11
Sep

မလိုလားအပ်သည့် ကိုယ်ဝန်နှင့် အန္တရာယ်ရှိ ကိုယ်ဝန်ဖျက်ချခြင်းကို အရှိန်အဟုန်မြှင့် ကာကွယ်မည်

“ကာကွယ်ဖို့အတွက် မျိုးဆက်ပွား ကျန်းမာရေး ဆေးတွေနဲ့ ဆေးပစ္စည်းများ ပြည့်ပြည့် စုံစုံဖူလုံအောင် ဆောင်ရွက်မယ့်စနစ်ကို တိုင်းဒေသကြီးတွေနဲ့ ပြည်နယ် (၄) ခုမှာရှိတဲ့ မြို့နယ် (၁၂) မြို့နယ်တို့ကို ရှေ့ပြေးအဖြစ် ဆောင်ရွက်နေပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာသိန်းသိန်းဌေး က ပြောသည်။

14
Jul

HIV ပျောက်ကင်းစေရန် အာမခံသည့်ကြော်ငြာများ အရေးယူပေးပါ

HIV ကူးစက်မှုအများစုမှာ ဆေးထိုးအပ်ဖြင့် မူးယစ်ဆေးဝါးထိုးသွင်းသုံးစွဲသူများ၊ အမျိုးသားချင်း လိင်ဆက်ဆံ သူများနှင့် ဆန့်ကျင်ဘက် လိင်ကဲ့သို့ ပြောင်းလဲနေထိုင်သူများ၊ လိင်အလုပ်သမားများတွင် ကူးစက်လွယ်ပြီး ၂၀၁၄ ခုနှစ်ကိန်းဂဏန်းများအရ မြန်မာနိုင်ငံ၌ HIV ဖြင့်နေထိုင်သူ (၂) သိန်းခန့်ရှိကြောင်း သိရသည်။

27
May

HIV/AIDS ဖြင့် သေဆုံးသွားသူများအတွက် အရက်ဖက် အဖွဲ့အစည်းများမှ ဆုတောင်းပွဲ လားရှိုး၌ ပြုလုပ်

“ကျွန်မတို့ကတော့ ရောဂါနဲ့ အသက်ရှင်နေသူတွေပါ။ ကျွန်မတို့ လူကြီးတွေကတော့ စိတ်ဓါတ်မကျတော့ ပါဘူး။ ဒါပေမယ့် ကျောင်းသားတွေနဲ့ ကလေးအရွယ်လေးတွေကိုတော့ ၀ိုင်းဝန်ပြီး ကူညီပေးကြပါ။ ပစ်မထား ကြပါနဲ့။ ART ဆိုတဲ့ ပိုးထိန်းဆေးကို ပုံမှန်သောက်သွားမယ်ဆိုရင် သက်တန်းစေ့နေနိုင်ပါပြီ။’’ ဟု PLHIV မမျိုးသူဇာက ပြောသည်။

22
May

မူးယစ်ဆေးဝါးကို တားဆီးဖို့ အဆိုတင် ဆွေးနွေးခဲ့ပြီးဖြစ်တယ်ဆိုတဲ့ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဆွတ်နောင်နှင့် တွေ့ဆုံခြင်း

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း မူးယစ်ဆေးဝါး အကြောထိုးသွင်းသူများ၏ ၅၀ ရာခိုင်နှုန်းမှာ HIV ကူးစက်ခြင်းကို ခံနေရပြီဖြစ်သည့် အတွက် မူးယစ်ဆေးဝါး ကာကွယ်တိုက်ဖျက်ရေးတင်မကဘဲ မူးယစ် ဆေးဝါး သုံးဆွဲမှုမှတဆင့် ကူးစက်သည့် HIV ပိုးကို ကာကွယ်ရန်လည်း အရေးကြီးနေပြီဖြစ်သည်။

15
Jan

HIV ဖြစ်ပွားမှုနှုန်းလျော့ကျစေရန် မိုးမောက်မြို့နယ်၌ တစ်ခါသုံးအပ်များ နေ့စဉ်ပေးဝေနေ

HIV ကူးစက်ခံရသူပေါင်း ၁၈၅,၀၀၀ ဦးအတွင်းမှ ၁၂၅,၀၄၃ ဦးသည် ART ကုထုံးရရှိရန် လိုအပ်နေပြီး ၎င်းတို့ အနက်မှ ၅၄ ရာခိုင်နှုန်းသာ ARV ဆေးဝါးထောက်ပံ့မှု ရရှိနေသည်ဟုလည်း ထိုစစ်တမ်း၌ ဖော် ပြထားသည်။

11
Dec

၂၀၂၀ ခုနှဏ်၌ ARV ဆေးသောက်ရန် လိုအပ်သူတိုင်း ဆေးရရှိရေး ဆောင်ရွက်လျက်ရှိ

“ကမ္ဘာပေါ်တွင် လူပေါင်း (၃၅) သန်းခန့် HIV ပိုးကူးစက်မှု ခံနေရပါတယ်။ မြန်မာနိုင်ငံမှာတော့ ၁၉၈၉ ခုနှစ်က စပြီး ခုခံအားကျရောဂါ တိုက်ဖျက်ရေးနေ့ကို ကျင်းပခဲ့ကြပြီး HIV ကူးစက် ခံထားရသူတွေကို ခွဲခြားမဆက်ဆံဖို့ ပိုးကူးစက်ခံရတဲ့ သူတွေ ARV ဆေးပုံမှန် တိုက်ကျွေးမယ်ဆိုရင် သာမန်လူတွေလိုပဲ သက်တမ်းစေ့နေနိုင်ပါတယ်။ လူသားချင်း ကိုယ်ချင်းစာပြီး ဖေးမကူညီကြဖို့လိုပါတယ်။” ဟု ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

