16
Sep

သမီးပျိုလေးများ၏ ဘဝ စိန်ခေါ်မှုများ

အကြမ်းဖက်ခြင်းနှင့် လူကုန်ကူး ခြင်းသည် မြန်မာပြည်တွင် အဖြစ်များနေသည်။ ဆင်းရဲခြင်းကို ပျော့ကွက်နင်းကာ လူပွဲစားများက အသွင် အမျိုးမျိုးနှင့် သွေးဆောင်ဖြားယောင်း လျက် ရောင်းစားခံနေရသည်။

13
May

ကွန်ဒုံးပါတိုင်း စိတ်မချရတော့ပါ

HIV ပိုးကူးစက်နိုင်ခြေ အများဆုံးရှိသည့် လူအုပ်စု သုံးစုမှာ ခန့်မှန်းစာရင်းများအရ လူဦး ရေ ၁ဝဝ ရာခိုင်နှုန်းမပြည့်သေးကြောင်း၊ ကွန်ဒုံးအသုံးပြုမည်ဆိုပါက အဖော်မှာ ပိုမိုစိတ်ချရပြီး နိုင်ငံခြားမှလာသော ပစ္စည်းကို မြန်မာနိုင်ငံတွင်တံဆိပ်ကပ် ရောင်းချသော ပစ္စည်းဖြစ်သောကြောင့် စိတ်ချရကြောင်း ဒေါက်တာမျိုးသန့်က ပြောသည်။

12
May

ပွဲတက်ဝတ်စုံတွေကို အွန်လိုင်းမှာရောင်းချပြီး HIV ကလေးငယ်များအတွက် လှူဒါန်းမယ့် အေးမြတ်သူ

အေးမြတ်သူက သူ့ရဲ့ဝတ်စုံတွေကို အွန်လိုင်းမှာ ရောင်းချနေပြီး ရရှိတဲ့ငွေကြေးများကို သုခရိပ်မြုံက HIV ဖြစ်နေတဲ့ ကလေးငယ်များ အတွက် လှူဒါန်းသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒီဇိုင်နာ ကိုလတ် (MIIL) ချုပ်ပေးထားတဲ့ ပွဲ တက်ဝတ်စုံနှစ်စုံကို တစ်စုံကို တစ်သိန်းနဲ့ ရောင်းချပြီး သွားပြီဖြစ်ပြီး နောက်ထပ် မြန်မာဝတ်စုံတွေကိုလည်း ဆက်လက် ရောင်းချသွား ဦးမှာဖြစ်ကြောင်း အေးမြတ်သူက ပြောပါတယ်။

4
Feb

ယောက်ျား အငှားလိုက်သည်

အပေါင်း အသင်း အသိထဲတွင် ထိုအလုပ်လုပ်နေရင်း AIDS ဖြစ်သွားသူ၊ ဘဝပျက် သွားသူစသည်ဖြင့် ရှိနေကြသည့်အတွက် ထိုအလုပ်ကို ကြောက်ကြောင်း၊ အရင်းအနှီးရလျှင် ဆက်မလုပ်တော့ဟု ဆိုသော်လည်း သူ့အသိထဲတွင် အလုပ်ဖြင့် ချမ်းသာသွားသူ သိပ်မရှိခဲ့ဟု ပြောသည်။

20
Jan

အေအာတီ ဆေးကို မြို့နယ်ဆေးရုံများတွင် တိုးချဲ့ပေးသွားမည်

မြန်မာနိုင်ငံတွင် HIV ပိုးရှိပြီး အေအာတီဆေးဝါးလိုအပ်သူ တစ်သိန်း ရှစ်ေ သာင်းဝန်းကျင်ရှိကာ ၂ဝ၁၄ နှစ်ကုန်အထိ လူနာ ခုနစ်သောင်း ခြောက်ထောင်ကျော်ကို အေအာတီဆေးပေးနိုင်ခဲ့ပြီး ယခုနှစ်တွင် လူဦးရေတစ် သိန်းကျော် ကို အေအာတီ ဆေးဝါးပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

5
Jan

HIV ဝေဒနာရှင်တို့အတွက် စံပြလူသားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သူ Sarako (စရကို)

Sarako (စရကို) ၏ အောင်မြင်မှု ခရီးပန်းတိုင်အဖြစ် ဒီဇင်ဘာ ၂၅ ရက်နေ့၊ မွန်းလွဲ ၂ နာရီတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ မင်္ဂလာတောင် ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်း၊ ဂီတမိတ်မှ သူငယ်ချင်းများနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ အသင်းသားများမှ ကြိုဆို ခဲ့ကြသည်။

3
Jan

HIV ပိုးရှိသူများအတွက် အစိုးရ၏ ကျန်းမာရေးဝန်ဆောင်မှု အရည်အသွေးနိမ့်နေဟု သုတေသန စစ်တမ်းဖော်ပြ

HIV ပိုးရှိသူများအတွက် မြန်မာအစိုးရ၏ ကျန်းမာရေး ဝန်ဆောင်မှုများမှာ အရည်အသွေး နိမ့်ပါးနေသေးကြောင်း UNAIDS ၏ ပံ့ပိုးကူညီမှုဖြင့် မြန် မာနိုင်ငံ ဆေးသုတေသန ဦးစီးဌာန (အောက်မြန် မာပြည်)နှင့် Myanmar Positive Group (MPG) တို့ ပူးပေါင်းပြုလုပ်သော သုတေသန စာ တမ်းတွင် ဖော်ပြထားသည်။

