9
Sep

ART နဲ့ ဂျင်ဇင်း၊ PLH တစ်ယောက်ကို လက်ထပ်မယ်ဆိုရင် (အမေးအဖြေ)

ဂျင်ဇင်း က HIV ပိုးရှိသူတွေ (ART သောက်နေသူအတွက်ရော၊ မသောက်သူ) အတွက် လုံးဝ မသုံးသင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ HIV ရှိသူတွေမှာ ဂျင်ဇင်းနဲ့ ပက်သက်တဲ့ သုတေသန ခိုင်ခိုင်မာမာမရှိ သေးပါဘူး။ သုံးမိရင် တချို့လူတွေမှာ ရုတ်တရက် ကိုယ်ခံအား ကျသွားပြီး ရောဂါ အခြေအနေ ဆိုးတက်ပါတယ်။

25
Aug

Public Toilet တွေက တဆင့် HIV ပိုး ကူးစက်နိုင်လား

Public Toilet တွေမှာ HIV ပိုးက အသက်မရှင်နိုင်ပါဘူး။ လူ့ကိုယ်ခန္ဒာက အရည်တွေဖြစ်တဲ့ သွေး၊ လင်အင်္ဂါရည်တွေနဲ့ တိုက်ရိုက်ထိတွေ့မှသာ HIV ပိုးက ကူးစက်နိုင်တာပါ။ HIV ပိုးက လူ့ကိုယ်ထဲမှာ ရှိနေခိုက်သာ အသက်ရှင်ပြီး လူ့ကိုယ်ပြင်ပ ပတ်ဝန်းကျင်ကို ထွက်လိုက်တာနဲ့ သက်မရှင်နိုင်တော့လို့ပါ။ ဒါကြောင့် စိတ်မပူပါနဲ့။

7
Aug

PLHIV တစ်ယောက်မှာ ကလေးယူလို့ ရ၊ မရ (အမေးအဖြေ)

အိမ်​​ထောင်​ရှိပါတယ်​။ လင်​မယားနှစ်​​ယောက်​လုံးက HIV positive ပါ။ ​ART ​ဆေးကိုလဲ ​သောက်​လာတာ တစ်​နှစ်​​လောက်​ ရှိပါပြီ။ သိချင်​တာက HIV ​ဝေဒနာရှင်​ အ​နေနဲ့ ကိုယ်​ဝန်​​ဆောင်​လို့ရ မရ၊ က​လေး​မွေးရင်​ ​ဆေးရုံ​တွေက လက်​ခံပြီး​မွေး​ပေးပါ့မလား၊ က​လေးကို ကူးနိုင်​ပါသလား။

7
Aug

ကွန်ဒုံး မသုံးရင် ရောဂါ ဖြစ်နိုင် မဖြစ်နိုင် (အမေးအဖြေ)

သုံးခါလုံး တစ်ခါမှ ကွန်ဒုံးမသုံးခဲ့ ဘူးဆိုရင်တော့ ရောဂါအတွက် သွေးစစ်စေချင်ပါတယ်။ ဘယ်လောက်ပဲ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်က သန့်တယ်ပြောပြော သူ့မှာ လိင်ကတဆင့် ကူးစက်တတ်တဲ့ ပိုးတွေ ရှိနိုင်ပါတယ်။ အထူးသဖြင့် သည်းရောင်အသားဝါ ဘီ၊ စီ၊ HIV နဲ့ အခြား ကာလသားရောဂါတွေ ကူးစက်နိုင်ပါတယ်။

29
Nov

HIV ပိုး ရှိမရှိ သေချာစေလို (အမေးအဖြေ) (၁၃)

၅ လအကြာမှာ စစ်ရင် HIV ပိုးအတွက် အဖြေမှန်ရနိုင်ပါတယ်။ ခြေထောက်က အဖုတွေက HIV နဲ့ သိပ်မဆိုင်ပါဘူး။ သာမန် အရေပြားရောဂါ လည်း ဖြစ်နိုင်ပါတယ်။ ပထမ တစ်ခါ Non-reactive လို့ အဖြေထွက်ထားတဲ့ အတွက် စိတ်မပူပါနဲ့ များသောအားဖြင့် ကာလသားကို သွေးစစ်ဖို့ မေ့တတ်တဲ့ အတွက် HIV သွေးစစ်ရင် တွဲပြီး စစ်ပါ။

7
Nov

HIV ပိုး ရှိမရှိ သေချာစေလို (အမေးအဖြေ) (၁၂)

၅ လ အကြာမှာစစ်ရင် HIV ပိုးအတွက် အဖြေမှန်ရနိုင်ပါတယ်။ ခြေထောက်က အဖုတွေက HIV နဲ့ သိပ်မဆိုင်ပါဘူး။ သာမန် အရေပြားရောဂါလည်း ဖြစ်နိုင်ပါတယ်။ ပထမတစ်ခါ Non-reactive လို့ အဖြေထွက်ထားတဲ့ အတွက်စိတ်မပူပါနဲ့ များသောအားဖြင့် ကာလသားကို သွေးစစ်ဖို့ မေ့တတ်တဲ့အတွက် HIV သွေးစစ်ရင် တွဲပြီး စစ်ပါ။

30
Oct

HIV ပိုး ရှိမရှိ သေချာစေလို (အမေးအဖြေ) (၁၁)