25
Feb

HIV ကူးစက်နိုင်သည့်အတွက် သွေးရည်ကြည်မှ ထုတ်သည့် ဘီပိုး ကာကွယ်ဆေးကို ပိတ်ပင်သင့်ဟုဆို

လူ့သွေးရည်ကြည်မှ ထုတ်လုပ်သော အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေးများမှ တစ်ဆင့် အခြားရောဂါများအပြင် HIV ရောဂါများ ကူးစက်နိုင်သည့် အတွက် အဆိုပါဆေး ထုတ်လုပ်မှုကို ပိတ်ပင် ရပ်နားသင့်သည်ဟု ကုလသမဂ္ဂ အသိအမှတ်ပြု အတိုင်ပင်ခံ သမားတော်ကြီး ပါမောက္ခ ခင်မောင်ဝင်း(အသည်း) က ပြောကြားသည်။

30
Jan

PLHIV များ၏ စိတ်ဓါတ်ခွန်အားကို စက်ဘီးစီးမြှင့်တင်နေသူ လားရှိုးရောက်ရှိ

မြန်မာနိုင်ငံမှ PLHIV (People living with HIV) အိတ်ရှ်အိုင်ဗွီ ကူးစက်ဝေဒနာ ခံစားနေရသူများ၏ စိတ်ဓါတ် ခွန်အားကို မြှင့်တင် လို၍ မြန်မာနိုင်ငံ တစ်ဝှမ်းသို့ စက်ဘီးစီးနင်းရခြင်း ဖြစ်သည်ဟု တစ်ကိုယ်တော် စက်ဘီးစီးနင်းသူ H.I.Vရောဂါသည် ကိုစရကိုမှ ဇန်န၀ါရီလ (၂၈) ရက်နေ့က လားရှိုးမြို့သို့ ရောက်ရှိစဉ် ပြောကြားလိုက်သည်။

26
Nov

HIV/AIDS ဝေဒနာရှင် တိုးပွား၍ အခက်အခဲများ ရင်ဆိုင်နေရသည့် ဒေါ်ဖြူဖြူသင်း

ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာလုံးဆိုင်ရာ HIV/AIDS နေ့တွင် ဝေဒနာရှင်များ အတွက် ဆေးဝါး လုံလောက်စွာ ရရှိမှု၊ ပညာပေးမှု၊ ခွဲခြားဆက်ခံမှု ပပျောက်ရန် အစိုးရအနေနှင့် ယခုထက်ပိုမို လုပ်ဆောင် ပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ ကြေငြာချက် တစ်စောင် ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။

10
Jul

ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ပြန်ပြင်မည့် အစီအမံ ရဲချူပ် လက်မခံ

မြန်မာနိုင်ငံတွင် ကျန်းမာရေး ဦးစီးဌာနမှ လေ့လာသုတေသန ပြုချက်များအရ ပြည့်တန်ဆာများမှာ HIV, AIDS ရောဂါဖြစ်ပွားနှုန်းက ၂၀၀၀ ပြည့်နှစ်မှာ ၃၈ ရာခိုင်နှုန်းရှိရာမှ ၂၀၁၂ ခုနှစ် ၇.၁ ရာခိုင် နှုန်းအထိ ကျဆင်း လာကြောင်းနှင့် ရောဂါပိုး ကူးစက်မှု မရှိစေရန် ကာကွယ်ရေး အတွက် ဦးတည် အုပ်စုများမှာ ရာနှုန်းပြည့် ကွန်ဒုံး အသုံးပြုရေး စီမံချက် လုပ်ငန်းများကို ၂၀၀၁ ခုနှစ်မှ စတင်ဆောင်ရွက် ခဲ့ရာ ၂၀၁၃ ခုနှစ်မှာ မြို့နယ်ပေါင်း ၈၆ မြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

19
Apr

လမ်းကြောင်း ၄ ခုကနေ HIV ကူးစက်သူ အရေအတွက် တိုးနေဆဲ

အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ရောဂါပိုး ရှိသူ၏ သွေးသွင်းမိခြင်း၊ မူးယစ်ဆေး အကြောအတွင်း ထိုးသွင်းခြင်းနှင့် ရောဂါပိုး ရှိသူ ကိုယ်ဝန်ဆောင် မိခင်ထံမှ သားသမီးထံ ကူးစက်ခြင်း စတဲ့ လမ်းကြောင်း ၄ ခုကို ထိန်းချုပ်နိုင်ဖို့ အတွက် ခက်ခဲခြင်းကလည်း ရောဂါ ကူးစက်မှုနှုန်းကို တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

16
Jan

အမျိုးသမီး လိင်အလုပ်သမများ အတွက် ဥပဒေသစ် ပေါ်ထွက်စေရေး ထောက် ခံပေးမည်

အလုပ်လုပ်လျှင် customer များ၏ ၀ိုင်းဝန်းအနိုင်ကျင့် မှုအား ခံရကြောင်းနှင့် customer များနှင့် ဆက်ဆံလျှင် အချို့လူများမှာ ကွန်ဒုံး သုံးရန် ငြင်းပယ်ခြင်းကြောင့် လိင်လုပ် အလုပ်သမများအနေဖြင့် HIV ပိုး ကူးစက်ခံနေရသည့် အတွက် ဥပဒေ လိုလားနေခြင်း ဖြစ်ကြောင်းကိုလည်း လိင်လုပ် အလုပ်သမများက ဆိုသည်။

Follow me on:

Back to Top