18
Jul

ကမ္ဘာ့ဖလား ကျင်းပရာ တောင်အာဖရိကတွင် အေ့ဒ်(စ်) တိုက်ဖျက်ရေး ဘရာဇီး ဆောင်ရွက်



ဘရာဇီးနိုင်ငံ
ကျန်းမာရေး ၀န်ကြီးဌာနက ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပနေသည့် တောင် အာဖရိကနိုင်ငံတွင်
AIDS ရောဂါ တိုက်ဖျက်ရေးကို စတင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ဖော် ကြေညာ ခဲ့သည်။
AIDS ရောဂါတိုက်ဖျက်ရေးအား ''ဘရာဇီး နှင့် တောင်အာဖရိက AIDS တိုက်ဖျက်ရေး ရည်မှန်းချက်
အကောင်အထည် ဖော်ရေး'' အမည်ဖြင့် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကြည့်ရှုရန် လူအများစု ရုံးနေသည့်
ဂျိုဟန်နစ္စဘတ်ရှိ အများပြည်သူ မြင်သာသော နေရာတွင် တရားဝင် စတင် လုပ်ဆောင်သွားမည် ဖြစ်သည်။

AIDS
တိုက်ဖျက်ရေး စည်းရုံး လှုံ့ဆော်ပွဲကို ကမ္ဘာ့ဖလား ဘောလုံးပွဲအပြီး ဇူလိုင် ၁၈ ရက်အထိ
ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ
ကျန်းမာရေး ၀န်ကြီးဌာနလက် အောက်ရှိ STD ယ AIDS နှင့် အသည်းရောင် ရောဂါ ဌာန အကြီးအကဲ
မာရီယန်ဂျဲလာဆီမာအိုက ယခု စည်းရုံးလှုံ့ဆော်မှုသည် တောင်အာဖရိကတွင် AIDS ရောဂါ ကာကွယ်ပေးရေးအတွက်
ဘရာဇီးနိုင်ငံ၏ အတွေ့အကြုံများ ကို မျှဝေပေးခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

တောင်အာဖရိက
နိုင်ငံ၏ လူဦးရေ ၁၈ ရာခိုင်နှုန်းမှာ HIV ရောဂါပိုး ကူးစက် ခံနေရသည်ဟု ကုလ သမဂ္ဂ၏ အစီရင်ခံစာအရ
သိရသည်။ ဘရာဇီးနိုင်ငံတွင်မူ လူဦးရေ၏ ၀ ဒသမ ၆ ရာခိုင်နှုန်းအား ရောဂါ ပြန့်ပွားခြင်း
မရှိစေရန် အကာအကွယ် ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဝန်ကြီးဌာန၏
စည်းရုံး လှုံ့ဆော်ရေး အဖွဲ့က တောင်အာဖရိက နိုင်ငံ၏မြို့များသို့ ဘတ်(စ်) ကားဖြင့် လှည့်လည်ကာ
ကွန်ဒုံးများကို ဖြန့်ဝေ ပေးသွားမည် ဖြစ်သကဲ့သို့ ဒေသခံ လူထုအား AIDS နှင့် STDs ကာကွယ်ရေး
အသိပညာပေး မှုများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

Yangon Media Group
- ကမ္ဘာ့ဖလား ကျင်းပရာ တောင်အာဖရိကတွင် အေ့ဒ်(စ်)တိုက်ဖျက်ရေး ဘရာဇီး ဆောင်ရွက်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top