15
Dec

မွန်ပြည်နယ်တွင် HIV/AIDS ဝေဒနာရှင် ပိုများလာ၍ ART ဆေးတိုးမြှင့် ဖြန့်ဖြူးနိုင်ရေး ညှိနှိုင်း

အစည်းအဝေးသို့ မွန်ပြည်နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ သန်းထွန်းအောင်၊ အထူးကုဆရာဝန်ကြီး ဒေါက်တာ မျိုးဝင်း HIV/AIDS ရောဂါ တိုက်ဖျက်ရေး အဖွဲ့ေ ခါင်းဆောင် ဒေါက်တာသန့် ဇင်မင်း၊ ကျိုက်ထို၊ သထုံ၊ မော်လ မြိုင်၊ ရေး၊ ချောင်းဆုံ၊ သံဖြူဇရပ် မြို့နယ်များမှ မြို့နယ် ကျန်းမာရေး ဦးစီးမှူးများ၊ သူနာပြု ဆရာမ ကြီးများ၊ INGO အဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။

8
Dec

နယ်စည်းမခြား ဆရာဝန်များအဖွဲ့၏ HIV/AIDS အကြီးဆုံးဆေးခန်း အင်းစိန်တွင်ဖွင့်

နယ်စည်းမခြား ဆရာဝန် များအဖွဲ့သည် မြန်မာနိုင်ငံတွင် HIV/AIDS ဝန်ဆောင်မှုများကို ပထမဆုံးပေးဝေသော အဖွဲ့အစည်းဖြစ်ပြီး HIV/AIDS ဝေဒနာရှင်ပေါင်း ၃၅ဝဝဝ ကျော်ကို လက်ရှိတွင် ကုသပေးလျက်ရှိသည်။ တီဘီနှင့် HIV တွဲဖက်ကူးစက် ခံထားရသော ဝေဒနာရှင် ၃ဝဝဝ ကျော်ကိုလည်း ကုသပေးလျက်ရှိပြီး မြန်မာနိုင်ငံ၏ HIV/AIDS တိုက် ဖျက်ရေး တွင် MSF မှ ဆက်လက် ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။

4
Dec

ကမ္ဘာ့ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့မှာ ပရဟိတ လုပ်ခဲ့တဲ့ တော်ဝင် မင်းသား ဟယ်ရီ

ဟယ်ရီနှင့် အတူ ပါဝင်ဆောင်ရွက် ကြသည့် ထိပ်တန်း စာရင်းဝင် သူများကလည်း ကမ္ဘာ့ အနှံ့အပြားရှိ HIV ဝေဒနာ ခံစားနေရ သူများအား အားပေးစကား ပြောခြင်း၊ လိုအပ်သည် များကို ရှာဖွေ ထောက်ပံ့ ပေးခြင်းဖြင့် HIV ကြောင့် ရရှိလာခဲ့သည့် အမည်းစက်နှင့် အရှက် တရားများကို ကာကွယ်ပေးရာ တွင် တိုးတက်လာရန် မျှော်လင့် ထားသည်ဟု ဆိုသည်။

20
Nov

မြန်မာတွင် အိတ်ခ်ျအိုင်ဗီပိုး တွေ့ရှိသူများအား ART ကုထုံးပေးရန် တစ်သိန်းနှစ် သောင်းကျော်ရှိပြီး ၅၄ ရာခိုင်နှုန်းသာ ကုထုံးဆေး ထောက်ပံ့မှု ရရှိ

အိတ်ခ်ျအိုင်ဗီပိုးကို နည်းလမ်းသုံး မျိုးနှင့် ကူးစက်ခံ ရနိုင်ပါသည်။ မသန့် ရှင်းသော ဆေးထိုးအပ် သုံးပြီး သွေးသွင်းခြင်း၊ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံ ထားသူ နှင့် အကာအကွယ်မဲ့ လိင်ဆက် ဆံခြင်း၊ ပိုးရှိသည့် မိခင်မှ တစ်ဆင့် ကလေး မွေးချိန် နှင့် နို့ချို တိုက်ကျွေးခြင်းမှ ကူးစက် ခံရနိုင်သည်။ ဆေးပညာရှင် များ၏ အဆိုအရ ဦးတည် အုပ် စု များဖြစ်သော မူးယစ်ဆေး ထိုးသွင်းသူ၊ အမျိုးသမီး လိင် အလုပ်သမ နှင့် အမျိုးသားချင်း လိင် ဆက်ဆံသူများ ဖြစ်သည်ဟု ဆိုပါသည်။

13
Nov

၂ဝ၁၆ ခုနှစ်တွင် HIV ပိုးရှိသူ လူတစ်သိန်းကျော်ကို ART ကုထုံးဖြင့် ကုသပေးနိုင်တော့မည်

လာမည့် ၂ဝ၁၆ ခုနှစ်တွင် HIV ပိုးရှိသူ တစ်သိန်းကျော်ကို ART ကုထုံး ဖြင့် ကုသပေးနိုင် မည်ဖြစ်ကြောင်း ရောဂါ နှိမ်နင်းရေး ဌာနမှ သိရသည်။ မြန်မာနိုင်ငံတွင် ART ကုထုံးဖြင့် ကုသရန် လိုအပ်သူ တစ်သိန်း နှစ် သောင်း ဝန်းကျင် ရှိပြီး ယင်းတို့ အနက် ငါးသောင်း ရှစ်ထောင်ခန့်ကို ဆေးဝါး များ ထောက် ပံ့ပေးနိုင်ခဲ့ ရာမှ ယခုနှစ် ကုန်တွင် ခုနစ်သောင်း ငါးထောင်ထိ တိုး တက် ကုသပေးနိုင်ပြီ ဖြစ်သည်။

Follow me on:

Back to Top