2
Dec

ကမ္ဘာ့အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့ ရန်ကုန်မြို့မှာ လှုပ်ရှားမှုမရှိ



ဒီဇင်ဘာလ ၁
ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ်
ကာကွယ်တိုက်ဖျက်ရေးနေ့မှာကမ္ဘာ့အရပ်ရပ်မှာ ရောဂါတိုက်ဖျက်ရေးနဲ့ ပတ်သတ်ပြီး
လှုပ်ရှားမှုတွေ အခမ်းအနား တွေ လုပ်နေကြပေမဲ့ ရန်ကုန်မှာတော့ ဘာလှုပ်ရှားမှုမှ မရှိပဲ
တိတ်ဆိတ် ငြိမ်သက်စွာနဲ့ လူမသိသူမသိ ပြီးဆုံးသွားတယ်လို့ ဆိုပါတယ်။

အရင်နှစ်တွေက
ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ကို အန်အလ်ဒီပါတီက ဦးစီးပြီး ရုံးချုပ်မှာ
အခမ်းအနားကျင်းပလေ့ရှိပေမဲ့ အခုနှစ်မှာတော့ ပါတီအနေနဲ့အခမ်းအနားကို
ပြုလုပ်ပေးနိုင်ခြင်း မရှိ ဘူးလို့ ဆိုပါတယ်။

အဓိက
အကြောင်းကတော့ ဝေဒနာရှင်တွေကို အကူအညီပေးနေတဲ့ အန်အယ်လ်ဒီပါတီ
အဖွဲ့ဝင်တော်တော်များများ အဖမ်းခံနေရပြီး တချို့ကတော့ တိမ်းရှောင်နေကြရလို့
ဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်းတွေနဲ့
ပတ်သတ်ပြီး အာအက်ဖ်အေ ဦးတင်အောင်ခိုင်က တင်ပြထားတာကို နားဆင်နိုင်ပါတယ်။

မေး။      အပြည်ပြည်ဆိုင်ရာ အေအိုင်ဒီအက် တိုက်ဖျက်ရေးနေ့မှာ တကမ္ဘာလုံးက
ရောဂါတိုက်ဖြတ်ရေးနှင့် ပတ်သတ်ပြီး လှုပ်ရှားမူတွေလုပ်၊ အခန်းနားတွေလုပ်နဲ့
အလုပ်ရှုပ်နေချိန်မှာ ရန်ကုန်မြို့က ဝေဒနာရှင်တွေ ကတော့ စိတ်ဓာတ်ကြပြီး
စိတ်အားငယ်နေကြရတယ်လို့သိရပါတယ်။ ဝေဒနာရှင်တစ်ဦးက အခုလို ပြောပြပါ တယ်။

ဖြေ။       ကျွန်မတို့ဝေဒနာသည်တွေသိရသလောက်ကတော ကျွန်မတို့ အုပ်စုထဲ သိရရသလောက်ပေါ့နော်
'ဘာမှကိုမရှိဘူးရှင့်' ။ ကျွန်မတို့မှာအခု အခက်အခဲတွေပဲရှိပါတယ်။

မေး။      အခက်အခဲတွေကို နည်းနည်းပြောပြပါဦး ခင်ဗျား။ ဘာတွေများ ဖြစ်ပါသလဲ။

ဖြေ။       အခက်အခဲတွေကတော့ ကျမတို့တည်းခိုနေရတဲ့ မဂ္ဂင်ကျောင်းတိုက်ကြီး
အပိတ်ခံရတယ်၊ ကျမတို့ကို အကူအညီပေးနေတဲ့ မဖြူဖြူသင်း တိမ်းရှောင်နေရတယ်၊ ဒါတွေက
ကျွန်မ တို့ရဲ့ မဟာအခက်အခဲကြီးပဲ။

မေး။      နယ်ကနေ့ ရန်ကုန်မှာလာပြီး ဆေးကုနေတဲ့ ဝေဒနာရှင်တစ်ဦးပြောပြသွားတာပါ။
ဝေဒနာရှင် နောက်တစ်ဦးကလည်း။

ဖြေး။      တစ်ကမ္ဘာလုံးက ဒီဝေဒနာရှင်တွေအတွက် ဘယ်လိုကူညီမလဲ၊
ဘယ်လို့နွေးထွေးမူတွေပေးမလဲ၊ စူးစမ်းနေကြချိန်မှာ ကျွန်တော်တို့ ဆီမှာတော့ဘာမှ စီမံမှုတွေ
မရှိတဲ့အတွက် စိတ်မကောင်းဘူးပေါ့။ နောက်ပြီးတော့ ကူညီတဲ့သူတွေကိုလဲ နှောက်ယှက်တဲ့အတွက်
သူတို့မှာရှောင်းတိမ်းနေရတဲ့အတွက် ကျနော်တို့အခက်အခဲ ဖြစ်ပါတယ်ခင်ဗျာ။

