24
Jan

အများပြည်သူ အကျိုးအတွက် အလုပ်လုပ်သူ အကယ်ဒမီ ဆွေဇင်ထိုက်

“ခင်ဗျားက ဒီကိစ္စ (HIV/AIDS အသိပညာ ပေးရေး) မှာ ဘာဖြစ်လို့ဝင်လုပ်နေတာလဲ၊ ခင်ဗျားက ဆရာဝန် လည်း မဟုတ်ဘူး၊ ရုပ်ရှင်မင်းသမီးပဲ” လို့ အရင်အစိုးရက အရာရှိကြီးတယောက်က ကျမကို ဝေဖန်ဖူးပါတယ်။ ဒါပေမယ့် ကျမ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့ပါတယ်။

13
Jan

နမ့်စန်၊ ဗားမောက်နှင့် အင်းတော်မြို့နယ်တွင် အေ့ဒ်စ်ရောဂါ လျှော့ချရေး တိုးချဲ့

မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီ ကူးစက်ခံနေရသူများ၌ အဖြစ်များဆုံး အုပ်စု သုံးစွဲခွဲလိုက်ပြီး ၎င်းတို့တွင် မူးယစ်ဆေးထိုးသွင်းသူ ၁၈ ဒသမ ၇ ရာခိုင်နှုန်း၊ အမျိုးသားချင်း လိင်ဆက်ဆံသူ ၁၀ ဒသမ ၄ ရာခိုင်နှုန်းနှင့် အမျိုးသမီး လိင်အလုပ်သမများ ၈ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်တို့၌ အများဆုံးတွေ့ရှိရကြောင်း သိရသည်။

8
Nov

မြန်မာနိုင်ငံ၏ HIV ကူးစက်မှုနှုန်း ၂၀၁၄ တွင် လျော့ကျသွားဟုဆို

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်တွင် HIV ရောဂါပိုးရှိနေသော လူနာဦးရေ တစ်သိန်းနှစ်သောင်းကျော်ခန့်ကို ဆေးဝါးကုသမှုများ တိုးမြှင့်ပေးသွားရန် ရည်ရွယ်ထားသည်။ ၂၀၁၃ ခုနှစ်က စစ်တမ်းကောက်ယူမှုများအရ တစ်နှစ်လျှင် လူပေါင်း ခုနှစ်ထောင်ခန့် HIV ပိုး ကူးစက ခံနေရကြောင်း သိရှိရသည်။

5
Dec

AIDS တိုက်ဖျက်ရေး ခွဲခြားဆက်ဆံမှု ဖျောက်ဖို့လို

ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ကတော့ Getting to Zeroဖြစ်ပြီး HIV ပိုးကူးစက်မှု သုံည ခွဲခြားနှိမ်ချဆက်ဆံမှု သုံည၊ AIDS နဲ့ ဆက်စပ်သေဆုံးမှု သုံည အထိကျဆင်းဖို့ ရည်ရွယ်ထားတဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ AIDS ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ ကာတွန်း၊ စာစီစာကုံးနဲ့ ကဗျာပြိုင်ပွဲတွေလည်း မယ်တော်ဆေးခန်းက ကမကထပြုပြီး ကျောင်းသူကျောင်းသားတွေကို စာမူဖိတ်ခေါ် ပြိုင်ပွဲပြုလုပ်ပေးခဲ့ပါတယ်။

29
Jun

HIV တိုက်ဖျက်ရေး အတွက် ဒေါ်လာသန်း ၁၆၀ ကျော် ကူညီမည်

“သာမန်အားဖြင့်တော့ INGO တွေက ၆၀ ရာခိုင်နှုန်းလောက်ပဲ ရတယ်။ အမျိုးသား AIDS စီမံချက်နဲ့ သူနဲ့ တွဲဖက်လုပ်တဲ့ အဖွဲ့အစည်းတွေက ၄၀ ရာခိုင်နှုန်းရတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။ ထောက်ပံ့မှုများပေါ် မူတည်ကာ ရှေ့ဆက် ဆောင်ရွက်သွားမည့် စီမံချက် များအတွက် လာမည့် တစ်ပတ်အတွင်း အစည်းအဝေး ပြုလုပ်ကာ လုပ်ငန်း ဆောင်ရွက် ချက်များ ချမှတ်သွားရန်ရှိကြောင်း ဒေါက်တာမြင့်ရွှေက ဆိုသည်။

21
Jun

Global Fund မှ မြန်မာကို ထပ်မံထောက်ပံ့ဖို့ရှိ

မြန်မာနိုင်ငံမှာ ဆေးဝါး လိုအပ်ချက်ဟာ အများအပြား ရှိနေတဲ့ အကြောင်း၊ အစိုးရရဲ့ စာရင်းဇယား အရ ရောဂါသည် နှစ်သိန်းကျော် ရှိနေတဲ့ အနက် ခြောက်သောင်းကျော် အတွက်ပဲ ဆေးဝါး ပေးနိုင်သေးတဲ့ အကြောင်း AIDS ဝေဒနာ သည်တွေကို ကူညီစောင့်ရှောက် နေတဲ့ NLD အဖွဲ့မှ တာဝန်ခံ ဒေါ်ဖြူဖြူသင်း က ပြောပါတယ်။

28
Mar

ထိုင်းရောက် မြန်မာ အလုပ်သမားများကြား HIV ကူးစက်နှုန်း တိုးလာ

နယ်စပ်နှင့် ပြည်တွင်းမှ လူနာများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် မယ်တော်ဆေးခန်းမှ ဒုတိယညွှန်ကြား ရေး မှူး ဒေါက်တာအဲ့သ၀ါ က “HIV ဖြစ်နှုန်းက တိုးလာတယ်။ ဒါပေမယ့် တချို့ ပြောင်းရွှေ့ လုပ်သားတချို့က ကျန်းမာရေး အာမခံမရှိတော့ ဆေးဝါးမရဘူး။ ARV မရပေမယ့် သူတို့အတွက် အိမ်တိုင် ရာရောက် စောင့်ရှောက် မှုပေးတာတွေတော့ လုပ်တယ်” ဟု ပြော သည်။

7
Dec

ဆယ်နှစ်တာ ကာလအတွင်း အေ့ဒ်စ် ကူးစက်နှုန်း သိသာစွာ ကျဆင်းဟုဆို

”အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ HIV ပိုးကူးစက်ခံရမှုနှုန်းက ဆယ်နှစ်အတွင်း မှာ ၇၄ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားတယ်။ အခုလို ရောဂါကူးစက်ခံရမှုနှုန်း တွေ ကျသွားရတာက ပြည်သူတွေအကြားမှာ HIV နဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေ တိုးလာလို့ပဲ။ အရင်က HIV ကူးစက်ခံရမှုနှုန်း မြင့်မားတဲ့ Drug user တွေကြားမှာ ကူးစက်ခံရမှုနှုန်းက ၄၄ ရာခိုင်နှုန်းရှိပေမယ့် အခုဆိုရင် ၂ဝ ရာခိုင် နှုန်းပဲ ရှိတော့တယ်” ဟု ၄င်းကဆိုသည်။

Follow me on:

Back to Top