23
Jul

ပြည့်တန်ဆာများနှင့် လိင်ဆက်ဆံသူကို အရေးယူရန် လွှတ်တော်တင်

ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေကို ပြင်ဆင်ရန် အမျိုးသားလွှတ်တော်အမတ်များက သဘောတူ လိုက်သည့်အတွက် ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် အမတ်များအနေဖြင့် ဇူလိုင် ၂၄ ရက်တွင် နောက်ဆုံးထားပြီး အမျိုးသားလွှတ်တော်ရုံးသို့ အမည်စာရင်းပေးကြရန် လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ကြေငြာထားသည်။

6
Feb

အိတ်ခ်ျအိုင်ဗီပိုးကို ဖုန်းအက် ပရီကေးရှင်းဖြင့် ဆယ်ငါး မိနစ်အတွင်း စစ်ဆေးနိုင်ပြီ

အိပ်ခ်ျအိုင်ဗီပိုးနှင့် ကာလသားရောဂါပိုး ရှိမရှိကို စမတ်ဖုန်းအက်ပရီကေးရှင်းဖြင့် ဆယ်ငါး မိနစ်အတွင်း စစ်ဆေးနိုင် ပြီဖြစ်၍ လူအသက်ပေါင်း များစွာကိုကယ် တင်နိုင်တော့ မည်ဖြစ်ကြောင်း အမေရိကန်၊ နယူးယော့ခ်မြိုရှိ ကိုလံဘီယာ တက္ကသိုလ်မှ သိပ္ပံပညာ ရှင်များက အခိုင်အမာပြော ကြားသည်။

31
Dec

အပြာကားများတွင် အကာအကွယ် မသုံးပဲ သရုပ်ဆောင်ခဲ့သူ အိတ်ခ်ျအိုင်ဗီပိုး တွေ့ ရှိ၍ ပါတနာများ ထိတ်လန့်

ကျန်းမာရေး သွေးစစ်ချက် အရ ကားရိုက်ကူး ရာတွင် ပါဝင်သည့် သရုပ်ဆောင် တစ်ဦးထံမှ ဒုတိယ သရုပ်ဆောင် ထံသို့ တစ်ဆင့် ရောဂါ ကူးစက် သွားခြင်းဖြ စ်နိုင်ကြောင်း၊ ပထမ ကားရိုက်ပြီး ချိန်တွင် ရောဂါ ကူးသွားခြင်း ဖြစ်နိုင်ကြောင်း ယင်းဌာန၏ သတိပေးချက်တွင် ဖော်ပြ ထားသည်။

20
Dec

ရခိုင်တွင် HIV ဆေးပေးဝေရေး စင်တာများ တိုးချဲ့မည်

ရခိုင်ပြည်နယ်တွင် HIV/AIDS ကူးစက်ခံရသူများကို နယ်စည်းမထား ဆရာဝန်များအဖွဲ့က အဓိက ဆေးဝါးကုသမှုများ ပြုလုပ်ခဲ့သော်လည်း ယင်းအဖွဲ့သည် ရခိုင်ပြည်နယ်တွင်းရှိ ဆေးခန်းများကို ပိတ်သိမ်းပြီးနောက်ပိုင်း လူနာ အများစု ဆေးဝါးပြတ်လတ်မှုများ ရှိခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

10
Dec

HIV/AIDS ကူးစက်ခံရသူများ လျှို့ဝှက် သွေးစစ်ပေးမှု အတွက် အသိပညာပေးမှုများ ပြုလုပ်ရန် လိုအပ်

