ဆရာ ကျွန်တော်သွေးလှူနေကျပါ။ ဟိုတနေ့ကသွေးလှူဘဏ်ကခေါ်လို့သွားတော့ HIV positive ရှိတယ်လို့ပြောပါတယ်။ အဲဒီရောဂါအကြောင်းနဲ့ ရှ့ဆက် ဘာတွေ လုပ်သင့်တယ် ဆိုတာလေး ပြောပြခင်ဗျာ။
သုက်ရည်ဝါနေခြင်း
သုက်ရည်အရောင်ဝါရောင် (လိမ်မော်ရောင်) ဖြစ်နေတာဆိုရင် အထဲမှာ ဘီလီရူဘင်ခေါ် အသားဝါရောဂါရှိနေသလား၊ သွေးနည်းနည်း ပါနေသလား၊ ဆီးနဲ့ရောနေသလား စစ်ရမယ်။ အစားအသောက်နဲ့ သက်အပေါ်မှာလည်း မူတည်တယ်။ ပုံမှန်ဆိုရင် အဖြူရောင်နဲ့ မီးခိုးရောင်ဖြစ်တယ်။ နောက်နေတယ်။ နည်းနည်းလေးတော့ဝါနိုင်တယ်။ တခါတလေမှာ အရောင်ပြောင်းတာ စိုးရိမ်စရာမရှိပါ။
VDRL ကာလသားရောဂါ စစ်ဆေးနည်းများ
ဘေးထွက်ဆိုးကျိုးတွေ။ ဝမ်းပျက်၊ မွေးလမ်း-စအို-အရေပြားယား၊ ပါးစပ်နာ၊ ခေါင်းကိုက်၊ မျက်စိကြည့်မကောင်း၊ အရေပြား အနီထွက်၊ အပိန့်ထွက်၊ အသက်ရှူခက်။ နေလောင်၊ မျက်စိ-အရေပြားဝါ၊ ဆီးနီ၊ ဝမ်းအရောင်ပျော့၊ အစားပျက်၊ အန်ချင်၊ အစာမကျေ၊ ဗိုက်နာ၊ အားယုတ်၊ စိတ်မကြည်၊ ဆီးနဲ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကို မပေးပါ။ အထဲက ကလေးကို ထိခိုက်စေနိုင်တယ်။
မှက္ခရုနာ
ကိုယ်ဝန်ဆောင်၊ သွေးဆုံး၊ ဆီးချိုနဲ့လဲ တွဲတတ်တယ်။ ဆီးပိုက်စတာမျိုး တပ်ထားရသူတွေမှာ မှိုရောဂါ ဝင်လာတတ်တယ်။ Fluconazole 100 mg/d ဒါမှမဟုတ် Itraconazole 200 mg/d ဆေး ၁ဝ-၁၄ ရက် ပေးတယ်။ AIDS နဲ့ လူကီးမီးယားနဲ့လဲ တွဲဖြစ်တတ်တယ်။ အစာမြိုပြွန်မှာ လာဖြစ်မယ်။ အစာမြိုရင်-ရေမြိုရင် နာမယ်။
Fungus မိုးစိုစို မှိုသတိထား
မှိုနဲ့ ဆက်စပ်နေတာက ပွေးရောဂါတွေ ဖြစ်ပါတယ်။ သူနဲ့ဆင်တဲ့ Yeasts တို့ Molds တို့ကနေလဲ ရောဂါ ဖြစ်ပါတယ်။ ချွေး ထွက်များသူ၊ ယောက်ျား၊ အသက်မငယ်သူ၊ စိုထိုင်းတဲ့ အလုပ်လုပ်ရသူ၊ ခြေအိတ်လက်အိတ် အမြဲ ဝတ်ထားရသူ၊ ဘာမှမစီးဘဲ လမ်းသွားရသူ၊ ဆီးချို ရှိသူတွေမှာ အဖြစ်များတယ်။ Leukemia, AIDS နဲ့ အင်္ဂါအစားထိုး ထားရသူတွေမှာလဲ ပိုဖြစ်တတ်တယ်။
အမျိုးသမီးများ တကိုယ်ရေ သန့်ရှင်းရေး
မိန်းကလေးတိုင်း ကိုယ်နံ့ မတူတတ်တာထဲမှာ ဒီနေရာက အနံ့လဲပါတယ်။ သဘာဝပါ။ ရာသီဆင်းချိန်မှာလဲ အနံ့မတူ ဖြစ်လာနိုင်တယ်။ ဆင်းတဲ့ရာသီသွေးက ဟောင်းနေတာဆိုရင် တမျိုးဖြစ်နိုင်တယ်။ မေ့လျှော့ပြီး ရာသီလာတုံးသုံးတဲ့ Tampon ကို မထုတ်ဘဲ ထားမိရင်လဲ ဖြစ်တတ်တယ်။
HIV flushed out by cancer drug
