29
Jun

Homo အတူတူကို စိတ်ဝင်စားခြင်း

အသစ်ကူးစက်ခံရတဲ့ အမျိုးသမီးတွေဟာ လိင်နှစ်မျိုးသမားနဲ့ အတူနေမိလို့ကအဓိကဖြစ်တယ်။ ၂ဝ၁ဝ ခုနှစ်ထဲမှာ ၈၄% ရှိခဲ့တယ်။ မူးယစ်ဆေးထိုးလို့ကူးစက်သူက ၁၆% ရှိတယ်။ ၂ဝ၁ဝ မှာ အမျိုးသမီးတွေကိုကူးစက်တာက ၂ဝ% ရှိတယ်။ ၂ဝ၁၁ မှာ ၂၃% ရှိတယ်။ အမျိုးသမီးတွေမှာ လိင်နှစ်မျိုးသမားနဲ့ အတူနေမိရင် ယောက်ျားတွေထက် HIV ကူးစက်ခံရနိုင်ခြေ ၂ ဆ များတယ်။ လိင်တူယောက်ျားတွေက HIV ကူးစက်ဖို့ အဆ ၂ဝ များတယ်။

24
Jun

Hymen အပျိုမြှေး

လိင်ဆက်ဆံလို့မဟုတ်ပဲ တခြားအကြောင်းကြောင့် စုတ်ပြဲခဲ့တာဟာ ဘယ်နည်းလည်း၊ ဘယ်လောက်အထိလည်း ရှိသေးတယ်။ သွေးထွက်နည်းလဲ မတူခဲ့တာဖြစ်နိုင်တယ်။ ဥပမာ အားကစားလုပ်တာကနေ ဖြေးဖြေးချင်း၊ တခါချင်း၊ နည်းနည်းချင်းဖြစ်သွားခဲ့တာက သွေးထွက်တာ မသိမသာဖြစ်ချင်ဖြစ်ခဲ့နိုင်တယ်။ တကယ်ဆက်ဆံတော့ မထွက်တာ ဖြစ်နိုင်မယ်။ စုပ်ပြဲရာကထွက်တဲ့သွေးနဲ့ ရာသီသွေး ရောနေခဲ့နိုင်တယ်။

17
Jun

ကျားအင်္ဂါဆေးထိုးတဲ့ အန္တရာယ်တွေ (၂)

ကျွန်တော် ဆေးထိုးတာက တကြိမ်ထဲပါ။ ဘာဆေးလဲတော့ မမှတ်မိဘူး။ ထိုးတာက ယိုးဒယား (မယ်ဆိုင်) မှာပါ။ ဖြတ်ချင်တယ်ဆိုတာက အရေပြားကိုပါ။ အရေပြားလှန်လို့မရရင် အန္တရာယ်ရှိတယ်ထင်လို့ပါ။ အရေပြား ဖြတ်ပြီး ဆေးတွေ ခြစ်ထုတ်လိုက်ရင် အရင်အတိုင်း ပြန်ဖြစ်တယ်လို့ ပြောကြပါတယ်။

17
Jun

ကျားအင်္ဂါဆေးထိုးတဲ့ အန္တရာယ်တွေ (၁)

ကျားလိင်အင်္ဂါကို ဆေးထိုးကြပြီး ဒုက္ခရောက်ကြလို့ မေးလာသူတွေ မနည်းပါ။ အများဖတ်အောင် တင်သင့် မတင်သင့် စဉ်းစားနေခဲ့တာ နှစ်တွေ ကြာပါပြီ။ အပြစ် တင်ချင်သူတွေက ကျွန်တော့်ကိုသာ တင်ကြပြီး၊ အကျိုးဖြစ်နိုင်သူတွေက များမှာမို့ အရင်ရေးထားတာကို (အများကြီးမွမ်းမံပြီး) တင်ပါရစေ။ ပို့လာတဲ့ ဓါတ်ပုံတွေတော့ မတင်တော့ပါ။

16
Jun

HIV-AIDS at glance ပိုးနဲ့ရောဂါ

HIV မိခင်ကနေ မွေးလာမဲ့ကလေးမကူးစေအောင် – ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွါးနေစဉ်နဲ့ ကလေးနို့တိုက်စဉ်မှာ ပိုးရှိ မိခင်ကနေ ကလေးဆီ ကူးနည်းကို ဒေါင်လိုက် ကူးနည်းနဲ့ (MTCT) မိခင်-ကလေး ကူးနည်းလို့ခေါ်တယ်။ ကူးစက်ဘို့ အခွင့်အလမ်း ၁၅-၄၅% ရှိတယ်။ မိခင်ကို ARVs ဆေးပေးပါ။ CD4 count ကို ကြည့်မနေပါနဲ့။ ၂ဝ၁၂ အထိ ၁့၅ သန်း ကိုယ်ဝန်ဆောင် ထဲက ၆၂% ဟာ ဆင်းရဲတဲ့ နိုင်ငံတွေ က ဖြစ်တယ်။ ၂ဝ၁ဝ တုံးက ဆိုရင် ၄၈% သာ ရှိခဲ့တယ်။