လျို့ဝှက်သွေး စစ်ပေးခြင်း ဆိုသည်မှာ သွေးစစ်ပြီးထွက် ရှိလာသော အဖြေကို လျှို့ဝှက်ပေးထားခြင်း ဖြစ်ပြီး UNAIDS ၏ ၂၀၁၃ စစ်တမ်းများ အရ မြန်မာနိုင်ငံတွင် HIV/AIDS ကူးစက်မှုနှုန်းသည် သာမန်ပြည်သူများကြား အသက် ၁၅ မှ ၄၉ နှစ်ကြားတွင် ၀ ဒသမ ၄၇ ရာခိုင်နှုန်း၊ အဓိက ဦးတည်အုပ်စု သုံးခုဖြစ်သည့် မူးယစ်ဆေးသုံးစွဲသူများတွင် ၁၈ ရာခိုင်နှုန်း၊ လိင်တူချစ်သူများတွင် ၁၀ ရာခိုင်နှုန်း၊ လိင်လုပ်သားများတွင် ရှစ်ရာခိုင်နှုန်း အထိကူးစက်မှုရှိနေသော်လည်း လာရောက် စစ်ဆေးမှု နည်းပါးနေခြင်းဖြစ်သည်။

15
Nov

HIV ပိုးရှိ၍ လုပ်ငန်းခွင်အတွင်း ခွဲခြားခံရပါက လူ့အခွင့်အရေး ကော်မရှင်က တစ်လအတွင်း ဖြေရှင်းပေးမည်

၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံတွင် HIV ဖြင့်နေထိုင်သူ ပျှမ်းမျှ ၁သိန်းရှစ်ထောင့်ငါးရာခန့် ရှိနေပြီး ART ကုထုံးဖြင့် ကုသရန်လိုအပ်သူ ၁ သိန်းနှစ်သောင်းကျော် ရှိကာ ၎င်းတို့အထဲမှ ၅၄ ရာခိုင်နှုန်းကိုသာ ART ကုထုံးဖြင့် ဆေးဝါးထောက်ပံ့ပေးနိုင်သေးသည်ဟု အမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး (NAP 2013) အစီရင်ခံစာအား ကိုးကား၍ UNAIDS အစီရင်ခံစာတွင် ဖော်ပြထားသည်။

13
Aug

အိပ်ခ်ျအိုင်ဗီ ပိုးရှိသူများ ဆေးမြီးတို မသုံးရန် ထပ်မံသတိပေး

ART ဆေးနှင့် ဆေးမြီးတို တွဲဖက်သုံးစွဲမှုများ လုံးဝမလုပ်သင့်ဟုလည်း တိုက်တွန်းသည်။ “ဆေးပညာအမြင်ကနေ ကြည့်ရင် အန္တရာယ်များတယ်။ မလိုအပ်တဲ့ အစိတ်အပိုင်းတွေကို သွားပြီး ဆေးက အကျိုးသက်ရောက်နေရင် လူနာအတွက် မကောင်းဘူး။ အခုထက်ထိ ကမ္ဘာမှာ HIV လူနာတွေရဲ့ အသက်ကို ဆွဲဆန့်နိုင်တဲ့ ဆေးဆိုလို့ ART ဆေးပဲရှိပါတယ်။ HIV ပိုးပျောက်နိုင်တဲ့ တိုင်းရင်းဆေး၊ ဆေးမြီးတို လုံးဝ မရှိပါဘူး” ဟုလည်း ပြောသည်။

7
Aug

အာဖရိကရှိ HIV ရောဂါဝေဒါနာရှင် သားသည်မိခင်များကို ကူညီရန် ဗစ်တိုးရီးယားဘက်ခမ် အ၀တ်အစားများ လေလံတင်ရောင်းချ

တစ်ကမ္ဘာလုံးတွင် ၂၀၀၁ ခုနှစ်က HIV ရောဂါပိုးကူးစက်ခံထားရသည့် ကလေးငယ်ပေါင်း ၅၈၀,၀၀၀ ရှိရာမှ ၂၀၁၃ ခုနှစ်တွင် ၂၄၀,၀၀၀ သို့ လျှော့ချနိုင်ခဲ့သည်။ အာဖရိကတွင်မှု HIV ရောဂါပိုးကို တိုက်ဖျက်ရန်အတွက် ငွေကြေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများစွာ လိုအပ်နေဆဲဖြစ်ပြီး အခြားပြဿနာများစွာလည်း ရှိကြောင်း ဘက်ဆာက ပြောကြားခဲ့သည်။

