် ဒေါ်လာ ၈၀၀ ကနေ ၄,၀၀၀ ကြား ပေးဝယ်ကြတယ်။ ဒါပေမဲ့ မိန်းကလေးရဲ့ အချိုးအစား၊ အလှအပနဲ့ သူတို့ သုံးနိုင်တဲ့ ငွေပမာဏအပေါ်လည်း မူတည်ပါသေးတယ်။

12
May

လိင်လုပ်ငန်းလုပ်တဲ့ မင်းသမီး ၂၀၀ ကို အင်ဒို အရေးယူ

မင်းသမီးနဲ့ ​မော်ဒယ်လ် ​အယောက် ​၂၀၀ ​ရဲ့ ​နာမည်ကို ​အင်ဒိုနီးရှား ရဲတွေက ​ရရှိထားတာဖြစ်ပြီး ​အဲဒီ ​celebrity ​တွေဟာ ​သူတို့နဲ့ ​အတူတူ ​အိပ်လိုတဲ့ ​အမျိုးသားတွေကို ​ဒေါ်လာ ​ထောင်နဲ့ချီ ​တောင်းခံ ကြသူတွေ ​ဖြစ်တယ်လို့ ​သိရပါတယ်။

28
Jan

ပြည့်တန်ဆာ ၀ိုင်ဖိုင်သို့ ခြေဦးလှည့်ခြင်း

ရည်းစားထားခြင်း၊ ချစ်သူရှာခြင်း၊ အိမ်ထောက်ဖက်ရွေးခြင်း၊ မိသားစုဘ၀များကို ထူထောင်ခြင်းများသည်စသည့် လုပ်ဆောင်မှုများသည် လူသားတို့၏ တာဝန်ဝတ္တရားများပင်ဖြစ်သည်။ ယင်းသို့ တာဝန် ၀တ္တရားများကို ရှောင်လွဲပြီး ပြည့်တန်ဆာ အခန်းများသို့ သွားရောက် အာသာဖြေ ခြင်း၊ အပျော်အပါးသဘောမျိုး၊ စိတ်ထွက်ပေါက်တစ်ခု ဖြစ်ဟု ဆိုကာ သွားလာနေမှုများသည် မိမိ၏ အသက်အန္တရာယ်ကို ရန်ရှာတတ်သည့် HIV/AIDS ရောဂါများကို ငွေပေးပြီး ၀ယ်ယူနေခြင်းနှင့် တူနေကြောင့် လူမှုအသိုင်း အ၀ိုင်းများက ဝေဖန်သည်။

8
Jan

HIV ရှိသူတွေ ဖန်တီးတဲ့ လက်မှုပစ္စည်းတွေ ဈေးကွက်ဝင်ဖို့ ခြေလှမ်းပြင်နေတယ်

အိတ်ခ်ျအိုင်ဗီရောဂါပိုးနဲ့ နေထိုင်ကြသူတွေ၊ သူတို့နဲ့ ဆက်စပ်နေတဲ့ မိသားစုတွေကို စိတ်ပိုင်းဆိုင်ရာ ပညာပေးဖို့နဲ့ အသက်မွေးဝမ်းကျောင်း ပညာတွေသင်ပေးနေတဲ့ Action for Public အဖွဲ့ဟာ အခုတော့ လူမှုတာဝန်သိတဲ့ စီးပွားရေး လုပ်ငန်းတစ်ခုအတွက် ခြေလှမ်း စတင်နေပါပြီ။ ဒီအဖွဲ့က ရောဂါပိုးရှိသူတွေအတွက် ဘယ်လိုအလုပ်အကိုင်တွေ ဖန်တီးပေးမှာလဲ။

25
Nov

အမျိုးသား ပြည့်တန်ဆာများနဲ့ သူတို့ဘဝ၊ သူတို့ အခက်အခဲများ

ကိုတိုးတိုး အနေနဲ့ ရန်ကုန်တက်လာပြီး HIV ပိုးအတွက် ဆေးရရှိဖို့ စီစဉ်တဲ့ အချိန်တုန်းကလည်း မိသားစု တွေရဲ့ တုံ့ပြန်မှုက ရောဂါခံစားရလို့ စိတ်အားငယ်ရ တာထက် ပိုဆိုးတယ် လို့ သူ ခံစားခဲ့ရပုံကို ပြောပြတယ်။ ART ဆေးရဖို့ မိသားစုတဦးဦးရဲ့ ထောက်ခံချက်ရှိမှ ရတာကြောင့် အိမ်ကို အကြောင်းကြားတဲ့ အခါမှာ သူ့ကို မိသားစု ကနေ ပစ်ပယ်လိုက်တာထက်၊ သူ့ကြောင့် မိသားစုဝင်တွေ အရှက်ရတယ် ဆိုပြီး ပြောဆိုခံခဲ့ ရတဲ့အတွက် သတ်သေမလို့ အထိ စဉ်းစားခဲ့သေးတယ် လို့ သူက ဆိုပါတယ်။