မေး။      ဆက်လက်ပြီး မဂ္ဂင်ကျောင်းအပိတ်ခံရတဲ့ ကိစ္စဟာ၊ ဝေဒနာရှင်တွေအတွက် အကြီးမှာဆုံး
ဆုံးရှုံးမှုကြီးဖြစ်တယ်လို့ဆိုပါတယ်။

ဖြေ။       နယ်ကနေပြီးတော့ ဆေးလာကုဖို့ကိစ္စဆိုတာလွယ်ကူတဲ့ကိစ္စ မဟုတ်ဘူးခင်ဗျ။
ဒီကျောင်းရှိနေလိုသာ အဆင်ပြေတာလေ၊ အခုလို ဒီကျောင်းပိတ်လိုက်ခြင်းအားဖြင့်၊ နယ်က လူနာတွေဟာ
အခက်အခဲ ဒုက္ခတွေနဲ့ရင်ဆိုင်ရမှာ ဖြစ်တယ်။ နောက်ပြီတော့ ဒီကျောင်းမရှိတာက
လူနာတွေအတွက် အင်မတန်မှ ကြီးမားတဲ့ ဆုံးရှုံးတဲ့ ဆုံးရှုံးမူကြီးတစ်ရပ်ပါပဲခင်ဗျ။

မေး။      ဝေဒနာရှင်တစ်ဦးပြောပြသွားတာပါ ခင်ဗျား။ ဆက်လက်ပြီး တိမ်ရှောင်နေရသူ
မဖြူဖြူသင်းကို မေးကြည့်တဲ့အခါမှာ။ စက်တင်ဘာအရေးအခင်းမှာ မဂ္ဂင်ကျောင်းကို
စစ်အစိုးရ တပ်တွေဝင်ပြီး စီးနင်းတဲ့ အချိန်ကတည်းက စိတ်ဓာတ်ခြောက်ခြား မှုတွေဖြစ်ခဲ့တယ်လို့
ဆိုပါတယ်။

ဖြေ။       သူတို့ တော်တော်လေးကို ခံစားရတယ်။ ဒီဆရာတော်ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့
အချိန်မှာ ညဘက်ကြီး ဘုန်းကြီးကျောင်းကို အဓမ္မဝင်ဆီးတာတွေ၊ နောက်ဘုန်ကြီးတွေကို
ရှိက်နှက်သွားတာတွေ မြင်ရတဲ့အခါ သူတို့တော်တော်ကြီးထိတ်လန့်သွားတယ်။ အဲဒီတစ်ချိန်တည်းမှာပဲ
သူတို့ကိုလဲဖမ်း၊ ခေါ်ဆောင်ပြီးတော့ ဆေးရုံတွေဘာတွေ ပို့လိုက်တယ်။ အဲဒီမှာ လူနာတစ်ချို့
သေးဆုံးတာတွေ တောင်ရှိပါတယ်။ အဲဒီလိုသေဆုံးသလိုလဲနောက် တစ်ချို့တွေဆို
ဘယ်ကိုပြန်လို့ပြန်ရမှန်း၊ ဘယ်ကိုသွားလို့ သွားရမှန်း မသိဘူး။ နောက်မှ သူတို့သွားစရာ
နေရာကို ရှာဖွေးပြီးမှ သူတို့သွားရလာရရှိတဲ့။ အရမ်းလူနာတွေ အခက်အခဲ ဖြစ်သွားတဲ့။
မဂ္ဂင်ကျောင်းဖျက်တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး သူတို့စိတ်ကော၊ စိတ်မကောင်းလည်း တော်တော်
ဖြစ်ကြတယ်။ တော်တော်များများ ခံစားကြရတယ်။ ပြီးခဲ့တဲ့ ရက်ကဆို မဂ္ဂင်ကျောင်းကို
ပိတ်တဲ့အခါကျတော့ လူနာတွေသွားတယ်၊ မိုးလင်းကနေ မိုးချုန်းထိပေါ့နော် ညနေမိုးချုပ်တဲ့ထိ
ဘဘုန်းကြီနဲ့ အတူတူ လမ်းလယ်ခေါင်မှာ မတ်တပ်ရပ်နေကျတဲ့ အခါ တစ်ချိုလူနာတွေဆို အခုထိ
ဖျားနေကြတုန်းပဲ။ သူတို့တွေ။ ကျန်းမားရေး ထိခိုက်တာပေါ့နော်။

မေး။      မဂ္ဂင်ကျောင်းမှာ လတ်တလောအနေနဲ့ ပေါ့လေ ဒီဝေဒနာရှင်တွေက
ဘယ်လောက်များ ရှိလဲခင်ဗျာ။

