ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာ ခုခံအားကျဆင်းမှု AIDS ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားပွဲကို ထိုင်းနိုင်ငံမြောက်ပိုင်း တာ့(ခ်) ခရိုင်အတွင်း ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း FED က ဦးဆောင်ကျင်းပခဲ့သည်။
ဖုတ်ဖရမြို့နယ် (၄၂) ကီလိုမီတာ ကျေးရွာရှိ စာသင်ကျောင်းတွင် နိုဝင်ဘာလ (၃၀) ရက်နေ့က ပြုလုပ်ခဲ့ရာ ဒေသတွင်းက ကျောင်းသူ၊ ကျောင်းသားများနှင့် ဒေသခံ မိဘပြည်သူများအပါအ၀င် ပညာရေး၊ ကျန်းမာရေး ၀န်ထမ်းများနှင့် တိုက်နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ စုစုပေါင်း လူဦးရေ (၄၀၀) ခန့် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် (၃၉) ကီလိုမီတာ ကျေးရွာမှ ထိုင်းလူမျိုး ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာ စကား ပြောကြာခဲ့ပြီး “အခုလို အခမ်းအနားတွေကို ပြုလုပ်ပေးခြင်းပာာနောင်လာမယ့် ကလေးများအတွက် အရမ်းကို လိုအပ်တယ်။ အရေးလည်းကြီးတယ်။ ကလေးများပာာ အနာဂတ်ရဲ့ ကြယ်ပွင့်လေးများ ဖြစ်တဲ့အတွက် သူတို့ရဲ့ဘ၀လေးတွေကို ကျန်းမာစွာနေထိုင်နိုင်ပြီးစိတ်ချလုံခြုံစွာထိန်းသိမ်းနိုင်ဖို့ရန် အခုလိုကျန်းမာရေး ပညာပေး ပွဲမျိုးတွေကို နှစ်စဉ်မပြတ် လုပ်ဆောင်ပေးဖို့ မျှော်လင့်ပါတယ်။” ပာု ပြောသည်။
ဒေသခံ ကျန်းမာရေးဌာနမှ ဆရာမတဦးကလည်း ရောဂါ ပြန့်ပွားမှု မရှိစေရန်နှင့် ကာကွယ်နိုင်ရန် “ကျန်းမာရေးဆိုတာ ခလေး၊ လူကြီး အားလုံးနဲ့ သက်ဆိုင်ပါတယ်။ လင်မယားတွေ ဆိုရင် တလင် တမယားစနစ် ကျင့်သုံးသင့်သလို ကွန်ဒုံလည်း သုံးသင့်တယ်၊ လူငယ်လေးတွေ ဆိုလည်း အပျော်အပါးဖြစ်စေ၊ မိမိချစ်သူနဲ့ဖြစ်စေ လိင်ဆက်ဆံခါနီး ကွန်ဒုံအသုံးပြုတာ မမေ့ဖို့လိုအပ်တယ်လေ။ အဲဒါက ကိုယ့်ကျန်းမာရေး အတွက် ကိုယ်ကာကွယ်တာပေါ့။” ဟု ပြောဆိုသည်။
အခမ်းအနားတွင် AIDS ရောဂါ အပါအ၀င် ကျန်းမာရေးဆိုင်ရာ အမေး၊ အဖြေ မေးမြန်းသည့် အစီအစဉ်တခု ပြုလုပ်ခဲ့ပြီး အဖြေမှန် ရရှိသူများအား မေတ္တာလက်ဆောင် ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့သည်။ အလားတူ ဒီဇင်ဘာလ (၁) ရက်နေ့က ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ရှိ လူမှုအခြေပြု လူထုအဖွဲ့အစည်းများ၊ ထိုင်းနယ်ခြားစောင့်တပ်မှ ကျောင်းသူ၊ ကျောင်းသားများ အပါအ၀င် ရွှေ့ပြောင်းမြန်မာ ကျောင်းသူ၊ ကျောင်းသား များနှင့် ၎င်းတို့၏ မိဘများပါဝင်သည့် လူအင်အား (၅၀၀) ခန့်က မဲဆောက်မြို့နယ် ရဲစခန်းမှ မယ်တော်ဆေးခန်းသို့ လမ်းလျှောက်ချီတက်၍ AIDS ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနား ပြုလုပ်ခဲ့ကြသည်။
မယ်တော်ဆေးခန်းမှ AIDS ဝေဒနာရှင်တဦးက “ကျွန်တော့်မှာ ဒီရောဂါရှိတာ လေးနှစ်ရှိ နေပါပြီ။ ဒီမယ်တော် ဆေးခန်းမှာဘဲ သွေးစစ်ပြီး စသိခဲ့တာပါ။ ကျွန်တော် သိသိချင်း တုန်လှုပ်သွားပါတယ်။ လူကြားထဲမှာ ဘယ်လိုနေရမလဲလို့ တွေးမိ၊ ရှက်မိပါတယ်။ ဒါပေမဲ့ ကျွန်တော် ထင်သလို မဟုတ်ခဲ့ဘူး လူတွေက ကျွန်တော့်ကို ပုံမှန်ဘဲ ပြောဆို ဆက်ဆံကြတယ်။ အားပေးကြတယ်။
ဆေးမှန်မှန်သောက်ဖို့ တိုက်တွန်းကြတယ်။ အခုဆို မယ်တော်ဆေးခန်းက ပေးတဲ့ဆေး ကျွန်တော်သောက်နေခဲ့တာပါ။ သာမန်လူတွေအတိုင်းနေနိုင်ပါတယ်။ ဒီလိုရောဂါရှိလို့ စိတ်ဓါတ်မကျဘဲ ဘ၀ကို ပုံမှန်ဖြတ် သန်းဖို့ ပြောချင်ပါတယ်” ဟု သူ့အတွေ့ အကြုံအား ပြောပြသည်။
ရွှေ့ပြောင်းမြန်ာ အလုပ်သမားတစ်ဦးကလည်း “သူတို့တွေမှာ ရောဂါရှိလို့ ပစ်ပယ်ထားတာမျိုး ခွဲခြားဆက်ဆံတာမျိုး နှိမ့်ချတာ မောင်းထုတ်တာတွေ မလုပ်သင့်ဘဲ လမ်းခရီးမှာ တူတူလျှောက်လှမ်းဖို့ အားပေးသင့်တယ်” ဟု ပြောဆိုသည်။ ၂၀၁၂ ခုနှစ် မယ်တော်ဆေးခန်း၏ မှတ်တမ်းများအရ မဲဆောက်၊ ဖုတ်ဖရနှင့် မယ်လမ ခရိုင်များ အတွင်း AIDS နဲ့ နေထိုင်သူ (၂,၀၀၀) ခန့်ရှိပြီး တနှစ်လျင် (၃၅၀) ခန့် တိုးပွားလာကြောင်းနှင့် တနှစ်လျင်ျသေဆုံးသူ (၁၀၀) ၀န်းကျင်ခန့်ရှိကြောင်း သိရသည်။
GHRE - ကမ္ဘာ့အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့ FED ဦးဆောင်ကျင်းပ