26
Sep

သွေးသားရောင်းရန် ရှိသည် (အပိုင်း - ၂)

”ကျွန်မတို့ သိတာက အခန်းတွေ၊ အိမ်တွေနဲ့ သီးသန့် လုပ်စားမှ ပြည့်တန်ဆာ(ဖာ)လို့ ပြောကြတာပေါ့နော်။ အခု ကျွန်မတို့က ကိုယ်နဲ့ ဖုန်းနံပါတ် အဆက်အသွယ်ရှိတဲ့ လူတွေနဲ့ အပြင်မှာ ချစ်သူလို၊ မိတ်ဆွေလို သွားလာတယ်။ သူတို့ လိုအပ်တဲ့ အချိန်မှာ သူတို့အိမ်ခန်း၊ ဟိုတယ် အဆင်ပြေတဲ့ နေရာတွေမှာ ပျော်ပါးတယ်။

25
Sep

သွေးသားရောင်းရန် ရှိသည် (အပိုင်း - ၁ )

”ဒီဘဝကနေ သူတို့ရုန်းထွက်ဖို့ အလွန်တရာခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ငွေရလွယ်တာကို သိလာတယ်။ ငွေရှိတော့ ဝတ်ရစားရတယ်။ ခေါင်းပုံဖြတ် ခံရတာကို သိပေမယ့် ငွေရ လွယ်နေတော့ နောက်အလုပ်တစ်ခုကို ရှာဖို့ ပျင်းသွားတယ်။ နောက်ဆုံးတော့ ပင်ပန်းတဲ့ အလုပ်ကိုပြောင်းပြီး မလုပ်ချင်တော့တဲ့ စိတ်ဓာတ်တွေလဲ ပါတယ်”။

19
Sep

AIDS ရဲ့ ဂယက် (၁၀)

AIDS ကြောင့် ဝင်ငွေကျဆုံးလို့ ဖြစ်လာတဲ့ စီးပွားရေး ဆုတ်ယုတ်မှုကို ပိုပြီးခံခဲ့ရတဲ့ တိုင်းပြည်တွေကတော့ တိုရစ်စင်(မ)လို့ ခေါ်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေကနေ ရတဲ့ နိုင်ငံခြားငွေအပေါ် အားထားနေရတဲ့ တိုင်းပြည်တွေ ဖြစ်တယ်။ ဒီ တိုရစ်စင်(မ) ဆိုတာကလည်း သေးတဲ့ စီးပွားရေး လုပ်ငန်း မဟုတ်ဘူး။ နိုင်ငံခြားငွေကို အင်မတန်လိုနေတဲ့ တတိယကမ္ဘာ တိုင်းပြည်တွေဟာ တိုးရစ်တွေကရတဲ့ နိုင်ငံခြားငွေကို အတော်အလေးထားပြီး သူတို့တိုင်းပြည်ရဲက ဘတ်ဂျက် ဘဏ္ဍာရေးရ သုံးငွေကို တွက်ချက် စီမံကြရတာ။

4
Aug

အမျိုးသား ပြည့်တန်ဆာလောက

အမျိုးသားပြည့်တန်ဆာ လုပ်ငန်းသည် ငွေရလွယ်ကူသည် ဆိုသော်လည်း လူငယ်တိုင်း လုပ်ကိုင်နိုင်သည့် အလုပ် တစ်ခုတော့ မဟုတ်ပေ။ လုပ်ကိုင်မည့် အမျိုးသားငယ်များ အနေနှင့် သင့်တင့်ပြေပြစ်သော ရုပ်ရည်ရူပကာနှင့် ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွင်လည်း ဖောက်သည်တို့ ကျေနပ်နိုင်လောက်သည့် အရည်အသွေးမျိုး ပိုင်ဆိုင်ကြရသည်။

Follow me on:

Back to Top