ဖြေ။       အနည်းဆုံး ဆယ်ယောက်နဲ့ ဆယ့်ငါးယောက် ကြားမှာ ပုံမှန်ရှိနေပါတယ်။
သူတိုကတော့ အသွားအလာမကြပ်ဘူး။ ပုံမှန်ကတော့ တည်းဖို့ခိုဖို့ နယ်ကလာတဲ့ လူနာတွေကော၊
ဒီမှာ ဆေးဝါကုသဖို့ ကပ်နေတဲ့ ဝေဒနာသည် တွေကောဟာ ပုံမှန်ကတော့ဆယ်ယောက်နဲ့
ဆယ့်ငါးယောက်ကြားမှာ ပုံမှန်မပြတ်ဘူးရှိနေကြပါတယ်။

မေး။      အခုတော့ မဂ္ဂင်ကျောင်းမရှိတဲ့ အတွက်ကြောင့် သူတို့က ဘယ်မှာသွားနေကြလဲ။

ဖြေး။      အဲ အခုတော့ သူတို့ ခက်ခက်ခဲခဲပေါ့နော် သူတို့ အားလုံးစုပေါင်းပြီးတော့
ကျပ်ကျပ်တည်းတည်း နေနေရတာပေါ့နော်။ တစ်နေရာမှာ စုပြီးတော့။

မေး။      အာဏာပိုင်တွေအနေနဲက ပထမကြားတာက မဂ္ဂင်ကျောင်းတွေက ဝေဒနာရှင်တွေကို
တစ်နေရာကိုပြောင်းပေးတယ်လို့ ကြားတယ်လေ။ အဲဒါဘယ်နေရာကို ပေးတာလဲခင်ဗျာ။

ဖြေ။       တနေရာကိုပြောင်းပေးတယ် ဆိုတာက သူတို့က ဒီမဂ္ဂင်ကျောင်းက
အရင်ကတည်းက သူတိုကဝင်ပြီးတော့ ဘုန်းကြီးတွေကို ပြသနာရှာမယ်ဆိုရင်၊ ဒီလူနာတွေကို
ခေါ်ပြီတော့ ဆေးရုံမှာ ကောက်တင်လိုက်တာပဲ။ အခုလည်း ပြောင်းပေမယ်ဆိုပြီးတော့၊  ခေါ်ပြီးတော့ ဆေးရုံးပေါ်တင်ပေးလိုက်တာပါပဲ။
ပြီးတော့ ဒီဆေးရုံးမှာ ရောက်သွားပြီဆိုရင် သူတို့ ဘာတာဝန် မှ မယူပဲပစ်ထားလိုက်တာပဲ။
ဆေးဝါးကုသမူလည်းမပေးဘူး၊  နောက်တစ်ခုကကျတော့ တစ်ချို့လူနာတွေဆိုရင် ဆေးဝါကုသမူလိုအပ်နေရလျှက်နဲ့
အဝေးပြေးလက်မှတ်တွေ အတင်း ဖြတ်ပြီး တင်ပေးလိုက်တဲ့ လူနာတွေတောင်ရှိတယ်။

မေး။ အဲဒီမှာ ဝေဒနာသည်တွက်က
အခုဆိုလိုရှိရင် မဖြူဖြူသင်းတို့ အရင်တုန်းက ဆောင်ရွှက်ပေးနေတာ ဆိုလို့ရှိရင် ဒီကနေပြီးတော့
တည်းခိုတည်နေရာက ခေါ်ပြီးတော့ ဆေးခန်းပြတာ တို့၊ ဆေးရုံပြတာတို့ လုပ်ပေးတယ်။ နောက်တခါ
သူတို့ရရှိသင့်တဲ့ ဆေးတွေကိုလဲ ထုတ်ပေးတဲ့ဟာတွေကိုလဲ မဖြူဖြူသင်းတို့လုပ်ပေးနေတာ
ကိုလည်ကြားရတယ်။ အခုကျတော့ ဒီကိစ္စ တွေကို ဘယ်သူတွေက ဆောင်ရွက်ပေးနေပါသလဲခင်ဗျ။

ဖြေ။       ကျွန်မရှောင်တိမ်းနေတဲ့ အချိန်ကျတော့လည်း ကျန်ခဲ့တဲ့လူငယ်တွေးက
စုပေါင်းပြီး၊ ကျန်တဲ့ဝေဒနာအသစ်တွေကော၊ နောက်လက်ရှိ ဆက်သွယ်ဆောင်ရွက်နေတဲ့ ဝေဒနာသည်
အသစ်တွေကော အားလုံးစုပေါင်းပြီး လူငယ်တွေက ဆက်ပြီးဆောင်ရွက်နေပါတယ်။

မေး။      မဖြူဖြူသင်းပြောပြသွားတာပါ။ ဒါကတော့ အပြည်ပြည်ဆိုင်ရာ
အေအိုင်ဒီအက်တိုက်ဖျတ်ရေးနေ့မှာ တွေ့မြင်ရတဲ့ ရန်ကုန်မြို့က အခြေအနေတွေပဲဖြစ်ပါတယ်
ခင်ဗျာ။

 

http://www.rfa.org/burmese/news/aids_day_in_rangoon-20071201.html?searchterm=None  

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top