28
Mar

မြန်မာနေရှင်နယ်လိဂ်တွင် HIV ပိုးရှိသော ကစားသမားတစ်ဦး ကစားနေဟု ဦးဇော်ဇော်ပြော

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် HIV ရောဂါပိုးနှင့် ပတ်သက်ပြီး လူငယ်များအတွင်း အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် အာရှဘောလုံး အဖွဲ့ချုပ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကုလသမဂ္ဂဆိုင်ရာ အေအိုင်ဒီအက်စ် အစီအစဉ် (UNAIDS)၊ မြန်မာနိုင်ငံ အမျိုးသား HIV အစီအစဉ် စသည့်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး “Protect the Goal” အစီအစဉ်ကိုလည်း ဆောင်ရွက်နေသည်။

6
Mar

HIV ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး ပေါ်လာနိုင်ခြေရှိကြောင်း သုတေသနများပြော

HIV ကာကွယ်ဆေးပေါ်ပေါက် လာနိုင်ခြေ ရှိကြောင်း မျှော်လင့်ချက်များ မြင့်တက်လာနေသည်ဟု မတ်လ ၅ ရက်က Scientific American ဂျာနယ်တွင် ဖော်ပြ ထားသည်။ HIV ကဲ့သို့သော ဗိုင်းရပ်စ်ပိုးများ၏ အန္တရာယ်မှ ကာကွယ်ပေးနိုင်သည့်ဆေးဝါး (antiviral drug) တစ်မျိုးကို မျောက်များ၏ ကြွက်သားများ အတွင်းသို့ ထိုးပေးခဲ့ရာ၊ ကာကွယ်ဆေး ထိုးထားသော မျောက်များအား ရက်သတ္တပတ်များစွာ တိုင်အောင် ရောဂါကူးစက်မှု မရှိခဲ့ပေ။

10
Dec

ရန်ကုန်မြို့တွင် HIV ကူးစက်ခံရမှု အန္တရာယ်ဇုန်အဆင့် သတ်မှတ်ချက်ထက် ကျော်လွန်

နိုင်ငံတကာတွင် အဆိုပါနည်းလမ်းဖြင့် ကူးစက်ခံရမှု ငါးရာခိုင်နှုန်းအထက် ကျော်လွန်လျှင် အန္တရာယ်ရှိသည့် အဆင့်အဖြစ် သတ်မှတ်ခြင်းဖြစ်သည်။ HIV ကူးစက်ခံရမှု အခြေအနေသည် ရန်ကုန်မြို့ရှိ ကလေးဆေးရုံ များ၌ပင် ရှိနေပြီး မိခင်မှကလေးသို့ ကူး စက်မှုများ ရှိနေသည့် အတွက် ရန်ကုန်တိုင်း အစိုးရ အဖွဲ့အနေဖြင့် HIV ကူးစက်ခံရမှုဆိုင်ရာ အချက်လက် များကို စနစ်တကျ စိစစ်ရန် လိုအပ်နေပြီဟု ၎င်းက ယူဆထားသည်။

2
Dec

ခွဲခြားမှုမှ ရှောင်ကျဉ်ကာ ART လည်းပေးကြပါ

HIV/AIDS ဖြင့် အသက်ရှင်နေထိုင်သူများကို ခွဲခြားဆက်ဆံခြင်းမှ ရှောင်ကျဉ်ခြင်းအပြင်၊ ART ဆေး ရရှိနိုင်ရန် ဆောင်ရွက် ကြမှသာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁ရက်တွင် ကျရောက်သည့် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့၏ “ခွဲခြားနှိမ့်ချ ကင်းစင်ဝေး ကူးစက်သေဆုံး မရှိရေးART ဖြင့်ကုသပေး” ဟူသည့် ဆောင်ပုဒ်သည် အနှစ်သာရ ပြည့်ဝပေ လိမ့်မည်။

Follow me on:

Back to Top