11
Sep

မလိုလားအပ်သည့် ကိုယ်ဝန်နှင့် အန္တရာယ်ရှိ ကိုယ်ဝန်ဖျက်ချခြင်းကို အရှိန်အဟုန်မြှင့် ကာကွယ်မည်

“ကာကွယ်ဖို့အတွက် မျိုးဆက်ပွား ကျန်းမာရေး ဆေးတွေနဲ့ ဆေးပစ္စည်းများ ပြည့်ပြည့် စုံစုံဖူလုံအောင် ဆောင်ရွက်မယ့်စနစ်ကို တိုင်းဒေသကြီးတွေနဲ့ ပြည်နယ် (၄) ခုမှာရှိတဲ့ မြို့နယ် (၁၂) မြို့နယ်တို့ကို ရှေ့ပြေးအဖြစ် ဆောင်ရွက်နေပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာသိန်းသိန်းဌေး က ပြောသည်။

8
Sep

အမျိုးသား ပြည့်တန်ဆာလောက

အမျိုးသား ပြည့်တန်ဆာအဖြစ် ငါးနှစ်တာ ဆောင်ရွက်ခဲ့ဖူးသူ ကိုထက်ခေါင်ကမူ လိင်စိတ်နှစ်ခွရှိသူ ဟိုမိုဖောက်သည်များ ပိုမိုများပြားလာပြီး သူ၏ ယောက်ျားဘဝ တည်မြဲမှုကိုပါ ခြိမ်းခြောက်သည်အထိ တောင်းဆိုမှု များလာသောကြောင့် ၂၀၁၀ ပြည့်နှစ်တွင် ယင်းလောကမှ ထွက်ခွာခဲ့သည်။ “အများစုပြောသလို ကျွန်တော်တို့အလုပ်က မလွယ်လှပါဘူး” ဟု ကိုထက်ခေါင်က ဆိုသည်။

7
Sep

၁၀၀ ရာခိုင်နှုန်းပြည့် ထိရောက်တဲ့ အိတ်ခ်ျအိုင်ဗွီကြိုတင်ကာကွယ်ဆေး

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး သတင်းတွေထဲမှာ ကြီးကျယ်ခမ်းနားတဲ့ သတင်းတစ်ပုဒ် ပေါ်ထွက်လို့လာခဲ့ပြန်ပါပြီ။ တခြားမဟုတ်ပါဘူး။ ကျွန်တော်တို့တွေအတွက် ကုရာနတ္ထိဆေးမရှိသေးတဲ့ အိတ်ခ်ျအိုင်ဗွီကို မဖြစ်ပွား မကူးစက်အောင်လို့ ကြိုတင်ကာကွယ်နိုင်ဖို့ အလားအလာရှိနေပြီပဲဖြစ်ပါတယ်။

3
Sep

အရွယ်မရောက်သေးတဲ့ နီပေါ အမျိုးသမီးများ ပြည့်တန်ဆာအဖြစ် စေခိုင်းခံနေရ

လူမှောင်ခိုသမားတွေဟာ မိဘတွေကို ယုံကြည်စွာ စည်းရုံးရင်း တစ်ယောက်ကို ပေါင် ( ၉၂) သာပေးပြီး နိုင်ငံရပ်ခြားကို ပို့ဆောင်နေတာ ဖြစ်ပါတယ်။ နီပေါနိုင်ငံဟာ သဘာဝဘေးကြောင့် ပြည်သူတွေဟာ ဆင်းရဲဒုက္ခ ရောက်နေတာကြောင့် လူမှောင်ခိုသမားတွေရဲ့ စိတ်ကြိုက် ပစ်မှတ် ဖြစ်နေကြောင်း သိရပါတယ်။

29
Aug

သားဆက်ခြား ကျန်းမာရေး တနိုင်ငံလုံး အတိုင်းအတာထိ တိုးမြှင့်ဆောင်ရွက်မည်

အန္တရာယ်ရှိတဲ့ ကိုယ်ဝန်ဖျက်ချခြင်းမှ ကာကွယ်ဖို့ သားဆက်ခြား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို လာမယ့် ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း တနိုင်ငံလုံး အတိုင်းအတာထိ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေး ဒု-ဝန်ကြီး ဒေါက်တာ သိန်းသိန်းဌေးက ပြောကြားလိုက်ပါတယ်။

19
Aug

ဆင်းရဲနွမ်းပါးမှုနှင့် ကလေးပြည့်တန်ဆာ

လိင်ပညာပေး အစီအစဉ်များကို မကြုံတွေ့ခဲ့ဖူးသည့် မ၀တ်ရည်သည် လူစည်ကားရာ လမ်းမ ပေါ်တွင် ဖောက်သည်ရှာရှင်း တစ်နေ့ကျပ် သုံးသောင်းခန့်ရသည့် အနေအထားကို ကျေနပ်ခဲ့သော်လည်း သူ့အလုပ်အကိုင်ကို အကြောက်ကြီးကြောက်အောင် ဖြစ်စေခဲ့သည် ကတော့ သူ့မိခင်၏ ကျန်းမာရေး ဆိုးရွားလာသည့် အခြေအနေပင်ဖြစ်သည်ဟု ဆိုသည်။ သူ့မိခင်တွင် HIV ရောဂါပိုး ရှိနေပြီဟူသော တွေ့ရှိချက်က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ထွက်လာသည်။

