22
May

ရောဂါသုံးမျိုး တိုက်ဖျက်ရေး အမေရိကန်ဒေါ်လာ ၉၁ သန်း 3MDG ထောက်ပံ့မည်

မြန်မာနိုင်ငံတွင် HIV/AIDS၊ တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ တိုးမြှင့် လုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ ၉၁ သန်းကို ထောင်စုနှစ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေ အဖွဲ့ (3MDG) က သုံးနှစ် စီမံကိန်းချ ထောက်ပံ့ သွားမည် ဖြစ်ကြောင်း မေလ ၂၁ ရက်နေ့တွင် 3MDG က ထုတ်ပြန်သည်။

22
Oct

MANA ဘာလုပ်နေလဲ အပိုင်း (၁၀)

ပြည်တွင်းပြည်ပမှ အလှူရှင်များ၏ ကူညီထောက်ပံ့မှုဖြင့် ခုခံအားကျဆင်းမှု ရောဂါ ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် မူးယစ်ဆေးဝါး သုံးစွဲမှုလျော့ချရေးနှင့် အန္တရာယ်လျော့ချရေး လုပ်ငန်းစဉ်များကို စီမံကိန်းများ ချမှတ်ကာ အန္တရာယ် အများဆုံး ရှိနိုင်သည့် နေရာဒေသများကို စီစစ်ရွေးချယ်ကာ ဆောင်ရွက်လျက် ရှိပါသည်။

21
Aug

မြန်မာနိုင်ငံ HIV/AIDS ကုသမှု အလားအလာကောင်း

နိုင်ငံတကာ အကူအညီတွေ အများအပြား ၀င်ရောက်လာတာကြောင့် မြန်မာနိုင်ငံအနေနဲ့ HIV ရောဂါကြောင့် သေဆုံးမှုတွေ လျော့ ကျအောင် ဆောင်ရွက်နိုင်တဲ့ မျှော်လင့် ချက်တွေ ရှိပေမဲ့လို့၊ ဒီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းတွေ အောင်မြင်ဖို့မှာ အစိုးရပိုင်းက ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း Chris Beyrer က ပြောပါတယ်။

1
Aug

မြန်မာ့ကျန်းမာရေး အလားအလာကောင်း

“မြန်မာနိုင်ငံမှာ ဒီဆိုးရွားတဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီး အခြေနေ တိုးတက်အောင် လုပ်ရမယ့် လုပ်ရပ်တွေက အများ ကြီး ကျန်ပါသေးတယ်။ ဒီအထဲမှာ အရေးအပါဆုံးသူတွေက သူနာပြုတွေ သားဖွားဆရာတွေနဲ့ တခြား ကျန်းမာရေး ဝန်ထမ်းတွေပါ။ သူတို့က HIV/AIDS ဝေဒနာရှင်တွေအတွက် အကောင်းဆုံး လုပ်ပေးနိုင်တာကို နိုင်ငံ တိုင်းလိုလိုမှာ တွေ့ ရလေ့ရှိပါတယ်။ အထူးသဖြင့်တော့ ဆရာဝန်က လုံလုံလောက်လောက် မရှိတဲ့ ကျေးလက်ဒေသတွေမှာ သူတို့က သိပ်အရေးပါပါတယ်။

29
Jul

အေအာရ်တီဆေး တိုးမြှင့်ပေးရန် မြန်မာနိုင်ငံ၌ အခက်အခဲရှိ

“အေအာရ်တီဆေး မသောက်ရသေးတဲ့ လူနာ ၇၀,၀၀၀ ကျော် လောက်ရှိနေပါသေးတယ်” ဟု ၎င်းကပြောသည်။ ကျန်းမာရေး ၀န်ကြီးဌာန၏ ၂၀၁၃ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံရှိ အိပ်ခ်ျအိုင်ဗီ ပိုးရှိလူနာ ၅၀,၀၀၀ ကျော် သည် အေအာရ်တီဆေး ကုသမှုကို လက်ခံရရှိပြီး ထိုအထဲမှ ၅,၀၀၀ ကျော်သည် ငါးနှစ်အောက် ကလေးငယ် များဖြစ်ကာ ၇၀၀ ကျော်သည် ကိုယ်ဝန်ဆောင် မိခင်များ ဖြစ်သည်။ နယ်စည်းမခြား ဆရာဝန်အဖွဲ့၏ အကြီးအကဲ Mr.Peter Paul De Groote က အိပ်ခ်ျအိုင်ဗီ ရောဂါ ဝေဒနာသည် အများစုမှာ ဆေးဝါးထောက်ပံ့မှု ရရန် လိုအပ်လျက် ရှိနေသေးကြောင်း ထောက်ခံ ပြောကြားသည်။

