ကမ္ဘာတစ်ဝန်းမှာ ပြဿနာရှိတဲ့ မူးယစ်ဆေးဝါး သုံးစွဲသူပေါင်း ၂၇ သန်း ခန့်ရှိပြီး နှစ်စဉ် အဲဒီလူထဲက ၁ ရာခိုင်နှုန်းခန့်ဟာ မူးယစ်ဆေးဝါးသုံးစွဲခြင်း ကြောင့် သေဆုံးနေပါတယ်။ မူးယစ်ဆေးဝါးတွေထဲမှာ ဆေးခြောက်ဟာ ယခုအချိန်ထိ လူကြိုက်အများ ဆုံးမူးယစ်ဆေးဖြစ်နေဆဲပါပဲလို့ UN က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
ဟီးရိုးအင်း၊ ကိုကင်းနှင့် အခြား မူးယစ်ဆေးဝါးတွေဟာ တစ်နှစ်ကို လူပေါင်း ၂ သိန်းခန့်သေဆုံးစေပြီး မိသားစုများစွာကို ဒုက္ခရောက်စေကာ အခြားလူ ထောင်ပေါင်းများစွာကိုလည်း မကောင်းတဲ့ အဖြစ်အပျက်တွေနဲ့ မလုံခြုံမှုကို ခံစားရစေပါတယ်။ ဒါ့အပြင် HIV ကူးစက်ပြန့်ပွားမှုတွေကိုလည်း ဖြစ်ပေါ် စေပါတယ်လို့ UNODC ရဲ့ ၂၀၁၂ ခုနှစ် ကမ္ဘာ့မူးယစ် ဆေးဝါးဆိုင်ရာ အစီရင်ခံစာမှာ တင်ပြသွားပါတယ်။
ရိုးရာလေး - ကမ္ဘာတစ်ဝှမ်းတွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၂၇ သန်းခန့်ရှိ




