24
Sep

သန္ဓေတားနည်းနဲ့ ကူးစက်ရောဂါဆိုင်ရာ သိကောင်းစရာ

ကိုယ်ဝန်တားခြင်းနဲ့ လိင်ကူးစက်ရောဂါနဲ့ ပတ်သက်လာရင် ၁၀၀% ထိရောက်မှုရှိတဲ့ အချက် တစ်ခုသာ ရှိပါတယ်။ အဲဒါ အပျော်အပါး လိုက်စားမှု ရှောင်ခြင်းပါပဲ။ လိင်ကိစ္စ စိတ်အားထက်သန်သူ တစ်ကိုယ်ရေ တစ်ကာယ သမားတွေအတွက် အကောင်းဆုံး သန္ဓေတားနည်းက ဘာဖြစ်မလဲ။

14
Sep

လိင်ဆက်ဆံမှုဆိုင်ရာ တုံ့ပြန်မှု စက်ဝိုင်းနှင့် အဆင့်များ

လိင်ပိုင်းဆိုင်ရာတုန့်ပြန်မှု စက်ဝိုင်း (Sexual Response Cycle)ဆိုတာက လူတယောက် လိင်စိတ်ဖြစ်ပေါ်လာပြီးတော့ နှိုးဆွခြင်း၊ လိင်ဆက်ဆံခြင်း၊ တကိုယ် ရေ စိတ်ဖြေခြင်း စတဲ့ ကိစ္စတွေပြုလုပ်ချိန်မှာ ရှိလာတဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ ရုပ် ပိုင် ဆိုင်ရာ အပြောင်းအလဲတွေရဲ့ အကျိုး ဆက်တွေ ဖြစ်ပါတယ်။ ဒီစက်ဝိုင်းရဲ့ အဆင့်တိုင်းမှာ ကိုယ်ခန္ဓာရဲ့ တုံ့ပြန်မှု တွေ ကို သိထားခြင်းအားဖြင့် ကိုယ့်ရဲ့ အဖော်နဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေနိုင်သလို လိင်မှုကိစ္စဆိုင်ရာ ပြဿနာ တွေရှိခဲ့ ရင်လည်း ဖော်ထုတ်ဖြေရှင်းနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။

13
Aug

အပျိုစစ်ရဲ့လားဆိုတဲ့ မေးခွန်းကို ဖြေဆိုဖို့ မဝံ့မရဲတဲ့ ဖြစ်စဉ်တွေ များလာ

“မူးယစ်ဆေးဝါး လက်တစ်ကမ်းမှာ ၀ယ်ယူနိုင်တဲ့ အနေအထား၊ ဆယ်ကျော်သက်များ လိင်မှုဆိုင်ရာ စူးစမ်းမှုအနေထား၊ ၁၈+ ကားများ ဆိုင်များအား အလွယ်တ ကူဝယ်ယူနိုင်သည့် အနေအထားများကြောင့် အနောက်တိုင်း ယဉ်ကျေးမူ ၀င်ရောက်လာပြီး၊ လက်မထပ်မီ အတူနေထိုင်ခြင်းတွေ ဖြစ်ပေါ်တာပါ။

2
Jul

မရှောင်နိုင်ရင်တော့ သတိထားရမယ့် Oral Sex

ဘေးကင်းလုံခြုံတဲ့ Oral Sex ဆက်ဆံချင်တယ်ဆိုရင်တော့ ကိုယ်နဲ့ ကိုယ်ရဲ့ ဆက်ဆံဖော်ရဲ့ လိင်အင်္ဂါ (သို့မဟုတ်) ပါးစပ်တွေမှာ အနာ၊ ဒဏ်ရာ၊ ပွန်းပွဲ့ တာတွေ မရှိဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီအနာတွေ၊ ဒဏ်ရာတွေ၊ ပွန်းပဲနာတွေကနေတဆင့် ကူးစက်ရောဂါတွေ ၀င်ရောက်လာနိုင်လို့ပါပဲ။ ကိုယ်ရဲ့ လိင်ဆက်ဆံဖော်က လိင်ဆက်ဆံသူ များလွန်းတဲ့သူ ဟုတ်၊ မဟုတ်ဆိုတာလည်း ကိုယ်က သိထားမယ်ဆိုရင် Oral Sex က ဖြစ်လာနိုင်တဲ့ ကူးစက်ရောဂါ အန္တရာယ်တွေကို ကာကွယ်နိုင်မှာ အသေအချာပါပဲ။