Anti-retroviral therapy (ART) ဆေးကနေ ပိုးတွေကို သေစေနိုင်တယ်။ ဒါပေမယ့် ဆေးနဲ့ မတွေ့နိုင်တဲ့ ပိုးတွေကိုတော့ ဘာမှ မတတ်နိုင်ပါ။ Mississippi baby မစ်စစ်စပီ ကလေးမလေးကို ကြည့်ရင် ပိုးအား ခိုအောင်းနေနိုင်စွမ်း ရှိတာ သိသာတယ်။
STDs Basic လိင်မှတဆင့် ကူးစက်သောရောဂါများ အခြေခံ (၂)
လိင်ဆက်ဆံရာ အသုံးပြုတဲ့နေရာမှန်သမျှမှာ ရောဂါရတယ်။ လိင်အင်္ဂါ၊ ပါးစပ်၊ စအို။ နောက်ပြီး မအေကနေကလေး။ မူးယစ်ဆေး သွေးပြန်ကြော ထိုးနည်းတွေကနေလဲ ကူးနိုင်တယ်။ လိင်အင်္ဂါတွေမှာသာ မဟုတ်ပါ တခြားနေရာတွေမှာပါ ရောဂါ ရတတ်တယ်။ အဲလိုဖြစ်တာတွေက ပိုဆိုးတယ်။ တကိုယ်လုံးကို ပြန့်တဲ့အဆင့်လို့ ခေါ်တာတွေက အသည်းရောင် (ဘီ) ပိုး၊ လိင်လမ်းရေယုံနဲ့ HIV တွေ ဖြစ်တယ်။
Yasmin တားဆေး
ဆေးစသောက်ဘူးသူတွေ တလ၊ နှစ်လမှာ ရာသီရက် မမှန်ဖြစ်နိုင်တယ်။ ပျို့-အန်၊ ခေါင်းကိုက်၊ ရင်သားတင်း-နာ၊ လိင်စိတ်နည်း၊ ခေါင်းမူး၊ ရုတ်ရက် ကိုယ်တခြမ်းထုံ၊ ရင်ပတ်နာ၊ ချောင်းဆိုး၊ ခြေထောက်ရောင်၊ ဗိုက်အောင့်၊ ဆီးဝါ၊ စိတ်ကျတာတွေလည်း တချို့မှာဖြစ်တယ်။ ရှားရှား ပါးပါး ဖြစ်နိုင်တာတွေကတော့ သွေးဖိအားတက်၊ နှလုံးသွေးကြောပိတ်၊ အသဲကင်ဆာ၊ သည်းခြေအိတ်ကျောက်တွေ။
HIV ဆေးမသောက်ပဲနေပေမဲ့ ရောဂါလျှော့နည်းလာတယ်
လွန်ခဲ့တဲ့ ၂ နှစ်တုံးက အမေရိကမှာ အဲလိုပိုးရှာမတွေ့တဲ့ ကလေးမကို Mississippi baby လို့ခေါ်ပါတယ်။ ဒါပေမယ့် ၂၇ လ အကြာ ၂ဝ၁၄ ဇူလိုင်လထဲမှာ HIV ပြန်ပေါ်နေပါတယ်။ အခုထိ လူနာ တဒါဇင်လောက်မှာ ပိုးရှာမတွေ့တဲ့ကာလ ၁ဝ နှစ် အထိ ရှိဖူးထားပါပြီ။ အခု ပြင်သစ်သူကတော့ ပိုထူးနေတာပါ။
ကိုယ်အပြင်မှာ HIV ဘယ်လောက်ကြာရှင်သလဲ
HIV ပိုးဟာ (အယ်လ်ကာလီ) နဲ့ အက်စစ်ဓါတ်ခေါ် pH level မတူရင်လည်း ခံနိုင်မတူပါ။ pH 7 ထက်နည်းတာရော pH 8 ထက်များတာမှာပါ ကောင်းကောင်းမရှင်နိုင်ပါ။ ကျန်းမာနေတဲ့အမျိုးသမီးရဲ့ ဗဂျိုင်းနာထဲမှာ အက်စစ်ဓါတ်အခြေအနေရှိလို့ HIV ပိုးဟာ ကြာကြာမရှင်နိုင်တာဖြစ်တယ်။
မျိုးဥ ထွက်-မထွက် စမ်းနည်း
လစဉ် မျိုးဥထွက်-မထွက် စမ်းသပ်တဲ့ကရိယာကို Ovulation test ခေါ်တယ်။ Ovulation Predictor Kits လို့လည်း ခေါ်တယ်။ မျိုးဥဟာ မျိုးဥအိမ်ကနေထွက်ပြီး ၂၄ နာရီအထိခံတယ်။ လအလယ်မှာ မျိုးဥထွက်ဘို့ (LH) ဟော်မုန်းနည်းနည်း ပိုထွက်လာရတယ်။ ၃ဝ% သော အမျိုးသမီးတွေက အဲဒီ လလယ်ရက် အတိအကျမှာ မျိုးဥထွက်တယ်။ ၆ဝ% က လလယ်ရက်ထက် ၁ ရက်စောထွက်တယ်။ အားလုံးကို ခြုံလိုက်ရင် ၇၈% က လလယ်ရက်ထက် ၂ ရက်စောထွက်တယ်။

Follow me on: