ဂျိုဟန်နက်စ်ဘာ့ဂ်၊
ဇူလိုင် ၁၈-၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲ၌ နောက်ဆုံး ဗိုလ်လုပွဲတွင် ကစားခဲ့သော
ဂျာဘူလာနီ ဘောလုံးကို အွန်လိုင်းမှ တစ်ဆင့် လေလံတင် ရောင်းချခဲ့ရာ ပေါင် ၄၈၂၀၀ ရရှိ
သွားခဲ့သည်ဟု သိရသည်။
အဆိုပါ
ဘောလုံးမှာ ဗိုလ်လုပွဲတွင် အသုံးပြုခဲ့သည့် ဘောလုံးများထဲမှ တစ်လုံးဖြစ်ပြီး e Bay
တွင် လေလံတင် ခဲ့ခြင်း ဖြစ်ပြီး ထိုဘောလုံးအတွက် ရရှိသော ငွေများကို နယ်လ်ဆင်မင်ဒဲလာ
၏ HIV/AIDS ပညာပေးရေး လုပ်ငန်းများတွင် အသုံးပြုသွားမည်ဟု သိရသည်။ အဆိုပါ ဘောလုံးကို
မည်သူ ဝယ်ယူသွားသည် ဆိုသည်ကိုမူ ချက်ချင်း ကြေညာခြင်း မပြုခဲ့ပေ။
e
Bay မှ တာဝန်ရှိသူ ရုသ်ဇီစကိုးစကီးက ‘အခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာဘူလာနီ ဘောလုံးကလည်း
လူတွေကြားမှာ ရေပန်းစား ခဲ့ပါတယ်။ သူနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေ များခဲ့ပြီး ဒီဘောလုံးအပေါ်
ဝေဖန်မှုတွေလည်း ကြုံခဲ့ရလို့ ဒီဘောလုံးဟာလည်း ကမ္ဘာ့ဖလားနဲ့အတူ ထင်ရှားခဲ့တဲ့ ဘောလုံးပါ’
ဟု ပြောသွားခဲ့သည်။
Ref:
Olympic Sports
Myanmar News Zone - ကမ္ဘာ့ဖလား
ဗိုလ်လုပွဲမှ ဘောလုံးကို လေလံတင် ရောင်းချခဲ့