26
Jul

တီဘီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ အတွက် GFATM နှင့် 3MDG Fund တို့မှ အမေရိကန် ဒေါ်လာ သန်း ၁၀၀ နီးပါး ထောက်ပံ့မည်

အစိုးရမှ ထောက်ပံ့ပေးသည့် ရန်ပုံငွေများနှင့် ပြည်ပမှ ရရှိသည့် ရန်ပုံငွေများဖြင့် တီဘီဆေးဝါးများ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ ၀ယ်ယူခြင်း၊ ကျေးလက်ဒေသများ၊ ဝေးလံပြီး သွားလာရန် ခက်ခဲသော ပြည်နယ်ဒေသများ၊ တီဘီရောဂါဖြစ်နှုန်း မြင့်မားနိုင်သည့် နေရာများတွင် ရွေ့လျားတီဘီရောဂါ ရှာဖွေကုသရေး အဖွဲ့များဖြင့် ကွင်းဆင်းရောဂါ ရှာဖွေခြင်းများ၊ တီဘီ/အိပ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး လုပ်ငန်းများ၊ ဆေးယဉ်ပါးတီဘီ ကုသမှု လုပ်ငန်းများ စသည့် လုပ်ငန်းများတွင် အသုံးပြုမည် ဖြစ်ကြောင်း

4
Jul

HIV/AIDS တိုက်ဖျက်ရေး စီမံချက် ၂ နှစ်စာ ရန်ပုံငွေ ဒေါ်လာ ၁၉ သန်း ကျော်ရရှိ

မြန်မာနိုင်ငံတွင် Care and Support Working Group အဖွဲ့ဝင် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့ အစည်း၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် အမျိုးသား ခုခံအား ကျဆင်းမှု တိုက်ဖျက်ရေး စီမံချက်တို့က HIV/AIDS နှင့် နေထိုင် သူများ အတွက် ART ဆေးဝါးများ ပံ့ပိုး ကူညီလျက် ရှိသည်။

29
Jun

HIV တိုက်ဖျက်ရေး အတွက် ဒေါ်လာသန်း ၁၆၀ ကျော် ကူညီမည်

“သာမန်အားဖြင့်တော့ INGO တွေက ၆၀ ရာခိုင်နှုန်းလောက်ပဲ ရတယ်။ အမျိုးသား AIDS စီမံချက်နဲ့ သူနဲ့ တွဲဖက်လုပ်တဲ့ အဖွဲ့အစည်းတွေက ၄၀ ရာခိုင်နှုန်းရတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။ ထောက်ပံ့မှုများပေါ် မူတည်ကာ ရှေ့ဆက် ဆောင်ရွက်သွားမည့် စီမံချက် များအတွက် လာမည့် တစ်ပတ်အတွင်း အစည်းအဝေး ပြုလုပ်ကာ လုပ်ငန်း ဆောင်ရွက် ချက်များ ချမှတ်သွားရန်ရှိကြောင်း ဒေါက်တာမြင့်ရွှေက ဆိုသည်။

21
Jun

Global Fund မှ မြန်မာကို ထပ်မံထောက်ပံ့ဖို့ရှိ

မြန်မာနိုင်ငံမှာ ဆေးဝါး လိုအပ်ချက်ဟာ အများအပြား ရှိနေတဲ့ အကြောင်း၊ အစိုးရရဲ့ စာရင်းဇယား အရ ရောဂါသည် နှစ်သိန်းကျော် ရှိနေတဲ့ အနက် ခြောက်သောင်းကျော် အတွက်ပဲ ဆေးဝါး ပေးနိုင်သေးတဲ့ အကြောင်း AIDS ဝေဒနာ သည်တွေကို ကူညီစောင့်ရှောက် နေတဲ့ NLD အဖွဲ့မှ တာဝန်ခံ ဒေါ်ဖြူဖြူသင်း က ပြောပါတယ်။

9
Oct

3DFund အဖွဲ့မှ 3MDG Fund အဖွဲ့ အဖြစ်သို့ ပြောင်းလဲ

HIV၊ တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအား ကျန်းမာရေးဝန်ကြီး ဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ကာ လိုအပ်ချက်များအား ကူညီပံ့ပိုးနေသော 3D Fund အဖွဲ့အား ရောဂါသုံးမျိုး တိုက်ဖျက်ရေး လုပ်ငန်းများအပြင် မိခင်နှင့် ကလေးသေ ဆုံးမှု လျှော့ချနိုင်ရန် အတွက် 3MDG Fund အဖွဲ့သို့ ပြောင်းလဲဖွဲ့ စည်းလိုက်ကြောင်း

Follow me on:

Back to Top