12
Jun

HIV/AIDS ပညာပေး လူငယ်တွေအတွက် ဘာကြောင့် ပိုအရေးကြီးတာလဲ

လိင်နဲ့ မျိုးဆက်ပွားဆိုင်ရာ ဘယ်လိုပညာတွေရမလဲ လာရောက်ကြည့်ရှုတဲ့ ကိုရန်ပိုင်ကတော့ HIV နဲ့ AIDS ကွဲပြားပုံ မသိသေးတာတွေ သိရှိခဲ့ရပြီး မျိုးဆက်ပွားမှုနဲ့ ပတ်သက်ပြီး သူလုံးဝမသိသေးတာတွေကို ဒီပွဲမှာ ပြောပြပေးလို့ အများကြီး လူငယ်တွေအတွက် အများကြီး အကျိုးရှိစေတယ်လို့ ဆိုပါတယ်။

5
Jun

ဘေးကင်း လုံခြုံသော လိင်ဆက်ဆံရေးဟု ဆိုရာဝယ်

ကိုယ်ခန္ဓာချင်း ထိတွေ့ပွတ်သပ်ခြင်း၊ အပြန်အလှန် စိတ်ဖြေ ဖျောက်မှုပြုလုပ်ပေးခြင်း၊ ပွေ့ဖက်ခြင်း၊ နမ်းရှုံ့ခြင်းတွေက ကျေနပ်သာယာမှုကို ရနိုင်သလို လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်တဲ့ ရောဂါ (STD) တွေနဲ့ မလိုချင်ဘဲ ကိုယ်ဝန် ဆောင်ရခြင်းတွေကို အနည်းဆုံး အထိလျှော့ချပေး နိုင်ပါ တယ်။

1
May

အသက်ကွာဟလွန်းတဲ့ ချစ်သူစုံတွဲတွေကြားက အမေးအဖြေ

သွေးဆုံးတာနဲ့ HIV ပိုးနဲ့က ဘယ်လိုမှ မပတ်သက်ပါဘူး။ HIV ပိုးဟာ သွေးရှိနေသမျှ ခိုအောင်းနေနိုင်တာမျိုးမို့ အသက်ရှိနေသူ လူသားမှန်သမျှ ဘယ်အရွယ်မှာဖြစ်ဖြစ် ကူးစက်ခံရနိုင်ပါတယ်။ သွေးဆုံးတဲ့ မိန်းမဆီက သည်ပိုး မကူးတော့ဘူးဆိုတဲ့ အလွဲစကားကို ဘယ်သူကများ တီထွင်လိုက်သလဲ မသိဘူး။

13
Feb

ချစ်သူများနေ့ မတိုင်မီ ဈေးကွက်အတွင်း လိင်စိတ်ကြွဆေးဝါးများ အရောင်းအ၀ယ် များနေပြီး ရောင်းချသည့် ဆိုင်များကို စီမံချက်ဖြင့် ဖမ်းဆီးမည်ဟု ရဲတပ်ဖွဲ့ကဆို

အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးက “လိင်စိတ်ကြွဆေးတွေကတော့ ၀ယ်ဖို့မခက်ပါဘူး။ တချို့ဆိုင်တွေကတော့ သာမန်လိင်ပိုင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေ ရောင်းပေမယ့် တချို့ ဆိုင်တွေကတော့ တရားမ၀င် လိင်စိတ်ကြွဆေးတွေ ရောင်းနေတာပဲ” ဟု ပြောကြားသည်။