Spa သွားခဲ့တာ ဘယ်လောက်ကြာပြီလဲ သိချင်ပါတယ်။ မိတ်ဆွေရဲ့ လက်မှာ အနာတို့ ထိခိုက်ရှနာတို့ ရှိနေပါသလား သိချင်ပါတယ်။ HIV ကတော့ ကူးစက်ခါစမှာ ဒီလိုမျိုး လက္ခဏာ မပြပါဘူး။ အမျိုးသမီးက Oral လုပ်ပေးတယ်။ မိန်းမကိုယ်ထဲ လက်ထည့်ပြီး လိင်အင်္ဂါရည်နဲ့ ထိတွေ့ခဲ့တယ်ဆိုရင် ဖြစ်နိုင်ချေက ကာလသားရောဂါ ဖြစ်နိုင်ပါတယ်။ ဒါက ဖြစ်နိုင်ချေပါ။ ဆရာဝန်ပြောသလို အရေပြား ယားယံတာလည်း ဖြစ်နိုင်ပါတယ်။

29
Oct

HIV ပိုး ရှိမရှိ သေချာစေလို (အမေးအဖြေ) (၁၀)

ကာလသားရောဂါ အတွက် ဆေးကို ဘယ်လိုသောက်ခဲ့သလဲ သိချင်ပါတယ်၊ ဘာရောဂါလို့ ပြောပါသလဲ။ ကာလသားရောဂါက ဆေးစနစ်တကျကုရင် ပျောက်ပါတယ်။ လိင်ဆက်ဆံတိုင်း သတိရှိဖို့လိုပါတယ်။ အကာအကွယ် (ကွန်ဒုံး) သုံးရပါမယ်။ လိင်ဆက်ဆံ ဖော်ရှိရင် သူ့ကိုပါ ဆေးကုဖို့လိုပါတယ်။ Oral sex လုပ်တာမျိုး ရှောင်ရပါမယ်။ ကွန်ဒုံးသုံးပေမယ့် Oral sex လုပ်ရင် ကာလသားရောဂါတွေ ပြန်ကူးနိုင်ပါတယ်။

23
Oct

HIV ကူးစက် ခံနေရပြီလား (၉) (အမေးအဖြေ)

အခု ရက်ရှည်ဖျားတာကို အရင်ဆုံး သေသေချာချာ ကုသပြီး ရောဂါ အဖြေရှာစေချင်ပါတယ်။ ဒီအတွက် သမားတော်နဲ့ ပြစေချင်ပါတယ်။ သမားတော်က သွေးစစ်၊ ဆီးစစ် တာတွေလုပ်ပြီးမှ ကျန်တဲ့ HIV ရှိ/မရှိ သွေးစစ်ဖို့၊ ကာလသားရောဂါ ရှိ/မရှိ သွေးစစ်ဖို့ကို လုပ်စေချင်ပါတယ်။

8
Jul

HIV ကူးစက် ခံနေရပြီလား (၈) (အမေးအဖြေ)

HIV ပိုး ကူးစမှာ အနီကွက်တွေ ဖြစ်တတ်တာ နည်းပါတယ်။ အခုမိတ်ဆွေ ဖြစ်နေတာကို မမြင်ရတော့ ကျနော်တို့ မခန့်မှန်းနိုင်ပါဘူး။ အဖုတွေက ယားပါသလား။ ပွားလာပါသလား။ အရွယ်ကြီးလာပါသလား။ အခုမေးတာတွေမှာ ဟုတ်တယ်လို့ ဖြေမိရင် သာမန် အရေပြားရောဂါ ဖြစ်နိုင်ပါတယ်။ အရေပြား ဆရာဝန်နဲ့ ပြစေချင်ပါတယ် ခင်ဗျား။

13
May

HIV ကူးစက်​ခံရစ လက္ခဏာများဟာ တပြိုင်တည်း ဖြစ်တတ်ပါသလား (အမေးအဖြေ)

HIV ပိုးကူးစက်ခါစမှာ အရေပြားမှာ သိပ်မသိသာပါဘူး။ ဖြစ်ခဲ့ရင်လည်း အင်ပြင်ပေါက်သလိုမျိုး အရေပြားမှာ ဖြစ်တတ် ပါတယ်။ AIDS အဆင့်ရောက်ရင်တော့ အရေပြားမှာ ယားနာတွေ၊ ရေယုန်တွေ ဖြစ်တတ်ပါတယ်။ ART ခေါ်တဲ့ ဆေးတွေ စသောက်ခါစမှာလည်း အရေပြားမှာ မှင်ထသလို၊ အင်ပြင်ထသလို၊ နေလောင်သလို Rash တွေ ပေါ်တတ်ပါတယ်။

10
Apr

HIV ကူးစက် ခံနေရပြီလား (၇) (အမေးအဖြေ)

အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့တဲ့ အတွက် စိတ်ပူနေမှာတော့ အမှန်ပဲ။ လည်ပင်း အကြိတ်တွေ ကြီးလာတာ၊ အခြား အကြိတ်တွေ ကြီးလာတာ ကတော့ ဒီရာသီဥတုမှာ ဖြစ်တတ်ပါတယ်။ ပူအိုက်တဲ့ ရာသီမှာ အပူရှပ်ပြီး ဒီလို တုတ်ကွေး ဆန်ဆန် ဖျားတတ်ကြပါတယ်။ ဒါကို HIV ကြောင့် ဖြစ်တာလို့ ပုံသေကားချပ် ပြောလို့မရပါဘူးခင်ဗျာ။

Follow me on:

Back to Top