13
Aug

အသက်မပြည့်သေးဘဲ ပြည့်တန်ဆာလောကထဲ ရောက်သွားခြင်း

ကျွန်တော် မျက်မှန်းတန်းမိနေတဲ့ ပြည့်တန်ဆာမလေး တစ်ယောက်ကို HIV ပိုး ရှိသူများ အားထားရာ ရန်ကုန်မြို့က အခမဲ့ ဆေးပေးခန်းတစ်ခုမှာ မကြာသေးခင်က တွေ့လိုက်ရပါတယ်။ သူနဲ့အတူပါလာတဲ့ အသက် ၄ဝ ဝန်းကျင် အရွယ် အမျိုးသမီးဟာ သူ့မိခင်ဖြစ်ပြီး သူ့လိုပဲ ပြည့်တန်ဆာအလုပ် လုပ်ကိုင်သူပါ။ မိခင်အတွက် လိုအပ်တဲ့ ဆေးဝါး ထုတ်ယူဖို့ ဆေးခန်းရောက်နေကြတာလို့ ဆိုပါတယ်။

13
Aug

အပျိုစစ်ရဲ့လားဆိုတဲ့ မေးခွန်းကို ဖြေဆိုဖို့ မဝံ့မရဲတဲ့ ဖြစ်စဉ်တွေ များလာ

“မူးယစ်ဆေးဝါး လက်တစ်ကမ်းမှာ ၀ယ်ယူနိုင်တဲ့ အနေအထား၊ ဆယ်ကျော်သက်များ လိင်မှုဆိုင်ရာ စူးစမ်းမှုအနေထား၊ ၁၈+ ကားများ ဆိုင်များအား အလွယ်တ ကူဝယ်ယူနိုင်သည့် အနေအထားများကြောင့် အနောက်တိုင်း ယဉ်ကျေးမူ ၀င်ရောက်လာပြီး၊ လက်မထပ်မီ အတူနေထိုင်ခြင်းတွေ ဖြစ်ပေါ်တာပါ။

12
Aug

လိင်လုပ်ငန်းကို ရာဇ၀တ်မှုအဖြစ် မသတ်မှတ်ရေး ဆုံးဖြတ်ချက်ကို Amnesty International အတည်ပြု

ထိုကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် Amnesty International က အဆိုပါ ပေါ်လစီအသစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO၊ UNAIDS၊ ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့နှင့် ကျန်းမာရေး အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့ အပါအ၀င် ရင်းမြစ်များက သုတေသနပြုမှုများပေါ် အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်သည်ဟု ဆိုသည်။

4
Aug

မျိုးဆက်ပွား ကျန်းမာရေးအထူးပြု လေ့လာနိုင်မည့် ဖုန်းအပလီကေးရှင်း ဖြန့်ချီ

အဲဒီ အပလီကေးရှင်းမှာ အေအိုင်ဒီအက်စ်နဲ့ အိပ်ခ်ျအိုင်ဗွီ အကြောင်းတွေ ပြည့်ပြည့်စုံစုံ သိနိုင်မှာဖြစ်သလို ကုသရေးနဲ့ ဆေးဝါး ရနိုင်တဲ့ နေရာတွေကိုလည်း လမ်းညွှန်ထားပါတယ်။ ကိုယ်တိုင်ကြုံနေရတဲ့ ကျန်းမာရေးပြဿနာတွေ အတွက် လက္ခဏာ အလိုက် ရောဂါတွေ ကိုလည်း ဆန်းစစ်နိုင်မှာပါ။

31
Jul

ဘူတန်ဘုရင် ဖေးမကူညီခဲ့တဲ့ နိုင်ငံရဲ့ပထမဆုံး HIV/AIDS ရောဂါသည် ဇနီးမောင်နှံ

ဒေါ်ရီကလည်း ရန်ပုံငွေ အဖွဲ့အစည်း တစ်ခုမှာ ခေါင်းဆောင် အဖြစ် အလုပ်လုပ်နေသူဖြစ်နေပါပြီ။ ဘူတန်နိုင်ငံ သားတွေလည်း HIV/AIDS ရောဂါသည်တွေကို ကြောက်စရာ လူသားတွေလို ပစ်ပယ်မထားတော့ပဲ ရင်းနှီးစွာ ဆက်ဆံတက်တဲ့ အသိပညာမျိုး ရလာနေပြီဖြစ်ပါတယ်။ ဘုရင်နဲ့ တော်ဝင်မိသားစုတွေ ကတော့ နိုင်ငံအတွင်းမှာ ဒီရောဂါဆိုးကို ဆက်လက် တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။

23
Jul

ပြည့်တန်ဆာများနှင့် လိင်ဆက်ဆံသူကို အရေးယူရန် လွှတ်တော်တင်

ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေကို ပြင်ဆင်ရန် အမျိုးသားလွှတ်တော်အမတ်များက သဘောတူ လိုက်သည့်အတွက် ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် အမတ်များအနေဖြင့် ဇူလိုင် ၂၄ ရက်တွင် နောက်ဆုံးထားပြီး အမျိုးသားလွှတ်တော်ရုံးသို့ အမည်စာရင်းပေးကြရန် လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ကြေငြာထားသည်။

Follow me on:

Back to Top