ကမ္ဘာတစ်ဝန်းရှိ
လူပြည့်ကျပ်ညှပ်နေသော အကျဉ်းထောင်များသည် အေ့စ် ရောဂါပိုမို ဖြစ်ပွား လာစေရန် အားပေးသည့်
နေရာတစ်နေရာ တစ်ခုကဲ့သို့ ဖြစ်လာနေသည်ဟု ကုလသမဂ္ဂ၏ အကျဉ်းထောင်များ ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုနှင့်
အပြစ်ပေးမှု စုံစမ်းစစ်ဆေးရေး ထိပ်တန်းအရာရှိက သတိပေး ပြောကြား လိုက်သည်။
ကမ္ဘာ့အကျဉ်းထောင်များ
အတွင်း၌ HIV ပိုး ကူးစက်စေရန် အလားအလာများသော မူးယစ်ဆေးဝါး အကြောတွင်း ထိုးသွင်းခြင်း၊
ထောင်အခန်းဖော် အချင်းချင်း လိင်ဆက်ဆံခြင်း၊ ဆေးမင်ကြောင်ထိုခြင်းနှင့် ဘရိတ်ဓားများကို
ထောင်သားများ အချင်းချင်း မျှဝေသုံးစွဲနေခြင်း များမှာ HIV ပိုး ကူးစက်စေရန် အခွင့်အလမ်းများ
ဖန်တီးနေသကဲ့သို့ ဖြစ်စေလျက် ရှိနေကြောင်း ကုလ ထိပ်တန်း အရာရှိ မန်းဖရက်ဒ်နိုဝက်က နိုင်ငံတကာ
အေ့စ် ကွန်ဖရင့် တစ်ခုတွင် သတိပေး ပြောကြားခဲ့သည်။ 'ကမ္ဘာလုံးဆိုင်ရာ အကျဉ်ထောင် ပြဿနာ
တစ်ခုကို ကျွန်တော်တို့ ရင်ဆိုင် နေရပါတယ်။ ဒီပြဿနာဟာ ပေါ့သေးသေး မဟုတ်ပါဘူး' ဟု ကမ္ဘာ့တစ်ဝန်းလုံး
အကျဉ်းထောင်များကို သွားရောက် လေ့လာ လည်ပတ်ခဲ့သူ နိုဝက်က ဆိုသည်။ ၎င်းက အကျဉ်းသားများ
HIV ကူးစက်မှုမှ ကာကွယ်နိုင်ရန် အခမဲ့ ကွန်ဒုံးများ ဖြန့်ဝေပေးခြင်း၊ HIV စမ်းသပ်စစ်ဆေးမှု
နှင့် နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ပေးရန် သက်ဆိုင်ရာ နိုင်ငံများကို တိုက်တွန်း
ခဲ့သည်။ ထို့ပြင် အကျဉ်းထောင်များ၌ စောင့်ကြပ် သူများအနေဖြင့်လည်း ထောင်တွင်း မုဒိန်းမှုများ
ဖြစ်ပွား နေမှုအပြင် လိင်နှင့်ဆက်စပ်သော အပြုအမူများကို ထိရောက်စွာ ဟန့်တာပေးရန်လည်း
တောင်းဆိုခဲ့သည်။
HIV
ပိုး ကူးစက်မှုကို ထိရောက်စွာ ဟန့်တားနိုင်တဲ့ နည်းလမ်းတစ်ခုက ထောင်တွေထဲမှာ လူတွေ ပြည့်ကျပ်နေတာကို
လျှော့ချပစ်ဖို့ ဖြစ်ပါတယ်။ အကျဉ်းထောင်တွေထဲမှာ အေ့စ် ဖြစ်တဲ့ ကိစ္စမျိုးတွေဟာ ကိန်းဂဏန်းတွေ
ရရှိဖို့ အတော် ခက်ခဲပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် ယူကရိန်း နိုင်ငံမှာရှိတဲ့ အကျဉ်းထောင်တွေမှာ
HIV ကူးစက်မှုက အတော်ကို များနေပါတယ်။ ဖမ်ဘီယာမှာဆို ထောင်သားဦးရေးရဲ့ ၃၀ ရာခိုင်းနှုန်း
နီးပါဟာ HIV ပိုး ကူးစက် ခံထားရတယ်' ဟု ၎င်းက သူ့အတွေ့အကြုံ များကို ပြန်လည် ရှင်းပြ ပြောဆိုသည်။
'ကမ္ဘာ့
အကျဉ်းထောင်တွေမှာ နှစ်စဉ် လူ ၁၀ သန်းခန့် အကျဉ်းကျ ခံရမှု ကြုံရတိုင်း လူပေါင်း သန်း
၃၀ လောက်ကလည်း အကျဉ်းထောင်တွေကို ဝင်ရောက်လာလိုက် ထွက်ခွာ သွားလိုက် နှစ်စဉ် ပြုလုပ်
နေကြ ရတယ်' ဟု နိုဝက်က ဆက်လက် ပြောကြားသည်
မိုးတိမ်
Ref
- BBC
၃
သြဂုတ် ၂၀၁၀ (အတွဲ ၂၊ အမှတ် ၄၉) (စာမျက်နှာ ၃၂)
True News
- ကမ္ဘာ့အကျဉ်းထောင်များတွင် HIV ပိုး ကူးစက်ပျံ့နှံ့နေမှုနှင့် ပတ်သက်ပြီး ကုလ သတိပေး