28
Jan

ပြည့်တန်ဆာ ၀ိုင်ဖိုင်သို့ ခြေဦးလှည့်ခြင်း

ရည်းစားထားခြင်း၊ ချစ်သူရှာခြင်း၊ အိမ်ထောက်ဖက်ရွေးခြင်း၊ မိသားစုဘ၀များကို ထူထောင်ခြင်းများသည်စသည့် လုပ်ဆောင်မှုများသည် လူသားတို့၏ တာဝန်ဝတ္တရားများပင်ဖြစ်သည်။ ယင်းသို့ တာဝန် ၀တ္တရားများကို ရှောင်လွဲပြီး ပြည့်တန်ဆာ အခန်းများသို့ သွားရောက် အာသာဖြေ ခြင်း၊ အပျော်အပါးသဘောမျိုး၊ စိတ်ထွက်ပေါက်တစ်ခု ဖြစ်ဟု ဆိုကာ သွားလာနေမှုများသည် မိမိ၏ အသက်အန္တရာယ်ကို ရန်ရှာတတ်သည့် HIV/AIDS ရောဂါများကို ငွေပေးပြီး ၀ယ်ယူနေခြင်းနှင့် တူနေကြောင့် လူမှုအသိုင်း အ၀ိုင်းများက ဝေဖန်သည်။

23
Sep

လိုအပ်နေသည့် အမျိုးသမီးများ၏ အာသာဆန္ဒကို ဖြည့်ဆည်းပေးရသည့် မြန်မာပြည်မှ ယောင်္ကျား Sex Worker

”ကျွန်တော့်ဘဝမှာ ကြုံခဲ့ရတာက အသက်အကြီးဆုံးက ၄၁ နှစ်ရှိပြီ။ သူက အပျိုကြီး။ နောက်ထပ်မှတ်မှတ်ရရအတွေ့အကြုံက အသက် ခုနစ်နှစ်လောက်ရှိတဲ့ မိန်းကလေးတစ်ဦးမွေးထားတဲ့ မိန်းကလေးတစ်ဦးနဲ့လဲ ကျွန်တော်နေပေး ခဲ့ရသေးတယ်။ ကျွန်တော်တို့နေထိုင်တာကို သူ့သမီးမြင်သွားတယ်လို့ ကျွန်တော် သံသယ ရှိမိတယ်” ဟု ပြန်ပြောပြသည်။

18
Sep

Marriage Advice (2) သီတင်းကျွတ်ရင် ဖတ်စေချင် (၂)

သူ့မှာ ကူးစက်ရောဂါတွေရှိသလား။ ကိုယ့်မှာကော အဲတာတွေကင်းရှင်းရဲ့လား။ လိင်ကတဆင့် ကူးစက်ရောဂါတွေကို စစ်ဆေးသင့်တယ်။ အများစုရောဂါတွေက ရောဂါ မပြဘဲ ပိုးရှိနေတာမျိုး ဖြစ်နိုင်တယ်။ သိလိုက်တာနဲ့ ဆေးကုလိုက်ရင် အိမ်ထောင်ပြုတဲ့ အချိန်မှာ အိမ်ထောင်ဘက်ကို ဒုက္ခမပေးနိုင်တော့ပါ။ တချို့ရောဂါတွေက သောက်ဆေးနဲ့ ရတယ်။ တချို့လဲ ဆေး ၃ လုံးထိုးတာနဲ့ပြီးတယ်။ ရောဂါရှိမှန်း မသိဘဲ အိမ်ထောင်ပြုလိုက်ရင် ဇနီး-ခင်ပွန်းကိုသာမက မွေးလာမဲ့ ကလေးတွေကိုပါ ဒုက္ခပေးမယ်။

11
Sep

ကာလသား အိပ်မက်ကို ဘယ်လို ရပ်တန့်မလဲ

လွန်ခဲ့တဲ့ နှစ် ၂၀၀-၃၀၀ အကြာက ကာလသား အိပ်မက်မက်သူတွေကို သုက်ရည် အားနည်းတယ်လို့ ထင်ပြီး ကုသမှု လုပ်သင့်တယ်လို့ ထင်ခဲ့ပါတယ်။ ဒါကလည်း အယူအဆ အမှားပါ။ ဒါက သုတ်ရည်အားနည်းတာ မဟုတ်ပါဘူး။ ကာလသား အိပ်မက် မက်တာက အပြစ်တခု မဟုတ်ပါဘူး။ ခန္ဓာကိုယ်က သဘာဝအတိုင်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အပြစ်ရှိသလို ခံစားနေဖို့ မလိုပါဘူး။ ရှက်စာရာမလိုသလို ကြောက်ရွံ့ဖို့လည်း မလိုပါဘူး။

Follow me on:

Back to Top