13
Jun

Cervarix သားအိမ်ဝကင်ဆာ ကာကွယ်ဆေး

အခုအထိတော့ ကာလဘယ်လောက်ကြာကြာ ကာကွယ်မလဲဆိုတာ မပြောနိုင်သေးပါ။ သုတေသနတွေအရ အသက် ၁၅ နှစ်ကနေ ၂၅ နှစ်ရှိ မိန်းကလေး-အမျိုးသမီးတွေကို ပဌမတကြိမ် ထိုးလိုက်ရင် ၆့၎ နှစ်အထထိ ကာကွယ်နိုင်တာကို သိရပြီ။ ဒိနောက်မှာ ထပ်ထိုးဘို့ လို-မလို မပြောနိုင်သေးပါ။

29
May

HIV drugs should be given at diagnosis

HIV ကို အများဆုံးသွေးကို စစ်တယ်။ HIV antibodies အင်တီဘော်ဒီကိုစမ်းတယ်။ ပျောက်အောင် ကုနိုင်တဲ့ဆေး မရှိသေးပါ။ Antiretroviral ဆေးကနေ ထိန်းထားနိုင်တယ်။ ၁၂့၉ သန်းက ART ဆေးရနေကြတယ်။ ကလေးတွေ ဆေးရနှုန်းနည်းတယ်။ အသိအမှတ်ပြုထားပြီး ဆေး (၂ဝ) ရှိပါတယ်။

25
May

အမျိုးသမီးပြီးခြင်း (၂)

သုတေသနအဖွဲ့ ခေါင်းဆောင် ပါမောကက္ခ Barry Komisaruk ကနေပြောတာက “ကျွန်တော်တို့ဟာ ဦးနှောက်ထဲကအစိတ်အပိုင်းတွေ အသက်ဝင်လာ၊ တိုးတက်လာတာတွေကို အာရုံစိုက်လေ့လာခဲ့ပါတယ်။ အံ့သြစရာကောင်းလောက်အောင် အပြုအမူတွေနဲ့ အာရုံခံတွေ အများကြီး အသက်ဝင်လာကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သိတာ နည်းနည်းလေးရှိသေးတယ်။”

25
May

HIV ကူးစက်ရောဂါ အဆင့်များ

HIV ကူးစက်ခံထားရသူဟာ ဆေးကုသမှု မခံယူနေဘူးဆိုရင် တချိန်မှာ ခုခံအားတွေကျဆင်းရာကနေ AIDS အဆင့် ရောက်လာပါမယ်။ သတင်းကောင်းလဲပါးပါရစေ။ ART ဆေးနဲ့ ကာကွယ်ထားလို့ရပါတယ်။ သူကနေ HIV ဗိုင်းရပ်စ်တွေ ပုံတူပွါးများလာမှာကို တားပေးပါတယ်။ ကိုယ်ခန္ဓာက ဆက်ပြီးသန်စွမ်းနေပါမယ်။ ဒါ့ပြင် သူများကို ကူးစက်မှာကိုပါ တားနိုင်ပါသေးတယ်။

15
May

HIV and Oral practice ပါးစပ်သုံးပြီး ဆက်ဆံတာနဲ့ အိတ်ခ်ျအိုင်ဗွီ

San Francisco (ဆန်ဖရန်ဆစ္စကို) မှာ ဂေးနဲ့ ဂေးမဟုတ်တဲ့ ယောက်ျား ၁၉၈ ယောက်ကို လေ့လာခဲ့တယ်။ (အိုရယ်လ်-ဆက်စ်) တနှစ် လုပ်ခဲ့တယ်လို့ ပြောကြသူတွေ ဖြစ်တယ်။ ၃၉ ယောက် (၂ဝ%) ဟာ သူတို့ရဲ့ အဖေါ်မှာ HIV positive ရှိတာကိုသိတယ်။ ၃၅ ယောက်က (ကွန်ဒွမ်) မသုံးကြဘူး။ ၁၆ ယောက်က သုက်ရည်ကို မျိုချတယ်။

14
May

သားအိမ်ဝကင်ဆာကာကွယ်ဆေး

မိန်းကလေးတွေ အခမဲ့ ကာကွယ်ဆေး ထိုးပေးပါတယ်။ ဒါပေမယ့် အစိုးရ သဘောထားကိုတော့ ပြောပြဖို့ လိုလာပါတယ်။ ၂ဝ၁၄ ဖေဖေါ်ဝါရီလ ၂၅ နဲ့ ၂၆ နေ့က HPV Vaccines ကာကွယ်ဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေ အကြောင်း အစိုးရက ဦးစီးပြီး Public Hearing လူထုကြားနာပွဲ လုပ်ခဲ့ပါတယ်။

6
May

HIV Prevention ကာကွယ်ဆေး

ဘယ် ART/ARV ဆေးမဆို သောက်ခါစမှာ ခေါင်းကိုက်၊ သွေးဖိအားတက်၊ နေမကောင်းသလို ခံစားရတာတွေ ဖြစ်တယ်။ ဆေးသောက်တာ ကြာရင်တော့ ခံစားရတာတွေ သက်သာလာမယ်။ Truvada ဆေးကြောင့် ခေါင်းကိုက်၊ ပျို့-အန်၊ အနီပြင်ထွက်၊ အစား ပျက်တာတွေ ဖြစ်စေနိုင်တယ်။

Follow me on:

Back to Top