မြန်မာနိုင်ငံရှိ
ကမ်းလွန်ရေနံကုမ္ပဏီ တစ်ခုဖြစ်သည့် မုတ္တမ သဘာဝ ဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီမှ
အမေရိကန်ဒေါ်လာ ၄ သန်းတန်ဖိုးရှိသည့် HIV ပြုစုစောင့်ရှောက်မှု စီမံကိန်းတစ်ခုကို
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းစီမံကိန်းအရ ၂၀၁၀ ခုနှစ်မှ ၂၀၁၄
အတွင်း မြန်မာနိုင်ငံရှိ HIV ဝေဒနာရှင်များ ပြုစု ကုသ စောင့်ရှောက်ရေး လုပ်ငန်း
ငါးနှစ်စီမံကိန်းကို မုတ္တမ သဘာဝ ဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီနှင့် The
International Union Against Tuberculosis and Lung Diseasse (The Union) တို့က ဒီဇင်ဘာ ၁၅ ရက်က နေပြည်တော်ရှိ ရွိုင်ရယ်
ကုမုဒြာဟိုတယ်မှာ သဘောတူလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါသည်။
ယင်းလက်မှတ်ရေးထိုးပွဲသို့ စွမ်းအင်ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ
တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
မုတ္တမ သဘာဝ
ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးကုမ္ပဏီအနေဖြင့် HIV ဝေဒနာရှင်များ
ပြုစုစောင့်ရှောက်ရေးလုပ်ငန်းစီမံကိန်းများကို ၂၀၀၄ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ
ငါးနှစ်စီမံကိန်းအဖြစ် မန္တလေးတိုင်းနှင့် ပခုက္ကူမြို့နယ်များတွင် အမေရိကန်ဒေါ်လာ ၂
ဒဿမ ၂ သန်းတန်ဖိုးရှိတဲ့ ထောက်ပံ့မှုစီမံကိန်းကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း
သိရပါသည်။
လက်ရှိမြန်မာနိုင်ငံတွင် Global Fun အပါအ၀င် နိုင်ငံတကာ
အဖွဲ့အစည်းများပြည်တွင်းပြည်ပ NGO များနှင့် သက်ဆိုင်ရာ တို့မှ HIV ရောဂါ
ကာကွယ်တားဆီးရေးနှင့် ဝေဒနာရှင်များကို ကူညီထောက်ပံ့ရေးလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိပါသည်။
(စောင့်ကြည့်ဂျာနယ် ၃၀-၁၂-၂၀၀၉)




